ခြေထောက်များ....နဲ့....ခွေးများ..

မတူညီသော ခြေထောက်များ..။
တို့အိမ်က တယောက်ပါတယ်.။
သိပ်ကို သိသာစေတဲ့ ဖိနပ်ကြီးနဲပေါ့.။












ဒီမှာ လှတပတ ခြေတစုံပါသေးတယ်..။
အိမ်ရှင်များလား..။ဟိဟိ
(အလကားနေရင်း အထင်ခံရနဲလား)
ဒေါက်အနက်နဲ့ကို ပြောတာ။
အညိုကြီး မဟုတ်။



၂၉မေ ၂၀၁၁

 ဒီနေ့ အပြင်သွာြး့ဖစ်ပါတယ်။
အမ်အာရ်တီစီးရုံနဲ့ လည်နိုင်မဲ့နေရာကိုပေါ့..။
ဒါ အိမ်ပြန်ချိန် နေဝင်ချိန်..။


 တနေရာရောက်တော့ မြက်ခင်းစိမ်းစိမ်းတွေ့တယ်..။
မြက်ခင်းစိမ်းပေါ်လှဲချပြီး ကောင်းကင်ကို ရိုက်ထားတဲ့ပုံ။


 အပင်တပင်ရဲ့ ပန်းပွင့်နွမ်း..။
နွမ်းလျလှပြီ..။


 တချို့အပွင့်တွေကျတော့ 
မနွမ်းခင် ပျက်ရတယ်..။

 ကြွေကျခါစ ပန်းပွင့်လေး။
ရွက်ကြွေတွေကြားထဲက ကြွေခါစပန်းက..
လန်းနေဆဲ..။

 ဘယ်ယောင်္ကျားကြီးခြေထောက်ပါလိမ့်...။


 ရွက်ကြွေတွေ..။





 ကမ်းဘေးမှာ ပန်းချီလာဆွဲကြတဲ့ 
ကျောင်းသူလေးတွေ.။

(ခခကတော့ အားကျနေလေရဲ့..)



ောာာာာာ
မှတ်ချက် ။ ။
စားခဲ့တဲ့ အစားတွေကိုတော့ နောက်များမှပဲ တင်တော့မယ်..။

နောက်တိုး..
ပိတ်သတ်ကြီးတောင်းဆိုချက်အရ...
ကိုယ့်အမျိုးတယောက်ပုံ ထပ်ထည့်လိုက်ရပါတယ်..။
ဓါတ်ပေါက်သွားတဲ့တနေ့ ဒီိလို ဘဝကို ဖြတ်သန်းဖြစ်မယ် ထင်ပါတယ်..။

 
 စိတ်ဝင်စားသူများ စာရင်းပေးနိုင်ပါပြီ..။


I'd rather go blind (သီချင်း)

 I'd rather go blind - Etta James



ဟိုတလောက ဟိုကလိ ဒီနှိပ်ရင်း ဒီသီချင်းကို နားထောင်မိပါတယ်။
နားထောင်ကြည့်ကြပါအုန်း..။
တခါတလေလဲ ဒီလိုသီချင်းမျိုးကို တနေကုန် တနေခမ်းနားထောင်ရတာ အရသာရှိပါတယ်။
သူ့ရဲ့ At last ဆိုတဲ့ သီချင်းလဲ ပိုလူကြိုက်များပေမဲ့ ဒီသီချင်းကို ပိုသဘောကျမိပါတယ်။

နောက်တော့ Beyonceပြန်ဆိုထားတဲ့ ဗားရှင်းတွေ့ပါတယ်..။
နားထောင်ဖြစ်ပြန်တယ်..။
ပို အသက်ဝင်အောင် ဆိုထားတယ်လို့ ထင်မြင်မိတယ်။
အသံနဲ့ အသက်ဝင်အောင် ပိုဆိုနိုင်တယ်။ (ထင်တာ ပြောတာပါ)
ဒါပေမဲ့လည်း မူရင်းအဆိုတော်ရဲ့ အသံကို ပိုသဘောကျနေတယ်။

ဒါကတော့ Beyonce



မှတ်ချက် ။   ။ဒီသီချင်းနားထောင်တိုင်း မျက်ရည်ဝဲရတယ်ဆိုတာ သတ်ချင်သတ်
ဘယ်တော့မှ ဖွင့်မပြောပါဘူး။
..

