မုန်ညှင်းချဉ်


ဒီနေ့ ဈေးသွားတော့ မုန်ညှင်းစိမ်းတွေ တစ်စည်း ၁၀ ဆိုတာနဲ့
၁၀စည်း ၁၀၀ဖိုးဝယ်ခဲ့တယ်..။ မုန့်ညှင်းချဉ် လုပ်မယ် စိတ်ကူးနဲ့ပေါ့။
၁စည်းအဆစ်တောင်းခဲ့သေးတယ်..ဟိ။
အရင်က မရှင်လေးကို လုပ်တာ တင်ပေးမယ်ဆိုတာ ကတိခံဖူးတယ်။
အိမ်မှာနေတုန်းကတော့ မလုပ်ခဲ့ဖူးဘူး..။
အိမ်မှာ တခါလုပ်ရင် ပိဿချိန် ၅၀ ဝန်းကျင်လောက် လုပ်တာများတယ်။
အဖိုးက ဒိုင်ခံ လုပ်တတ်ပါတယ်..။
ဆားနယ်ရင်တော့ ကစားရင် ဝင်နယ်တတ်တယ်..။
ကူလုပ်ခိုင်းရင် ဘယ်တော့မှ မကူချင်ဘူး။ ငပျင်းဆိုတော့လေ..။
အခုလုပ်မယ့် နည်းက အလွယ်နည်း ။နှစ်ပေါက် မုန်ညှင်းချဉ်တော့
မဟုတ်ပါဘူး..။ ၃..၄..ရက်လောက်နေ စားလို့ရတဲ့ မုန်ညှင်းချဉ်မျိုး။
အိမ်ကဆိုင်မှာ သုံးတာမျိုးပေါ့ ။လုပ်ရတာ လွယ်ပါတယ်..။




မုန်ညှင်းကို တစ်လက်မအနေလောက်လှီးပြီး..
အခုလို ဆားနဲ့ ပက်ပြီး နယ်ထားရပါမယ်။




လက်ဖနောင့်နဲ့ နာနာ အရွက်တွေ ညိုးသွားအောင် နယ်ရပါမယ်။
ပုံမှာပါသလို မုန်ညှင်းထဲက အခါးရည်
အစိမ်းရောင်ထွက်လာရင်ရပါပြီ ။
အစိမ်းရောင်အရည်တွေကို သွန်ပစ်ရပါမယ်။
ပြီးရင် ရေ ၃....၄ခါ သေချာ ဆေးပြီး ဇကာကုံးနဲ့
ရေစစ်ထားပေးပါ..။(ဖြစ်နိုင်ရင် လက်နဲ့ဆုပ်ပြီး
ရေတွေကို ညှစ်ထုပ်ပေးပါ)




ဒါကတော့ ကြံသကာကို အရည်ကျိုပြီး အအေးခံထားတာပါ။
ကြံသကာ မရနိုင်ရင် သကြားကျိုပြီး အသုံးပြုနိုင်ပါတယ်။
(ထန်းလျက်တော့ မသုံးပါနဲ့..)



ဒါက ငရုတ်သီးမှုန့် ။ဆား နဲ့ ချောင်းကော့မှုန့်ပါ။
ငရုတ်သီးမှုန့်အကြမ်းမှုန့်ပဲသုံးပါ။
ကျနော်ကတော့ ကိုရီးယားငရုတ်သီးမှုန့် အလွယ်တကူ
ဝယ်လို့ရတဲ့နေရာမှာမို့ အဲဒီငရုတ်သီးမှုန့်သုံးဖြစ်ပါတယ်။
အိမ်မှာတော့ ရှမ်းငရုတ်သီးခြောက်ကို ကြိတ်သုံးတယ်။
(အခုတော့ မသိတော့ဘူး)
ထည့်ထားတဲ့ ပန်းကန်က အဖြူရောင်မို့ ဆားကို သေချာကြည့်မှ
မြင်နိုင်ပါမယ်။ ချောင်းကောမရှိရင် မထည့်လည်းရပါတယ်..။
လက်တကမ်းမှာရှိနေလို့ ထည့်လိုက်တာပါ။



