စိတ်ပြေလက်ပျောက်...




ဒီနေ့ တခြားမြို့တစ်မြို့ကို သွားဖြစ်ပါတယ်။။
အဲ့ဒီမြို့လေးမှာ မြန်မာပြည်ကလူတွေများသလို ထိုင်းတွေလည်း
ရှိပါတယ် ။။ အဲ့ဒီမြို့လေးကိုသွားဖြစ်တိုင်း ထိုင်းတွေရောင်းတဲ့ ဆူးပုပ်
မကျည်းသီးစိမ်း ငှက်ပျောပေါင်း(ဒီနေ့အဲ့ဆိုင်ပိတ်ပါတယ်) ယူနန်ခေါပုပ်
ဝယ်ဖြစ်ပါတယ် ။။

ဒီနေ့တော့ ဆူးပုပ်နဲ့ မကျည်းသီးစိမ်း ခရမ်းသီးသေးသေးလုံးလုံးလေး တွေပဲ
ဝယ်ဖြစ်ပါတယ်။။ ခရမ်းသီးသေးသေးလုံးလုံးလေးကို ရှမ်းပဲပုပ် ကြက်သွန်ဖြူ
ငြုပ်သီးစိမ်း နဲ့ မီးဖုတ် ထောင်းစားရတယ် လို့ သူငယ်ချင်းက သင်ပေးပ်ါတယ်။။


မြို့လေးကိုသွားတဲ့လမ်းတစ်လျှောက်မှာ ပန်းခင်းဝါ၀ါလေးတွေတွေ့လို့ ကားပေါ်ကနေ
ဓါတ်ပုံလှမ်းရိုက်လာခဲ့ပါတယ် ။။ ဘတ်စ်ကားနဲ့သွားတာမို့ ကားပေါ်ကနေ
ဖြစ်သလို ရိုက်လာခဲ့ရပါတယ်။။

(ဆူးပုပ်နဲ့ပုံကင်မရာနေ့စွဲမှားပြန်ပြီ ..။။ချိန်ပြီးပြီလို့ထင်ထားတာ..
အခုတော့......ဟီးဟိ)

乾媽 နုအတွက်..အရုပ်လေးတွေ




နုစံ..အရုပ်တွေကြိုက်တယ်ဆိုတာ..
ဟိုအရင်....သူ့ဘလော့တွေစဖတ်ကတည်းကသတိထားမိပါတယ်။။
လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့လေ။။
ကျနော်ကတော့ အဲဒီလောက်မကြိုက်ပါဘူး။။
ချန်းချန်းလည်း သိပ်မကြိုက်ပါဘူး။။ သူက ဘောလုံးရူး
သေနတ်ရူး ။။
အိမ်မှာဖြစ်သလိုနေနေရတဲ့ အရုပ်လေးတွေ သူ့ကိုနှစ်သက်မြတ်နိုးတဲ့
သူဆီကိုရောက်ရင် စင်နဲ့ ဘာနဲ့နေနေရမှာ ။။ အခုတော့..ကျနော့ဆီမှာ
အိတ်ထဲ ဖြစ်သလို ထည့်ထားခံရရှာတယ်။။
အိတ်အ၀ါရောင်ထဲမှာထည့်ပြီး အိမ်အနောက်ဖက်မှာ ပစ်ထားရတယ်။။
(နုရေ မငိုနဲ့နော်..)
ခုနမှ နုရဲ့ပို့စ်ကိုဖတ်ပြီး သွားထုတ်ယူလာပါတယ်။။
ရှူစားတော် မူကြကုန်.............
ပြီးရင်....မားနုဆီ ပို့ပေးလိုက်ချင်တယ်။။
နုရေ...အပြီးမွေးစားလိုက်တော့နော့..။။

မှတ်ချက်။။ ။။ ကင်မရာအချိန်ကို မတိုက်ထားမိဘူး။။ ၂၉ရက်နေ့ မနက် ဖြစ်ရမှာ
၂၈ရက်နေ့ ညနေဖြစ်နေတယ်..ဆောတီးနော်။။
ဘလော့ပူးလစ်စ်တွေကိုကြောက်လို့ အရင်ရှင်းပြထားတာပါ။။ဟီးးဟိ

စိတ်ထဲရှိတာ....


နှစ်စဉ် ဒီအချိန်တွေမှာ...
အလုပ်တွေရှုပ်ပြီး အသက်ရှုမ၀ချင်ဘူး။။
လကုန်ခါနီးပြီ...
စာရင်းတွေ မချုပ်ရသေးဘူး။။
သူဌေးမ ပြန်ရောက်တော့မယ်။။
အလုပ်တွေ မပြီးပြတ်သေးဘူး။။
နှစ်သစ်ကူးတော့မယ်။။
အရောင်းတွေ မလိုက်သေးဘူး။။
ဒီလိုခံစားချက်တွေ နဲ့ငါ...
နောက်ပြန်မလှည့်ရဲဘူး။။။။

ကင်မ်ချီးဟင်းရည်ပူပူလောင်လောင်လေးး






အခုတလော ရာသီဥတုအေးလာတော့ ပူပူလောင်လောင်
အရည်ပါတဲ့ ဟင်းမျိုးပဲ ချက်စားမိတယ် ။။ နိနိလည်း ပူပူလောင်လောင်
ကြိုက်တယ်ဆိုပဲ ။။ အခုချက်တဲ့ ဟင်းရည်ကိုတောင် စားရင်းအေးသွားလို့
ထပ်သွားနွေးပြီး စားပါတယ်။။ (အိုဗာတင်းလေ..)


ကင်မ်ချီး တစ်ထုပ် ။ဝယ်ထားတာအနည်းဆုံး တစ်ပတ် နှစ်ပတ်လောက်ရှိမယ့်
ကင်မ်ချီး ဆို ပိုစားကောင်းပါတယ်။။လတ်ဆပ်တဲ့ ကင်မ်ချီးဆို အရသာပေါ့မယ် ။

