move like jagger

အခုတလော ရေဒီယိုက အသားကုန်လွှင့်နေတဲ့သချင်းပေါ့..။
အော်... maroon 5...maroon 5..
အချစ်သချင်းတွေလောက်ပဲ ဆိုတယ်ထင်နေတာ...။
This love သီချင်းက စပေါက်တယ်ထင်တာပဲ..။
သူ့သီချင်းကို သအို လားမသိ ပြန်ဆိုထားဖူးတယ်..။
မှတ်မိသလောက်ဆို she will be loved ကို ပြန်ဆိုတယ် ထင်တာပဲ..။





မှတ်ချက် ။ ။ ထင်တာပဲတွေ များနေတယ်..။

စက်ဘီး...ကက်ဆက်...သီချင်းနဲ့ စာအုပ်များ....

ဒီနေ့က အဖေ့မွေးနေ့လည်း မဟုတ်..။
အဖေ့နှစ်ပတ်လည်လည်း မဟုတ်ပါ..။
သူများတွေနဲ့ စက်ဘီးအကြောင်းပြောမိတော့ အဖေ့ကို သတိရသွားတာအမှန်..။

နယ်မှာနေလို့လားမသိ......
အိမ်မှာ အိမ်သားတိုင်း စက်ဘီးကိုယ်စီ ရှိကြပါတယ်..။
အဖိုး...အဖေ..အမေ နဲ့ကျနော်တို့မောင်နှမ ၃ယောက်..ပေါင်းတော့
၆ဘီးလောက်ဖြစ်သွားတယ်..။ အငယ်မလေးရဲ့ ဘီးက အိမ်ရှေ့ အိမ်မှာ 
ထားတဲ့အတွက် ကိုယ်မမှတ်မိပါ..။
စက်ဘီးတွေ ပျက်လို့ပဲ ဖြစ်ဖြစ်.. ချေးဆေး တိုလီမုတ်စပစ္စည်းလဲစရာလို့
ပဲ ဖြစ်ဖြစ် အဖေကိုယ်တိုင် စက်ဘီးဆိုင် ပို့ပေးပါတယ်..။ဆိုင်ရောက်ရင်တော့
လိုအပ်သည်များကို မှာကြားသည်ပေါ့..(ဟမ်) လဲလိုတဲ့ ပစ္စည်းတွေ..တာယာတွေ
ကျွတ်တွေ ဘရိတ်ခ် တွေကို ပြောတာပါ..။
စက်ဘီးနဲ့ ပတ်သက်လို့ အဖေက သိပ်စိတ်ရှည်ပါတယ်..။အမြဲသနေတတ်တယ်..။
အရိပ်တကြည့်ကြည့် နေတတ်တယ်..။ အိမ်သားတွေရဲ့ ဘီးကိုလည်း ဂရုစိုက်တတ်တယ်..။


အဖေက ကက်ဆက်လည်း ကြိုက်တယ်..။
ငယ်တုန်းက JVC ကက်ဆက်လေးရှိခဲ့ဖူးတယ်..။
ဒါမဲ့ အခိုးခံရတယ်..။
နောက် ၃..၄..နှစ်လောက်ခြားပြီးမှ Pioneer ကက်ဆက်ပြန်ဝယ်ပေးတယ်..။
ဒါပေမဲ့  ခဏ ခဏ ပျက်တတ်တယ်..။
ဟက်စားတယ် ခေါ်မလား..ဘာလားတော့ မသိ..။ ခဏ ခဏပျက်တယ်..။
ဖွင့်တဲ့သူ များလို့လဲ ပါမှာပေါ့နော်..။
အဖေသွားနေကျ ကက်ဆက်ပြင်ဆိုင် တဆိုင်ပဲ ရှိတယ်..။
ကျနော် မှတ်မိပါသေးတယ်..။
စစ်ဆေးရုံသွားတဲ့ လမ်းပေါ်က ညာဖက်အခြမ်းမှာရှိတဲ့ အိန္ဒိယလူမျိုးအိမ်ဆီ..။
မှတ်မိဆို ခဏ ခဏ လိုက်သွားဖူးတာကိုး..။


အဖေက သီချင်းတွေလည်း ကြိုက်သေးတယ်..။
အဖေသီချင်းညည်းတာတော့ သိပ်မကြားဖူးပါဘူး.။
(ကိုယ်လိုနေမှာပေါ့ ..နားသာထောင်တာ မဆိုတတ်သူ..ဟီးဟီး)
အဖေစုဆောင်းတဲ့ တိပ်ခွေပေါင်း ၁၀၀ကျော်ရှိမယ်..။
သိဆို...အဖေ့တိပ်ခွေတွေကို ကျနော် အမြဲစီပေးခဲ့တာကိုး...။
ကျနော်ဘဝရဲ့ ပထမဆုံးသီချင်းခွေကိုလဲ အဖေက ဝယ်ပေးခဲ့တာပဲ..။
တရုတ်သီချင်းခွေဆိုတာ အခုထိ မှတ်မှတ်ယယ ရှိတုန်း..။