ဒါကတော့ ဇလုံထဲမှာ ရေစစ်ပြီးသားမုန့်ညှင်းကို
ဆား...ငရုတ်သီးမှုန့် ..ကြံသကာရည်..ချောင်ကောနဲ့
နယ်ဖို့ အသင့်ပြင်နေတာပါ.။


အဆာများနဲ့ နှံ့အောင် နယ်ပြီးပုံ..။



ဖြစ်နိုင်ရင် အဝကျယ်တဲ့ ဖန်ပုလင်းကြီးနဲ့ အချဉ်တည်တာ
ပိုစားကောင်းပါတယ်..။
အိမ်ပြောင်းထားတော့ ဖန်ပုလင်း ရှိမနေတော့..
ပလက်စတစ်ဘူးတွေနဲ့ပဲ ထည့်လိုက်ရပါတယ်..။
လေမခိုအောင် လက်နဲ့ ဖိ သိပ်ထည့်ပါရန်..။
ပုလင်းနဲ့ သိပ်မယ်ဆိုရင်မပြည့်အောင်
ထည့်ပါရန်..။ လက်တစ်လုံးစာလောက်ချန်ပြီး
သိပ်နိုင်ပါတယ်..။ မြန်မာမှာတော့ စဉ့်အိုးတွေနဲ့ပဲ တည်ပါတယ်..။

ဒိမှာ ရာသီဥတုပူနေတော့ အခုတည်ထားတဲ့ မုန်ညှင်းချဉ် ၃ ..၄ ရက်လောက်နဲ့ ချဉ်မယ်လို့
မှန်းထားပါတယ်..။ အချဉ်ပေါက်ရင် ပုံပြန်တင်ပေးပါ့မယ်..။


ထပ်မံဖြည့်စွက်ချက် ။ ။
ချောင်းကော့ ဆိုတာ တရုတ်အမွှေးအကြိုင်တမျိုးပါ..။( ဒီမှာသွားကြည့်ပါ)
ဒီမုန့်ညှင်းချဉ်လုပ်ရာမှာ ထည့်လည်းရ ။ မထည့်လည်းရ ပါတယ်။
အဓိက က ဆား ..အချိုရည် နဲ့ ငရုတ်သီးမှုန့်ပါ..။
မစူးနွယ် ပြောသွားတဲ့ ရေမုန်ညှင်းချဉ်(စွေးရမ်းချိုင်)လဲ နောက်နေ့ တည်ဖြစ်ရင် တင်ပါမယ်။
ခါဂျက်ဥ (မုန်လာဥနီ)ထည့်ချင်လည်းရပါတယ် ။စောင်းစောင်းပါးပါးလှီးထည့်ပါ။
ကြည်သွန်နီတော့ မလုပ်လိုက်ပါနဲ့..။မုန်ညှင်းချဉ်ရာဇဝင်ရိုင်းသွားလိမ့်မယ်..ဟိ။
ကြက်သွန်ချဉ်ဆိုတာ ကျနော်တို့ နေ့စဉ်အသုံးပြုနေတဲ့ ကြက်သွန်ဖြူကို လုပ်တာ
မဟုတ်ပါဘူး..။ အချဉ်တည်တဲ့ နောက်ကြက်သွန်တမျိုးနဲ့ တည်တာပါ။။
ရှမ်းပြည်ဖက်မှာ ဆောင်းအကုန်နွေအကူး ပူစမှာ စထွက်တတ်ပါတယ်။

22 comments:

