30th Dec: 2010



ဘာပဲဖြစ်ဖြစ်...

ပျော်ရွှင်ပါစေ..။



ပုံ /
ဒီက မပျော်ရွှင်နိုင်သူ

Its Christmas & I hate u




Paloma faith သီချင်းပါ.။
(နာမည်ကို နှိပ်ကြည့်ကြည့်ပါ ။ အရင်က တင်ခဲ့ဖူးတဲ့ သူ့သီချင်းပါ။)
သဘောကျနေတာ ကြာပါပြီ..။
အခုမှပဲ တင်ခွင့်ရှိတော့တယ်..။( စိတ်ထဲ တေးထားတာ ကြာ ကြာလှပြီ)
ကြိုက်သူနဲမှာပါ..။
ကျနော် သိပ်သဘောကျပါတယ်..။

မင်္ဂလာဆောင်

တနေ့က တခြားမြို့တစ်မြို့သွားဖြစ်တယ်။
အသိ မင်္ဂလာဆောင်ဆီကို...။


တကယ်ကို အိမ်ထောင်ချပေးလိုက်တာပဲ။
သတို့သား သတို့သမီးထိုင်တဲ့ကားကို..အထပ်ထပ် သံကြိုးတွေနဲ့ ကာထားတယ်။

.................

အနီရောင်အိတ်လေးနဲ့က တူနဲ့ဇွန်း..။
မင်္ဂလာပွဲလာဧည့်ပိရိတ်သတ်အတွက် မင်္ဂလာ လက်ဆောင်။

.......

မင်္ဂလာလက်ဆောင် နှင်းဆီရနံ့ဆပ်ပြာခဲလေး..။

........

စားနေရင်းတန်းလန်း ပျင်းလို့ စားပွဲအလယ်က ပန်းအိုးကို ရိုက်ဖြစ်တာပါ။





မင်္ဂလာခန်းမအဝင်ဝ..
သူတို့ပုံလေးတွေနဲ့..ပြင်ဆင်ထားတာ..
ချစ်စရာ..။

မင်္ဂလာပွဲပြီးတော့ ဟိုတယ်အောက်မှာ ရှိတဲ့ရှော့ပင်းမောကို ပတ်ကြသေးတယ်။




kymco...
kymco ဆိုင်ကယ်လေး လှတယ်နော်..။
ဆိုင်ကယ်ပါပဲ..။


...............

နှင်းပြူတင်း

...............

မျက်စိအိုက်စကရင်စားကြပါအုန်း



...............


နှင်းလူ



မှတ်ချက်။ ။ လာမဲ့ဆန်းဒေး မင်္ဂလာဆောင်တခုသွားရပေအုန်းမယ်။

ကြက်ဥကဇော်


အခုရက်ပိုင်း အအေးပိုလာပါတယ်..။
ရာသီဥတုပူနေတာများတော့ အခုလိုရုတ်တရက်အေးလာရင် ခြေဖျားလက်ဖျား
အေးစက်စက် ဖြစ်နေတတ်ပါတယ်။ မနေ့ညက ချမ်းချမ်းအေးအေးနဲ့ အိပ်ယာဝင်ခါနီး
ကြက်ဥကဇော်ချက်စားဖြစ်ပါတယ်..။ ကျနော်တို့ လူမျိုးတွေ မီးတွင်းထဲမှာ မစားမဖြစ်
စားလေ့ရှိကြပါတယ်..။ ဒီကြက်ဥကဇော်ကို
ဟိုး အရင် ဘလော့စရေးခါစက တင်ဖူးပါတယ်..။
ီဒီကတော့ 酒釀 လို့ခေါ်ပါတယ်..။ မြန်မာက ကျနော်တို့ဖက်မှာတော့ 白酒煮雞蛋 လို့
ခေါ်တတ်ကြပါတယ်..။
လုပ်ရတာ လွယ်ကူပါတယ်..။
ကောက်ညှင်းကဇော်တပုလင်းဝယ်ထားပါ..။ ကြက်ဥ သကြား ထောပတ် စတာတွေ
အသင့်ပြင်ထားရင် ၅မိနစ်အတွင်း သုံးဆောင်နိုင်ပါပြီ..။


..............

ဒါက ရှာဝယ်ရလွယ်အောင် အင်္ဂလိပ်စာလုံးဖက်က ရိုက်ထားပေးပါတယ်။





..............

ရေအရင် ဆူအောင်တည်ရပါမယ်..။ ရေဆူပြီဆိုမှ ကဇော်ကို ဇွန်းနဲ့ ကိုယ်ကြိုက်သလောက် ခပ်ထည့်
နိုင်ပါတယ်...။ ကဇော်ထည့်ပြီး သကြားထည့်ပါ...။ ထပ်ဆူပွက်လာမှ ကြက်ဥကို ထည့်ပါ..။
ရခါနီး ထောပတ် ထည့်လိုက်ရုံပါပဲ..။




................

ဒါက တရုတ်စာလုံးဖက်က ကဇော်ရဲ့ ပုလင်း

........................






သုံးဆောင်နိုင်ပါပြီ..။
ကြက်ဥက မကျက်တကျက်မှပဲ စားကောင်းပါတယ်..။

12/16/2010

မမ...
မွေးနေ့မှာ ပျော်ရွှင်ပါစေ..။
အလုပ်နဲပါစေ...။
များများရယ်မောနိုင်ပါစေ..။
ဖုန်းများများဆက်နိုင်ပါစေ..။
ချစ်နိုင်ပါစေ..။
မုန်းနိုင်ပါစေ...။
ဥပေက္ခာပြုနိုင်ပါစေ..။


မမမွေးနေ့ပွဲအတွက် အထူးအော်ဒါ ရှယ်မှာထားတဲ့ အစားအသောက်တွေပါ...။
ဖြေးဖြေးသုံးဆောင်ကြပါ...။





ချစ်ဆုံး တိုရှည်..။
မရှိမဖြစ် တိုရှည်..။
ဘဝမှာ အရေးပါဆုံး တိုရှည်...။
အချစ်များစွာဖြင့် တိုရှည်..။





ဘာဂါ သုံးဆောင်သွားကြပါအုန်းး...။
coke ကလဲ အထူးရှယ်...။
အာလူးချောင်းကြော်ကလဲ အထူး လက်မဆေးပဲ စိပ်ထား ကြော်ထားတာ..
အရသာအတော်ရှိ..။




ဒါက စားပြီးလို့ လက်သုတ်ဖို့မဟုတ်ပါ..။
ကြိုက်တဲ့အဆင် တယောက်တထည်စီ ဖြုတ်ယူသွားကြပါ..။
မွေးနေ့ပွဲလာမိတ်ဆွေများအတွက် မွေးနေ့မင်္ဂလာလက်ဆောင်..။
ကိုယ်တိုင်ယူစနစ်...။


မှတ်ချက် ။ ။ ............