စိမ်းလန်းစိုပြေ တဲ့


ဒီင်္ဆိုက်လေးမှာ အစိမ်းရောင်တွေ ရှိတယ်...။



မှတ်ချက် ။   ။ ဒီနေ့ မမျှော်လင့်ပဲ တွေ့လို့ပါ.။
ရွှေဂျမ်းရေ စကားပြန်မစောင့်တော့ဘူးနော့..။

Someone like you (သီချင်း)

 Someone like you -Adele




I heard, that your settled down.
That you, found a girl and your married now.
I heard that your dreams came true.
Guess she gave you things, I didn't give to you....
..............
............................
......................
..............................
Nevermind I'll find someone like you.
I wish nothing but the best, for you too.
Don't forget me, I beg, I remember you said:-
"Sometimes it lasts in love but sometimes it hurts instead"
Sometimes it lasts in love but sometimes it hurts instead, yeah....



Adeleရဲ့ အခွေသစ်ထဲက သီချင်းတစ်ပုဒ်ပါ..။
အခုတလောရေဒီယိုကလဲ လွှင့်တတ်လို့ နားထောင်ဖူးကြမှာပါ..။




မှတ်ချက် ။ ။ ပို့စ်ခေါင်းစဉ်မှာ သီချင်းလို့ ကြိုရေးပေးထားပါတယ်။
သီချင်းမကြိုက်သူ တချို့တလေအတွက် (တချို့တလေ = အစ်မတယောက်)
 



အာလူး






အာလူးကိုဆားထည့်ပြီးအရင်နူးနေအောင် ပြုပ်ရပါမယ်.။
ပြီးရင် အခွံခွာပြီး ကြေနေအောင် ခြေထားရပါမယ်..။

ကြက်သွန်ဖြူတမွှာ..ခရမ်းချဉ်သီး၂လုံး..မုန်ညှင်းချဉ်အနည်းငယ်..
ငရုတ်သီးခြောက်၃ခုလောက်...ကြာညို့အငန်အနည်းငယ်..

ခရမ်းချဉ်သီးကို နုတ်နုတ်စင်းထားရပါမယ်..။
အိုးထဲဆီနဲနဲပိုထည့်ပါ..။
ဆီပူရင် ငရုတ်သီးခြောက်ကို အရင်ကြော်ပြီး ဆယ်ထားပေးပါ။
ကြက်သွန်ဖြူတမွှာကို ဓါးပြားရိုက်ပြီး အရင်ထည့်..
 ရိတ်ရိတ်လှီးထားတဲ့ မုန်ညှင်းချဉ် ထည့်ကြော်ပါ..။

ခရမ်းချဉ် ကြေသလောက်ဖြစ်ရင် စောစောက ခြေထားတဲ့ အာလူးတွေကို
ထည့်မွှေပါ..။၁မိနစ်လောက်..။
ပြီးရင် ရေနဲနဲထည့်....ကြာညို့အငန်ထည့်ပြီး မီးလျှော့ပြီး ချက်နေပါ။
တဖက်ကလဲ မွှေပေးနေပါ..။(အိုးကပ်မစိုးလို့..)
၇မိနစ်လောက် မွှေပေးနေရင် အဖိုးနည်း မြန်ဆန်ပြီး အရသာရှိတဲ့ အာလူးဟင်းရပါပြီ။
ဒီနေ့တော့ အိမ်မှာ မုန်ညှင်းချဉ်ကုန်နေလို့ တရုတ်ကုန်စုံဆိုင်မှာရရှိနိုင်တဲ့
ဒီ picked mustard နဲ့ ချက်လိုက်ရပါတယ်..။
အရသာနီးစပ်တော့ မုန်ညှင်းချဉ်အလွယ်တကူမရနိုင်တဲ့သူတွေလဲ ချက်စားရတာ
အဆင်ပြေမယ် ထင်ပါတယ်။


အမဲသားမုန်ညှင်းချဉ်ကြော် (အမဲသားနေရာမှ ကြက်သားထည့်ကြော်ရရပါတယ်)