ပေါက်ရေ...ကြိုက်တယ်..
ဘာမှမထည့်ပဲ ရေချဉ်တည်လည်း ကြိုက်တယ် ရှမ်းခေါက်ဆွဲစားရင်ထည့်စားတဲ့ဟာလေ..ဘာအရောင်မှမပါဘူး..ရေစပ်စပ်လေးနဲ့မို့ ရေချဉ်ခေါ်တဲ့ဟာမျိုး..အဲဒါကိုပြန်သုပ်စားလည်းကောင်းတယ်..ပြောရင်းနဲ့သွားရေကျလာပြီ :)

စူးနွယ်လေး

သူ့ချည်းလား
ဆန်ခေါက်ဆွဲနဲ့ပါဘုရား
း)

ချောင်းကောမှုန့်က ဘာလဲဟင်။ ကြားဖူးဘူးတော့။
မုန်ညင်းနယ်ထားတာကိုကြည့်ပြီး မချဉ်ခင်ကတည်းက စားချင်နေပြီ။

ပေါက်ရေ အလုပ်ရှုပ်နေလို့၊ အိမ်မလည်နိုင်ဖြစ်နေတယ်၊ ဒီနေ့ ဘလော့တွေမှာ ပိုစ့်အသစ်တက်တာ အစားအသောက်တွေများတယ်၊
စားချင်လိုက်တာ အကုန်လိုက်ပဲ၊ လိုက်ပြီး ကြည့်လိုက်ဦးမယ်၊
မုန်ညင်းချဉ်လဲ ကြိုက်တယ်၊ ဒါကတော့ နှစ်ပေါက်မုန်ညင်းချဉ်မဟုတ်ဘူး၊ ချစ်ပေါက်မုန်ညင်းချဉ်ပေါ့၊
ဒါမှမဟုတ် သုံးလေးရက်ပေါက်မုန်ညင်းချဉ် :D

ချောင်းကော့မှုန့်ဆိုတာ ခုမှကြားဖူးတယ်တော့..

မပေါက်ရေနည်းလေးမှတ်သွားတယ်။ မုန်ညှင်းချဉ်ကြိုက်လို့

မပေါက်..ဟိုလေ..ဥနီလေးတွေပါသလိုမျိုးရောလုပ်လို့ရဘူးလားဟင်

တော်လိုက်တဲ့ပေါက်..

လိုက်လုပ်ကြည့်ဦးမယ။် မှတ်ထားရမယ်

မိုးချိုသင်းမလာခင် အဟိ.

ဒီက အချဉ်မကြိုက်၊ အချိုကြိုက် ပါနော်။ မမပဲ တတ်အောင် လုပ်သင်ပါလေ.. ၊
ပေါက်ရေ..မုန်ညှင်းက တစည်း ၁၀ တောင်လား၊ ၁၀ ဆိုတာ ဒေါ်လာ လား၊ ပေါင် လား။ မြတ်စွာဘုရားးးး

ပေါက်ချစ် မုန်ညင်းချဉ် ..လုပ်အုံးမယ်

ကျေးဇူးပါ.. လွယ်လွယ်လေးမို့ လုပ်ကြည့်ဦးမယ်.. အရမ်းကြိုက်တာ.. :)

ကြက်သွန်ဖြူချဉ်ရော ရောထည့်ရမှာလား....
.
.
(မေးပုံက လုပ်စားတော့မလိုလိုနဲ့ ခပ်တည်တည်ပဲ....။ :P)


မယ်ဆင်

ချောင်းကော့မှုန့်ဆိုတာ ဘာကြီးလဲ.... သေချာပုံနဲ့တကွ ပြပါ။ စိတ်ဝင်စားလို့ပါ။

အဲဒီ မုန်ညင်းချဉ်ကို ရှမ်းခေါက်ဆွဲနဲ့စားချင်လိုက်တာ... အဲဒီအထဲ မုန်လာဥနီတို့ ကြက်သွန်နီ သေးသေးလေးတွေတို့ ထည့်ရင်ရော ချဉ်မှာပဲလား မသိ...
ပေါက်... ချောင်းကောမှုန့်ဆိုတာလေး နဲနဲ ရှင်းပါ...း))

ဒီနေ့ ဘလော့တွေမှာ ပိုစ့်အသစ်တက်တာ အစားအသောက်တွေများတယ်... *****
အမှန်ပဲ...

