ကြာဇံသုတ်



ဒီနေ့ ကြာဇံသုတ်လုပ်စားဖြစ်ပါတယ်..
ကျွန်တော်တို့ ရွာကကြာဇံသုတ်ပေါ့။။
ကြာဇံရေစိမ်ပြီး ပြုပ်ပြီးရေစစ်ထား။။ ကြက်သားခရမ်းချဉ်ကော်ရည်။နှမ်းထောင်းဆီချက်
ငြုပ်သီးဆီချက်။ ခါကျက်ဥအမျှင်ခြစ်ထား။ကြာညို့အငန်။ရှာလကာရည်+သံပုရာသီး
သကြားအနည်းငယ်။မြေပဲမညက်တညက်ထောင်း။နံနံပင်..စတဲ့အစာတွေနဲ့သုတ်ပါတယ်။။
ကျွန်တော်တို့အမျိုးတွေ ထမင်းစားဖိတ်ရင် အသုတ်အနေနဲ့ လုပ်တတ်တဲ့ ဟင်းတစ်မျိုးပေါ့။။
ကြက်သားခရမ်းချဉ်ကော်ရည်နေရာမှာ အမဲသားသုံးတာပိုများပါတယ်။။
အော်စွန်းရှိရင် စိတ်ပြီးရေစိမ်ထဲ့သုတ်စားလည်းကောင်းတာပဲ။။
သုံးဆောင်ကြပါနော်..အားမနာပါနဲ့...။။
ရိုက်ထားတာ ပုံနှစ်ပုံက အရောင်မတူလို့ နှစ်ပုံလုံးတင်လိုက်ပါတယ်။။

ကိုရီးယားပဲငပိဟင်းရည်







ကဲ..
စိတ်ညစ်တာလည်း..ညစ်တာပေါ့..
အစားကတော့အပျက်ခံလို့မဖြစ်သေးဘူး။။(ဟီးး)
ဒီနေ့..နဲနဲနေမကောင်းဖြစ်ချင်တာနဲ့ ပူပူလောင်လောင်စပ်ဟင်းရည်
ချက်စားဖြစ်ပါတယ်။။ ကိုရီးယားပဲငပိ(soya bean paste) ဟင်းရည်ပါ။။
ကိုယ့်သူဌေးမက ကိုရီးယားတရုတ်ဆိုတော့ ကင်မ်ချီးတို့..ကိုရီးယားဟင်းတို့
မပါရင် ထမင်းမစားတတ်ပါဘူး။။
ကိုရီးယားပဲငပိဟင်းရည်ပါဝင်သောပစ္စည်းများ...
၁)ကြက်သွန်နီပါးပါးလှီးထားပါ။ ကြက်သွန်ဖြူဓါးပြားရိုက်ပြန်စိပ်ထား
ငြုပ်သီး၅..၆ တောင့်လောက်ဓါးပြားရိုက်ထား။ ဂျင်းတစ်တက်လောက်အပြားလှီးထား
ကိုရီးယားပဲငပိ ထမင်းစားဇွန်း၂ဇွန်းမောက်မောက်ကော်ထားပါ။
၂) ပင်လယ်ခရုကို သဲအန်ထုတ်ထားပါ။။(ခရုကို ရေများများနဲ့စိမ်ထားတာကိုပြောတာပါ)
၃) မုန်ညှင်းဖြူအပင်သေးသေးတစ်စီးကိုရေဆေးပြီး အနေတော်လှီးဖြတ်ထားပါ။။
အိုးတစ်လုံးထဲမှာ ရေအသင့်ထည့်ပြီး ၁)မှာပါဝင်ပစ္စည်းအားလုံးထည့်ပါ။။
ငါးသေးသေးအခြောက်ရှိရင်ရေဆေးထည့်နိုင်ပါတယ်။။(ကျွန်တော်ကထည့်ဖို့မေ့သွားလို့)
ရေဆူလျှင် မီးမျှင်းမျှင်းနဲ့ နာရီဝက်ကြာအောင်တည်ထားပါ။။ ပြီးလျှင် ၃)မုန်ညှင်းဖြူ
ကိုထည့်ပါ။။ အိုးဖုံးအုပ်ထားပါ ။။ရမိနစ်လောက်ကြာလျှင် ၂)ပင်လယ်ခရုကိုထည့်နိုင်ပါပြီ။။
ပင်လယ်ခရုထည့်ပြီး ၂မိနစ်ကြာလျှင်မီးပိတ်နိုင်ပါပြီ(ခရုကိုကြာကြာချက်လျှင် ရင့်သွားတတ်ပါတယ်)
ကြက်သွန်မြိတ်ရှိရင် ပါးပါးလှီးပြီးထည့်စားနိုင်ပါတယ်။။ပဲပြားလည်းထည့်ချက်နိုင်ပါတယ်။။
(ပင်လယ်ခရုမကြိုက်ရင် အမဲသားပြားထည့်ချက်နိုင်ပါတယ်။။)

