အုန်းထမင်း

မတီတီဆွိအုန်းထမင်းချက်တာဖတ်ပြီး လက်တည့်စမ်းချင်တယ်..။
အုန်းထမင်း စားလေ့မရှိဘူး..။
အိမ်မှာ အမေနဲ့ ညီမလေးကလွှဲလို့ ဘယ်သူ့မှ သိပ်မကြိုက်ကြဘူး..(ထင်တာပဲ..)
၂၀၀၉ပြန်တုန်းက အိမ်နောက်ဖက်က သူငယ်ချင်းအိမ်က ချက်ကျွေးတာပဲ မှတ်မှတ်ယယ။


ကြက်သွန်နီအသေးလေးတွေကို ဝါနေအောင်ကြော်ပြီးဆယ်ထားလိုက်တယ်..။
နောက်တော့ ဥကြီးကို မထူမပါးစိပ်ပြီး ကြော်ပြီးအုန်းနို့ထည့်ချက်ထားတယ်..။
ပြီးတော့ ဆန်ဆေးင်္ပြီးသားပေါ်မှာ ထည့်လိုက်တယ်..။ဆား သကြားအနည်းငယ်စီထည့်ပါတယ်။
ပြီး ခလုပ်နှိပ်ချက်ပါတယ်..။



ကြက်သားဆီပြန် နဲ့...။



အချဉ်အတွက် ကြက်သွန်နီပါးပါးလှီးရေဆေး..တူနာငါးသေတ္တာထည့်..သံပုရာသီးရွှဲ၇ွှဲညှစ်..
ငန်ပြာရည်နဲ့ ငရုတ်သီးစိမ်းထည့် ..။ နံနံပင်မပါမဖြစ်..။ နံနံပင်မပါရင် အားကြီးစိတ်ဆိုးတယ်။



အသီးစားပါ..။
ဟင်းရည်မချက်ပါ.။ ပျင်းလို့..။

မတီတီဆွိ ကျေးဇူးပါ..။

P.S ..
ထမင်းချက်နေရင်း..ခခနဲ့ ပညာစမ်းကြသေးတယ်..။
ဟီးးဟီး..။

14 comments:

ကျမတော့ မချက်ရသေးဘူး။ လာစားသွားတယ်နော်။

ဘယ်လိုပညာစမ်းကြတာလဲ။

တို့လဲချက်ဦးမယ။်

အုန်းထမင်းက သရက်သီး ဆီစိမ်(သရက်သီး ကုလားတည်) နဲ့ လိုက်တာ။ နောက်ပြီး မှန်ရောင် ဟင်းချိုလေးနဲ့မှ။ တူ က အချဉ် နှိုက် တာ လား။း)

တို့လဲ အရင်ပါတ်က ချက်တယ်.. ဘယ်သူ့နည်းမှ မကြည့်ပဲ လုပ်ချင်တာ လုပ်ချလိုက်တာ၊ ပေါက်ရေးထားတဲ့ နည်းနဲ့တော့ တူတယ်၊ ဟတ်ဟတ်

ပေါင်းအိုးမရှိလို့ ရေခမ်းချက်လိုက်တာ .. ဆန်တွေ တော်တော်ကြေသွားတယ်၊ ဟိ

ပေါက်ချက်ထားတာ လှလိုက်တာ.. tuna salad လုပ်စားဦးမယ်

တူနဲ့ ပညာစမ်းတာလား.. ချန်းချန်း နဲ့ အစားလျှော့စားခိုင်းတဲ့ သူ့အမေကို လွမ်းလိုက်တာ၊

ပေါက်လည်း ဟင်းချက်ကောင်းတယ်နော်

ပေါက်ချက်ထားတာ စားချင်စရာလေး၊ အမလည်း နံနံပင် ကြိုက်တယ် :)

ပေါက်ရေ ... ခုမှတွေ့လို့ လာလည်ပြီး သွားရည်ကျသွားပါတယ် ... ဟင်းချက်ကောင်းတယ်နဲ့တူတယ်နော်။ စားကောင်းမဲ့ပုံလေး။

ပေါက်...
ချက်သမျှကတော့ အကြိုက်တွေချည်းဘဲ...။
နိုင်ငံပြောင်းပြီး...လပေးချိုင့်(ဂျိုင့်)ဆွဲစားရမလိုဖြစ်နေပြီ..း)
လာလည်ပါဦး..
ထမင်းဟင်း မချက်တတ်လို့ အလွမ်းတွေ ချက်ထားတယ်..။

လာစားပါတယ် ပေါက်။ မတီဆွိ ချက်ကတည်းက အိမ်မှာ လက်စွမ်းပြလိုက်ပြီးပြီ။ ဟိုအမကြီးက ခုမှ ချက်အုံးမယ် လုပ်နေတယ်။ ငွား ငွားးးး

ပေါက်ရဲ့ လက်ရာက စားချင်စရာလေး...
Especially အသုပ်...း))

နာလည်း ဟိုတစ်နေ့ ကချက်တယ်
ကြက်ကလီစာဟင်း ချဉ်ပေါင်ဟင်းချိုနဲ့ ။
သရက်သီးသနပ်။ အီလို့ မစားနိုင်ဟိဟိ။
ချဉ်ပေါင်ဟင်းပဲသောက်ပလိုက်တယ်။

ဟင်းချက်ကောင်းတာရယ်။
ဓါတ်ပုံကောင်းတာရယ်။
တင်ပြပုံကောင်းတာရယ်။

စားချင်လာတယ်။
(နံနံပင်မပါရင်အားကြီးစိတ်ဆိုးတယ်)
ဆိုတာကို သဘောတူတယ်။

ပညာစမ်းတာ ဘယ်သူနိုင်သွားလဲ
ကြီးနိုင်ငယ်ညှင်းမလုပ်ပါနဲ့ ဟင်းဟင်း