ငါးသေးသေးလေးအခြောက် အနည်းငယ် ။ ကြက်သွန်နီဥကြီးတစ်ဝက်ပါးပါးစိပ်ထား
အိုးတစ်လုံးထဲမှာ ရေ၄ပုံ၃ပုံထည့်ပါ ။ကင်မ်ချီးအချဉ်ဖတ်တွေ ထည့်ပါ။ အပင်လိုက်ဆို
ဓါးနဲ့လှီးပေးပါ ။။ ငါးခြောက်လေးတွေကိုရေဆေးထည့်ပါ ။ ကြက်သွန်နီစိပ်ပြီးသားကို
ထည့်ပါ ။။ မီးဖွင့်နိုင်ပါပြီ ။။ဆူတဲ့အထိစောင့်ပြီး မီးသေးသေးပြောင်းပေးပါ ။
၄၅မိနစ်ကနေ တစ်နာရီလောက်ထိ တည်ပါ။ လိုအပ်ရင် ရေထပ်ဖြည့်ပေးပါ။။
ပဲပြား ကြိုက်ရင် တစ်ဗူးအစိပ်သေးစိပ်ပြီး ထည့်ပါ။။
ပြီးရင် tuna fish ငါးသေတ္တာဗူးတစိဗူး ထည့်ပါ ။။ မီး ကို အလယ်အလတ်လောက်ပြောင်းပါ။။
၅မိနစ်လောက်နေရင် စားနိုင်ပါပြီ။။

tuna ကို ချခါနီးမှထည့်ရတာက ချက်တာကြာရင် ငါးအသားတွေရင့်သွားတတ်လို့ပါ။။
ကြက်သွန်မြိတ်ရှိရင် လှီးထည့်ပေးပါ။။

စားသုံးနိုင်ပါပြီ။။ တွဲဖက်စားလို့ကောင်းမယ့် ဟင်းကတော့ ကြက်ဥမွှေကြော်ပါ။။
ကြက်သွန်နီနဲ့ပဲကြော်ကြော် ။ ဒီအတိုင်းပဲမွှေကြော်ကြော် စားကောင်းပါတယ်။

ကင်မ်ချီးနဲ့ ငါးသေတ္တာမှာ အငန်ဓါတ်တွေရှိတဲ့အတွက် ဆားမလိုအပ်ပါဘူး။။
ကြက်သွန်နီထည့်ချက်တဲ့အတွက်လည်း အချိုဓါတ်ပါပြီးသွားပါပြီ။။


အမဲသားမုန့်ညှင်းချဉ်ကြော်


မနေ့ကတည်းက အလုပ်တွေပုံနေတယ်..
ည အိမ်ပြန်ရောက်တော့ ဘလော့မလည်ပဲလည်း မနေနိုင်ဘူး။။
ဒီနေ့ နေမကောင်းဖြစ်တယ် ။ ဆန်ပြုပ်ပဲ ပြုပ်သောက်တယ်။။
မမကေအိုအမ် ဟောတာမှန်သွားပြီ။။ ကြက်စွပ်ပြုပ်ပြီး ဘာပြုပ်လဲ။
ဆန်ပြုပ်လားတဲ့ ။။ တကယ်ပဲ ဆန်ပြုပ်ပြုပ်စားပါတယ် ။။ အမှန်က
ဘဲဥဆားငန်လေးနဲ့တင် စားမလို့ပါပဲ။။ မုန်ညှင်းချဉ်တည်ထားတာ
အသင့်ရှိနေတာနဲ့ အမဲသားအကြေသားရှိနေတာနဲ့။ အမဲသားမုန့်ညှင်းချဉ်ကြော်
ကြော်ဖြစ်လိုက်တယ်။။


အရင် အမဲအကြေသားကို ကြက်သွန်ဖြူ ကြာညို့အငန် ဂျင်းနဲ့ နယ်ထားပါတယ်။။
ပြီးတော့ ရှဲကနဲနေအောင် ၃၀စက္ကန့်ပဲကြော်ပါတယ်။။ ခပ်မြန်မြန်လေး ဆယ်လိုက်ပါ။။
ငြုပ်သီး အရှည်ခြောက် သုံး လေးတောင့်လောက်ကို တူးအောင်ကြော်ပြီး ဆယ်ထားပါ။။
ခရမ်းချဉ်သီးတစ်လုံးကို စိပ်ထားပါ ။။ မုန့်ညှင်းချဉ်ကိုလည်း ခပ်သေးသေးဖြစ်အောင်စိပ်ပါ။။
ခရမ်းချဉ်းနဲ့ မုန့်ညှင်းချဉ်ကို ကြော်ပါ ၁မိနစ် ။။ ပြီးရင် ကြော်ပြီးသား အမဲသားနဲ့ ငြုပ်သီးကြော်
ကိုထည့်မွှေပါ ။ကြာညို့အငန် နဲနဲ ထည့်ပေးပါ ။။၁မိနစ် လောက်ဆို ကြက်သွန်မြိတ်စိပ်ထား
တာကို ဖြူးပြီး ဒယ်အိုးပေါ်က ချနိုင်ပါပြီ။။

ဆားမထည့်ပါဘူး ။။ကြာညို့အငန်နဲ့တင် လုံလောက်ပါပြီ။

အမှန်က အမဲသားမုန့်ညှင်းချဉ်ကြော်ကို တင်ဖို့ရာစိတ်ကူးမရှိလို့ အဆင့်ဆင့်
ရိုက်မထားမိပါဘူး ။။ စားခါနီးမှ သတိရပြီး ရိုက်မိတာပါ။။

အမဲသားမစားတဲ့သူများ ကြက်သားကိုအစားထိုးနိုင်ပါတယ်။။

မှတ်ချက် ။။ ။။ ကျနော် မေမြို့မှာနေတုန်းက စချက်တတ်တဲ့ဟင်း...
ဒီဟင်းတစ်မျိုးပဲချက်တတ်ပါတယ် ။။ အဖေကြောင့်ချက်တတ်တယ်ဆို မမှားပါဘူး။။
ဒီရိုးရာဟင်းလေးကို အဖေအရမ်းကြိုက်ပါတယ်။။
လာမယ့် ဇန္န၀ါရီ၂၁ ဆို ၁၁နှစ်ရှိပြီ အဖေရေ..အဖေ့ကို သတိယလိုက်တာ။။


ဒန်ပေါက်









ဒီနေ့ ဒန်ပေါက်ချက်ဖြစ်ပါတယ်။။ နုကြောင့် ချက်ဖြစ်တယ်ဆို မမှားပါဘူး။။
ဒန်ပေါက် မဆလာကြိတ်ပြီးသားကို ကြက်သွန်နီကြော် နဲ့ ဆား သကြားကို
ရောထားတဲ့ အစာကို အမေက အမြဲလုပ်ပေးလေ့ရှိပါတယ်။။ ကိုယ်ပြန်ရင်ဖြစ်ဖြစ်
အသိပြန်ရင်ဖြစ်ဖြစ် ထည့်ပေးတတ်ပါတယ်။။ ကျနော်က ဒန်ပေါက် သိပ်မကြိုက်ပါဘူး။။
ချက်ရင်တော့ စားဖြစ်တယ်။ မဆလာအနံ့ မခံနိုင်လို့ပါ။ သကြားထည့်ရတဲ့အကြောင်းရင်းက
အိမ်က မားရော ကျနော်ပါ အချိုမှုန့် မကြိုက်လို့ပါ။။ အချိုမှုန့်ကြိုက်တတ်တဲ့သူများ
အချိုမှုန့် ထည့်ချက်နိုင်ပါတယ်။။


