love song

ကွန်ပြူတာဂွမ်းသွားတော့ နားနေရတယ်..။
သီချင်းတွေ တော့ နားထောင်ဖြစ်နေတယ်..။
မနေ့က ရေဒီယိုကနေ သီချင်းတစ်ပုဒ်လာတယ်။
ကိုယ်သိနေတဲ့ adele ရဲ့ love song ( from 2nd album 21)
ဒါပေမဲ့ ရော့ခ်ဆန်ဆန် ပေါ့ပ်ဆန်ဆန်..။
သီချင်းအပြီး DJ မိတ်ဆက်ပေးတာ သေချာနားထောင်တော့ the cure ဆိုတဲ့band
ရဲ့ သီချင်းဖြစ်နေပါတယ်..။
၁၉၈၉က ထွက်တဲ့ သီချင်းဖြစ်ပါတယ်..။

ကျနော်အနေနဲ့ version ၂မျိုးလုံးကို သဘောကျပါတယ်..။
ရိုးရှင်းလွန်းတဲ့ စာသားကိုနှစ်သက်သူဖြစ်နေတော့ ပိုကြိုက်ပါတယ်..။

love song - the cure







ဆောရီးပါ..။
adele version ကို ဖြုတ်လိုက်ပါတယ်..။
ဒီ 311version ကိုတွေ့တော့မတင်ပဲ မနေနိုင်တော့ပါ..။
adele ထက်ပိုသဘောကျပါတယ်..။



love song -311


 311


enjoy...

နံနံပင်+ ချဉ်ပေါင်ဟင်းရည်

 ပိတ်ရက် အပြင်မသွားဖြစ်လို့ ဟင်းချက်ဖြစ်ပါတယ်..။
ပျင်းပျင်းရိရိနဲ့ပေါ့..။
ဒီတခါ ပုဇွန်ကို အချိုကြော်ပါမယ်..။

 ပုဇွန်ဝယ်ထားတာကို ခြေထောက်ဖြတ် နုတ်ခမ်းမွှေးဖြတ်ပြီး ရေဆေးပါတယ်..။


 ကြက်သွန်နီ ငရုတ်ချို နီဝါကို ဖြစ်သလို လှီးဖြတ်ထားပါတယ်..။


 ခရုဆီနဲ့ ကြာညိုအငန်ထည့်ပါတယ်..။
ကြက်သွန်မြိတ်မမေ့ပါနဲ့..။
ဂျင်းအရင်ကြော်ပါ..။

 အရွက်တစ်စည်းရှိလို့ ကြော်ဖြစ်တယ်..။
ကြက်သွန်ဖြူနဲ့ ဆီ..ဆားပဲ ပါတယ်..။

 ဒုတိယအကြိမ်မြှောက်  ချဉ်ပေါင်ဟင်းရည်ချက်ပါတယ်..။
ဆရာမ တစ်ယောက် သင်ပေးလို့ ချက်တတ်ပါတယ်..။
မျှစ်ထည့်ချက်ထားပါတယ်..။
ပိုချိုအောင် ကြော်မဲ့ပုဇွန်ထဲက အကောင်သေးနဲနဲ ထည့်ချက်ထားပါတယ်..။
ချခါနီး ငရုတ်သီးစိမ်းနဲ့ နံနံပင် အုပ်ပါတယ်..။


သူများပေးထားတဲ့ ဘာလချောင်ကြော်ပါ..။
ကျနော်ပိုစားဖြစ်တာကတော့ ချဉ်ပေါင်နဲ့ ဘာလချောင် ..အရွက်ကြော်ပါပဲ..။

အခွေ

ခခကျူရှင်ကပြန်လာတော့ ညကျရင် မြို့ထဲသွားလည်ဖို့ တောင်းဆိုပါတယ်..။
သူငယ်ချင်းကို ဖုန်းဆက်ချိန်းပြီး ည၈နာရီလောက် သွားဖြစ်ကြတယ်..။
ဟိုငေးဒီငေးနဲ့ အာလူးကြော်ထိုင်စား အအေးသောက်ဖြစ်ပါတယ်..။
(အာလူးကြော်ကို ဖဘတွင် ရှုစားပါ)။
buy1 get1နွားနို့တော့ မသောက်ဖြစ်ကြပါ..။
(မယုံရင် ပုံပြင်လို့သာ မှတ်ကြပါ..)