ခြေညောင်းတဲ့နေ့




ညကတည်း ကတိပေးထားတဲ့အတိုင်း မနက်ထတော့ မနက်စာဆိုင်
ိုလိုက်ပို့ ပေးရပါတယ်..။ ကော်ဖီခါးခါးတခွက် မုန့်တစ်ခုစားအပြီးမှာ..
သတင်းစာထိုင်ဖတ်တော့ သွားစရာနေရာတစ်ခုတွေ့တာနဲ့ သူငယ်ချင်းဆီဖုန်း
ဆက်ပြီး လိုက်ဖို့ အဖေါ်စပ်......။

ဒီိလိုနဲ့....မြို့ပြင်တနေရာကို ရောက်သွားခဲ့ပါတယ်..။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လှုံ့ဆော်တဲ့ ပြခန်းသေးသေးတစ်ခု။
အထူးသဖြင့် ပင်လယ်သဲသောင် ထိန်းသိမ်းရေးအတွက် ပြတဲ့ပြခန်းလေး..။
ဓါတ်ပုံလားး...။ ကင်မရာ ပါမသွား..။ သူငယ်ချင်းကတော့ လက်ကိုင်ဖုန်းနဲ့
မှတ်တမ်းတင်ထားလေရဲ့..။

ကဏန်းတွေတွေ့တော့ ခခက တစ်ကောင်လောက်ယူလာချက်စားရရင်
ကောင်းမှာပဲ..တဲ့..။ (တော်သေးတယ်..ပြခန်းက ဝန်ထမ်းတွေမကြားလို့)
ကြည့်ရှု မှတ်သား ဖတ်ရှု့ပြီးတဲ့ နောက်....။

နောက်တစ်ဘူတာက နာမည်ကြီး TAMSUI 淡水
(ရဲရဲနှိပ်ကြည့်ပါ..)
ဆိုတော့ ဆက်လက်ချီတက်ကြသည် ။
ဆန်းဒေးမို့ လူတွေ လူတွေ အုံလိုက် ကျင်းလိုက်..။
ဒေသခံတွေရော...ဒေသမခံတွေပါ..( နိုင်ငံခြားသားတွေကို ဆိုလိုသည်။) အလွန်များပြားလွန်းတယ်။
လမ်းဘေးဆိုင်လေးတွေ လည်စရာ မကုန်နိုင်ပါ..။( မနုစံ ကိုသတိရသွားတယ်..ကင်မရာ မပါသွားတာ ခက်တယ်)
ရွာက ဘုရားပွဲတွေလို ကစားစရာတွေလဲ မှိုလိုပေါတယ်..။ ခခက ဘောလုံးကို သေနတ်ပစ်တာ ကစားတယ်။
ကျည်ဆံ ၁၀ခုပေးရာမှာ ၄ချက်လားပဲ ထိတယ်..။ သူစာမေးပွဲဖြေတဲ့အကျင့်အတိုင်း ပစ်မှတ်ကို သေချာမကြည့်ပဲ
ပစ်တော့ ထိမှန်တဲ့ အချက်အရေအတွက် နဲသွားတယ်..၊ခခကိုလဲ ကြုံတုန်း သြဝါဒတွေ ပေးလိုက်သေးပါတယ်။
သေနတ်ပစ်မယ်ဆို..ပစ်မှတ်ကို သေချာအောင် ချိန်ရသလို စာမေးပွဲဖြေရင်လဲ မေးခွန်းသေချာဖတ်ပြီး ဖြေပါ..လို့။
ဟီးးဟီးး..။
ဆက်လက်ချီတက်တော့ ရှေးဟောင်းနှောင်းဖြစ် ကလေးကစားစရာ ရောင်းတဲ့ ဆိုင်လေးတွေတွေ့တော့ ခခက
ဂျင်ကလယ် ရွေးပါတယ်..။ မြန်မာကို ပြန်နေကျ ခခပဲလေ..။ဂျင်များ အသာလေး ပေါက်တတ်တာပေါ့။
ပါလာတဲ့သူငယ်ချင်းက ဟားနေတယ်..ခခကို..။
နောက်တဆိုင်ရောက်တော့ သူကောက်ကိုင်လိုက်တာက သေနတ်တဲ့..။ အစကတော့ ဝယ်ပေးမို့ ဈေးမတရားတင်
်ထားတာမို့ မဝယ်ပေးဖြစ်တော့ပါ..။

အပြန်လမ်းမှာ အိမ်နဲ့ နှစ်ဘူတာဝေးတဲ့နေရာက ဆင်းပြီး အိမ်ကို လမ်းလျှောက်ပြန်ကြပါတယ်..။
အဝေးပြေးကားလမ်းမ (တံတား)ပေါ်က ဖြတ်တော့ နှစ်ယောက်သား ကြောက်ကြောက်လန့်လန့်နဲ့။.
ဘယ်အချိန်များ အနောက်ကနေ ပွတ်တိုက်သွားမလဲ လို့..။

အိမ်နားလေးက စာအုပ်ဆိုင်ဝင်ပြီး မွေးနေ့ကဒ် ဝယ်ဖို့ ဝင်ပါတယ်။
ညီမလေးမွေးနေ့ ၂၁ နေ့မှာမို့..။ ခရစ်စမတ်စ်ကဒ်လေးတွေ လှလို့ တခါတည်းဝယ်လိုက်တယ်။
မမမွေးနေ့က ၁၀ရက်ကျော်မှာ မဟုတ်လားး။ ပို့ချင်ပေမယ့်လည်း အဆင်မပြေပါဘူးလေ..။
ကိုဘက ၂၅မှာထင်တယ်..။ မြိုးက ၁လပိုင်းမှ...။

နောက်..........
.....................။

ဒါပါပဲလေ..။

ဒီဇင်ဘာ...ဒီဇင်ဘာ..။

မြကြာယံ

ဒီသီချင်းရဲ့ မူရင်းအဆိုတော် ဘယ်သူဆိုတာ မသိပါဘူး။
ငယ်တုန်းက တီဗွီက ဟေမာနေဝင်းဆိုတာလာရင် အမြဲကြည့်ဖြစ်ပါတယ်..။
နောက်ပြီး သီချင်းနာမည်လည်း မသိပါဘူး..။
ယူကျုမှာတွေလို့ နှိပ်ကြည့် နားထောင်ပြီးမှ စာသားနဲနဲလိုက်ဆိုနိုင်တာကို အံ့သြနေတာ။
ငယ်တုန်းက နားထောင်မိနေကျ သီချင်းမို့ပေါ့.။
ဟေမာနေဝင်းကိုကြည့်ရတာ ဘယ်တော့မှ မရိုးနိုင်ပါ။
အဖြူနဲ့ အပြာရောင်တွဲဝတ်ထားတာကိုက ချစ်စရာကောင်းနေပါတယ်..။
မြန်မာဝတ်စုံဆိုပေမယ့် သိပ်ပြိုးပြိုးပြက်ပြက် လိုးလိုးလက်လက်တွေမပါပဲ ခပ်ရိုးရိုးဖြစ်နေတာကိုက
ဆန်းနေတယ်..။
မှတ်မိသလောက်ဆိုရင် စာရေးဆရာဒဂုန်တာရာနဲ့ အမျိုးတော်ပြီး အိမ်မှာဒဂုန်တာရာက စန္နယားတီးရင်
ဟေမာနေဝင်းက သီချင်းဆိုတယ် ဆိုလား။ (မဂ္ဂဇင်းမှာ ဖတ်ဖူးတာပါ..)
ယူကျုနားထောင်ပြီး စာသားနည်းနည်းလိုက်ရေးထားပါတယ်.။(တစ်ဝက်တစ်ပျက်)
စာသားမှားခဲ့ရင် ဝင်ပြင်ပေးသွားကြပါ..။
ကျေးဇူး..။



မြကြာယံ

စိမ့်ကြီး မြိုင်ကြီး ရိပ်ကြီး တော....ဝယ်..
နေရောင် ဘယ်မခ..ပန်းမြကြာယံအလယ်

ရူပါရုံအဆင်းထိန်လင်းတယ်..
မြင်ရရုံနဲ့ အလွန်ချစ်စဖွယ်
သန္ဓေတဇမယ် လှကေသွယ်
တေဇာမညိုးတဲ့ မိုးနတ်နွယ်...