ကင်မ်ချီး ၀ယ်ထားတာရှိရင်တွဲဖက်စားသုံးနိုင်ပါတယ်။။ပိုလိုက်ဖက်တာပေါ့နော့။။
နောက်ဟင်းတစ်မျိုးက မြန်မာနာမည်မေ့နေလို့(ဒန့်ဒလွန်မဟုတ်ပါဘူး)
ခရမ်းချဉ်သီး ပုဇွန်ခြောက်နဲ့ ကြော်ထားတာ။ ကြက်သွန်ဖြူနဲ့ ငြုပ်သီးလည်းပါတယ်။။
ချွဲပျစ်ပျစ်နဲ့။။ နာမည်မေ့နေလို့..အဟီးးခွင့်လွတ်ပါ။။

အစိမ်းရောင်နေ့ရက်များနဲ့ အစိမ်းရောင်နယ်မြေ


နေ့စဉ် နေ့တိုင်း စတော့ ရှယ်ယာတွေ ဈေးတွေထိုးကျနေတာကို
မြင်နေ တွေ့နေ ကြားနေရတာကြာတော့ လူလည်းအောင်ကြူကြူဖြစ်နေပြီ။။
မမြင်ရအောင် တီဗွီအတတ်နိုင်ဆုံးမဖွင့်ပဲထားပါဦးတော့ ရေဒီယိုကတစ်နာရီပြည့်တိုင်း
လာနေကြ သတင်းအစုံအလင်ကို မကြားချင်ယောင်ဆောင်လို့မရပါဘူး။။
ရေဒီယိုမဖွင့်ပြန်တော့လည်း ကိုယ့်အလုပ်မှာလာတဲ့ ဧည့်သည်တွေရဲ့ ညည်းတွား
သံတွေ မကြားချင်လို့လည်းမရ။။ မျက်စေ့တွေမှိတ် နားတွေပိတ်ထားလို့ မရပါ။။
ကျွန်တော့်အလုပ်ကိုက လူအများနဲ့ဆက်ဆံရတဲ့အလုပ်ဖြစ်နေလို့ပါ။။ မနေနိုင်တဲ့အဆုံး
အမေ့ကိုဖွင့်ပြောတိုင်တည်မိပါတယ်။။ အမေကတော့ တစ်နေ့တော့ကောင်းလာမှာပေါ့..တဲ့။။
လူကတော့အကောင်းကြီးရှိနေသေးတာပဲ..တဲ့။။တော်ရောပေါ့..တဲ့။။အမေဆိုလိုတာက
ကျွန်တော်စိတ်လက် မှန်မှန်ကန်ကန်ရှိနေသေးတာပဲ...တဲ့။။အမေပြောတာလည်းဟုတ်တာပဲ။။


ပြီးခဲ့တဲ့လစမ်းက ဈေးတွေထိုးကျတော့ လောဘ မောဟတွေ များပြီး ၀ယ်မိပါတယ်။။
အခုများတော့.............
ရေစုန်မျောပြီပေါ့။။