အာလူးခရမ်းချဉ်ကြော် 
 အာလူးခရမ်းချဉ်ကြော် ပို့စ်က ကော်မန့်ဖတ်မိမှ သတိရတယ်.။
လင်းစ်စ်ပြောတဲ့ အာလူးထောင်းချဉ်ရည်ဆိုတာပါ..။
တချို့တွေက အစပ်များများ အချဉ်များများနဲ့ ချက်ကြတယ်။

အာလူးမုန်ညှင်းချဉ် မဟုတ်ပါ။





ပထမဆုံး juneoneကို အားနာပါတယ်..။
မိုးတလုံး လေတလုံးပြောပြီး မချက်ဖြစ်တဲ့အတွက်..။
(ဒါကလဲ ကိုယ့်ရဲ့ အမူအကျင့်နဲ့ သက်ဆိုင်နေပါတယ်..
ပြောပြီးသားကိစ္စကို ပြီးမြှောက်အောင်ပြုလုပ်ဖို့ ဝန်လေးနေတတ်တာပါ..
ဒါ ကောင်းတဲ့အကျင့်မဟုတ်ပါဘူး...)

ဒီနေ့ချက်စားဖြစ်တာလေးတွေပါ..။
ကြက်သားမှိုကြက်သွန်မြိတ်ချက်ပါမယ်.။

လက်ဆောင်ရထားတဲ့ကိုရီးယားမှိုခြောက်တစ်ထုတ်ကြီးရှိနေတာနဲ့ 
ဒီဟင်းချက်စားဖို့ အကြံရပါတယ်..။
မှို၁၀ပွင့် ။ကြက်သွန်မြိတ်ပုံပါတာထက် နောက်တစ်ဆလောက်။
ငရုတ်သီး၃တောင့်လောက်..။
မှိုခြောက်ကိုရေဆေးပြီး ရေနွေးနဲ့ စိမ်ထားပေးရပါတယ်။



ခုတ်ပြီးသား ကြက်တစ်ကောင်ကို ဆား ဂျင်း
ကြာညို့အငန် တို့နဲ့နယ်ထားပါမယ်။
(၃နာ၇ီလောက်)
ဖြစ်နိုင်ရင် တညအရင်ကတည်းက နယ်ထားပါ။
တရုတ်မဆလာ၁လုံးထုပြီးထည့်ထားပါ။



ဆီနဲနဲထည့်ပြီး ဆီပူလာရင် နယ်ထားတဲ့ ကြက်သားတွေ
ထည့်မွှေပါမယ်.။ ကြက်သားအပြင်သားတွေ ကျက်လာတဲ့အထိ
မွှေပေးနေရပါမယ်..။ဆက်တိုက်ဆိုသလို 
မှိုပွင့်ကို ခပ်စောင်းစောင်းလှီးပြီးထည့်နိုင်ပါပြီ။
၁၀မိနစ်လောက်မွှေပြီးချိန်မှာ ကြက်သွန်မြိတ်တွေ အပင်လိုက် ထည့်ရပါတယ်။
မီးသေးအောင်ပြောင်းပြီး အဖုံးဖုံးထားပေးပါ..။
(အခုချိန်ထိ ရေထည့်စရာမလိုပါ)
အစဉ်မပြတ် မွှေပေးနေပါ..။
အဆီပြန်လာတဲ့အခါ ရေနဲနဲထည့်ပြီး အဖုံးဖုံးထားပေးပါ။
သကြားထည့်လိုက ထည့်ချက်နိုင်ပါတယ်။




သခွားသီးသုတ်ပါတယ်..။
သခွားသီး..နံနံပင်..ခရမ်းချဉ်သီး နဲ့ ငရုတ်သီးစိမ်းတို့ လိုအပ်ပါမယ်။
အဆာအတွက်..
သံပုရာသီး ရှာလကာရည် ကြာညို့အငန် နဲ့ ဆားနဲနဲ
ထည့်သုတ်ပါတယ်..။
သိပ်ချဉ်တာ မစားနိုင်ရင် သကြားနဲနဲ ထည့်သုတ်ပါ။