ဆားနဲနဲနဲ့ ထောပတ်ထည့်ထားတဲ့ ဆန်ကို အရင်ချက်ပါ။။(ပုံမှာ ထမင်းအဖြူထည်ချည်းက
ဆားနဲ့ ထောပတ်ချက်ထားတဲ့ ထမင်းပါ) ထမင်းကျက်ရင် ထမင်းကို တူနဲ့ သမအောင်
မွှေပေးပါ ။။ ပြီးရင်အပေါ်မှာပြောထားတဲ့ လေးမျိုးစပ်အစာ နဲ့ စပျစ်သီးခြောက် ကို
ထမင်းပေါ်မှာ ဖြူးလိုက်ပါ ။။ ဒန်ပေါက်အရောင် အနီနဲ့ အစိမ်းကိုလည်း ရေဖျော်ပြီး
အနည်းငယ် ဖျန်းပေးပါ ။။ ပြီးရင် ၅မိနစ် ခလုပ် ထပ်နှိပ်ပြီး ချက်ပါ ။။


သုံးဆောင်နိုင်ပါပြီ။။ ကြက်သားကို မနေ့ညကတည်းက ဆားနဲ့နှက်ထားပါ။။
ဂျင်းစိမ်းရည် ညှစ် ။ကြက်သွန်ဖြူထောင်း ပြီး နှက်ထားပါ ။ ကျနော်ကတော့
ဒယ်အိုးထဲမှာ ဒီအတိုင်း မီးသေးသေးနဲ့ ချက်ပါတယ်။။ ဆီထပ်မထည့်ပါဘူး။။
(နိုင်ငံခြားက ကြက်တွေ အဆီတွေတအားများလို့ပါ) ချက်ရင်း သူ့ဟာသူ
အဆီတွေ ထွက်လာပါတယ်။။မဆလာကြိုက်တတ်ရင်တော့ နဲနဲထည့်
ချက်နိုင်ပါတယ်။။ ဒီတစ်ခါ ကြက်သားမှာတာ..ပေါင်ကို နှစ်တုံးပဲတုံးပေးခိုင်းတာ
ချက်ဟင်းလို အတုံးသေးသေးတွေ လုပ်ပေးလိုက်တာနဲ့..အခုလို ကြက်သား
အတုံးလေးတွေ ဖြစ်သွားရပါတယ်။။ သည်းခံစားပါနော် ။။ (စားရတဲ့ သူငယ်ချင်းက
”” ကမ္ဘာ့စီပွားရေးပျက်တာနဲ့ နင်လည်း ကပ်ဆိုက်ပြီး ကြက်သားတုံးသေးသွားတယ်””
တဲ့..)


အရည်သောက်ကတော့ မြန်မာတန်းဖက်မရောက်လို့ စွန်တန် (酸湯)ချဉ်ရည်နဲ့ပဲ
ဖြစ်သလို စားကြပါနော်။။ ပုံထဲက စွန်တန်မှာ ရေနွေးပူမလောင်းရသေးဘူး ။
ကိုယ့်ဟာကိုယ်...ရေနွေးလာင်းစားကြပါနော်။။

(
နုရေ......ချက်ကျွေးပြီနော်..ဟီးးဟိ)

ကြက်စွပ်ပြုပ်





ဒီနေ့ ရာသီဥတုအေးအေးနဲ့ ကြက်စွပ်ပြုပ် ပြုပ်ဖို့ စိတ်ကူးပါတယ်။။
သိပ်မအေးပေမယ့်လည်း စားချင်စိတ်နဲ့ ဇွတ်အေးတယ်လို့ ယူဆလိုက်တော့တာပါပဲ။။
ဒီနေ့ပြုပ်တဲ့ ကြက်စွပ်က ကျနော်တို့ အိမ်မှာ ပြုပ်နေကျ ကြက်စွပ်မဟုတ်ပါဘူး။။
ဒီက လူတွေ လုပ်နေကျ နည်းလေးပါ။။ ပုံမှာပါတဲ့ အပြားချပ်လေးက 當歸 =သန်းကွေး
လို့ခေါ်ပါတယ် ။။ အနီရောင် စပျစ်ခြောက်လိုက 枸杞 =ကုံပ် ကျိ လို့ခေါ်ပါတယ်။။
ဂျင်း (ချင်း) တစ်တက် ။ ဖြစ်နိုင်ရင်အိမ်မွေးကြက် တစ်ကောင် (လူနည်းရင် ပေါင် နှစ်ပေါင်)
တရုတ် ဟင်းချက်ဆန်အရက် အနည်းငယ် ။ ကြက်သားကို အနေတော် ခုတ်ထစ်ပြီး
ဆားနဲ့ နယ်ထားပေးပါ ။။ ၃နာရီလောက် (တစ်ညအလိုက ဆားနယ်ပြီး ရေခဲသေတ္တာထဲ
ထည့်ထားနိုင်ပါတယ်) ။။



ချက်ခါနီး ရေဆေးပေးပါ ။။ အိုးတစ်လုံးထဲမှာ ရေ ၃/၄ ပုံလောက် ထည့်ထားပြီး ကြက်သား
ဂျင်း ။ ကုံပ်ကျိ ။ သန်းကွေး တို့နဲ့ စချက်နိုင်ပါပြီ။။ ချက်နေတုန်း အတတ်နိုင်ဆုံး အိုးဖုံး
အပြည့် မဖုံးမိပါစေနဲ့ ။။ ဟင်းရည်စဆူ ကတည်းက ထွက်လာတဲ့ အမြုပ်တွေကို ဇွန်းနဲ့
ဆယ်ပေးပါ။။ ထွက်လာတဲ့ အဆီတွေကိုလည်း ဖယ်ထုတ်ပေးပါ။။ (ကျနော် ကြက်စွပ်
ပြုပ်က ထွက်လာတဲ့ အဆီကို မစားပါ။။) ဒါမှ စွပ်ပြုပ်ရည်က သန့်ရှင်းကြည်လင်ပြီး
စားချင်စားဖွယ် ဖြစ်လာမှာပါ ။။ နာရီဝက် ။၄၅မိနစ်လောက်နေရင် ရပါပြီ။။
ဆားကို ချခါနီးမှ လိုအပ်သလိုထည့်ပါ ။။ စားခါနီး ကြက်သွန်မြိတ် ဖြူးပြီးစားပါ။။