မှတ်ချက်။။ အစိမ်းရောင်ဟာ..ဒီနိုင်ငံရဲ့ စတော့ဈေးကွက်ရဲ့ ကျဆင်းမှုကိုဆိုလိုတာပါ။။

Poison

Nothing......but a good time - POISON








Every rose has its thron - POISON

အတိတ်ကိုလွမ်းဆွတ်ခြင်း

သူငယ်ပြန်တာတော့မဟုတ်ရပါဘူး...
အတိတ်ကို အခုတလောအလွန်သတိရနေမိတာပါ။။
ကိုယ့်ရဲ့ ပထမဆုံးဘိုသီချင်းအခွေက Bon Jovi ဖြစ်မယ် ထင်တယ်..
အဲ့တုန်းက ၈တန်း ..၉တန်း...၁၀တန်း...
နောက် Gun n Roses , Aerosmith , Mr Big ,Poison , Motley Crue, Def Leppard
U2 ,Bryan Adams, Police စသဖြင့်ပေါ့...
နောက်ရှိအုန်းမှာပါ...မေ့သလောက်ဖြစ်ကုန်ပြီ..
Bon Jovi မပါမဖြစ်ပါရတာပေါ့လေ...
Bon Jovi ရဲ့ Bad medicine ,I'll be there for you, you give me a bad nameပါတဲ့
အခွေဆို သီချင်းစာသားတွေ သူငယ်ချင်းတွေဆီက အပြန်အလှန်ကူးလိုက်ရတာ အမော..
အမေကဆို...အဲ့လောက်ကျောင်းစာမှာကြိုးစားရင်ဘယ်လောက်ကောင်းမလဲတဲ့..ဟီး
သီချင်းစာသားအပြန်အလှန်ကူးကြတဲ့သူငယ်ချင်းတွေက ယောင်္ကျားလေးသူငယ်ချင်း
တွေချည်း ။။ မောင်လေးသူငယ်ချင်းတွေလည်းပါတာပေါ့ ။မိန်းကလေးသူငယ်ချင်းတွေရဲ့
မောင်တွေ အစ်ကိုတွေလည်းပါတယ်။။
ဟုတ်လည်းဟုတ်မှာပဲ ။ဒီလိုပေါက်ကွဲတာများတဲ့သီချင်းတွေကို ဘယ်မိန်းကလေးတွေက
ခံစားနားထောင်နိုင်မှာမို့လဲ ။ ပစ်ကနစ်ထွက်ကြရင် ယောင်္ကျားလေးသူငယ်ချင်းတွေက
ပေါက်...Bad medicene ချကွာ...လို့ ပြောကြတယ်...
ဟ....ငါဘယ်ဆိုနိုင်မှာလဲ...ဘယ်ဆိုတတ်မှာလဲ...ငါ့ကိုဂျောက်မချနဲ့ဟေးး...လို့ပြန်ပြောမြဲ
သူတို့ကလည်းသိတယ်..ကိုယ်မဆိုနိုင်မှန်း။။
အိမ်မပြင်ခင်က ကိုယ့်အောက်က မောင်လေးနဲ့ တစ်ခန်းတည်းတူတူနေရတယ်..
အခန်းကျဉ်းလေးပေါ့....အဲ့ဒီအခန်းကျဉ်းလေးထဲမှာပဲ ဒီသီချင်းတွေကို ပေါက်ကွဲစွာ။
ဆူညံစွာ နားထောင်ဖြစ်ကြတယ် ။ရီစရာကောင်းတာက သူကြိုက်တာကို ကိုယ်ကလည်း
ကြိုက်တာပဲ ။ကိုယ်ကြိုက်တာကိုလည်း သူလည်းလိုက်ကြိုက်တာပဲ ။။အဲဒါက ငယ်ငယ်တုန်းက။
အခုတော့....
ဟိုတလောက သူ့နဲ့ အွန်လိုင်းမှာအတွေ့များတော့ သီချင်းတွေအကြောင်းပြောမိပါရော..
အဲဒီမှာ စတော့တာပါပဲ ။သူနဲ့ ကိုယ် လိုင်းကွဲနေပြီလို့ ။အမှန်က သူလိုင်းကြောင်သွားတာ
ဟီဟိ ...ကိုယ်ကလည်း Rockမှ Rockမဟုတ်တော့ဘူး။။
Hip-Hop, Alternative, Pop, Jazz စသဖြင့် မြူးဇစ်မှန်သမျှ အကုန်လိုလို နားထောင်တော့
တာပါပဲ ။။ သူနားထောင်နေတဲ့ အဆိုတော်တွေထဲက တစ်ဝက်လောက်က ကိုယ်မသိဘူး။။
လွမ်းဆွတ်မိတဲ့သီချင်းလေးတစ်ပုဒ်စ နှစ်ပုဒ်စ ဘေးမှာတင်ပေးမယ်နော်...
နားထောင်ကြည့်ကြပါ။။ မိန်းကလေးတွေတော့ ကြိုက်မယ်မထင်ပါ။။
နောက်မှ ကိုယ်ကြိုက်တဲ့မြန်မာအဆိုတော်တွေ ကိုတင်ပေးပါ့မယ်။။


စက်ဘီးလေးနဲ့လည်လည်သွားတယ်..






