ရေငုံနုတ်ပိတ်

နှစ်တစ်နှစ်ကုန်သွားတာ သိပ်မကြာလိုက်သလို..။
ဟော...အခုနှစ်ကျပြန်တော့ ဘာမှ မလုပ်နိုင် ။
စိတ်ရှုပ်စရာ ပုံလို့..။
စိတ်ပူစရာ များလို့..။
သွားသင့်တဲ့နေရာတွေကို သွားရတာတောင်ဆန့်တငင်ငင်နဲ့..။
မနက်စောစောထ ရေချိုး .။
...............။
ခရီးလမ်းတစ်လျှောက်မှာ အတွေးတွေနဲ့..။
အတွေးဟောင်းတွေနဲ့...။
အတွေးဟောင်းမှာ ရုပ်ရှင်ပြကွက်တွေလို တကွက်ပြီး တကွက်...။
မီးခိုးနရောင်နုကုတ်အကျီ င်္တွေ......ဘောင်းဘီတွေ...
လေမှုတ်စက်တွေ ရေမွှေးတွေနဲ့ ...။
တက်ကြွတဲ့ စိတ်တွေနဲ့ အတူ...။
အတွေးဆိုတာ အတွေးထဲမှာပဲ နေခဲ့သင့်ပါတယ်..။
အတွေးတွေ နေခဲ့ပါ...။


အတွေးနဲ့ ပတ်သက်တဲ့သူတွေဆီကို လှမ်းလာရင်း...
ကောင်းသောနေ့ပါ...လို့နုတ်ဆက် .။
တန်ပြန်လိုက်တဲ့စကားသံဟာ အသက်မပါသလို..ပါပဲလား..။
ခိုညည်းသလို ဘေးကနေ ညည်းညူနေသူကို ကိုယ်က နှစ်သိမ့်ရမှာလား....
တော်လိုက်တာ လို့ အပေါ်ယံသကြားဖြူးရမှာလား..။
မည်သူမပြု မိမိမှု လို့ အေးစက်စက်ဖြေရမှာလား..မသိတော့ပါဘူး...။
သေချာတာတစ်ခုက ကိုယ်ရေငုံနုတ်ပိတ်နေခဲ့မိတယ်..။


လှေကားထစ်တွေ တစ်ခုပြီးတစ်ခုတက်နေရင်း ရှိသင့်တဲ့ တက်ကြွမှုတွေ လျော့ရဲလာတာသတိထားမိတယ်။
တစ်ခုသော လှေကားထစ်မှာ ငယ်ဘဝက သူငယ်ချင်းဟောင်းကိုတွေ့ခဲ့တယ်..။
၁မိနစ်ထင်တယ်..။ မဟုတ်ဘူး...။ ၃၀စက္ကန့်လောက်ပါ...။
သူငယ်ချင်းဟောင်းဆိုတဲ့အတိုင်း တကယ့် သူငယ်ချင်းဟောင်းကြီးအတိုင်းပဲ..။
သီချင်းတူတူဆိုခဲ့ဖူးတာတွေ...သီချင်းတူတူဖလှယ်ခဲ့ဖူးတာတွေ....
သီချင်းတွေ ဘာသာပြန်ခဲ့ခိုင်းဖူးတာတွေ..............
ကော်ဖီဆိုင်ထိုင် အရေမရ အဖတ်မရပြောခဲ့ဖူးတာတွေ....
အရေမရ အဖတ်မရ ထိုင်ဟားခဲ့ဖူးတာတွေကို ဦးနှောက်ထဲ တဖျတ်ဖျတ်ပေါ်လာတယ်။