ခခတယောက်တည်း လမ်းဘေးအနုပညာသည်တွေကို သွားကြည့်တော့..
ကျနော်တို့က အုတ်ခုံမှာ ထိုင်ပြီး အရေမရ အဖတ်မရတွေ ပြောကြပါတယ်..။
တစ်သျှူးလာရောင်းတဲ့သူတွေ မနဲဘူး။
ဒါပေမဲ့ ကျနော်တို့ မဝယ်ဖြစ်ကြပါဘူး.။
ကိုယ့်စကားတွေထဲမျှောနေပြီး ပီတိတွေ ဖြစ်နေကြတယ်..။
စဉ်းစားခန်းတွေလဲ ဝင်လို့ပေါ့.။



 သူတို့ အခွေထွက်ရင် ဝယ်မယ်လို့ တေးထားတာ ဝယ်ဖြစ်သွားပါတယ်..။
အခွေထုတ်တဲ့ စက္ကူအိတ်ပါ..။
 ROSEအခွေဆိုင်ကနေ ဝယ်ခဲ့တယ်..။
၃၆၈ ပေးခဲ့ရတယ်.။

 ဒါက အခွေ..RHCP's  i'm with you..
ရိုက်တာနဲနဲဝါးသွားတယ်..။


နောက်ကျောဖက်..။
Monarchy of roses
Factory of faith
Brendan's death song (လောလောဆယ် ဟာ့ထိတဲ့သီချင်းပေါ့...)
Ethiopia
Annie wants a baby (အင်ထရိုတီးလုံး သိပ်ရင်နှီးနေတယ်..ဒါပေမဲ့ မပြောပါ..ဟိ)
Look around
The adventures of rain dance Maggie
Did I let you know
Goodbye hooray
Happiness loves company
Police station
Even you Brutus?
Meet me at the corner
Dance . Dance . Dance

Aquemini

ပျော်သယောင်ယောင်ဖြစ်တော့ Outkast ရဲ့  Heyya ဆိုတဲ့ သီချင်း နားထောင်ပြီး
တင်မလို့ပဲ...။
တညလုံး နားထောင်ဖြစ်နေတာ ..နောက်တပုဒ်ဖြစ်နေတယ်..။
၂၀၀၀နှစ်အလွန်လောက်တွေတုန်းက...
Outkast ကို Ms Jackson နဲ့  so fresh ,so clean  သီချင်းတွေကို mtvက အဆက်မပြတ်
လွှင့်နေတော့ သတိထားမိတယ်..။ hip hop funk  ,,,hip hop soul .jazz..ဆန်ဆန်တွေ..
နောက်ထပ်ထွက်တဲ့ the way you move... နဲ့ Heyya..
သူတို့သီချင်းစတိုင်တွေနဲ့ အမ်ဗွီတင်ပြပုံတွေကို သဘောကျခဲ့ပါတယ်..။

 တညလုံးပေါက် နားထောင်ဖြစ်တာ ဒီတပုဒ်...။
ဘာကြောင့်မှန်းမသိ ဒီ beat ကို ကြိုက်နှစ်သက်နေတယ်..။
title က သူတို့၂ယောက်ရဲ့ ရာသီဖွား ၂ခုကို ပေါင်းစပ်ပေးထားတာ ဖြစ်တယ်..။(ဆိုလား)

 Aquemini




 The way you move

 ဒီသီချင်းကျတော့ ကိုယ်နားမလည်တဲ့ ပေါင်းစပ်မှုတွေနဲ့..
ကြိုက်တယ်..။

Wake me up......

အမှန်က ငကြောင် ၃ရေးထားတယ်..။
လက်က ယောင်ပြီး ဖျက်မိတယ်..။
ပြန်ရေးဖို့ရာ စိတ်မပါတော့...။
စိတ်မပါတာပဲကောင်းပါတယ်...။
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ အပြုအမှုတွေ မဖြစ်တော့ဘူးပေါ့.။

နေ့လည်က ရေဒီယိုနားထောင်တော့ Greenday ရဲ့ wake me up when September ends
သီချင်းလာနေတယ်..။
နားထောင်ရင်း ကိုယ့်ရဲ့ January နဲ့ 
ခခရဲ့ March ကို အတွေးထဲ မြင်ယောင်နေတယ်..။
ကိုယ်တို့နဲ့ ဘဝတူတွေရင်ထဲက .....
ကိုယ်ပိုင်ခံစားချက် လွမ်းဆွတ်မှုလတွေအတွက်...