ဒီနေ့ညနေ..စက်ဘီးစီးထွက်တယ်..
မနေ့က ကိုယ့်သူဌေးမက..သူ့စက်ဘီးပေးငှားစီးတယ်...
ကျွန်တော်တို့မြို့နယ်ကနေ....နောက်မြို့နယ်ကိုသွားတဲ့
စက်ဘီးစီးလမ်းကြောင်းလေးရှိတယ်..တဲ့..
ညနေကတည်းကသွားလိုက်တာ...ညမီးတွေထိန်ထိန်သာမှာပဲပြန်ဖြစ်တော့တယ်..
အိမ်ပြန်ရောက်တော့..ခြေထောက်တွေလည်းတောင့်နေပြီ...
မြန်မာပြန်တိုင်းတော့.မနက်တိုင်း....စီးဖြစ်ပါတယ်...
မနက်တိုင်းကန်တော်လေးစောင်းသွားတတ်တယ်...
ပြီးရင်ကန်တော်ကြီးသွားတဲ့လမ်းမပေါ်က ရွှေကိန္နရီဆိုတဲ့...လက်ဖက်ရည်ဆိုင်လေးမှာ..
ကော်ဖီ ၃ခွက်ဆက်တိုက်သောက်ရင်းး...အီကြာကွေးစားရင်း...မွေးရပ်မြေရဲ့ မနက်ခင်းတိုင်း
ဖြတ်ကျော်ခံစားခဲ့ပါတယ်...။။
လွမ်းလိုက်တာ မွေးရပ်မြေရေ....
မွေးရပ်မြေမှာနားထောင်ခဲ့တဲ့ သီချင်းတွေကိုလည်း အတိတ်မေ့နေရာက
ပြန်လည်အောက်မေ့လွမ်းဆွတ်လာလို့ သွားနေကြဆိုက်ဒ်ကနေ
ရီကွက်စ်လုပ်မိပါတယ်...