ခပ်ကျဉ်းကျဉ်းလှေကားထစ်တစ်ခုအပေါ်မှာတော့...အဖွားအိုတစ်ယောက်..။
သပ်ရပ်မှုမရှိတဲ့ ဆံပင်ဖြူတွေနဲ့........။ အကျီ င်္နွမ်းနွမ်းနဲ့...။ တုန်ရီတဲ့ ဖိတ်ခေါ်သံတွေနဲ့..။
မျက်လုံးတွေကတော့ တလက်လက်တောက်ပနေတယ်..။
တခါတုန်းက ဖုန်းဆက်ပြီး သူ့ဆီလာတွေ့ဖို့ တောင်းဆိုခဲ့တဲ့ အဖွား..။
ကိုယ့်ကိုတွေ့တော့ အမှတ်ကြီးစွာနဲ့ လာတွေ့မယ်ပြောပြီး ဘာလို့ မလာတာလဲ လို့
ခပ်တိုးတိုးမေးပြော ပြောနေတယ်..။ စိတ်မကောင်းဘူး...။ ပေးခဲ့တဲ့ ကတိ မတည်ခဲ့ဘူး။
ကိုယ်ကတိ မတည်တာတွေလည်း များနေပါပြီ...။ အသားမရှိတဲ့သူ့လက် ပျော့တွဲတွဲကို
ဆုပ်ကိုင်ရင်း မျက်ရည်လည်မိတယ်..။ ဆိုဖာပေါ်ထိုင်ပြီးတဲ့နောက် အသင့်စီစဉ်ထားတဲ့
စားစရာတွေ တခုပြီး တခု ဝေမျှရင်း သူ့မြေးအကြောင်း ပြောပြနေပါတယ်..။
အူမကြီးကင်ဆာနဲ့ ဆုံးတဲ့အကြောင်းပေါ့...။ သူတော့ မသိဘူး..ကိုယ့်မျက်ရည် မထိန်းနိုင်လို့
မီးဖိုခန်းဆီ ပြေးလိုက်ရတယ်..။ ကတိတစ်ခု ထပ်ပေးခဲ့တယ်..။ အဖွားဆီ ဆက်ဆက်လာတွေ့
ပါဦးမယ် လို့.................။


ဒီလိုနဲ့ လှေကားထစ်တွေ ဓါတ်လှေကားတွေရဲ့ ခရီးဆုံးခါနီး သူငယ်ချင်းမတစ်ယောက်ကို
မမျှော်လင့်ပဲ တွေ့လိုက်ရတယ်..။ အရင်တုန်းက...အရင်တုန်းကဆိုပေမယ့်...အလွန်ဆုံး
တစ်နှစ်အလွန်လောက်ကထိ သူ့ကိုတွေ့လိုက်ရင် မျှော်လင့်ချက်မဲ့တဲ့ ..ရည်ရွယ်ချက်ကင်းတဲ့..
မှုန်ရီနေတဲ့ မျက်ဝန်းတွေနဲ့...။ ဟောအခုတော့...သူပြောင်းလဲ သွားပြီ..။ အသံက လွင်လို့..။
အပြုံးမျက်နှာလေးနဲ့...။မျက်လုံးတောက်တောက်လေးနဲ့..။ မပြောင်းလဲတာ တစ်ခုပဲ ရှိတယ်..။
အရင်ကရော အခုရော ဒေါက်မြင့်တဲ့ ရှူးဖိနပ်ကိုစီးထားဆဲ.......။


အကယ်လို့သာ ဒီနေ့ကို ပြန်စခွင့် ရမယ်ဆိုရင်......
ရေငုံနုတ်ပိတ် နေဖို့သာ ရွေးချယ်ပါမယ်..။

4 comments:

တခါတလေ ပေါက်တို့ရေးတာဖတ်ပြီးရင် ငါ့ဘဝကြီးငါတွေးမိတယ်..
အသက်က သက်တမ်းတဝက်ကျော်နေပြီ
ဒီလိုစာမျိုးထွက်လာဖို့ စိတ်ထဲမှာဘာမှရှိမနေဘူး
ရွှေပေါ်မြတင် နေခဲ့ရတဲ့ဘဝလဲမဟုတ်ပဲနဲ့
အပူမပင်မရှိ (မပူပင်တတ်) ၊ တွေးစရာမရှိ နဲ့ အလကားလူကြီးဖြစ်နေပါလားလို့။

ပုံ/ ကျနော်ဘယ်သူလဲလို့ မှန်းကြည့်ပါဆိုတာကို လိုက်အထုပ်ဖြေသူတစ်ဦး

ရေးတတ်လိုက်တာနော်.
ငါ့ဘဝကြီးငါတွေးမိတယ် ဘာဖြစ်လို့ ဒီလိုမျိုး မတွေးတတ်တာလဲလို့။
ပုံ
အာပလာ

ဟုတ်တယ်နော်... အဲဒါအကေင်းဆုံးဘဲ

တွေးတတ်ရေးတတ်လိုက်တာ၊
ရေငုံနှုတ်ပိတ်တော့မနေပါနဲ့၊
အတွေးလေးတွေဖတ်ချင်ပါသေးတယ်။ :)