အတွေးများနောက်ကွယ်မှာ...

 နေ့လည်က အားအားရှိ အသိတယောက်မိတ်ဆက်ပေးထားတဲ့ ဆံပင်ညှပ်ဆရာဆီ
ဖုန်းဆက်ကြည့်တယ်..။
ဒီည အား မအား မေးကြည့်ပြီး ချိန်းလိုက်တယ်..။
သွားနေကျမဟုတ်တဲ့ အပိုင်း ဖြစ်နေတော့ စိတ်မရှည်စွာနဲ့ အဝါရောင်ကားလေးနဲ့ သွားဖြစ်တယ်။
အတွင်းပိုင်းမှာဆိုတော့ အဝမှာပဲ ဆင်းဖြစ်ပြီး လမ်းမှာတွေ့တဲ့ ရဲကို ၂ခါမေးဖြစ်တယ်..။
mapကြည့်တဲ့ အလေ့မရှိပါဘူး.။ (မယုံရင် ~~ နဲ့ အတဝ ကိုမေးကြည့်ပါ..)
အေးစက်စက် ဆံသဆရာနဲ့ ညှပ်ဖြစ်ပါတယ်..။
စကားနည်းနိုင်သလောက်နည်းသော ဆံသဆရာပါပဲ..။
အတိုမညှပ်ချင်ဘူးပြောပေမဲ့ အရှည်ပေးမထားပါဘူး..။
ဒီလိုနဲ့.........ပဲ....။

 ပဲကို
ထင်မထားကြတဲ့အတိုင်း  မပြုပ်ပဲမနေပါဘူး.။
ပြုပ်ဖြစ်တယ်..။
ထန်းလျက်ကို ပထမတော့ ၁ခဲပဲထည့်ဖြစ်ပါတယ်..။

နောက် ရခါနီးတော့ နောက်၁ခဲထပ်ထည့်ဖြစ်တယ်..။
ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း တဝက်လောက်ထည့်ဖြစ်တယ်..။
ricecookerနဲ့ပဲ ဖြစ်သလိုချက်တယ်..။
ရေတဝက်ထည့်ပါတယ်..။
ဆားတော့ မထည့်ရဲ..။


ပဲပြုပ်ရှိနေမှတော့ အုန်းထမင်းနဲ့လိုက်တယ်တွေးမိပြီး အုန်းထမင်းချက်ဖြစ်တယ်..။
ကြက်သားလဲရှိတော့ ကြက်သွန်ဖြူ ဂျင်းနဲ့ပဲ ချက်ဖြစ်တယ်.။

 မယုံမှာစိုးလို့ ရှားရှားပါးပါး တပုံရိုက်ထားမိတာတင်လိုက်ပါတယ်..။
အုန်းထမင်း (သင်ဆရာများ = တီတီဆွိ &~~)

အမှန်က တူသုံးတယ်..။
ပြောခံရမှာစိုးလို့ တူမပါအောင် သတိထားရိုက်ထားပါတယ်..။
တွေးမိတာက..
အတွေးတွေရဲ့ နောက်ကွယ်မှာ အစားတွေ မပြတ်ပဲ..။

ကယောင်ကတမ်းအတွေး

အူကြောင်ကြောင်အတွေးများနဲ့....
မပျော်ရွှင်နိုင်တဲ့ စိတ်တစ်ခုနဲ့.....
တခါတခါ.....စကားကြီးစကားကျယ်တွေကြားယောင်ရင်းနဲ့....
ကော်ဖီတခွက်နဲ့....
ငိုင်နေရတယ်..။

သီချင်းနားမထောင်ချင်ဘူး..။
အလုပ်မကြိုးစားချင်ဘူး.။
ဖုန်းမဆက်ချင်ဘူး.။

မနေ့က....စားတော်ပဲ ရေစိမ်ခဲ့တယ်....။
ဒီနေ့ အညှောင့်ဖောက်ထားတယ်....။
မနက်ဖန် ပဲပြုပ်ဖြစ်မယ်....။(ထင်ပါတယ်)


မှတ်ချက် ။ ။ အိမ်ရှင်မရူးသေးပါ..။
စိတ်ထဲရှိတာကို ချရေးခြင်းသာဖြစ်သည်..။ 

Horses .......Born 2 Die

 Horses - Patti Smith



မမျှော်လင့်ပဲ နားထောင်လိုက်ရတဲ့ သီချင်းပါ.။
Punkဆရာမကြီးလို့ ပြောတာပဲ..။
ကဗျာတွေရွတ်ရင်းးးး...ပေါ့

..............................

 Born to Die  - Lana Del Rey



 Don't make me sad
Don't make me cry
Sometimes love is not enough
And the road gets tough I don't know why

ပျင်းတွဲတွဲ ဆိုဟန်နဲ့ .....
သဘောကျပါတယ်.....။
အံ့သြစရာကောင်းတာက သူက ဘိလပ်က မဟုတ်ဖူးဆိုပဲ...။


မှတ်ချက် .။ ။ ပြောထားပြီးသားပါ..။
လူကြိုက်မများမဲ့ သီချင်းတွေပါ လို့.....

အော်.....ရယ်....