စုံမြိုင်လယ် ပင်နန်းဝယ်
ရွှင်လန်းတယ် ပင်နန်းဝယ်...
သူယောင်မယ်လှသူရယ် ရွှေဖူးစာမျှမယ်...

ကြွေတော့မယ် သဏ္ဍန်ပုံတယ်...
ချစ်တဲ့သူ ဆင်မြန်းဖွယ်..ထူးပဲဆန်းလှတယ်..
မြ ကြာ ယံ လယ်..

သာယာကြည်နှူး ထူးအံ့ဖွယ်
စုံခြေမြိုင်တောအလယ်...
သူယောင်ပင်နန်း ပန်းရနံ့ကြွယ်..
မြတ်တဲ့ နတ်မျိုးနွယ်..

ဝိဇ္ဖာဇော်ဂျီ ပေါသည့် မြိုင်လယ်...
ထူးဆန်း အံ့သြဖွယ်..
ကြွေတော့မယ် သဏ္ဍန်ပုံတယ်...
ထူးပဲဆန်းလှတယ်..
မြကြာယံလယ်....




မှတ်ချက် ။ ။ ဒီသီချင်းနားထောင်ပြီး စိတ်နဲနဲကြည်သွားတာတော့ အမှန်ပဲ။
အမှန်လာပြင်ပေးသွားတဲ့ ကိုသစ်နက်ဆူး..မသက်ဝေ ကျေးဇူးပါ.။

မရှိ မဖြစ်.....

ဟင်းချိုမှုန့်အကြောင်း သိကောင်းစရာ ပို့စ်လေးပါ..။
ဟင်းချိုမှုန့် မကြိုက်ပါဘူး...မစားပါဘူး..။
ဟင်းချိုမှုန့် မကောင်းတာသိပေမယ့် သေသေချာချာ ဃဃနန သိတာတော့မဟုတ်ပါ။
အခု ဒီကျန်းမာရေးပညာပေး ဘလော့က တင်လိုက်တော့ ဝမ်းသာသွားတယ်။

ဒီမှာပါ

အချစ်မရှိနေ့ရက်များ..

အချစ်မရှိနေ့ရက်များ - တင်ဇာမော်




ဒီသီချင်းက တင်ဇာမော်ရဲ့ ဒုတိယမြှောက်အခွေ မှတ်မိသလောက်ဆို
(နွဲ့ယဉ်ဝင်းနဲ့ တွဲထုတ်တဲ့အခွေ) ကဖြစ်မယ်ထင်ပါတယ်..။(မသေချာ)
စွယ်တော်ရွက်စိမ်းစိမ်းလေးနဲ့ကာဗာ..။
အဲ့ခွေထွက်တုန်းက ကိုယ့်ဘဝအပြောင်းအလဲ တခုဖြစ်ခဲ့တယ်.။

အဲဒီတုန်းက တင်ဇာမော်ကို crazyဖြစ်ခဲ့တယ်.။
အခုထိလည်း ကြိုက်နေတုန်းပါပဲ..။
ဟိုတလောက တွေ့လိုက်ပေမယ့်....သူက ရှောင်ပုန်းသွားတော့
ကိုယ် ဘယ်လောက်ထိကြိုက်တယ် ဆိုတာ ပြောခွင့်မကြုံလိုက်ဘူး။
(အိတ်စ်ယောင်း လုပ်ရပ်ကြောင့် ..........)
အမှန်က ကိုယ်လည်း နဖူးတွေ့ ဒူးတွေ့ဆိုရင်
အားနာပြီး ဘာမှ ပြောထွက်မှာ မဟုတ်ပါဘူးလေ။