အိမ်မှာလုပ်စားနေကျ ကြက်စွပ်ပြုပ်ကို နောက်ရက်မှ လုပ်ပြီးတင်ပါ့မယ်။။
အအေးပိုင်းမှာနေတဲ့သူတွေ အတွက် အဆင်ပြေပါတယ်။။ အားလည်းရှိစေတယ်။။
အရင်ကဆို မောင်အကြီးနဲ့ အငယ်မ ကို ကြက်စွပ်ပြုပ်လုပ်စားဖို့ သတိပေးနေကျ။။
ဒီနှစ်တော့ မပြောမိသေးဘူး ။။



မှတ်ချက်။။။ စီဘောက်စ်အတွက် ကျွေးဖို့ပြောနေတဲ့ နုတို့ မချိုသင်းတို့
အားရှိအောင် ကြက်စွပ်ပြုပ်လေး သောက်လိုက်ပှါုဦး ။။

ဆေးမင်ကြောင်






မြန်မာပြည်မှာနေတုန်းက ဆေးမင်ကြောင်ထိုးတဲ့ဆိုင်ကို ဘုရားပွဲတိုင်းလိုလိုမှာ
မြင်တွေ့နေကြပါ။။ ဆေးမင်ကြောင်ထိုးတဲ့သူကိုလည်း လိမ္မာတဲ့ သာမာန်လူတစ်ယောက်လို့
မသတ်မှတ်ခဲ့ပါဘူး ။ ကိုယ့်မောင်တစ်ယောက်က ငယ်ကတည်းက ဂျစ်ကန်ကန်နဲ့။
သူငယ်ငယ်ကတည်းက ဆေးမင်ကြောင်ထိုးထားပါတယ်။။ ဘယ်နေရာမှာ ဘယ်လိုပုံတွေ
ထိုးတယ်ဆိုတာတောင် သေချာမကြည့်မိပါဘူး။။ တစ်နေရာကိုတော့ သတိထားမိပါတယ်။။
သူ့လက်ချောင်းလေးတွေပေါ်မှာ OZZY တဲ့(OZZY OSBOURNE) ကိုအသိအမှတ်ပြုချင်
တယ် ထင်ပါ့။။ သေချာတာတစ်ခုက သူ ဘိုသီချင်းတွေ နားထောင်လေ့မရှိပါဘူး။။(ဟားဟ)



အခု နောက်ပိုင်း အိမ်ပြန်တော့ သူက သူ့Tattoo တွေကို ဖျက်ချင်ကြောင်း ငြီးငြူနေလေရဲ့။။
ဆယ်ကျော်သက်တုန်းက ဆုံးဖြတ်ချက်လေး မှားကြောင်း သူသိသွားတာပေါ့။။ နှောင်းနောင်တ။။


လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး Discovery channel က Miami ink ဆိုတဲ့ အစီအစဉ်လေး
လွှင့်ပါတယ်။။ မလွတ်တန်းလိုလို ကြည့်မိပါတယ်။။ အဲဒီမှာ ဆေးမင်ကြောင်ရဲ့ အနုပညာနောက်
မျှောပါလိုက်သွားမိပါတယ်။။ သူတို့ရဲ့ ခေါင်းဆောင် Ami ကိုလည်း သဘောကျတာပဲ။။
စကားသိပ်မများတဲ့ Chris Garver ကိုလည်း ကြိုက်တယ်။။ ကောင်မလေးတွေ ကြည်တဲ့
Nunez's ကိုလည်း ကိုယ်လည်း လိုက်ကြည်တာပဲ(ဟိ)။။ အမြင်ကပ်စရာကောင်းတဲ့
grilfriend ကို ပိုင်ဆိုင်တဲ့ Darren ကိုလည်း သနားတယ်။။ (အခုတော့ အဲ့ဒီကောင်မလေးနဲ့
လမ်းခွဲပြီး နောက်အသစ်တစ်ယောက် ရလို့ ကလေးတောင်မွေးပြီးနေပြီ။။)


ဆေးမင်ကြောင်ကို နဂိုအရောင်ကလွှဲလို့ ကာလာရောင်စုံတွေကို မဆွဲပေးပါဘူး ဆိုတဲ့
Kat ကိုအချစ်ဆုံး။။ အဲ့လို ခေါင်းမာတာ။။ သူလည်းအခု Ami နဲ့ မကြည်မလင်ဖြစ်ပြီး
LA ပြန်ပြီး LA ink ဆိုပြီး သွားဖွင့်လေရဲ့။။ ဆိုင်ရဲ့ တောက်တိုမယ်ရ ကောင်တာထိုင်
Yoju ။။ သူက ဂျပန်လူမျိုး ။။
ခုပြောတဲ့အဖွဲ့သားတွေက Miami ink စဖွင့်ဖွင့်ခြင်းမှာ ရှိတဲ့ အဖွဲ့သားတွေပါ။။
အခုတော့ အပြောင်းအလဲတွေရှိလာပါပြီ။။

ဒီအစီအစဉ်ကို အရူးအမူးကြည့်ရခြင်း အကျိုးရလဒ်ကတော့ ချန်းချန်းက သူကြီးလာရင်
ဆေးမင်ကြောင်ထိုးမယ်လို့ ကြွေးကြော်လာပါတယ်။။ အဲဒီအခါကျမှ ကိုယ့်မှာ လန့် ဖြန့်ပြီး
သူ့ကို ဖျောင်းဖျရတယ် ။။ မားက သဘောပဲကျတာ ကိုယ့်ကိုယ်ပေါ်မှာ တင်ထားဖို့
စိတ်ကူးတောင်မရှိဘူး .......သူ့ဦးလေးဆို အခု အရမ်းနောင်တရနေတာ.....ဘာညာနဲ့
အတင်းပြောယူရတယ်။။

ဟူးးး........


(မှတ်ချက်။။ အပေါ်က မိန်းကလေးပုံက Chris Garver ရဲ့လက်ရာ..
နောက်ပုံက ခေါင်းဆောင်ကြီး Ami)


Cbox

Cbox

ဝေးပြီးတဲ့..နောက်..