သခွားသီးကို ဓါးပြားရိုက်ပြီး တဆစ်ချင်းပြန်လှီးထားပါတယ်။


 ဂျူးဖူးကြော်ပါတယ်..။
အမှန်က ဂျူးဖူးကြော်ရင် ငရုတ်သီးစိမ်းတတောင့်လောက်ပဲ
ထည့်ကြော်ပါတယ်.။
ဒီနေ့တော့ ရေခဲသေတ္တာထဲမှာ ဟိုနေ့က ကျန်တဲ့ ငရုတ်နီပွနဲနဲ
ကျန်နေတာနဲ့ ထည့်ရောလိုက်ပါတယ်။
ဆားနဲနဲနဲ့ ကြာညို့အငန်ထည့်ကြော်ပါတယ်။
ရေတစက်လောက်ထည့်ပြီး အဖုံးခဏဖုံးထားပေးပါ။
၃မိနစ်လောက်ဆို အဆင်ပြေပါပြီ။











ကြက်သားမှိုကြော်ပါ..။
အပေါ်က ကြက်သွန်မြိတ်က နောက်တိုးထပ်ထည့်ထားတာမို့
သိပ်မနွမ်းသေးပါဘူး။

အမေချက်တာလောက် စားမကောင်းဘူး ထင်ပါတယ်။
ဒါပေမဲ့ ချက်ထားသမျှ အကုန်နီးပါးကုန်သွားတယ်။
ခခထမင်းဘူးအတွက် နဲနဲသာကျန်ပါတော့တယ်။

ခဝဲသီးကြော်..tunaငါးသေတ္တာသုတ် နဲ့ ကြက်ဥကြော်

ဒီည  သူများပေးတဲ့ခဝဲသီးကို ပုဇွန်ခြောက်နဲ့ကြော်စားပါတယ်..။
ဆားနဲနဲပဲထည့်ပါတယ်.။ကြက်သွန်ဖြူဓါးပြားရိုက်လဲပါတယ်။

tunaငါးသေတ္တာကို  ကြက်သွန်နီပါးပါး..သံပုရာသီး ငရုတ်သီးစိမ်း
နံနံပင်တို့နဲ့ သုတ်စားပါတယ်..။
ဒီအသုတ်ကိုလဲ ဆားနဲနဲပဲ ထည့်ပါ။

ဒီကအရွက်တမျိုးကို ဆားနဲ့သိပ်ထားတာကို ရိတ်ရိတ်လှီးပြီး
ကြက်ဥနဲ့ ကြော်ပါတယ်..။
အရွက်ဆားသိပ်ကြောင့် ဆားထည့်ကြော်စရာမလိုပါ..။

ဒီနေ့ သည်မျှသာ..။

အာလူးမုန်ညှင်းချဉ် မျှော့်..။











ယနေ့ နေ့လည်စာ

ယနေ့ နေ့လည်စာပါ..။
သူငယ်ချင်းလာပေးတဲ့ ထဝခေါက်ဆွဲသုတ် (ခေါက်ဆွဲအေး)
နွေရောက်ရင် ဒီခေါက်ဆွဲအေးစားကြတယ်..။
ကိုယ်ကတော့ သိပ်မကြိုက်ဘူး။
သူများက လာကျွေးတော့လည်း စားလိုက်ရတာပေါ့..။
(အလကားရတဲ့ နွား သွားဖြဲကြည့်မနေတော့ပါဘူးလေ..ဟီးးဟီး)
ဒီခေါက်ဆွဲသုတ်က ရိုးရိုးလေးပါပဲ.။
ခေါက်ဆွဲဖတ်ရယ်..နှမ်း(သို့)မြေပဲကို အနှစ်ရအောင်ကြိတ်ထားတာရယ်။
အချဉ်ရည်ရယ်..ကြာညိုအငန်ရယ်။
အပေါ်ကနေ သခွားသီးစိတ်နဲ့ ပဲပင်ပေါက်ရေနွေးဖျော ပုံပေးလိုက်တာပဲ..။
အသုတ်မပီသတာက နံနံပင်မပါတာပဲ..။ငရုတ်ဆီထုပ် ထည့်ပေးထားတာတော်သေးတယ်။
စားချင်စဖွယ်မရှိတဲ့ နေ့လည်စာတွေတင်နေလို့...
ဒီအိမ်ရှင် ရူးနေတယ် မထင်စေလိုပါ..။




ဒါက ပါဆယ်ထုတ်ထားတာ