ချောင်းကော့မှုန့်ဆိုတာ အပေါ်ကနေ ၅ပုံမြောက်မှာ ငရုပ်သီးမှုန့်နဲ့ဆားမှုန့်ဘေးက ညိုတိုတိုအမှုန့်ပါ.. ချောင်းကော့ပါးကော့လို့ ပြောတာကြားဖူးတယ်..

၁စည်း ၁၀ဆိုတာ အန်တီပါ (ထိုင်ဝမ် NT) မမချိုသင်း..

ဟမ် နာ့ကိုပေါက်ဘယ်တုန်းက ကိုယ်စားလှယ်ခန့်လိုက်တာလဲ :thinking:

မယ်ဆင် ကြက်သွန်ဖြူထည့်ချဉ်လည်းရတယ် နယ်ပြီး အိုးထဲစိမ်တော့မယ်ဆို တခါတည်းထည့်လိုက်ရပြီ (အဟိ ဒါကရမ်းတုတ်)

မိုး...ကျေးဇူး.
ဒါမယ့် လွှဲနေတာ ပြောပြမလို့
ပို့စ်မှာ ထပ်ဖြည့်စွက်ထားပါတယ်..။
ပါးကော့က နာနတ်ပွင့်ကိုပြောတာ.။
နာနတ်ပွင့် မထည့်ပါ။
ကြက်သွန်ုဖြူ မထည့်ပါ.။
ကြက်သွန်နီထည့်ရင် မုန်ညှင်းချဉ်ရာဇဝင်ရိုင်းသွားပါလိမ့်မယ်။..ဟီးး
ကျန်တာ မြိုးပြောတာ ဟုတ်ပါတယ်..။
မြိုးလေသံနားထောင်ရတာ..ဘေးနားမှာ ယူနန်တယောက်ရှိနေပုံနဲ့..။
ကျေးဇူး။



ပေါက်

ပေါက်.. လုပ် ကြည့် အုံးမယ်..
မုန်ညင်းတွေကလည်း အမျိုးကို စုံနေတာ..သိပ်မခွဲ တတ်ဘူး..
ချောင်းကော့မှုန့်.. တော့.. မသိဘူး..

ပြီး..ဘာနဲ့ စားရမလဲ..
မိန်းဒစ်ရှ် ပါ ပေးအုံးလေ..

ခဏလေး မလာမိတာ အများကြီးပါလား
အကြွေးတွေ စုပြီး လာဖတ်သွားတယ်
အားရင် gtalk လာပါ
အိတ်စ်ယောင်းစ်

ချောင်းကောမှုန့် ရှာဝယ်လို့ရရင်ကောင်းမယ်... လောလောဆယ်တော့ ချောင်းကောမှုန့်မပါဘဲ လုပ်စားကြည့်ဦးမယ်... ကျေးဇူးပေါက်ရေ

ပေါက်ရေ ကျေးေူးတင်ပါတယ်။ သတိတရ တင်ပေးလို့ ပါ။ အခုတော့ လူပင်ပန်း၊စိတ်ပင်ပန်းခဲ့တာတွေ အတွက် အနားယူ လိုက်အုံးမယ်။ နောက်တော့ စမ်းလုပ်ကြည့်ပါမယ်။

ချဉ်ရင် ပုံပြန်တင်မယ်ဆို.. ခုထိချဉ်သေးဘူးလား

အချဉ်တည်နည်းသိချင်တယ်ဆိုလို့ ရှယ်လိုက်တယ်နော် ခွင့်ပြုတယ်မဟုတ်လား။

Phonemo Mo ချောင်းကောက်ဆိုတာ ဇာတိတ်ဖိုသီးလား ဟင်။

ဟုတ်...
ဟုတ်..
ရပါတယ်..။