ဝေးပြီးတဲ့...နောက် (ဆို- ဂျီလတ်)


" ဝေးပြီးတဲ့နောက် "

ဝေးပြီးရင်ဝေး ငါတို့တတွေ .......
အသည်းဟာ မြေသို့ ကြွေသွားတဲ့နောက်
မင်းရဲ့အချစ် တန်ဖိုးထားတတ်ခဲ့ပြီး
အချစ်ဆုံးလေး
နင်ထွက်သွားလဲ
ရှေ့မှာ အခက်အခဲများရှိရင် မင်းရဲ့အနားမှာ အမြဲတမ်းရှိတဲ့ ငါ့ကို မမေ့ပါနဲ့
အခုကျမှ
ငါ့မှာ နောင်တများနဲ့ အသက်မဲ့ မနေချင်ဘူး
ခွင့်လွှတ်ပါ အကြင်နာ
နင်မုန်းလို့ဝရင် ငါ့ဆီပြန်လာပါ

CHO: ဝေးပြီးတဲ့နောက် ... အကြင်နာရယ် မင်းရဲ့အချစ် နောက်ထပ် မတွေ့နိုင်ဘူး
အချစ်မရှိတဲ့နောက် ပျော်စရာတွေ ငါ့ရဲ့ဘ၀မှာ ဘာမှ မရှိတော့ဘူး
ဒီအချိန်မှာ မင်းက ငါ့ကို သနားနေမလား
ဒီအချိန်မှာ မင်းက ငါ့ကို ရီနေမလား
ဒီအချိန်မှာ မင်းလေး ငါ့ဆီ ပြန်လား မလားနဲ့ ရှုး

ဝေးခဲ့ပြီး .. ငါ့အသည်းဟာ
ဆုတ်ပြတ်ပြီး နင်ရှိမဲ့အရပ်တွေဆီကိုသာ အပြေးလိုက်သွား နင်ကတော့ သိနိုင်မလား
စွန့်သွားတဲ့ နင်ကရော ..
လွမ်းနေသလား .. ပျော်မှာလား
အချစ်သစ်များ နင်တွေ့နေပြီလား
ငါ့ရင်များ မောပန်းလို့
ဝေးသွားမှ
ငါ့ကို ဒဏ်ရာတွေနဲ့ မုန်းပြီး မေ့နေသလား
လှမ်းခဲ့ပါ
အရင်နေရာ
နင်မလာရင် ငါ့ရဲ့ ဘ၀ဟာ အသက်မဲ့ သွားမှာပါ

CHO:ဝေးပြီးတဲ့နောက် ... အကြင်နာရယ် မင်းရဲ့အချစ် နောက်ထပ် မတွေ့နိုင်ဘူး
အချစ်မရှိတဲ့နောက် ပျော်စရာတွေ ငါ့ရဲ့ဘ၀မှာ ဘာမှ မရှိတော့ဘူး
ဒီအချိန်မှာ မင်းက ငါ့ကို သနားနေမလား
ဒီအချိန်မှာ မင်းက ငါ့ကို ရီနေမလား
ဒီအချိန်မှာ မင်းလေး ငါ့ဆီ ပြန်လား မလားနဲ့ ရှုး

အခုကျမှ
ငါ့မှာ နောင်တများနဲ့ အသက်မဲ့ မနေချင်ဘူး
ခွင့်လွှတ်ပါ အကြင်နာ
နင်မုန်းလို့ဝရင် ငါ့ဆီ ပြန်လာပါ

CHO:ဝေးပြီးတဲ့နောက် ... အကြင်နာရယ် မင်းရဲ့အချစ် နောက်ထပ် မတွေ့နိုင်ဘူး
အချစ်မရှိတဲ့နောက် ပျော်စရာတွေ ငါ့ရဲ့ဘ၀မှာ ဘာမှ မရှိတော့ဘူး
ဒီအချိန်မှာ မင်းက ငါ့ကို သနားနေမလား
ဒီအချိန်မှာ မင်းက ငါ့ကို ရီနေမလား
ဒီအချိန်မှာ မင်းလေး ငါ့ဆီ ပြန်လား မလားနဲ့ ရှုး





အခုရက်တွေ နားထောင်ဖြစ်တဲ့သီချင်းတစ်ပုဒ်..
...............
............

သွားနှင့်တော့...


လီချူနင် 黎礎寧



သွားနှင့်ပေတော့...လီချူနင်...
ဘ၀မှာ ..ချူနင်..ရဲ့အသံကိုအမြဲအမှတ်ယနေမှာပါ...


(မနေ့ညကအချစ်ကြောင့်ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားတဲ့ လီချူနင်(်黎礎寧) ၂၄နှစ်)

..........ဘာလိုသေးလဲ..........

ဘာလိုသေးလဲ (ခင်မောင်တိုး)

.....ဘာလိုသေးလဲ...အချစ်မရှိတော့ရင်....
.......ရွှေတွေ...ငွေတွေ....ရတနာတွေ.....
.............ရေထဲလွှင့်ပစ်လိုက်ချင်တယ်............

...........ဘာလိုသေးလဲ.........အချစ်မရှိတော့ရင်.........
........ဂုဏ်တွေ ဘွဲ့တွေ ပညာတွေ...
...........ပြာအဖြစ် မီးရှို့လိုက်ချင်တယ်..........

..........အချစ်မရှိတဲ့အခါ...မောင့်ရဲ့ဘ၀ဟာ....
.........သေဆုံးသွားတဲ့ သစ်ရွက် ငယ်ငယ်....
..........ဒေါသဖြစ်ရင် လောကအပြစ်တင်..
.........ငိုနေလို့လဲ အပိုပဲ............


.........ဘာလိုသေးလဲ...အချစ်မရှိတော့ရင်...
..............ပြောစမ်း.........
........ပြောစမ်း..............
........ပြောစမ်းပါလေ.....


(စိတ်ဝင်စားရင် ဘေးမှာနားထောင်လို့ရတယ်နော်)




ပဲလမုန့်



တစ်ရက်က ဆရာမဆောင်းက ပဲလမုန့်မှာထည့်တဲ့အစာ
ဘယ်လိုလုပ်လဲ မေးလာပါတယ်။။ အမှန်ဝန်ခံရရင် ပဲလမုန့်။
ပဲပေါက်စီ တို့မှာထည့်ရတဲ့ ပဲယို(豆沙) ကို ငယ်ကတည်းက မကြိုက်ပါဘူး။။
အဲဒီ ပဲယိုကို ပဲအနီရောင်(မြန်မာလိုမခေါ်တတ်ပါ။ ပဲနီလေးမဟုတ်ဖူးနော်)
ရေစိမ် ။ပြီးရင် နှူးနေအောင်ပြုပ်ပြီး ကြံသကာ ။ဆီတို့နဲ့ ညက်နေအောင်
ကျိုရပါတယ်။ အဖိုးတို့ အမေတို့ကတော့ ဒီပဲယိုကို တစ်နှစ်စာ အမြဲကျိုထားပါတယ်။။
ပေါက်စီလုပ်တဲ့အခါမှာဖြစ်ဖြစ် ။ ထန်းရွမ်( 湯圓 )=တရုတ်မုန့်လုံးရေပေါ် လုပ်စားချိန်
မှာ ဖြစ်ဖြစ် ထည့်သုံးဖို့ရာ ဖြစ်ပါတယ်။။ တခြားမုန့်တွေရှိဦးမှာပါ။။ ကျနော်က
ပဲယိုပါရင် မကြိုတ်တတ်တော့ မမှတ်မိတော့ဘူး။ အိမ်မှာ ပဲလမုန့်တော့ လုပ်မစားဘူး။
အမေတို့က ၀ယ်စားပါတယ် ။