ခခ နေမကောင်းဖြစ်ချင်နေတယ်..။
ချောင်းဆိုးတယ်..။
သူ့ကို အဓိကသွားစေချင်ချင်တာ ဖြစ်ပေမဲ့ တကယ်တမ်းကျ သူမသွားဖြစ်တော့..။
ကိုယ့်သူငယ်ချင်းအိမ် သူသွားအိပ်ဖြစ်တယ်..။သူ့မှာလဲ ၂ယောက်ရှိတော့ သူ့အိမ်သွားအိပ်ဖို့
ပဲ ခခကရွေးချယ်လိုက်တယ်..။(အမှန်က အုပ်ထိန်းသူကလဲ ရွေးစေချင်တာလဲ ပါပါတယ်)။
အပေါ်ယံတော့ လုပ်ရတာပေါ့..။
ခခ မသွားရင် အုပ်ထိန်းသူလဲ သွားရမှာ မပျော်ပါဘူးလေ..ဘာညာနဲ့ပေါ့..။:ap:

အမှန်က ၈နာရီချိန်းထားတဲ့ ကိစ္စ.။
နောက်သူငယ်ချင်းတွေကြောင့် ၁၀နာရီမှ အိမ်ကထွက်ဖြစ်ကြတယ်..။
ခါတိုင်းနှစ်မှာ MRT နဲ့ပဲ သွားဖြစ်ပေမဲ့ ဒီနှစ်ကျ ဆိုင်ကယ်နဲ့ သွားဖြစ်ကြပါတယ်..။
တကယ်ပါ...ရေတောင်မသောက်ဖြစ်ဖူး.။
နှစ်သစ်ကူးပြီးသွားတော့ ဘယ်ဆက်ကြမလဲ တိုင်ပင်ကြတယ်..။
ရုပ်ရှင်သွားကြည့်မယ် ..ပြီးရင် ၂၀၁၂ရဲ့ နှစ်ဦးရောင်နီကို ကမ်းစပ်သွားပြီး ကြိုဆိုကြမယ်..
ဆိုပြီး အစီစဉ်ချ ကြပါတယ်..။
countdown က101မှာ..။
ရုပ်ရှင်သွားကြည့်တော့ miramar မှာ....။
အဝေးကြီး စီးရတယ်..။
အရေးထဲ သူငယ်ချင်းတယောက်က ကွေ့ရမဲ့နေရာမှာ မကွေ့ပဲ ဆက်စီးသွားတော့
ကိုယ်တို့မှာ ဆက်စောင့်နေရသေးတယ်..။
ဖုန်းဆက်တော့ မကြား..မကိုင်..။ အူကြောင်ကြောင် ချမ်းစီးစီးနဲ့ လမ်းဘေးမှာ ဆက်လက်စောင့်နေဆဲ..
နောက်တော့ အဲ့ဒီမမက နောက်မြို့နယ်တခုကို သွားတဲ့ တံတားဆီကိုတောင်ရောက်နေရော...
ဟီးးဟီးး..
ဆိုင်ကယ်တွေ လူစုကွဲကုန်တယ်..။
အရှေ့မှာ သွားနှင့်တဲ့ အဖွဲ့ရယ်..အလယ်မှာ စောင့်နေတဲ့အဖွဲ့ရယ်....လမ်းမှားသွားတဲ့ သူငယ်ချင်းရယ်။
mission impossible ပါပဲ...။ ဟိုလမ်းမှားတဲ့သူငယ်ချင်းနဲ့ဖုန်းအဆက်အသွယ်ရပြီး သူက ပြန်ကွေ့လို့ မရနိုင်
တဲ့ အခြေအနေကနေ..ကိုယ်တို့ကို လိုက်ရှာနိုင်တယ်..။
ပြန်လည်ဆုံဆည်းကြပြီးတဲ့နောက်..(နုရွကြည့်တာ)အရှေ့က အဖွဲ့ဆီ လိုက်ကြတယ်..။
ပဲမမတွေပါတော့လမ်းမှာတွေ့ကရာ ဓါတ်ပုံရိုက်နေကြတော့ အရှေ့ကအဖွဲ့က စိတ်မရှည်စွာနဲ့
ဖုန်းတဂွမ်ဂွမ်ဆက်တယ်..။ဆူတယ်..။
mission impossible  အဂိမ်းပါပဲ..။ အယ်ငှယ်...။
ရုပ်ရှင်ရုံကထွက်တော့ မိုးဖွဲဖွဲရွာနေတယ်..။
ကမ်းစပ်သွားဖို့ စီစဉ်ထားတာ ဖျက်လိုက်ရတယ်..။
(ပြောဖူးတယ် မို့လား.. ။ ဘာမှ မစီစဉ်ရဲဘူးဆိုတာလေ..)
ဘယ်ဆက်သွားမလဲ စီစဉ်တယ်..။
ဘယ်မှ မသွားပဲ အိမ်တန်းပြန်ရင်တောင် ၁နာရီလောက်စီးရမယ်..။
အိမ်ထက်ဝေးတဲ့မြန်မာတန်းသွားပြီး တိုဟူးပျော့စားဖို့ ဆုံးဖြတ်ချက်ချကြပြန်တယ်..။
လမ်းတဝက်မှာ ထားဝယ်စတိုင် ပဲနို့ နံနက်စာဆိုင်တွေ့တော့ မြန်မာတန်းသွားဖို့
အစီအစဉ်ဖျက်ပြီး စားသောက်ပြီး အာလူးထိုင်ဖုတ်တာ ၁နာရီကျော်ကြာတယ်..။
ပြီးတော့...
အိမ်ပဲ တန်းပြန်လာလိုက်တယ်...။
အော်......ရယ်....
တစ်နှစ်ကူးသွားပြန်ပြီ.....အော်.......ရယ်....
ကြက်ရိုးပြုပ်ပြီး ...အော်...ရယ်....
အော်.....
ရယ်........
.....
...

မှတ်ချက် ။ ။ နောက်တင်မဲ့ ပို့စ်...
အများ မမျှော်လင့်တဲ့ သီချင်းပို့စ်...
လူကြိုက်မများသော သီချင်း...
မျော့.....