ဆက်ရန်.....
(အလုပ်သွားရတော့မှာမို့....)
ဟင်းဟင်းးးးး





အချဉ်တွေ

ဒီနေ့ အလုပ်မှာ အလုပ်လုပ်နေရင်းး
ရွာက မှန်ကူသီး တွေ..ဘောက်သီးတွေ..မက်ချွန်းမွန်သီးတွေကို
သတိရသွားတယ်..။
ပြောရင်း လျှာရည်တောင် လည်လာတယ်..။
မှန်ကူသီးပေါ်ချိန် အချဉ်သီးရဲ့ အပေါ်ယံ အဖြူဖတ်လေးတွေကို အကျီ င်္နဲ့သုတ်ပြီး
ဒီတိုင်းစားခဲ့တယ်..။ဆားနဲ့ တို့စားတယ်..။
ဂျင်း ငရုတ်သီးမှုန့် ဆေးသကြားနဲ့ သုတ်တာ စားရတယ်..။
ကျောင်းက မုန့်ဈေးတန်းမှာ  ..ရုပ်ရှင်ရုံတွေနဲ့ မုန့်တန်းတွေမှာ..။
အချိုသီးရှိပေမဲ့ သိပ်မစားဖြစ်.။

ဘောက်သီးကိုတော့ အထူးတလည် လုပ်နေစရာမလို..။
အပေါ်က အသားရောင် အခွံလေးခွာပြီး ဒီအတိုင်း ပါးစပ်ထဲ
ပစ်ထည့်ရုံသာ..။
ချဉ်ဖြုံးဖြုံးအရသာကို မျှင်းခံရင်း တလုံးပြီးတလုံးပါးစပ်ထဲပစ်ထည့်
စားရုံသာ..။
ဒါလည်း ကျောင်းဈေးတန်းတွေမှာရတယ်..။



 ဒါ ဘောက်သီးပါ.။
(သများကို မေးလိုက်တယ်..  Goldenberry တဲ့)




မက်ချွန်းမွန်သီးတော့ မှန်ကူသီးလိုပဲ ဂျင်း ဆေးသကြား ငရုတ်သီးမှုန့်နဲ့
သုတ်စားတာပဲ ကောင်းပါတယ်..။
ကျောင်းမုန့်ဈေးတန်းမှာ အမြဲရနိုင်တဲ့ အချဉ်ပေါင်းပေါ့.။
ဖန်ချဉ်..ဖန်ချဉ် အရသာနဲ့မို့ စားပြီးတိုင်း လျှာမှာ ချိုတိုတိုအရသာလေး
ကျန်ခဲ့စမြဲပါပဲ..။

ဒီအသီး၃မျိုးကို မသိသူတွေအတွက် ပုံတင်ပေးချင်ပေမဲ့ ပုံတွေ
လက်တကမ်းမှာ ရှိမနေပါ.။
ဘိုလိုလဲ မခေါ်တတ်တော့ ဘယ်လို ရှာရမယ် မသိ..။
သိသူကိုလည်း မမေးချင်..။
ငပျင်းတယောက်ထက်ကို အခြေအနေ ဆိုးနေပါတယ်..။


မှတ်ချက် ။ ။အရည်မရ အဖတ်မရတွေသာ တွေးနေသူမို့...
ဟိုမရောက် ဒီမရောက် သော အရည်မရ အဖတ်မရတွေသာ ရေးဖြစ်နေပါတယ်..။
ခွင့်ပြုတော် မူကြပါကုန်..။
ငယ်ငယ်က ဆင်းရဲသားအစာတွေပါ..။
စားဖူးသူ ရှားပါလိမ့်မယ်..။




Doesn't remind me

Doesn't remind me



I like gypsy moths and radio talk...

Cause it doesn't remind me of anything...


I like gospel music and canned applause...


Cause it doesn't remind me of anything...


I like colorful clothing in the sun....


Cause it doesn't remind me of anything..........


I like hammering nails and speaking in tongues.........