ဒီမှာတော့ အဲ့ဒီပဲယိုကို သူများကျိုပြီးသား ready made တွေရောင်းပါတယ်။။
ဒီနေ့...
အသိအန်တီကြီးတစ်ယောက်က သူကိုယ်တိုင်လုပ်တဲ့ ပဲလမုန့်ကို လက်ဆောင်ပေး
ပါတယ်။။ လက်ထဲရောက်ရောက်ချင်းပဲ ဆောင်း ကိုသတိရမိပါတယ်။။ သူလုပ်ထားတဲ့
ပဲယိုက ရိုးရိုးပဲယိုမဟုတ်ဖူး ။ ရှယ်လုပ်ထားတာ ။ သစ်ကြားသီး ။ဖယုံစေ့ ။နေကြာစေ့
နောက်ပြီး ပဲယိုက အချိုပေါ့တော့ စားလို့ကောင်းတယ်။ မအီဘူးပေါ့။။
ကဲ..
ပဲလမုန့် နဲ့ အခါးရည်လေး သုံးဆောင်ကြပါနော်။။


ကွမ်းယာယဉ်ကျေးမှု








ကျနော် ကွမ်းယာမစားတတ်ပါဘူး။။
မြန်မာက ကွမ်းယာဓလေ့နဲ့ ရင်းနှီးနေပါတယ်။။ တစ်ချို့အိမ်တွေမှာ ကွမ်းအစ်နဲ့ ဧည့်ခံတာ
ကြုံဖူးပါတယ်။။ မွေးရပ်မြေမှာ ကွမ်းယာဆိုင်က စကားလုံးတွေနဲ့ ရင်းနှီးပါတယ်။။
အချို ။ဗမာဆေးနဲ့ ။ အိန္ဒိယဆေး ။ဖာလာစေ့နဲ့.....ဘာညာပေါ့...သေချာသိတာတော့မဟုတ်ပါဘူး။။
ကြားဖူးသလောက်ပေါ့....။။(မြန်မာက ကွမ်းယာဆိုင်လေးတွေကို လွမ်းလိုက်တာ)
ဒီနိုင်ငံရောက်စက ဒီဆိုင်လေးတွေကို ရဲရဲမကြည့်ရဲဘူး။။ နောက်တော့လည်း အသားကျသွားပါပြီ။။
ဒီလို ကွမ်းယာဆိုင်လေးတွေမှာ လုပ်တဲ့ မိန်းကလေးတွေကို နှမျှောတယ်။။
ဒီက ကွမ်းယာဆိုင်ဓလေ့ တဲ့.....ကြည့်ကြပါဦး....
မနေ့ညက ဘလော့ဂွ အမျိုးတစ်ယောက်ကို ဒီပုံတွေတင်မယ်ပြောထားတာ..
အခုတင်ဖြစ်သွားပြီ....အမှန်က ကိုယ်ကိုယ်တိုင်သွားရိုက်ခဲ့မလို့...မိုးတွေရွာနေတာနဲ့ မသွား
ဖြစ်တော့ဘူး။ ကိုယ်တိုင် သွားရိုက်ဖြစ်ခဲ့ရင်လည်း ဒီလောက် အလှပဂေးတွေ ရိုက်လာဖြစ်မှာမဟုတ်ဖူး။။
ကျနော်က အဖြစ်မရှိဘူးလေ..။။

မှတ်ချက်။။ ။။ ဒါတောင်ဆင်ဆာဖြတ်ပြီးမှ တင်ထားတာ....မဟုတ်ရင် နှာခေါင်းသွေးတွေ
ယိုကုန်မှာ စိုးပါတယ်။။

ဆူးပုပ်တဲ့ဗျိုးးးးးးးးးးးး


ဟိုတစ်နေ့က ဆူးပုပ်ဝယ်လာပြီး ကြက်ဥလေးနဲ့ကြော်စားတာ...
ကောင်းလိုက်တာ...
နိနိရေ...
အားတော့နာပါတယ်။။
ဒီမှာ ၂ယောက်တည်း စားလိုက်လို့။။
နောက် တွေ့ရင်ကျွေးမယ်နော်။
အခုတော့ သားရည်ကျလိုက်ပေဦး။
စိတ်မကောင်းပါဘူးဟယ်။။

ဘယာကြော်...........တဲ့ဗျိုးး


ကုလားပဲခြမ်းကို ရေ ၅နာရီ ၆နာရီ ခန့်စိမ်ထားပါ။။ ထို့နောက် ရေစစ်ပြီး
ကြိတ်စက်ဖြင့် ကြိတ်ပါ။။ ကြက်သွန်ဖြူ ဂျင်းအနည်းငယ်ခန့်လည်း ကြိတ်ပါ။
မများစေပါနှင့် ။များပါက ကြော်သောအခါ မဲ၍ခါးတတ်ပါသည်။။ ဆား ဟင်းချိုမှုန့်
ကြက်သွန်ဖြူ ဂျင်းတို့အား ကြိတ်ပြီးသားပဲတွင် သမအောင်နယ်ပါ။။ ထို့နောက်
ဆူပူတွင်( ကဖြိုးက ဒီအတိုင်းရေးထားတာ ကျွန်တော့်အထင်တော့ ဆီပူထင်တာပဲ..ဟီး)
ဘယာကြော်အတိုင်း လုံးပြားလေးများ ပြုလုပ်ကြော်စားပါ။။ ဘယာကြော်စစ်စစ်လေးဟု
မိမိကိုယ်ကို လိမ်လည်စားသုံးနိုင်ပါပြီ။။


ကိုဖြိုးမေးပို့ပေးတာကို ပြန်ရေးပေးတာပါ။။
ကျွန်တော်ကတော့ မစမ်းရသေးပါဘူး။။ နောက်ပြီး မတ်ပဲကြော်(ဗမာဘယာကြော်)
စားချင်တယ်။။ မတ်ပဲဆိုတာ ဘယ်လိုပဲမျိုးလဲ မသိ။ ပဲပြုပ်ပြုပ်တဲ့ပဲက
စားတော်ပဲမှန်းတော့သိပါတယ်။။


