ထင်သလို.....................(ငါ)


(ကျနော်ဟာ ငယ်ငယ်တုန်းက အဖြူရောင်အင်္ကျီလေးကို ..
တကယ် စိတ်စွဲနှစ်သက်စွာ အမြဲတမ်းဝတ်ဆင်ခဲ့.....)
ကိုယ့်အကြောင်းကို ကိုယ်ပြန်စဉ်းစားရင် ဒီသီချင်းလေးပဲ နားထဲ တဝဲလည်လည်။
သိပ်လိမ္မာတဲ့ သားသမီးမျိုးမဟုတ်ခဲ့ပေမယ့် မိဘစကားကို ဂျစ်ကန်ကန်နဲ့ နားထောင်ခဲ့သူပါ။
ငယ်ကတည်းက မိခင်က ဒါဝတ်ဆို ဒါပဲဝတ်ခဲ့သူ..။
ဒီနား မသွားနဲ့ဆို မသွားရဲသူ..။(ပါးစပ်ကတော့ ပွစိ ပွစိနဲ့..)
ရေမကူးရဆိုရင်...ရေကူးကန်လိုက်သွားပြီး ကန်ဘောင်မှာပဲ သူငယ်ချင်းတွေကူးတာ
ထိုင်ကြည့်နေတတ်သူ..။ (ရေမကူးနဲ့လို့ပဲမှာထားတာ ။ရေကူးကန်မသွားရလို့ ပြောတာမှ မဟုတ်တာ)။
ပြောမဆုံးပေါင် တောသုံးတောင် လိုပါပဲ..။ ပြောရရင် အရှည်ကြီး..။

ကိုယ်ထင်သလို လုပ်ခွင့်..ကိုင်ခွင့်..ဘယ်တော့မှ အကောင်အထည် မဖေါ်ဖူးသလို..။
ဲပြောခွင့် ဆိုခွင့်ကတော့ ခွင့်မရှိလဲ ပြောတတ်လွန်းလို့ မိဘက သတိပေးတတ်ပါတယ်။
ဒီ ပါးစပ်နဲ့ပဲ လူမုန်းများမယ်တဲ့..။( အမေ မှန်ပါတယ်..ဟီးး)

အုပ်ထိန်းသူရှိစဉ်ကာလများမှာတော့ သွားစရာ လာစရာ လည်စရာ ပတ်စရာတွေကို
သတင်းပို့ရုံတင်..။ မျက်ကွယ်မှာ စိတ်ပူစရာ ဘာမှ မလုပ်ခဲ့သူ..။
ဆေးလိပ်တဖွာတောင် မသောက်ဖူးခဲ့သူ..။ ယမကာတငုံတောင် မသောက်ဖူးခဲ့သူ..။


အခုနောက်ပိုင်း ထင်သလို နေချင်စိတ်..ထင်သလို လုပ်ချင်စိတ်..ထင်သလိုတွေးချင်စိတ်တွေ
များလာပါတယ်..။

လွန်ခဲ့သော နှစ်အနည်းငယ်က ထင်သလို....................
.....................။

နောက်တော့ ထင်သလို အလုပ်ထွက်လိုက်ပါတယ်..။

အခုလည်း ထင်သလို အလုပ်လုပ်နေပါတယ်...
နေရာသစ်မှာပေါ့...။


အခုလောလောဆယ် ထင်သလို သွားချင်စိတ် ရှိနေပေမယ့် အလုပ်က ချည်နှောင်ထားလို့..
မသွားနိုင်သေး...။




ပုံကို ဒီက ယူပါတယ် ။

14 comments:

ကိုယ်လုပ်ချင်တာ လုပ်ရမှာပေါ့။ အလွန်အကျွံ မဟုတ်ရင် ပြီးတာပဲ။
တို့တော့ ကိုယ်လုပ်ချင်တာသာ လုပ်ခဲ့တယ်။ မလုပ်ချင်ရင် မလုပ်ဘဲကို နေခဲ့တယ်။ မိဘနဲ့လဲ ထူးပြီး သဘော မကွဲလွဲခဲ့ပါဘူး။ စိတ်ချမ်းသာသလိုသာ နေမိပါတယ်။

ကိုယ်လည်း ဒီလိုပါပဲ၊
ငယ်ငယ်တုန်းက လုပ်ချင်တာလုပ်၊
သွားချင်သလိုသွား၊
အမှားမရှိခဲ့ဖူးလို့ တော်သေးတယ်၊

ငယ်ငယ်က ဆိုးသလို၊ကောင်းသလိုပါပဲ...၊

မိဘကို မလုပ်ခင်ခွင့်မတောင်းပဲ လုပ်ပြီးမှ ပြန်ပြောပြတော့ သူတို့လဲ တားချိန်မရတော့ဘူး..၊
ရွှေတံဆိပ်ရတာဘာတွေကောင်းလို့လဲသိချင်လို့ တိုက်ဂါးဘီယာသံဗူးတစ်ဗူးကို ၉၀ ကျပ်ပေးဝယ်ပြီးသူငယ်ချင်းနဲ့ ၂ ယောက် သူတို့ရွာ ကန်ကြီးနားသွားသောက်ကြည့်တယ်။ ခါးလို့ တစ်ငုံတောင် မငုံနိုင်ဘူး.. ကန်ထဲ သွန်ချပစ်တော့ ငါးတွေ မူးကုန်လားမသိဘူးတောင် မသိပါဘူး.. အဲဒါ ပထမနှစ်တုံးက၊

