မြင်းခွာရွက်သုတ်နှင့်...........


အခုတလော ကိုယ့်ကိုယ်ကို ရောဂါတခုရှိနေပြီဆိုပြီး သံသယဖြစ်နေပါတယ်..။
ဒီနေ့ ဈေးသွားတော့ မြင်းခွာရွက်တွေ တွေ့တာနဲ့ ကျမ္မာရေးနဲ့ ညီညွတ်အောင် စားမယ် ဆိုရည်ရွယ်ပြီး
ဝယ်ခဲ့ပါတယ်..။ အန်တီ ၂၅ကျပ်ဖိုးပါ..။ ဒီမှာတွေ့နေတာတော့ကြာပါပြီ..။ သုတ်စားဖို့
စိတ်မဝင်စားသေးလို့ပါ။ မမေဓါဝီ ကြောင့်လို့လည်း ပြောနိုင်ပါတယ်..။
မမေဓါဝီ သုတ်တာတွေလည်း စားချင်နေလို့ပေါ့...။
ဘလော့ပေါ်တင်ဖို့ မရည်ရွယ်ပါဘူး..။
မခင်ဦးမေ နဲ့ ဂျီမှာအပြန်အလှန်ပြောကြရင်း တင်ဖြစ်တာပါ..။


ဒါက ကန်ဇွန်းဥရဲ့ အရွက်ပါ..။
ရေလုံပြုပ်ပြီး ကြာညို့အချိုဆမ်း ။ နှမ်းဆီနဲနဲဆမ်းထားတာပါ..။
ဒီက လမ်းဘေးခေါက်ဆွဲဆိုင်တွေမှာ ရောင်းတတ်ပါတယ်..။

အမဲသားကို ညကတည်းက ဆားနဲ့ နယ်ထားပြီး..နောက်တစ်နေ့ကျမှ ရေဆေး ။
ဂျင်းများများ ချောင်းကော့သီး တစ်ဝက်လောက်ထည့်ပြီး ဟင်းရည်ချက်ထားတာပါ။
အမဲသားနှူးခါနီးလောက်မှ မုန်လာဥကို ထည့်ပါတယ်..။ အငန်မကြိုက်လို့ ဆားထပ်မထည့်ပါ။
အချိုမှုန့်မကြိုက်လို့ အချိုမှုန့်လည်း မထည့်ပါ..။ ဟင်းခတ်မှုန့်လဲ မထည့်ပါ..။
နှစ်သက်သူများ ထည့်ချက်နိုင်ပါတယ်..။
ပန်းကန်ထဲ ခပ်ထည့်ချိန်မှ ကြက်သွန်မြိတ်ပါးပါးလှီးတာကို ဖြူးလိုက်ပါ။

ပင်မှည့်သီးပါ..။ ဒီနေ့ဝယ်လာတာ ချဉ်စူးနေတာပဲ..။

ဒါကတော့ ဂျပန်ငါးဆားနယ် ပါ။ မမကိုပြောပြရင်းနဲ့ မသိမှာစိုးလို့ ရုပ်ဆိုးဆိုးနဲ့ တင်ပြလိုက်ရပါတယ်။
ဒီငါးကို ရေဆေး အတုံးလေးတွေတုံးပြီး မီးသေးသေးလေးနဲ့ ခြောက်နေအောင် ကြော်ပြီး
ဆန်ပြုပ်အဖြူထည်နဲ့ တွဲစားရတာ အတော် လိုက်ဖက်ပါတယ်။



မှတ်ချက်။ ။
မသီတာကြီးကပြောရော့မယ်..
ဂုဏ်တုဂုဏ်ပြိုင် ဘာညာ ကွိကွ..

9 comments:

ဖဘမှာ အမဲသားပြုတ်ကို ဘာတွေလဲလို့

ကန်စွန်းဥရွက် တစ်ခါဖူးမှ မကြားဖူး.. မစားဖူး...

ဘာရောဂါ ရှိနေတယ်ထင်တာတုံး...

ကိုယ့်ကိုယ်ကိုယ် ရောဂါရှိတယ် ထင်တဲ့ရောဂါ ဖြစ်နေဦးမယ်...

အေးလေ..
ငါတို့လည်း ဒီရောက်မှ စားဖူးတာပါ..။
အဲ့ဒီကန်ဇွန်းဥရွက်ကိုြ်မန်မာမှာတော့ ဝက်တွေကိုကျွေးတာတဲ့..။ဟီးး

နင်ပြောတဲ့ရောဂါပဲနေမှာ..။

အကျောပေးထားတယ်
ပေါက်ကို သနားလို့
(ကော်နီက ဟေမာနေ၀င်းကို ပြောသော အသံဖြင့် ဖတ်ပါ)

သူ့မြင်းခွါရွက်သုပ်ကလေးက စားချင်စဖွယ်လေးတော့ ... ။ အကြံတူ နောက်လူသာတာပေါ့လေ .. ဟဲဟဲ။
ကန်စွန်းဥရွက်တော့ မစားဖူးဘူး။ ကန်စွန်းရွက်နဲ့ ဘာကွာလဲ မသိ။ အမဲသားတော့ မစားလို့ မြည်းတော့ဘူးနော်။ ပင်မှည့်သီးကို သကြားနဲ့ဖျော်ရည်ဖျော် မသောက်ဘူးလား။ ဒီတိုင်းဆို ချဉ်မှာပေါ့။

ပေါက်တို့ ဂုဏ်တု ဂုဏ်ပြိုင် အကျောပေးကြတာမှာ မျက်စိသူငယ်နဲ့ ဟိုကြည့် ဒီကြည့် လုပ်သွားပါကြောင်းးး။

မြင်းခွာပင်ကို သုံးပိုင်းပိုင်းပြီး သုပ်ထားသလိုပဲနော် :P

ရှလွတ် ဟင်းတွေမိုက်စ်
ပင်မှည့်သီးအရမ်းကြိုက်

မြင်းခွာရွက်သုပ်...
ပေါက် ပြောမှပဲ စားချင်သွားတယ်...
မစားဖြစ်တာကြာပြီ...။

ကိုယ်လဲ စားစရာ တခုခု ချက်အုံးမှပဲ... တော်ကြာ အချင်းချင်း လဲ စားစရာ မရှိပဲ ဖြစ်နေအုံးမယ်... ပြီးတော့ မမ (KMSL) ဖွင့်တဲ့ Hotel မှာ အစိမ်း ၁၀၀ ပေးနေရအုံးမယ်...း))

ဟင်းချက်ကောင်း၊ အပြင်အဆင်ကောင်းပဲနော်။
မြင်းခွါရွက်သုပ်ကိုစားချင်လာတယ်။
ကျွန်မနေတဲ့ အနီးတ၀ိုက်မှာ ၀ယ်လို့မရဘူးလေ။
ဒါပေမယ့် သူနဲ့တူတဲ့ အရွက်တော့ရှိတယ်။
မဝေးသော အနာဂါတ်မှ သုပ်စားဖြစ်အောင်သုပ်စားမယ်။

ခင်မင်စွာဖြင့်