ဆမူစာ







2008/10/24 ko phyo
ဈေးမှာအသင့်လုပ်ပြီး ဂျုံပြားထုပ်ကလေး တွေ (လာဘတ်ခ်ျ) လို့ ခေါ်လားမသိဘူး။အချပ်ကြီး ၁ ချပ် ကနေ ၂ ချပ် ၃ ချပ် ပါတတ်တယ် ၀ယ်ခဲ့ပါနော် ....အနံလက်လေးလုံး အရှည် တထွာခဲ့ဖြတ်ပါ...(တပိုင်းဖြတ်ပြီး အရင်စမ်းနော်)
ကြက်သားကို အတုံးသေးသေးလေးတွေ တုံးပါ .ဆား၊အချိုမှုန့် နယ်ပါ..ဆနွင်းနဲနဲထည့်နယ်နိုင်ပါတယ်..
ကြက်သွန် လေထောင့်တုံးလေးတွေ သုံးနှစ်ကလေး လက်တဆစ် လောက်လှီးပါ...(ဥပမာပေးကောင်းတယ်နော်.. ဟီး)
အားလူး၊ခါ ကြက်ဥ(အောက်ပြည်မှာတော့မုန်လာဥနီ) ကိုလဲ ထိုနည်းတူစွာပါပဲ ....
မဆာလာကောင်းကောင်း တထုပ် ရှိနေပါစေ ..
ဆီ သင့်ရုံထည့် ဆီဆူရင်ကြက်သားထည့် လှော်ပါ ကြက်သားလေးတွေဖွေးပြီး နပ်လောက်ပြီထင်တာနဲ့ အသင့်လှီးဖြတ်ထားသောကြက်သွန် ၅ ချက်မွှေ၊ အားလူး ဥနီထည့်ပါ..
ထိုအရာတွေ မကျက်တကျက်မှာ ချထားလိုက်ပါတော့ ... ကြက်သား နဲ့ အာလူးကလွဲရင်ကျန်တာ အစိမ်းစားလဲ အရသာရှိပါတယ်။။အဲ အဲမှာ မဆလာထည့်ပြီးမွှေထည့်လိုက်ဗျာ...`ဟီး
(သတိချပ်။ ဆား အများ ကြီး မထည့်မိဖို့ နဲ့ အချိုမှုန့် အများကြီးမထည့်မိပါစေနဲ့ အရသာပျက်သွားမယ်.)
တရုတ်ပန်းကန်လုံးအသေးနဲ့ ဂျုံအနည်းငယ်ထည့် ရေထည့် ပစ်သမျှပစ်နော်... ကော် လုပ်ဖို့ ...
ဖြတ်ထားတဲ့ဂျုံပြား ကို အရှည်လိုက်၃ပုံတပုံ ကနေ ကတော့ပုံလုပ် ။ပြီးရင် ကျက်ပြီးသား ဟင်းကို ဇွန်းနဲ့ခပ် ထည့်.. ပြီးရင် အပေါ်မှာကျန်တဲ့ အပြား နဲ့ ထပ် ပြီးရင် ဂျုံဖျော်ရည်နဲ့ ကပ် .
ပြေဘန်းလေးထဲထည့်ထား ပြေမသွားရင် မိတ်ဆွေများလုပ်တာမှန်တယ်.. မကြာခင်စမူဆာဖြစ်တော့မယ် တဲ့ ....
ဆီကိုအိုးထဲ ထည့် ... ဆူတာနဲ့ ထည့်သာကြော် ဆယ်တာတော့ ကြည့်ဆယ်ဗျာ ညိုရင်တူးတော့မယ် တဲ့ မှတ်ထားနော် ဟီး...
စမူဆာကောင်းလေးရပါပြီ .. ဂျုံပြားခေါက်နီး ကို ပြချင်တယ် ရုပ်ဆိုးဆိုး ကျနော့လက်တွေတော့မကြည့်မိစေနဲ့ .. ကျနော်လုပ်ထားတဲ့စမူဆာပုံတွေ က တော့ ရှာမတွေ့ တော့ဘူးဗျာ ....... ယုံယုံကြည့်ကြည့်လုပ်စားပါ ကျနော့လက်၇ာပွဲဝင်ပါတယ်.။အချဉ်ကတော့ ကြိုက်သလိုသာဆော်တော့ ကျောင်း အမ တို့ ရေ......

တဆက်ထဲ ဆက်ပြောလိုက်မယ် ဗရာကြော်နည်း ပျင်းတယ်ဗျာ နောက်နေ့ပေါ့.

ပေါက်ရေ ရှိရင် တင်ပေးလိုက်ပါနော့ငါ့ပို့ထားတဲ့ စမူဆာဘန်းပုံ

.....................................................................................................................

ဒီပို့စ်ကို ကိုဖြိုးရေးတာပါ..
ကိုဖြိုးဆမူစာလုပ်တတ်လို့ ရေးပြီး ။ရိုက်ပြီး တင်တဲ့ပို့စ်ပါ။။

ညဈေးတန်း



ဒီည...
ပျင်းပျင်းရှိတာနဲ့ အလုပ်ကအပြန် ညဈေးသွားပါတယ်..
မစားရတာကြာပြီဖြစ်တဲ့ တိုဟူးပုပ်ကြော် စားဖြစ်တယ်။။
အပုပ်ခံထားတော့ အနံ့က နံထောင်းနေတာပဲ..။။ဒါပေမယ့် စားကောင်းတယ်။။
အချဉ်ဖတ်လေးထဲ့ ငြုပ်သီးလေးထဲ့စား ကောင်းမှကောင်း ။။
ညဈေးမသွားတာကြာလို့လားမသိ ဒီညမှ မိုးရွာတယ်။ဟိဟိ
ကမန်းကတန်း ထီးဝင်ဝယ်လိုက်ရသေးတယ်။။ ကုန်စုံဆိုင်ဆိုတော့
ယိုစုံတွေပါရောင်းတော့ မက်မန်းသီးယို မက်မွန်သီးယို
အခွံပါစားလို့ရတဲ့ ပဲကြော်(ဒီပဲက မေမြို့မှာတော့တော်တော်ပေါတယ်)
ဝယ်စားဖြစ်တယ် ။။
မိုးတွေရွာနေလို့ ညဈေးမှာလူပါးတယ် ။။ ခါတိုင်းသောကြာည စနေညတွေဆို တိုးမပေါက်ဘူး။။
ဒီကလူတွေ အားအားရှိညဈေးတအားလည်ကြတယ် ။။ စားစရာတွေလည်းပေါမှပေါ။။
အမျိုးစုံတယ် ။တရုတ်စာ ။ကိုးရီးယားအစာ ။ယိုးဒယားသင်္ဘောသီးထောင်း ။အိန္ဒိယအစာ
တွေကအစရောင်းတယ် ။။ ကိုယ်ကတော့ မစားဖြစ်ပါဘူး ။ကိုယ်စားလို့ရတဲ့ဘောင်က
ကျဉ်းတယ်လေ။။