Here without you- 3 doors down



~~~~~I'm here without u baby~~~~~
~~~but u'r still on my lonely mind~~~
~~~~i think about u baby~~
~~~~and i dream about u all the time~~~

~~~~i'm here without u baby~~~~
~~but u 'r still with me in my dream~~


ဘာရယ်မဟုတ်ပါဘူး။
ဒီသီချင်းကို နားထောင်မိတိုင်း လွမ်းသလိုလိုနဲ့..
မျက်ရည်ကျမိတယ်။
ဟားဟား။


ဘလက်ကော်ဖီ

စိတ်မကြည်မလင်ဖြစ်နေတယ်..။
စိတ်နောက်နေတာတော့ မဟုတ်ပါဘူး..။
စိတ်မကြည်တာပါ..။
ကိုယ့်ကိုဖုံးကွယ်ထားတဲ့အရာတစ်ခု ဒီနေ့မှ လာဖွင့်ပြောတယ်။
အလုပ်လုပ်ရင်း စားပွဲပေါ်က ဘလက်ခ်ကော်ဖီင်္တိုက်မိတယ်.။
ကော်ဖီတွေ ကိုယ့်အလုပ်နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေအပေါ်ဖိတ်ကုန်တယ်..။
ကိုယ့်အလုပ်တွေမပြီးနိုင်ဘူးဆိုမှ ကော်ဖီတွေဖိတ်မိတဲ့ပစ္စည်းတွေကို သန့်ရှင်းအောင်လုပ်ရမယ်.။
ကော်ဖီနံ့တွေစွဲနေမဲ့ ပစ္စည်းတွေကို ဘယ်လို လုပ်ရမလဲ..။
ကော်ဖီအရောင်စွဲသွားတော့မဲ့ ပစ္စည်းတွေကို ဘယ်လိုချွတ်ရမလဲ..။
ကော်ဖီ အတော်ဒုက္ခပေးတဲ့ ကော်ဖီ..။
ကြမ်းပြင်တွေပေါ်စီးကျနေတဲ့ ကော်ဖီတွေ လိုက်သုတ်ရတယ်..။
စိတ်မကြည်ပါဘူးဆို..။
အလုပ်တွေပေါ် အလုပ်ဆင့်နေတယ်...။

အလုပ်ကိစ္စအတွက် ခါတိုင်းလိုအပြင်သွားရတယ်..။
စိတ်မကြည်တော့ ခါတိုင်းလို လေရှည်မနေတော့ဘူး.။
စိတ်မကြည်တော့ ခါတိုင်းလို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် အာလူးမဖုတ်တော့ဘူး..။
ကောင်းကျိုးကတော့...
အိမ်စောစောပြန်ရောက်တယ်..။ ဟီးဟီး

မှတ်ချက် ။ ။ ခေါင်းစဉ်ကို ဘာပေးရမှန်းမသိလို့ ကော်ဖီခေါင်းပဲ ပုံချလိုက်တယ်..။



အမဲသားဆီပြန်

အမဲသားဆီပြန်လို့ခေါ်ရမယ်ထင်တယ်.။
အမဲသားကို တနင်္ဂနွေကတည်းက ဆား ..ဂျင်းစိမ်း ကြက်သွန်ဖြူထောင်းနဲ့ နယ်ပြီးနှက်ထားတယ်။
တနင်္လာနေ့ချက်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့..။
ဒါပေမယ့်..ဒီနေ့ညမှ ချက်ဖြစ်တော့တယ်..။
နှက်ထားတဲ့ အမဲသားကိုအိုးထဲထည့်..။ ဆီလောင်းထည့်..။ ကြက်သွန်နီဥကြီးကြီးတစ်လုံး
ပါးပါးလေးစိတ်ထည့်ပါတယ်..။ နနွင်းနဲ့ ငရုတ်သီးမှုန့်ထည့်ပါတယ်..။
မီးအေးအေးနဲ့ တည်ထားလိုက်ပါတယ်.။ အိုးကပ်မှာစိုးလို့ မကြာခဏမွှေပေးပါတယ်.။
နောက်တော့ မဆလာထည့်ပါတယ်..။ (အမဲသားဆီပြန်ဟင်းချက်ရင် မဆလာထည့်ချက်လေ့မရှိပါဘူး)
မဆလာအနံ့မကြိုက်လို့ပါ..။ ဒီနေ့တော့ စိတ်ကူးပေါက်တာနဲ့ ထည့်ဖြစ်ပါတယ်..။
(အမှန်က အိမ်ကပို့ထားတဲ့ဒန်ပေါက်မဆလာထည့်တာပါ..)
ရခါနီးမြည်းကြည့်တော့ အချိုပေါ့နေတာနဲ့..အချိုမှုန့်လည်းမသုံးတတ်တာနဲ့ အိမ်မှာရှိတဲ့
ရက်ကြာနေပြီဖြစ်တဲ့ပန်းသီးတစ်လုံး ခွဲစိတ်ထည့်ချက်လိုက်ပါတယ်..။
အိုးချခါနီးတော့ ခွာထားတဲ့ပန်းသီးအခွံတွေထည့်ချက်ကြည့်မယ်ဆိုပြီး ထည့်ချက်မွှေပါတယ်.။


ဒါက ပန်းသီးအခွံပါအောင်ရိုက်ပြထားတာပါ..။
အပေါ်ယံတင်ပေးထားတယ်..။
ခခ ထမင်းဘူးထဲတော့ မထည့်ပေးတော့ပါဘူး။
မြင်ပြီး လန့်နေမှာစိုးပါတယ်။
အသိတစ်ယောက်က အမဲသားဟင်းချက်ရင် ပျဉ်းတော်သိမ်း ဆိုလား..။ စပါးလင်ဆိုလား
ထည့်ချက်ရတယ် ပြောပြသင်ပေးဖူးတယ်..။ အိမ်မှာအသင့်ရှိမနေတော့ သူပြောသလို
မချက်ဖူးသေးဘူး။ တရက်လောက်တော့ စမ်းကြည့်ချင်ပါသေးတယ်..။
မှတ်ချက် ။ ။မြန်မာဟင်း ကုလားဟင်းချက်တာ ညံ့တယ်..။အို..ဘာဟင်းချက်ချက် ညံ့တာပါပဲလေ..။ဟီးးး
ဟင်းချက်ပြီး တင်ဖို့စိတ်ကူးမရှိပါဘူး..။ သူများတွေနဲ့ အာလူးဖုတ်ရင်း တင်ဖြစ်သွားတာပါ.။

၂၀၁၀.၁၁.၂၀

သူငယ်ချင်းကို ရှော့ပင်းစင်တာက ဈေးချကြောင်းအသိပေးလိုက်တယ်.။
သူလဲ လိုချင်တယ်ဆိုလို့ အဖော်လိုက်သွားပေးတယ်..။
ကျနော်ဝယ်ဖို့ စိတ်ကူးမရှိပါဘူး..။
ဒါပေမယ့်လဲ...............
..............
...............
တစ်ထပ်ကနေ ၉ထပ်ထိ ပတ်ပြီးသကာလ ခြေညောင်းလွန်းလို့ ကုန်တိုက်ရှေ့က ခုံတန်းလေးမှာ
အနားယူနေတုန်း ခွေးမာမားတစ်ယောက်က ခွေးကလေး၃ကောင်နဲ့ လာအနားယူနေတာတွေ့တယ်..။
ခခက အော်ဟစ်နေတာပဲ..။
ကင်မရာနဲ့ ဓါတ်ပုံလိုက်ရိုက်နေတယ်..။


ဟိုတိုး ဒီခွေ့နဲ့...
အဲ့ခြေထောက်က သူငယ်ချင်းခြေထောက်..ဟားဟ..

သူတို့အိမ်လေးထဲမှာ အတင်းတိုးဝင်နေကြတယ်.။

ထွက်လာတော့ ခခ ထီထိုးလိုက်သေးတယ်..။
မပေါက်ပါဘူး..။

တာ့တာပါ..။
ကုန်တိုက်ကြီး..။
ကုန်လွန်းလို့ တိုက်ပစ်လိုက်ချင်တယ်..ကားနဲ့..။

လယ်ထဲဆင်းရင် စီးစရာဖိနပ်တွေ မရှိဘူး.။
အကုန်လဒမှာ ကျန်ခဲ့တာ..။
ဆိုတော့ ထပ်ဝယ်ရသေးတယ်.။( ၉အနောက်နဲ့စတဲ့ဖိနပ်က ၁၀%ပဲဈေးချတယ်..မုန်းထှာ)
lacosteက ဈေးမတရားချလို့..။ (အားနာတာနဲ့..)
အီးနဲ့စတဲ့ အရည်ကလဲ..ဒီနေ့အထူးဈေးချတယ်ဆိုပဲ..။(သူတို့ပဲပြောတာပဲလေ..)
တစ်ပုလင်းဝယ်ရင် မျက်နှာသစ်ဆပ်ပြာ လက်ဆောင်ပေးတယ်ဆိုလို့ပါ.။