Cause it doesn't remind me of anything





Chris Cornellအရင်ကband နဲ့ဆိုထားတဲ့သီချင်း..။
ကိုယ့်အတွက် အားပေးစကားဖြစ်စေတဲ့သီချင်းး...။
သူတို့band ရဲ့ သီချင်းတချို့ ကိုလည်း သဘောကျတယ်..။
Be yourself
Show me how to live
 
သူတို့အဖွဲ့တော့ ကွဲနေတုန်း ထင်တာပဲ..။


Chris Cornell တကိုယ်တော် အခွေက သီချင်း အရင်ကတင်ဖူးပါတယ်..။

6th oct : 2011



စိတ်ကြည်နေတယ်...(ထင်တာပဲ..)
တခြားကိစ္စတွေ သိပ်အဆင်မပြေပေမဲ့ စိတ်ကြည်နေတယ်..။
နေ့စဉ်ဖြတ်သန်းရတဲ့ ဘဝနေ့ရက်တွေ မရေရာပေမဲ့ စိတ်ကြည်နေတယ်။
ရည်မှန်းထားတဲ့ ခရီးတခုအတွက် မသေချာပေမဲ့ စိတ်ကြည်နေတယ်..။
ကိုယ့်ဆံပင်မညှပ်တာကြာပြီး ကြည့်ရဆိုးနေပေမဲ့ စိတ်ကြည်နေတယ်..။
ဝင်ငွေနည်း နေပေမဲ့ စိတ်ကြည်နေတယ်..။
ထွက်ငွေများနေတာ သိပေမဲ့ စိတ်ကြည်နေတယ်..။
ညည ညဉ့်နက်ပေမဲ့ စိတ်ကြည်နေတယ်.။
မနက်ခင်းတွေ အိပ်ရေးမဝပေမဲ့ စိတ်ကြည်နေတယ်..။
 တွေး ငေးနေရပေမဲ့ စိတ်ကြည်နေတယ်..။
မနက်ဖန်တွေ  မရေရာပေမဲ့ စိတ်ကြည်နေတယ်...။
စိတ်ကြည်နေတယ်....။
စိတ်ကြည်နေပါတယ် လေ.....။

~~~~~If there's love just feel it,~~~~
`~~~~~If there's life we'll see it,~~~~~~
~~~~~~This is no time to be alone, alone, yeah,~~~~~




I won't let you go

စိတ်တွေ လေထဲ လွှင့်နေတယ်...။
အတွေးတွေ တဝဲလည်လည်...။
အသိတွေ မရေမရာ ဖြစ်နေဆဲ...။
အမြင်တွေ ဝိုးတဝါးပဲ...။



ဒီလိုနဲ့ မတော်တဆ အိပ်စ်ယောင်းစ်ဘလော့ကိုရောက်တော့...
ဒီသီချင်းတင်ထားတာတွေ့တာနဲ့ ခွင့်တောင်းပြီး ဒီမှာ ထက်တင်လိုက်ပါတယ်.။
အဓိကကတော့ ကျနော် သိပ်ကြိုက်သွားလို့ပဲပေါ့..။


James Morrison သီချင်းအသစ် I won't let you go တဲ့..။
သူ့ကို ပထမဆုံးအခွေ you give me something အခွေကတည်းက သဘောကျခဲ့တယ်..။




When it's black,
Take a little time to hold yourself,
Take a little time to feel around,
Before it's gone,

You won't let go,
But you still keep on falling down,
Remember how you saved me now,
From all of my wrongs, yeah,

If there's love just feel it,
If there's life we'll see it,
This is no time to be alone, alone, yeah,
I, wont let you go,

Say those words,
Say those words like there's nothing else,
Close your eyes and you might believe,
That there is some way out yeah,

Open up,
Open up your heart to me now,
Let it all come pouring out,
Theres nothing I can't take,

If there's love just feel it,
And if there's life we'll see it,
This aint no time to be alone, alone, yeah
I, wont let you go,

If your sky is falling,
Just take my hand and hold it,
You don't have to be alone, alone, yeah,
I, won't let you go,

And if you feel the fading of the light,
And you're too weak to carry on the fight,
And all your friends that you count on have
disappeared,
I'll be here, not gone, forever, holding on, Oh,

Dream Theater

Dream Theater - On The Backs of Angels



Dream Theater သီချင်းအသစ်ပါ..။
သိပြီးတဲ့သူတွေလဲ သိပြီးကြမှာပါ..။
solo အရှည်ကြီးနဲ့...။
ကို အအစစ တို့တော့ ကြိုက်မဲ့ပုံပါပဲ..။
ဒီဝိုင်းကို သူပြောလွန်းလို့ သတိထားမိတာပါပဲ..။
ဒရမ်မာ အသစ်နဲ့လို့တော့ မိတ်ဆက်ပေးထားတာပဲ..။
ဂစ်တာတွေ ဒရမ်မာတွေ..တူရိယာတွေကို ...
သိပ်နားလည်တာ မဟုတ်ပေမဲ့ ထပ်ခါ ထပ်ခါ နားထောင်မိပါတယ်..။