ငယ်ငယ်တုန်းက မေမြို့မှာညဈေးဆိုတာမရှိဘူး ။။ မန်းလေးညဈေးကိုတော့ လည်ဖူးတယ်။
မမှတ်မိဘူး ။အခုတော့ မေမြို့ဈေးကြီးလမ်းမှာ ညဈေးတန်းကြီး စည်ကားလို့ ။
စားစရာတွေချည်းပဲ ရောင်းကြတာ။။ တစ်မျိုးပဲ ၀ယ်စားဖြစ်တယ်။။ ဒေါ်မိတိုက် အရှေ့မှာ
လက်တွန်းလှည်းလေးနဲ့ ရောင်းတဲ့ ကောက်ညှင်းထဲမှာ အုန်းသီးထာပနာ ထားတာ။။
မုန့်လုံးရေပေါ်ထက်ကြီးတယ် ။ဒါပေမယ့် ဒီမုန့်က ဗန်းထဲမှာစီထည့်ပြီး မီးကင်ထားတာ။။
ဘာမုန့်ခေါ်လဲတော့ မသိဘူး ။။ အဟီး ရေးရင်း စားချင်လာပြီ ။။

မကြိုက်ခြင်းများ



လူတွေမှာ မကြိုက်တာတွေရှိတတ်တယ်..
တစ်ချို့က အချိုမကြိုက်ဖူး။ တစ်ချို့က အငန်မကြိုက်ဖူး ။ တစ်ချို့က သနပ်ခါးမကြိုက်ဖူး ။
တစ်ချို့ကျတော့ သစ်သီးမကြိုက်တာ ။တစ်ချို့များကျတော့ ဟင်းသီးဟင်းရွက်မကြိုက်တာ။
ဟစ်ပ်ဟော့ မကြိုက်သူ ။ ရော့ခ်မကြိုက်သူ ...စသဖြင့်ပေါ့....။။

နိနိလေးက ငါးမကြိုက်ဖူး ။ ကျောက်ကျောမကြိုက်ဘူး..တဲ့။။
အိမ်က မောင်အကြီးကလည်း ငါးမကြိုက်ဘူး။ သူအခု အဝေးမှာနေနေရတော့
သူတို့ကိုဟင်းချက်ပေးတဲ့ အဒေါ်ကြီး ငါးဟင်းချက်မှာ သေမတက်ကြောက်နေလေရဲ့ ။။
အခွင့်ကြုံတိုင်း အိမ်ကို အမဲသားခြောက်မှာတယ် ။ ဘာလချောင်ကြော်မှာတတ်တယ်။။
မချိုသင်းကတော့ အချဉ်မကြိုက်တာထင်ပါတယ်( တစ်နေရာရာမှာဖတ်လိုက်ရသလားလို့..
မှားရင်ဆောတီးနော်..)
ရင်းနှီးခဲ့တဲ့သူငယ်ချင်းတစ်ယောက်ကတော့ ခေါက်ဆွဲမကြိုက်ဘူး ။လက်ဖက်မကြိုက်ဘူး။။
နောက်သူငယ်ချင်းတစ်ယောက်ရဲ့အစ်မဆိုလည်း လက်ဖက်ကို လုံးဝမကြိုက်တာ။ဒါကို ကိုယ်ကမနေနိုင်
စွာနဲ့ ဘာလို့မကြိုက်တာလဲ လို့ အတင်းရအောင်မေးတတ်ပါတယ်. ။ ပြီးတော့သူ့ကိုလည်း အတင်းစားခိုင်းပါတယ် ..ဟီး(ဆိုလိုတာက မကြိုက်တဲ့လူတွေသတိထားနော်. အတင်းကျွေးပလိုက်မှာဗျ။)