(ဒီနှစ်အတွက် ဒါနောက်ဆုံးပဲ..လုံးဝမသွားတော့ဘူး)

ကံ


မိတ်ဆွေတွေ ပေးတဲ့ ကံကောင်းစေ..
လာဘ်ကောင်းတဲ့ အပင်လေးတွေ..


ဒီအိမ်ပြောင်းလာကတည်းက အိမ်ဆေးသုတ်မယ်..ကြမ်းခင်းကို ကိုယ်တိုင်
ကပ်မယ် ဆိုပြီး ဒေါင်းတိ မောင်းတိ လုပ်ချပြီးမှ ဘာမှ အဆင်မပြေတော့
ဆရာတွေငှားရပါလေရော့..။
မိအေးနှစ်ခါကုန်ပေါ့.။
ကိုယ်ဖာသာကိုယ်ဆေးသုတ်မယ် ရည်ရွယ်ပြီး ( တကယ်လည်းသုတ်ပါတယ် မီးဖိုခန်းနဲ့
အိမ်သာကိုပေါ့) ဆေးသုတ်တံဝယ်ရ ..။ ဆေးသုတ်တံအရှည်တပ် ဝယ်ရ..။ ဆေးဝယ်ရ..။
အချိန်ကုန်ခံ သွားရွေးရ .။ ကြမ်းခင်းအတွက် ကိုယ်ဖာကိုယ်အလေးခံ သယ်ရနဲ့...အတော်
အလုပ်ရှုပ်သွားပါတယ်..။ တကယ်သုတ်ရတော့ သုတ်လိုက်တဲ့ဆေးပြင်တွေ မညီညာဘူး။
ဘယ်လိုမှ ကြည့်မကောင်းတာနဲ့ ဆရာထပ်ငှားရပါလေရော...။
ဆိုတော့ နှစ်ခါကုန်တာပေါ့..။
B&Qမှာဆေးရှာရ စုတ်တံ ရှာရ..ရေရောတဲ့ အချိုးအဆ စတဲ့သင်ခန်းစာရသွားပါတယ် ..လို့
မထင်ပါနဲ့လေ..။
နောက်တခါ ကိုယ်ကိုယ်တိုင် ဘယ်တော့မှ မလုပ်တော့ဘူးဆိုတဲ့ သင်ခန်းစာပါ..။
နောက်တစ်ခုက ရေစုတ်မော်တာပျက်တာနဲ့ ကြုံတယ်.။ မော်တာပျက်နေတာ ကိုယ်က
မသိဘူး ။ ရေမလာတော့ ရေရုံးကို ဖုန်းဆက်မေးရတယ်.။ ရေဖိုးပေးဖို့ ပျက်ကွက်နေသလားဆိုပြီး။
ရေဖိုးလဲ အကြွေးမရှိပါဘူးတဲ့..။ ဆိုတော့ ရေမီးတွေပြင်တဲ့ဆိုင် အိမ်နောက်ဖက်က လမ်းထဲမှာ ရှိတာ
သတိရပြီး ရေသမားကိုသွားခေါ်ပါတယ်..။ သူက လာကြည့်ပြီး မော်တာပျက်နေလို့လား မသိဘူး
ဆိုပြီး မှတ်ချက်ချပါတယ်.။ ပျက်နေရင် ပြင်ပေးလေ..ဒါမှ မဟုတ် အသစ်လဲပေး ဆိုတော့..သူ ဝလို့
ကုန်းကုန်း ကွကွ မလုပ်နိုင်ပါဘူးတဲ့.။ တခြားဆိုင်က ဆရာ သွားခေါ်ပြီးပြင်ခိုင်းပါတယ်..။ဟိ
(ရေမော်တာက နေရာသေးသေးလေးမှာ ကြပ်ကြပ်သပ်သပ်ထားထားလို့ပါ..)
နောက်တော့ အသစ်လဲလို့ အဆင်ပြေသွားပြန်တယ်..။

ပြဿနာတစ်ခု တိုးလာပြန်ပါပြီ..။ အိမ်က မိုးစိမ့်ဝင်နေတယ်..။ ဒီမှာနေလာတာ အတော်ကြာပြီ
ဒီလို မိုးရေစိမ့်တဲ့အိမ် ဒီတခါပဲ ကြုံဖူးသေးတယ်.။ အိမ်ရှင်ကို ဖုန်းဆက်ပြောရတယ်..။ အိမ်ရှင်က
နောက်ဆုံးပြင်ပေးသွားတဲ့ လက်သမားဆရာကို ပြန်ခေါ်ပြင်မယ်တဲ့။ ဒီလိုနဲ့ ..........၂လလောက်ရှိနေပြီ။
ခုထိ လာမပြင်ပေးသေးဘူး။ အိမ်ရှင်လဲ မျက်နှာပူလို့ အိမ်လခတောင် လာမယူရဲဘူး ။နောက်ဆုံး
ကိုယ်ကပဲ အထပ်ထပ်ဖုန်းဆက်လာယူခိုင်းတော့မှ အားနာနာနဲ့ လာယူတယ်။

နောက်သတင်းကောင်းတစ်ခုက ရေပူပေးစက်ပျက်သွားတယ်..။ ရေပူ လာလိုက် မလာလိုက်နဲ့။
ညည ရေချိုးရင် ရေနွေးအိုးတည်ပြီးချိုးရတယ်..။ ဒီအတွက်တော့ အိမ်ရှင်ကို ထပ်မပြောချင်တော့ဘူး။
ကိုယ်လဲ မျက်နှာပူတယ်..။

ဒီည လောလောလတ်လတ်အဖြစ်အပျက်ကလေးကတော့ တံခါးပျက်သွားပါတယ်။
အိမ်နီးချင်း အစ်ကိုကြီးတစ်ယောက်ကို အကူအညီတောင်းတော့ သူလဲ မပြင်နိုင်ပါ။
တံခါးပြင်တဲ့ ဆရာတစ်ယောက်ကို မနက်လာဖို့ ဖုန်းဆက်ထားရတယ်။
ဒီအတွက် အိမ်နီးချင်းအစ်ကိုကြီးက အကြံဥာဏ်ပေးတယ်..။ အိမ်ရှင်ကိုပြောပြပြီး
ပြင်ခိုင်းပါ တဲ့..။ ကျနော်က ရယ်ကျဲကျဲနဲ့ မပြောချင်တော့ဘူး.။ မျက်နှာပူတယ်လို့.။
ကဲ........
ဘယ်သူ့အပြစ်လဲ..။
အိမ် .......လား.။
ပြောင်းလာနေတဲ့ ကျနော်လား..။





GO.........................血拚



ဒီနေ့ ထုံးစံအတိုင်း ခခဘောလုံးပွဲ သွားအားပေးရပါတယ်။
ပွဲမစခင် မြက်ခင်းပြင်ပေါ်မှာ သူနဲ့ ဘောလုံးကစားလေ့ကျင့်ကြပါတယ်..။
ပထမပိုင်းမှာ သူက ဂိုးတိုင်စောင့်ရတော့ ပျင်းစရာကြီးဖြစ်နေတယ်.။
ပထမပိုင်းပြီးလို့ အားလပ်ချိန်မှာ ဂိုးတိုင်စောင့်ကို လူလဲဖို့ သွားပြောပေးပါတယ်။
ဒန်တန့်တန့်..။
ဒီနေ့ပွဲမှာလဲ ၀း ၀ ပါပဲ..။
တဖက်အသင်းကလည်း မခေပါဘူး..။
နောက်တပတ် ဆန်းဒေးကိုစောင့်ကြည့်ရတော့မှာပေါ့..။
ပြီးတော့ အိမ်ပြန် ရေချိုး ...ညစာကို အပြင်မှာ သွားစားစရာလို့ပါ။
( ညစာ ချက်ပျင်းနေတယ်..)
ခခက Chung Hsiao East Road, Section (忠孝東路四段) ဖက်မှာ သွားစားချင်နေပါတယ်။
အမှန်အတိုင်းပြောရရင် ကျနော် အဲ့ဒီဖက်မှာ သိပ်သွားစားလေ့မရှိပါဘူး။
သွားနေကျ အမဲသားခေါက်ဆွဲဆိုင်တစ်ဆိုင်ပဲရှိပါတယ်..။
(အမှန်က lotion တွေ.. creamတွေလည်း ပြတ်နေလို့ပါ..)
ဆိုင်ကယ်ရပ်စရာနေရာ ရှားပါးတဲ့နေရာမို့ တွေ့တာနဲ့ ကမန်းကတန်းဝင်ရပ်လိုက်ရပါတယ်။
အဲဒီလမ်းက နာမည်ကြီးSogoဆီဦးတည်လို့ပေါ့..။
(Sogoအများကြီးထဲက ဒီလမ်းက ပိုစည်ပါတယ်..။)
လမ်းက အကြာကြီးလျှောက်နေရပါတယ်..။
ဗိုက်က တဂွီဂွီမြည်နေပါပြီ..။
ဘာစားရမှန်းမသိ...။ ဆိုင်တွေက တပုံတပင်..။
နောက်ဆုံးတော့ SoGoဘေးက Fridays
မှာပဲ ဝင်စားလိုက်တော့တယ်..။
စားပြီး ဆိုဂိုဖက် သွားတော့ နဲတဲ့လူအုပ်ကြီးမဟုတ်ဖူး.။
ဘာများဖြစ်လို့လဲ ဝင်သွားကြည့်တော့ discountချလို့ကိုး..။
စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ ဆိုတာမျိုးလို...
(ဟမ်..ကိုယ့်အသပြာကုန်မဲ့ကိစ္စကိုနော်.....ဟင်းးးးးးးးးးး)
ကိုယ်လိုချင်တဲ့ Eနဲ့စတဲ့ ကောင်တာဆီသွားပြီး ဝန်ထမ်းအမျိုးသမီးကို
လိုချင်တာ ပြောပြပါတယ်....။ သူက ဘယ်လို ဟာမျိုးလဲ သေသေချာချာမေးပါတယ်။
"အဆင်ပြေမဲ့ဟာသာပေးပါ...သိပ်မသိပါဘူး..လိမ်းစရာမရှိတော့လို့ မျက်နှာတင်းနေလို့
လာဝယ်တာပါ" လို့ ပြန်ပြောတော့ ရယ်နေတယ်..။"ဒါဆို အရင်က သူတို့ဘရန်ထဲက
ဘယ်အမျိုးအစားတွေ သုံးသလဲ"လို့ မေးတော့" ကြုံရာပ"ဲလို့ ပြန်ပြောလိုက်ပါတယ်..။ဟီးးဟီ
အမှန်ဝယ်ဖို့သွားတာက lotion နဲ့ cream ...မိတ်ဆက်ပြီးရောင်းပေးလိုက်တာက နောက်၁မျိုး
လောက်ပိုသွားတယ်..။
ဈေးချတာကလည်း ၁၀%ပါပဲ..။ သိပ်တော့ မထူးပါဘူး..။
၇၀၀၀ကို ၁၀%ဈေးချတော့ ၆၃၀၀ပေါ့..။
နောက် Mနဲ့စတဲ့ ကောင်တာဆီ ရောက်သွားပြန်တယ်..။
ကိုယ်ဝယ်မှာ ၁မျိုးတည်း..။ ပါလာတာက ၄မျိုးလောက်..။
သူကလည်း ဈေးချနေလို့ တန်လို့ ဝယ်သွားပါတိုက်တွန်းနေလို့..။
သုံးဖြစ် မသုံးဖြစ်ဆိုတာက နောက်ထား..။၃၀၀၀ကျော် လျှောသွားပြန်တယ်..။
ဖိနပ်တွေဖက်ရောက်သေးတယ်...။ လူတွေကြပ်တစ်နေတာနဲ့ ခေါင်းမူးလာတာနဲ့
(ကော့တေးလ်ကြောင့် ဟုတ်ဟန်မတူ..)
အိမ်အမြန်ပြန်လစ်လာရတယ်..။



မှတ်ချက် ။ ။ အမှန်ပြင်ဆင်ပြီးပါပြီ.။
အမှားလာထောက်ပြတဲ့အတွက် ကျေးဇူးပါ..။
တရုတ်လိုက ၁၀% ဒစ်စကောင့်ဆိုရင် 打
九折 လို့ ပြောကျင့်ရှိနေလို့ပါ။







You could be happy......

Snow Patrolရဲ့ သီချင်းပါ..။
တလောက စီဘောက်မှာ သူငယ်ချင်းတစ်ယောက်ကို မိတ်ဆက်ပေးမိပါသေးတယ်.။
ပွင့်က Run ကို လင့်လာချပေးသွားလို့ စိတ်ကူးရသွားပါတယ်.။
ကျနော်ကိုင်တိုင်ကတော့ you could be happy သီချင်းလေးကို ပိုသဘောကျပါတယ်။
ရိုးစင်းပါတယ်..။
အမြဲနားထောင်ဖြစ်တဲ့ သီချင်းလေးပါ..။(လိုအပ်ချက်အရ...)

"You could be happy "




You could be happy,
I hope you are ............
You made me happier than I'd been by far ...........

Well ,Well ,Well

အခုတလော Duffy သီချင်းအသစ် ရေဒီယိုက မပြတ်လွှင့်နေတယ်..။
သံစဉ်ရော ဆိုဟန်ပါ အခါတိုင်းသူ့ပုံစံနဲ့ မတူသလိုပါပဲ..။
ပိုမြူးနေသလိုပါပဲ..။
အမ်ဗွီကြည့်ရတော့ ပိုသေချာသွားတယ်..။

(ကျနော့်ဖက်က ခံစားချက် သက်သက်ပါ....)







WELL ,WELL, WELL _ DUFFY

Well Well Well
Well Well Well
Well Well Well
Well Well Well

Highly suspicious, where was I last night
Seek and you shall find
And it goes in my mind, you make me draw the line
I didn’t commit any crime

I’m not guilty of what you’re saying I do
I’m not guilty of what you’re saying I do

Well Well Well

Why you giving me the third degree?
Why you giving me the third degree?

When I’m not guilty of what you’re saying I do
I’m not guilty of what you’re saying I do

I’m not that cagey
But I don’t need to explain
There’s nothing to blame

You’ll only drive me away
There’s so many questions everyday


You make me go insane

I’m not guilty of what you’re saying I do
I’m not guilty of what you’re saying I do

Well Well Well

Why you giving me the third degree?
Why you giving me the third degree?

When I’m not guilty, of what you’re saying I do
I’m not guilty, of what you’re saying I do

Well Well Well
Well Well Well
Well Well Well

I’m not guilty (I’m not guilty)
Of what you’re saying I do
I’m not guilty (I’m not guilty)
Of what you’re saying I do

Why you giving me the third degree?
Why you giving me the third degree?
Why you giving me the third degree?
Why you giving me the third degree?

Well Well Well

0 : 0

ခခတို့ကျောင်းက ဘောလုံးအသင်းမှာ အသင်းဝင်ထားပါတယ်..။
ကိုယ်က မဝင်စေချင်ပေမယ့်လည်း သူက သိပ်ကို စိတ်အားထက်သန်နေပါတယ်..။
ကျောင်းက အကသင်တန်းအတွက်လည်း အသင်းဝင်တွေ ဖိတ်ခေါ်တဲ့စာလည်း
ရောက်နေတော့ သူ့ကို အကသင်တန်းတက်ဖို့ အကြံပြုပါတယ်..။
သူက ခါးခါးသီးသီးပဲ ငြင်းဆိုပါတယ်..။ နောက်ပြီး စကားတစ်ခွန်းက အဆစ်ပါလိုက်သေးတယ်.။
သူ့ ဗီဇ နဲ့ အကသင်တန်းတွေ မလိုက်ဖက်ဖူးလို့ မထင်ဘူး လား....တဲ့..ကိုယ့်ကို ပြန်မေးပြောပြောပါတယ်။
သူ အားကစားပဲ သဘောကျတဲ့အကြောင်း..။ သူတို့ကျောင်းမှာ ဘောလုံးအသင်းဖွင့်တာ ပထမဆုံး
ဖြစ်တဲ့အတွက် သူပါဝင်လိုကြောင်း စုံစိနေအောင် အကြောင်းပြချက်တွေ ပေးနေပါတယ်.။