ဟိုတလောက အကြော်ဝယ်စားထားတဲ့ပုံလေး ပြန်တင်ပေးလိုက်တာ။။





ဘယာကြော်...........တဲ့ဗျိုးး


38 minu

ရပ်ဆွေရပ်မျိုး

ရပ်ဆွေရပ်မျိုး




ကျွန်တော်တို့မိဘနှစ်ပါးမှာ ညီအစ်ကိုမောင်နှမ အရင်းအခြာရယ်လို့ မရှိပါဘူး။။
အမေ့ကို တခြားမြို့မှာမွေးခဲ့တယ်ဆိုပေမယ့် နှစ်နှစ် သုံးနှစ်သမီးလောက်ကတည်းက
အခုနေတဲ့မြို့ကိုပြောင်းနေတဲ့သူပါ။။ ဆိုတော့ အမေကဒီမြို့သူစစ်စစ်လို့ ပြောလို့ရပါတယ်။။
အဖေကတော့ ရှမ်းပြည်ထဲမှာပဲမွေးပြီး ရှမ်းပြည်မှာပဲကြီးခဲ့တာပါ။။ အမေနဲ့ယူမှ အခုနေတဲ့
မြို့မှာနေပြီး မြို့လေးမှာပဲ ခေါင်းချသွားရတာပါ။။ (အခုနေတာက ရှမ်းပြည်နယ်စပ်ပေါ့)

အမေ့မှာ ညီအမလောက် ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။။ ကျွန်တော်တို့ငယ်တုန်းက
အဲဒီအန်တီကို ကျွန်တော်တို့ဘာသာစကားနဲ့ ကြီးတော်လို့ ခေါ်ရပါတယ်။။ ငယ်တုန်းကတော့
စိတ်ထဲမှာ ကိုယ့်ရဲ့ ကြီးတော်အရင်းပဲမှတ်နေမိတာပေါ့။။ သိတတ်တဲ့အရွယ်ရောက်မှ အမေ့ရဲ့
အစ်မတစ်ယောက်လိုခင်ရတဲ့ သူငယ်ချင်းမှန်းသိလိုက်ရပါတယ်။။ ဒီလိုသိလိုက်ရပေမယ့်လည်း
သူ့ကို အရင်အတိုင်း ကြီးတော်လို့ ခေါ် မြဲ။။ အခုတော့ အန်တီမိုး( ခေါ်) ကြီးတော်လည်း
လူ့လောကမှာ မရှိတော့ပါဘူး။။

ကျွန်တော်တို့ငယ်တုန်းက ရပ်ကွက်တစ်ခုထဲမှာနေရပါတယ်။။ လမ်းထိပ်မှာ အမေ့ငယ်သူငယ်ချင်း
မနွဲ့နေပါတယ်။။ မမနွဲ့( ကျွန်တော်တို့အခေါ် ညန်းညန်း= အန်တီ) အမေကို ကျွန်တော့်အမေက
မေမေဆင့်လို့ ခေါ်ပါတယ် ။။ သူ့အဖေကို ဖေဖေသန်းတဲ့။။ ကျွန်တော့်အမေခေါ်သလို ကျွန်တော်
တို့လည်း မေမေဆင့် ဖေဖေသန်းလို့ လိုက်ခေါ်ကြပါတယ်။။ သူတို့က မြန်မာ ဗုဒ္ဓဘာသာပါ။။
ဖေဖေသန်းက ဘာသာခြား။ လူမျိုးခြား။။ ဒါပေမယ့် ဖေဖေသန်းက မေမေဆင့်ဖက်လိုက်ပါတယ်။။
အခုတော့ မေမေဆင့်ရော ဖေဖေသန်းပါ မရှိတော့ပါဘူး။။ ဖေဖေသန်းက မနှစ်ကမှဆုံးသွားရရှာတာ။။
ကျွန်တော် မြန်မာပြန်တိုင်း ဖေဖေသန်းကို သွားတွေ့ဖြစ်ပါတယ်။။

ကျွန်တော် ၃~~၄တန်းလောက်ကျတော့ အခုနေတဲ့ လမ်းမတန်းကိုပြောင်းလာကြပါတယ်။။
ပြောင်းလာပေမယ့်လည်း ကျွန်တော်တို့ အရင်ရပ်ကွက်ဟောင်းကို သွားလည်မြဲ။ ကစားမြဲ။
လမ်းထဲကလူတွေကတော့ပြောကြပါတယ် ´`အမီးသုတ် က အမျိုးတွေမမေ့ဘူး´´တဲ့။။
(ဘာကြောင့်မှန်းတော့ မသိ။ အဲဒီလမ်းထဲက ရပ်ဆွေရပ်မျိုးတစ်ချို့က ကျွန်တော့်ကို
အမီးသုတ် လို့ခေါ်ကြတယ်။။ ကျွန်တော်ထင်ပါတယ် ၀တုတ်လွန်းတော့ မီးမီးတုတ်ကနေ
အမီးသုတ် လို့ခေါ်ဖြစ်သွားကြတာလား မသိနော်။။ဟီ)

အခုနေတဲ့လမ်းမတန်းကိုရောက်တော့ အိမ်ရှေ့မှာဆိုင်ဖွင့်တဲ့ ဦးစိန်နဲ့ အန်တီမား တို့အိမ်ကို
ချောင်းပေါက်မတတ် သွားကြပါတယ်။။ သူတို့က ကွမ်တုန်လူမျိုး ခရစ်ယာန်ဘာသာဝင်တွေ။။
အန်တီမားတို့ကြောင့် ခရစ်မတ်စ်အကြိုညဆို စိန်မေရီဘုရားကျောင်း လိုက်လိုက်သွားတတ်တာ။။
နယူးယားဆိုရင် ကန်တော်ကြီးသွားလည်ကြတတ်တာ။။ အန်တီမားနာမကျန်းဖြစ်တော့ အိမ်က
အငယ်မ လိုက်ပြုစုရတာပေါ့ ။ အန်တီမားဆုံးတာ ၈လလောက်ရှိပြီ။။ သူ့အချစ်ဆုံး အငယ်မက
ဟိုးအဝေးကြီးမှာ။။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီပြန်တုန်းက အန်တီမားကိုတွေ့တာ နောက်ဆုံးပဲ။။
ကိုယ်တို့ပြန်ရောက်ပြီး ၁လလောက်နေတော့ ဆုံးရှာတာပဲ။။