"Wake Me Up When September Ends"

Summer has come and passed
The innocent can never last
wake me up when September ends

like my father's come to pass
seven years has gone so fast
wake me up when September ends

here comes the rain again
falling from the stars
drenched in my pain again
becoming who we are

as my memory rests
but never forgets what I lost
wake me up when September ends

summer has come and passed
the innocent can never last
wake me up when September ends

ring out the bells again
like we did when spring began
wake me up when September ends

here comes the rain again
falling from the stars
drenched in my pain again
becoming who we are

as my memory rests
but never forgets what I lost
wake me up when September ends

Summer has come and passed
The innocent can never last
wake me up when September ends

like my father's come to pass
twenty years has gone so fast
wake me up when September ends
wake me up when September ends
wake me up when September ends


မှတ်ချက် ။  ။ အထူးပြောစရာမရှိပါ..။
လူ့ဘဝက တိုလွန်းပါတယ်..။


ငကြောင် ၂

ငကြောင်တကောင် အကြောင်လွန်ပြီး မွေးသမိခင်ကို ဂျီကျပါတယ်...။

ဖြစ်ပုံက...
ဒီလိုပါ.............
တစ်နေ့သ၌ဗာရာဏသီပြည်ထုံဝိုင်း မြို့တော်တွင် နေထိုင်သော.. 
အရေမရ အဖတ်မရ အလွန်ပြောတတ်သော..
ခပ်ကြောင်ကြောင်သီချင်းများကို ရူးသွပ်သော ...
ဂီတအကြောင်း နားမလည်သော...
ဂျင်းဘောင်းဘီချစ်သော...
ဆံပင်များကို မုန်းသော...
အသံကျယ်ကျယ်ရယ်တတ်သော..
လက်ကောက်များကို ချစ်သော..(လက်ထိပ် လက်ကောက်တော့မပါ)
စုတ်တီးစုတ်ပြတ် နေတတ်သော..(ဝတ်ကောင်းစားလှ မှ မရှိတာ)
ဖိနပ်ဖြူကို ညစ်ပတ်ပေရေနေအောင် စီးတတ်သော...
ရံဖန်ရံခါ နွားနို့သောက်တတ်သော..(မသောက်ရတာ ကြာပေါ့..)
ဖုန်းပြောရသည်ကို နှစ်သက်သော..
သိပ်စိတ်တိုင်းကျသော ပို့စ်များကို ဖြုတ်တတ်သော...
ညဉ့်နက်သန်းကောင်ထိ အတွေးများထဲတွင် မျောနေတတ်သော..
အမေ့အိမ်ကိုသံယောဇဉ်ကြီးစွာ မကြာခဏဖုန်းဆက်လေ့ရှိသော..
အလုပ်မကြိုးစားသော...
တာဝန်ပေါ့လျော့စွာ နေတတ်သော...
အကြံကြီး ဥာဏ်ကြီး မကြံစည်တတ်သော..
ရှေ့ရေးမတွေးတတ်သော...
နောက်ရေးကိုလည်း အရေးမလုပ်သော...
အူတိ အူကြောင်..
ထုံထုံ ထိုင်းထိုင်း...
ဘုတ်ဘုတ် ဘိုင်းဘိုင်း...
ငပျင်းတစ်ယောက်ဟာ အိမ်ကို လွန်ခဲ့သောတစ်လခွဲခန့်ကတည်းက
မြန်မာ့တိုင်းရင်းဆေးတမျိုး မှာမိပါတယ် ..။
အိမ်ကလည်း အင်း ဘယ်လို ဘယ်ညာဝယ်ပြီး ပေးထားလိုက်ပါ့မယ်
လို့ ကတိအထပ်ထပ်ပေးပါတယ်..။
ဒီ၁လခွဲအတွင်း..ဖုန်းမကြာခဏဆက်ပါတယ်..။
ဆက်တိုင်းလည်း ဆေးလူကြုံအတွက် သတိပေးမိပါတယ်..။
တဖက်ကလည်း အင်းအင်း..အေးအေးနဲ့ ကတိပေးမြဲ..။
ဒီလိုနဲ့ လူကြုံကရောက်လာပေမဲ့ သွားမမေးရဲသေးပဲ
အိမ်ကို ဖုန်းဆက်လှမ်းမေးလိုက်ပါတယ်..။
အမေက မထည့်ပေးဖြစ်ဖူး...မအားဘူး လို့ ဆိုတဲ့အခါ..
ကိုယ်အတော် စိတ်ထိခိုက်သွားပါတယ်..။
(နှလုံးရောဂါတော့ မရပါဘူး..ဇာတ်မနာတော့ဘူးပေါ့)

ဒါပေမယ့် အမေ့ကိုတော့ ကိုယ့်ကို အလေးမထားသူ
ကိုယ်မှာတာကို ဂရုမစိုက်သူ ဆိုပြီး စွပ်စွဲပြီး 
အမေ ဘာပြောစရာရှိပါသေးသလဲမေးတော့
အမေက ဘာကိစ္စမှ အထူးမရှိပါဘူး ဆိုလို့...ဖုန်းဂွက်ကနဲ ချလိုက်ပါတယ်..။