အလုပ်မှာတူတူလုပ်တဲ့အစ်မဆိုလည်း ခေါက်ဆွဲကိုမုန်းပါသတဲ့ ။အမဲသားအနံ့မခံနိုင်ပါဘူးတဲ့။
ဆိတ်သားဆို ညှီလွန်းတယ်ဆိုပဲ ။။

ကိုနိက ဟင်းချက်ရမှာ မကြိုက်ဘူးဆိုပဲ(နိနိလေးပြောတာ) ။တခြားသူတွေ ဘာမကြိုက်ဘူး
လဲဆိုတာ မသိလို့ မရေးတော့ပါဘူး။။

ကျွန်တော်ကိုယ်ကျွန်တော်ကတော့ ချေးမများဘူး ထင်နေတာ ပြန်စဉ်စားကြည့်တော့..
ကျွန်တော် ခရမ်းသီးမကြိုက်ဘူး။ ဖရုံသီးလဲမကြိုက်ဘူး ။ ဆားလေးတာမကြိုက်ဘူး၊ အချိုမှုန့်မကြိုက်ဘူး ။ဆီတိုဖူး မကြိုက်ဘူး ။ပဲပြားမှိုတက်(ရှမ်းပြည်မှာပဲရှိပါတယ်)
မကြိုက်ဘူး ။ တရုတ်နံနံမကြိုက်ဘူး ။ရိုးရိုးနံနံပင်ကိုတော့ အရမ်းကြိုက်ပါတယ်။။
လက်ဖက်ရည်ချိုကိုလည်း မကြိုက်ပါဘူး ။(ငယ်ကတည်းက လက်ဖက်ရည်ဆိုင်နဲ့ ဘေးချင်းကပ်
ရက်နေလာတာတောင်မှနော်..)

ရီစရာပြောရဦးမယ်..ဆားလေး တာသာမကြိုက်တာ .. ကျွန်တော်က ငပိ ။ငန်ပြာရည်တော့ ကြိုက်သဗျ၊ ဒါပေမဲ့ ဆီတိုဖူး တို့ ပဲငပိတို့မကြိုက်တော့
သူငယ်ချင်းတွေက ကျွန်တော့်ကို ဗမာမ တဲ့..ဒါပေမယ့် ခရမ်းသီးနဲ့ ဖရုံသီးကိုတော့
သူများချက်ရင်တော့ စားပါတယ် ။။(ပျင်းတာကိုး ဟီးဟီး)

ဆမူစာ..အကြော်စုံနဲ့ကျောက်ကျော



တနေ့က မြန်မာတန်း ရောက်တုန်း ဆမူစာနဲ့ ဘယာကြော်
ကြက်သွန်ကြော် ၀ယ်လာခဲ့တယ်...စားကြနော်..
အိမ်ရောက်တော့..မကျည်းမှည့်လေးရေဖျော်ပြီး .ပူစီနာ..ငြုပ်သီး
ကြက်သွန်ဖြူထောင်း..ဆားလေးထဲ့ပြီး တို့စားလိုက်တယ်။။
အချဉ်ကို ရိုက်မထားမိဘူး။။
ပြီးရင်..အချိုသုံးဆောင်ပါ..။။
အုန်းနို့ကျောက်ကျောက ကိုယ်တိုင်လုပ်တာပါ။။

သူငယ်ချင်းတစ်ယောက်က ပို့စ်တင်အုန်းဆိုလို့တင်လိုက်တာပါ။။
ဟီး စကားနားထောင်တယ်နော်...
သူငယ်ချင်းရေ...
ပြောင်းလဲတာနဲ့ မူမမှန်တာ မတူဘူးလား...တူတူပဲလား
ငါကတော့ မူမှန်မှန်နဲ့ပြောင်းလဲနေတယ်...။။ဟဲဟဲ



သူငယ်ချင်းတစ်ယောက်သို့....

သူငယ်ချင်းတယောက်သို့ ..