၉ တန်းတုံးက lucky strike စီးကရက် ဝယ်သောက်ကြည့်ဖူးတယ်.. သူများသောက်ထားတာ အနံ့လေးမွှေးလို့၊ အဲဒါတော့ ၂ ယောက်တစ်လိပ် ကုန်သွားတယ်.. မကြိုက်ပြန်ဘူး..။

တုတ်ကောက်ခဲ့

ဟိုတယောက်ကိုလည်း စာရေးပြီး ဆူထားတယ်
ဘယ်သူ့ကိုလည်း ဆိုတာ မှန်အောင်ဖြေနိုင်ရင်
အပြစ်များ အားလုံး ခွင့်လွှတ်မည်

းP

မချိုသင်း စိတ်ချမ်းသာသလိုနေတာ သိသာပါတယ်လေ။
ဟီးးး..။
ညက ကိုယ့်ကိုသိသူတစ်ယောက်နဲ့ စကားပြောမိတယ်။ကျနော်တို့အဖွဲ့တွေကို သိနေသူဖြစ်တယ်.။
(မချိုသင်းနဲ့ပြောင်းပြန် ကျနော်ဟာ မိဘနဲ့
အရာရာတိုင်း သဘောထားကွဲလွှဲခဲ့သလိုပဲ။
ဒါပေမယ့်လည်း အရာရာ မလွန်ဆန်ခဲ့သလို..။အလွန်ဆုံး အိမ်ပြန်ရမစိုးလို့
အိမ်နောက်ဖက်လမ်းကြားကနေ ကွေ့ဝိုက်သွားခဲ့တာပဲ)

မအပြုံးပန်း
ကူးချင်ရာကို ကူး..။
သွားချင်ရာကို သွား လွတ်လပ်တယ်..။
(သီချင်းဆိုတာပါ)


ဟေ့..ဟေ့..
တတိယတစ်ယောက်..
ဟိုမှာ ဆရာမက တုပ်ကောက်ခဲ့တဲ့..။
အမြန်သွားလိုက်..။ ကျူရိုးတုပ်ကောက်သွားနော်..။


ဟို ဟို..ဆရာမ..
သူလာလိမ့်မယ်တဲ့..။
တုပ်သွားကောက်နေလို့ပါ တဲ့..။
(ကြောက်နေရတယ်...ဟီးး)

လာဖတ်သွားပါတယ်။ ထင်သလို...ကျမလည်း
နေခဲ့ဖူးတယ်။ အမှားတွေ... ကြုံခဲ့ဖူးတယ်။

ပြန်စဉ်းစားလိုက်တော့... အတွေ့ အကြုံတွေပေါ့လေ။

တော်ပါသေးရဲ့.။
မလာသေးဘူးဆိုလို့.

ဆူတဲ့သူကို မကြောက်ဘူးဟေ့. ငါရေကူးတတ်တယ်။

ညီမလေးပေါက် မှားပါတယ်ကွယ်
အဖြေမှန် နံပါတ်မှာ 7 နဲ့ 8 ဖြစ်ပါတယ်
း)

ဒီပို့စ်ကို ခုမှတွေ့တယ်..
အပေါ်က နံပါတ်သုံးပြောသွားတာတွေလည်းလုပ်ဖူးတယ်
သူပြောတဲ့ထဲ မပါတာက ကွမ်းကိုဗမာဆေးနဲ့ ဝယ်စားဖူးတယ် စားပြီးတော့မူးပြီးအန်လိုက်တာ အမေက ကျောကုန်းလာဖိပေးတယ် ဟီး
တခုမှမကြိုက်ဘူး ကြိုက်တဲ့သူတွေက ဘာလို့ကြိုက်ကြလဲတော့မသိဘူး..
၁၀တန်းနှစ်မှာ ခါးလည်လောက်ဆံပင်ကိုအမေမသိအောင်ညှပ်ပစ်ဖူးတယ် အိမ်ပြန်ရောက်တော့အတီးခံရတယ်.

(ထင်မထားဘူးမလား ညှင်း ညှင်း)
စီဗီ

ခါးလည်လောက်ဆံပင်ကို ဂုတ်ဝဲညှပ်ပစ်လိုက်တာ

CV

ထင်သလိုဖတ်ရတာကိုးက
အရသာပဲ။
နော်။

အနားမှာ ဘယ်သူမှ မရှိတော့ဘူး။ မွေးရပ်မြေကလဲ လွင့်လာခဲ့ပြီ။ ကိုယ်လုပ်ချင်တာ လုပ်တုန်းပဲ..... :P

CV ပြောတာ ငါမေ့သွားလို့.. ကွမ်းကို ဗမာဆေးနဲ့ တစ်ခါစားဖူးတယ်... လေထဲလွင်းမျောသွားသလိုလိုနဲ့ ၃ အိမ်ကျော်ကနေ ကိုယ့်အိမ်ကိုယ် သိုင်းကွက်နင်းပြီး ပြန်လာရတယ်.. အန်လိုက်တာဆိုတာ.. အဲင်္ဒီကစပြီး ကွမ်းနံ့ လုံးဝ ခံလို့ မရတော့ဘူး...


Pifpif