ဖုန်းချအပြီး..........
စိတ်ဆိုး..စိတ်ပျက်...စိတ်မကောင်း..စိတ်ညောင်း ပြီး အရာရာကို စိတ်တိုနေပါတော့တယ်..။
ကဲ...
ပြီးပါပြီ..။


မှတ်ချက် ။  ။ ရေးချင်ရာရေးထားပါတယ်..။
ဖတ်ပြီး စိတ်ပျက်သွားကြရင်တော့ ပျက်ကြပါစေတော့..။
ဟီးးးးဟီး

 













 

ငကြောင်

 အလကားနေရင်း ရေးချင်နေတယ်..။
ပို့စ် ဖြစ်ဖြစ် မဖြစ်ဖြစ်ပေါ့..။
အရည်မရ အဖတ်မရတွေလို့ ပြောချင်ပြောနိုင်ပါတယ်..။
မကြည်လင်တာတွေ များနေတယ်..။
ကျောက်ချဉ်ထည့်လိုက်လို့တော့ မပြောနဲ့..။
အမှန်က မရေရာဘူး.။
ကိုယ့်အသိတွေ မရေရာဘူး.။
အမြင်တွေ မရေရာဘူး.။
အထင်တွေ မရေရာဘူး.။
အလုပ်တွေ မရေရာဘူး.။
မျှော်လင့်ချက်တွေ မရေရာဘူး.။
မနက်ဖန်တွေ မရေရာဘူး..။
ဘဝ မရေရာတာကြာပေါ့..။


အမှန်က ဒီနေ့ ရယ်မောစရာတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။
ကျနော်လား..
ရယ်တာပေါ့...။
တဒင်္ဂခဏလေးမှာ စိတ်လွတ်သွားတယ်နဲ့တူပါတယ်..။
အသံကျယ်ကျယ်ရယ်ဖြစ်တယ်..။


အမှန်က ကျနော် ငိုချင်နေတယ်..။
ဘယ်လိုဖြစ်တာလဲ မသိ...။
မျက်ရည်မကျနိုင်ဘူး.။


အမှန်က သီချင်းဖွင့်ပြီး နားထောင်နေတယ်..။
သီချင်းပေါင်းစုံကိုပေါ့..။
ပျော်စရာသီချင်း..။
မကျေနပ်ချက်တွေ ပါတဲ့သီချင်း..။
အဆွေးသီချင်း...။
သာယာလှပတဲ့ သီချင်း..။
သီချင်းအေးး...။
သီချင်းကြောင်...။
စုံနေအောင် နားထောင်တယ်..။
ဒါပေမဲ့...
ရင်ထဲကို မဝင်ဘူး.။

မရေရာတာတွေများတဲ့အတွက်...
(ကျနော် )တခုခုကို ဆုံးဖြတ်မှ ဖြစ်တော့မယ်...။




Gucci Gucci

Gucci Gucci




One Big room ...full of bad Bitches...


Gucci Gucci.. Louis Louis... Fendi Fendi ... Prada
Basic Bitches wear that shit so i dont even bother
(hee he... သူဆိုတဲ့အတိုင်း ကိုယ့်အာဘော်မပါ..ဟားဟ)

ဒီ Kreayshawn ဆိုတဲ့ အဆိုတော်ကို  ဒီသီချင်းနဲ့
ပတ်သက်ပြီး သိရပါတယ်..။
 RHCP ရဲ့ အမ်ဗွီကို သူဒါရိုက်တာလုပ်ပြီးရိုက်ပေးပါတယ်..။
ဒါပေမဲ့ သူ့ရိုက်တဲ့ ဗားရှင်းကို သူတို့က မသုံးပဲ နောက်ဒါရိုက်တာ တယောက်နဲ့
ရိုက်တာကိုပဲ သုံးပါတယ်.. တဲ့..။
အခုတင်တဲ့  Gucci Gucci သီချင်းကလူငယ်ကြိုက် ဖြစ်မှာပါ..။
ပေါ့ပေါ့ပါးပါး နားထောင်ဖြစ်မယ့် သီချင်းတစ်ပုဒ်ပါ..။
ဆဲတာတွေ သောက်တာတွေ သိပ်ဂရုမပြုပဲ အပျော်နားထောင်ရုံသက်သက်
ဆို နားထောင်ပျော်မှာပါ..။

 ကိုယ်သာဆိုရင် ...
Giodano Giodano  Hand ten   Hand ten  Net Net

ဖြစ်မှာ..။