ဒီနေ့ သူတို့ အသင်းရဲ့ ပထမဆုံးသော ပြိုင်ပွဲ ကစားရပါတယ်..။
မိုးဖွဲဖွဲရွာနေပါတယ်..။
သူက စိတ်ပူစွာနဲ့ မိုးတွေရွာနေရင် ဘယ်လိုကစားမလဲ လို့ မေးပါတယ်.။
ကျနော်က မိုးရွာရင် ပိုကစားလို့ ကောင်းတာပေါ့ ...ပြန်ဖြေလိုက်တယ်..။(ဟီးးဟီး)





အထူး မိတ်ဆက်ပေးစရာမလိုဘူး ထင်ပါတယ်..။
ပုံတွေ ဘယ်လောက်ဝါးဝါး ပေါ့.။
ပွဲမစခင် သွေးပူလေ့ကျင့်ခန်းလုပ်နေကြတယ်..။


ဘောကန်ဖိနပ်လဲဖို့ မေ့နေတယ်.။
လဲ လိုက်အုန်းမှ ပဲ..။
ရိုက်ချက်ကတော့ မပြောမရှိနဲ့နော်..။
အသေအချာ လေ့ကျင့်ထားတာပါ..။


ကစားကြပါပြီ..။
တဖက်အသင်းက ကလေးတွေ ပိုတော်ကြတယ်..။
လိမ္မော်ရောင်တွေနဲ့..။
ဝး ဝ

Do you want the truth OR something beautiful



ဖိုရမ်တခုမှာ တွေ့လို့ နားထောင်ရင်း သဘောကျလို့...


Do you want the truth or something beautiful?

Just close your eyes and make believe

Do you want the truth or something beautiful?

I am happy to decieve you.....



သူရဲ့ ပထမဆင်ဂယ်လ်က ဒီမှာ

How do you love....?( song)



How do you love - Collective Soul

There once was love thrown into your room
But you never knew
A calendar of days just for you
But you never knew, never knew no
And the truth that you'll find will always be
The truth you hide

So how do you love, how do you love
When your angels can't sing, and your world is still
Lacking of me

There once were eyes that only saw you
But you never knew
A portrait of a flower in full bloom
But you never knew, never knew no
And the words that you fear will always be
The words you hear

This space where you've been living
Has gifts you've never given
That's the face you always show
Ask me for words of wisdom
Tell me of your condition
I don't know, I don't
I don't know

And the truth that you'll find will always be
The truth you hide

travis baker





Travis baker remix လုပ်တဲ့ သီချင်းတွေထဲမှာ ဒီတပုဒ်ကို ပိုသဘောကျလို့..။
soulja boyကိုတော့ သိပ်နားမထောင်ဖြစ်..။

eminem ' 3am ကို ရီမစ် လုပ်ထားတာ လဲ ကြိုက်တယ်..။
ပိုကြည့်လို့ ကောင်းတဲ့ လင့်တွေရှာနိုင်ပါတယ်..။
ရှာပျင်းသွားလို့ပါ...။

Use Somebody




Use Somebody

I've been roaming around, I was looking down at all I see
Painted faces fill the places I can't reach
You know that I could use somebody
You know that I could use somebody

Someone like you and all you know and how you speak
Countless lovers under cover of the street
You know that I could use somebody
You know that I could use somebody
Someone like you

Off in the night while you live it up I'm off to sleep
Waging wars to shake the poet and the beat
I hope it's gonna make you notice
I hope it's gonna make you notice

Someone like me, someone like me
Someone like me, somebody

I'm ready now, I'm ready now
I'm ready now, I'm ready now
I'm ready now, I'm ready now
I'm ready now

Someone like you, somebody
Someone like you, somebody
Someone like you, somebody

I've been roaming around, I was looking down at all I see

တိမ်


တိမ်




ဒီဒေသကိုအကြိုက်ဆုံးက..တိမ်
တွေပါပဲ..
မကြိုက်ဆုံးကလည်း...တိမ်တိုက်တွေပဲ..
(မီးခိုးရောင်တိမ်တိုက်တွေကို...)
မနက်အိပ်ယာထတာနဲ့..ပြူတင်းပေါက်ကိုလှမ်းကြည့်ရတာ..
အရသာတစ်ခုပဲ..

ပြူတင်းပေါက်ကိုလှမ်းကြည့်ပြီး...
ဒီနေ့တော့..
တိမ်တွေညို့နေတယ
်..
တိမ်တွေ..အဆုပ်လိုက်..အဆုပ်လိုက်...
မည်းမှောင်နေတာပဲ...
စူးရှတဲ့နေရောင်နဲ့တိမ်ဖြူဖြူလေးတွေ...
ဒီလိုနဲ့...
ညနေတိုင်...နေဝင်ရီတရောချိန်ကျတော့လည်း...
ပြူတင်းပေါက်ကိုလှမ်းကြည့်မိပြန်တယ်..
နေဝင်ချိန်တိမ်တွေကလည်း...
တောက်မလိုနဲ့..မှိုင်း...
မှိုင်းမလိုနဲ့...လင်း....
လင်းမလိုနဲ့.....
မြင်ကွင်းကနေ...ပျောက်သွားတယ်...
သြော်.....................
တိမ်...
တိမ်.....
တိမ်.......



(ဒီပုံရဲ့ ဖဘက မှတ်ချက်က ပိုရယ်စရာကောင်းနေတာမို့
ခံစားချက်လေး ပျက်သွားမစိုးလို့
ကူးလာ မတင်ပေးတော့ပါဘူး)




မှတ်ချက် ။ ။
ဘာရယ်မဟုတ်..marchလလောက်က ဖဘမှာ တင်မိတဲ့ပုံလေး..။
ကိုယ့်ပုံကို ကိုယ် မှတ်ချက်ပေးတဲ့ စာကြောင်းလေးတွေ