အိမ်ဘေးမှာ အဖေကြီးတို့ဆိုင်ရှိပါတယ်။။
အဖေကြီးတို့က မြန်မာ။ဗုဒ္ဓဘာသာဝင်တွေ ။ ကိုယ်နိုင်ငံခြားထွက်တော့ အဖေကြီးက လိမ်လိမ်မာမာ
နေဖို့ပြောပါတယ်။။ကိုယ်ကလည်း အဖေကြီးကို အိမ်ကိုကြည့်ပေးဖို့ ။အပြန်အလှန်မှာ ကြပါတယ်။။
အိမ်ကိုဖုန်းဆက်လို့ အဖေကြီးရောက်နေတာနဲ့ကြုံရင် အဖေကြီးက ´´ အငယ်မ အဆင်ပြေရဲ့လား
ပေါက် ။ အကြီးကောင်နဲ့ ဖုန်းဆက်ဖြစ်ရဲ့လား .....´´(အငယ်မဆိုတာ ကိုယ့်ညီမအငယ်ဆုံး အကြီးကောင်ဆိုတာက မောင်အကြီးတစ်ယောက်ကိုပြောတာ) လို့ မေးရှာပါတယ်။။ ဘာလိုလိုနဲ့
အမေကြီးဆုံးတာ နှစ်နှစ်ရှိသွားပြီ ။။

နောက်တစ်အိမ်က ဘဘကြီး နဲ့ ဖွားတုပ် တို့အိမ်။ သူတို့က ကိုယ့်ငယ်သူငယ်ချင်းရဲ့ အဖိုးနဲ့အဖွား။။
နောက် ဖွားတုပ်ညီမ ဖွားကြည်။ သူတို့လည်း ကျွန်တော်တို့ရဲ့ ရပ်ဆွေရပ်မျိုးတွေပေါ့။။

မမထွေးလို့ခေါ်တဲ့ အန်တီထွေးက အမျိုးအရင်းတွေထက် ရင်းတဲ့ အမားသူငယ်ချင်း။။
မြန်မာ။ဗုဒ္ဓဘာသာ ။ရွှေဘိုအဆက်တွေလို့ ပြောတာပဲ။ အလုပ်အရမ်းကြိုးစားသူ။
စကားပြောကြမ်းသူ။ ကျွန်တော်တို့မိသားစုအပေါ် စိတ်ရင်းကောင်းသူ။ မှတ်မိပါသေးတယ်။
ဟိုးအရင်က ကျွန်တော်တို့ငှားနေတဲ့ အိမ်လေးကို အိမ်ရှင်က သူများကိုရောင်းမယ်လို့ကြားတာနဲ့
ဦးလေးသိန်း( အန်တီထွေးယောင်္ကျား) ကြိမ်ခြင်းတောင်းနဲ့ အိမ်ဝယ်ဖို့ငွေ ပို့ခိုင်းလိုက်တာ။။
အဲဒီတုန်းက အိမ်မ၀ယ်ဖြစ်လိုက်ပါဘူး။။ ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာ အခုထိ အဲဒိမြင်ကွင်းလေး
ရှိနေတုန်းပါပဲ။။ အခုထိလည်း အန်တီထွေးတို့နဲ့ နှစ်အိမ့် တအိမ် နေနေတုန်းပါပဲ။။


အိမ်ကိုဖုန်းဆက်တိုင်း ´´မားရေ နေကောင်းလား...ဦးစိန်ဘယ်လိုနေသေးလဲ...သွားမကြည့်ဘူးလား
...အဖေကြီးရော နေကောင်းရဲ့လား...ဖွားကြည်တို့ ရောကောင်းကြလား........
....................လား
......................လား´´


အခုနေတဲ့မြို့လေးမှာ ကျွန်တော်တို့ရဲ့ဆွေမျိုးအရင်းအခြာ မရှိပါဘူး။။
ရပ်ဆွေရပ်မျိုးကတော့ ပေါမှပေါပဲ။။


မှတ်ချက်။။။နောက်ထပ် ရပ်ဆွေရပ်မျိုးတွေကျန်ပါသေးတယ်..(ရင်ထဲမှာ အမြဲရှိတယ်)
နိနိက သူတို့လမ်းလေးအကြောင်းရေးတော့ ကိုယ်ကလည်း အမျိုးတွေသတိရသွားတယ်။။




ပဲထောပတ်


မတန်ခူးဘလော့ပြေးပြီးကြည့်ပြီးမှချက်တာပါနော်..
အိမ်မှာတကယ်ချက်တာ..
ဒါမယ့်..ပထမဆုံးချက်တာဆိုတော့..မတင်ရဲလို့..မတင်တာပါ
မကေအိုအမ်ရေ...

K T V



ဒီည................
သူငယ်ချင်းတစ်ယောက် စိတ်ညစ်။ စိတ်ကျ။ စိတ်မကောင်း။စိတ်မပျော်
ဖြစ်နေလို့ KTV လိုက်ပို့ပေးလိုက်ပါတယ်။။
ကိုယ် ဖြစ်ရင်လည်း ဒီသူငယ်ချင်းက ဒီလိုပဲ ကိုယ့်ကိုပျော်အောင် လုပ်ပေးခဲ့တတ်
သူပဲလေ။။
တလျှောက်လုံး ငြိမ်သက် သည်းခံခဲ့သမျှ ဒီKTVမှာပဲ ပေါက်ကွဲနိုင်တော့တယ်။။
သူငယ်ချင်းရေ...
အရာရာအဆင်ပြေပါစေ...
ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ...
ဖြစ်နေတာတွေကို လက်ခံလိုက်ပါ။။

KTVကို ဒီညမတိုင်ခင်နောက်ဆုံးသွားခဲ့တဲ့အခေါက်က သြဂုတ်လတုန်းက။။
အဲဒီတစ်ခေါက်က ကျွန်တော်စိတ်ညစ်လို့...။။
အင်း...ငယ်တုန်းက(အထူးသဖြင့်ကိုယ့်မြို့လေးမှာနေတုန်းက)KTVကိုပျော်လို့သွားကြတာ..
နှစ်ပတ်တစ်ခါ ။ဒါမှမဟုတ် တစ်လတစ်ခါလောက် ။။သွားဖို့ချိန်းတော့လည်းပျော်ပျော်ပဲ
KTV(အဲဒီတုန်းကတော့ ကာရာအိုကေပေါ့)ထဲမှာတုန်းကလည်းပျော်ပျော်ပဲ။အလွမ်းအဆွေး
သီချင်းတွေဆိုနေဦးတော့ ခပ်ပျော်ပျော်ပဲ။။
တကယ်တော့...
KTV ဆိုတဲ့ဦးတည်ချက်ချင်းတူပေမယ့် သွားတဲ့ခံစားချက်တွေမတူပါဘူး။။

(အိပ်မပျော်လို့ အတွေးထဲမှာရှိနေတာလေးတွေ ထပ်ဖြည့်လိုက်တာ..)
ကလေးပါတယ် ကဖြိုးရ..
အစားနဲ့ ရေနွေးပဲမှာလို့ရတယ်..
သြဂုတ် တုန်းကသွားတုန်းကယစ်ပြီးနင့်ဆီဆက်မိသေးတယ်လေ..အဟီးး