တင်ချင်စိတ်ရှိလို့ တင်မိတယ်.်။

  • လ့လာရေးလား။
    March 17 at 4:36pm ·
  • Khin Oo May တိမ်
    March 17 at 4:36pm ·
    • Aye Chan Soe love your comment ma pauk, match with the picture
      March 20 at 12:16pm ·


Amazing

Amazing



လူတိုင်းသိပြီးသား သီချင်းလေးပါ။
သေချာ နားထောင်ရအောင်လို့...။
တမင် စာသားပါတဲ့ လင့်ကို တင်လိုက်ပါတယ်..။
တချို့စာသားတွေ သဘောကျလို့..
I was so sick and tired..
Of livin a lie..
I was wishin that I
WOULD DIE...

..................
how high can you fly with broken wings..?




Feeling Good



Feeling Good - Nina Simone

Birds flying high you know how I feel
Sun in the sky you know how I feel
Breeze driftin' on by you know how I feel


It's a new dawn
It's a new day
It's a new life
For me
And I'm feeling good

Fish in the sea you know how I feel
River running free you know how I feel
Blossom on the tree you know how I feel



Dragonfly out in the sun you know what I mean, don't you know
Butterflies all havin' fun you know what I mean
Sleep in peace when day is done
That's what I mean

And this old world is a new world
And a bold world
For me

Stars when you shine you know how I feel
Scent of the pine you know how I feel
Oh freedom is mine
And I know how I feel


သီချင်းရိုးပြီး ရှင်းတယ်..။
ဒီသီချင်းကိုmichael buble ဆိုမှ ကြားဖူးတာ..။
တကယ်တော့ သီချင်းဟောင်းဖြစ်နေတယ်..။
အခုတင်တဲ့မူရင်းအဆိုတော် ဆိုတာ ပို သဘောကျတယ်..။
muse band ပြန်ဆိုတာကိုလည်း ကြိုက်တယ်..။




ဆူးပုပ်ကြော်..အသည်းကြော်



အမဲအသည်းကြော်နဲ့ စူးပုပ် ချက်တာမို့..


ဒီပုံက ပန်းကန်သေးသေးက
မနေ့ကအမဲသားဟင်းအကျန်..
ပန်းကန်ဲပားကြီးကြီးနဲ့က
ဆူးပုပ်ရွင်္က်ကို အနုလေးတွေချည်းသင်ထားပြီး
ကြက်ဥခေါက်ပြီးဆားထည့်ကြော်ထားတာ..
ခရမ်းချဉ်သီးတစ်လုံးတွေ့လို့ ထည့်ကြော်ထားတယ်။
စားကောင်းတယ်..။
နုဆိမ့်။





အမဲအသည်းရှိနေတာ ၂ရက်လောက်ရှိပြီ..။
အဖေရှိတုန်းကဆိုရင် အမဲအသည်း
အမြဲကြော်ရတယ်..။
(အမဲသားမုန်ညှင်းကြော်..အမဲကမ်းပါးကြော်
အာလူးခရမ်းချဉ်သီးကြော်တွေက အဖေ့အကြိုက်ဟင်းတွေ
နောက် ရှမ်းဟင်းတွေက အဖေကိုယ်တိုင်ချက်စားတယ်..
အမေက ဗမာဟင်းကြိုက်တတ်တယ် ..ငပိ ငါးခြောက်စားတယ်
အဖေနဲ့ အဖိုးက ဘယ်တော့မှ မစားဘူး)
အသည်းကို အပေါ်ယံအလွှဲလေးကို
ဖြေးဖြေးချင်းဆုတ်ယူ..
ပြီးရင်ထက်ခြမ်းခွဲပြီး ပါးပါးလှီးထားပါ။
ဂျင်းပါးပါးသေးသေးလှီးပြီး..ကြက်သွန်ဖြူဓါးပြားရိုက်
ကြာညို့အငန်..ချောင်းကော့နဲ့ နယ်ထားပီးသားအသည်းကို
ကြက်သွန်နီ..ငရုပ်သီးနဲ့ကြော်ထားပါတယ်..။
ရေခဲသေတ္တာထဲမှာ 韭菜တစ်စည်းတွေ့တာနဲ့
ရောထည့်ကြော်ထားပါတယ်..။
အိမ်မှာကြော်ရင်တော့ ကြက်သွန်မြိတ်ပဲထည့်ကြော်ပါတယ်..။

ခရီး

မနက်စောစော ထပြီး အပြင်သွားဖို့ ပြင်ဆင်ရပါတယ်..။
၈နာရီ ရထားနဲ့အမှီ သွားရအောင် လို့ သူငယ်ချင်းက ပြောလာလို့ပါ...။
တကယ်တမ်း ဘူတာရုံရောက်တော့ရထားလွတ်သွားပါတယ်..နောက်တစ်နာရီလောက်
စောင့်ပြီးမှ ကိုယ်စီးရမဲ့ ရထားဆိုက်ပါတယ်။..
အဲ့ဒီမြိဲု့လေးကို မကြာခဏသွားဖူးပေမယ့်..ရထားနဲ့တော့ မဟုတ်ပါဘူး
ကားနဲ့ပါ..။
ကားတောင် အသိမိတ်ဆွေတွေရဲ့ကား..ဒါမှမဟုတ်..သူတို့စီစဉ်ပေးထားတဲ့ကားနဲ့မို့
မကြောင့်မကြပဲ လိုရာခရီးရောက်ပါတယ်..။
ဒီနေ့တော့ ကိုယ့်ဖာသာကိုယ် သွားခဲ့ရတဲ့ခရီးလေးတစ်ခု..။

ဆူးပုပ်...မန်ကျည်းသီးစိမ်း..ရှောက်ရွက်..ပဒဲကော..
ကုလားအော်သီး..နောက် ကျနော်မပြောနိင်တဲ့ အရွက်တွေ စုံလို့..
ထိုင်ငပိရည် လည်းရတယ်..။

ကျနော်တို့ဝယ်တဲ့ ကောက်ညှငသ်းအချိုကို ပြန်ကင်ပေးနေတာပါ..။


အခုသွားတဲ့မြို့လေးမှာ နိုင်ငံခြားသား( ထိုင်း..ဗီယက်နမ်နဲ့ အင်ဒို )တွေများလွန်းလို့
ရထားသံလမ်းကို မဖြတ်ကူးရ ဆိုင်းဘုတ်ကို..
သူတို့ဘာသာတွေနဲ့ သတိပေး နှိုးဆော်ထားတဲ့ ဆိုင်းဘုတ်..။
သဘောကျလို့ ရိုက်လာခဲ့တယ်..။
တိုဟူးပျော့...ထမင်းဝါ..(ထမင်းချဉ်မဟုတ်..ငါးထမင်းနယ်လည်းမဟုတ်..)
ကြက်ဆီထမင်း ...ထိုင်းအုနိးနို့ခေါက်ဆွဲ..အမဲ သားရေပွကြော်..စားခဲ့တယ်..။
ဓါတ်ပုံရိုက်မလာခဲ့ပါ..။
ပြောဖို့ရာ မေ့သွားလို့..
အဲ့ဒီမြို့လေးမှာ ကိုယ့်ပြည်နယ်တူ ယူနန်တွေလည်းများတော့..
တိုဟူးပျော့ဆိုင်..ဆန်ခေါက်ဆွဲဆိုင်တွေ မှိုလိုပေါက်နေတာပဲ..။



အပြန်မှာ ရှော့ပင်းစင်တာတစ်ခု ဝင်လည်ခဲ့တယ်..။
ဘာမှ မဝယ်ပါဘူး..။
တမျိုးတော့ ဝယ်ခဲ့တယ်..။
စဉ်းစားကြည့်ပေါ့..။