အဝေးမှာနေ
တွေးခေါ်နေလဲ
လွမ်းစဲလွမ်းရာ
အရာအရာ သို့ ...
ဖုန်းတလုံးကိုင်
ထိုင်မှိုင်မာန
အတိုးချ၍
လွမ်းနိုးရာရာ
စာတိုပြန်ဖတ်
အလွမ်းဇာတ်သို့ ....
ပေါရဲလိုက်တာ
မောစဲငါ့မှာ
ဘလော့မှာဆွေး
ဘလော့သွေးနဲ့
ဘလော့လောက
စိတ်ချရအောင်
ဘလော့စားသည်.
ဘလော့အိပ်သည်.
ဘလော့နားသည်..
ခောတ်ရာသီဝယ်..........



ကိုဖြိုးရေးသည်။။

MRT



အခုတလော ဆီဈေးတွေတက်လို့ MRT နဲ့ အပြင်ထွက်ပါမှ...
သူငယ်ချင်းက ဆီဈေးကျတာ ၂ရက်ရှိပြီတဲ့..၂ကျပ်လောက်ဈေးကျသွားတယ်တဲ့...
ချွေတာရေးလည်းလုပ်ရင်း...လေထုညစ်ညမ်းသက်သာစေဖို့ ရည်ရွယ်ရင်းး
(အမှန်က လူအထင်ကြီးအောင်ပြောကြည့်တာ..)

ဆင်ရာတိမ်မိုး......

မိုး...မပြိုနဲ့ဦးလေ....
ဒီရာသီကနွေ....
အို..မိုး..မပြိုနဲ့ဦးလေ...
နေစရာအဆင်မသင့်ခင်....
ပြင်ဆင်စရာလိုလိမ့်မယ်...မိုးရယ်...
အမှန်တကယ်လိုသေးတယ်.....

လွမ်းမနေပေမယ့်လေ...
ပြန်လည်ကာဆုံမိရင်.............
အို ခန်းနေလေသေးတဲ့.............
မေတ္တာတွေမပျယ်သေးခင်..........
ရင်နာစရာကြုံလိမ့်မယ်..မိုးရယ်...
ရင်ခွင်မှာနာကျင်အုန်းမယ်......

ပြောင်းလဲခြင်းနဲ့မူမမှန်ခြင်းကို
ဆင်သလိုလို ထင်ကြတယ်
စိတ်ညစ်တဲ့အခိုက်မှာ လူတိုင်းဟာ
ထင်ရာတွေမြင်ကြတယ် မိုးရယ်
မြင်တာတွေ မထင်မရှားနဲ့....

အိ လာတဲ့မိုးကို..........
မပြိုခင်ရင်ဆိုင်ဦးမယ်..............
အို မိုး...
ဒီတော့လည်းလေ....
ပြိုမလိုလို ညိုပြီးမှ ပြေးတယ်
ဘယ်ဆီမှာ ညိုအုန်းမယ်.......


ဒီသီချင်းကို အရင်ကနားထောင်ဖူးပေမယ့် အခုလောက်ထိ
မခံစားမိခဲ့ဘူး...


還是會寂寞


အခုတလော..
ငိုင်နေရင်းနဲ့ ဒီသီချင်းပဲနားထောင်ဖြစ်နေတယ်..
.....................
...........
.......

ရောဂါ

ဘယ်အချိန်ကစပြီး ကျွန်တော်တိရိစ္ဆာန်လေးတွေကိုကြောက်တတ်မှန်း
မသိပါ။။ သေချာတာတစ်ခုက ကျွန်တော်သိတတ်စအရွယ်က စလို့ ခွေးလေးတွေ
ကြောင်လေးတွေကို အရမ်းကြောက်ပါတယ်။။ နောက်တော့ ကြွက်လေးတွေ
ယုန်လေးတွေကိုတွေ့လည်း အနားမကပ်ရဲပါ။။ အထူးသဖြင့် မွေးကာစအကောင်ပေါက်စ
လေးတွေ ကိုပိုအူယားပြီး ကြောက်ပါတယ်။။ ၄-၅ တန်းမှာ ဂဲလောင်းချောင်း
နားက တရုတ်ကျူရှင် အသွားလမ်းပေါ်က ယမင်းဆံပင်အလှပြင်ဆိုင်က ခွေးစုတ်ဖွားလေး
တွေ အလိုက်ခံရတာမှတ်မိပါသေးတယ်။။ အကိုက်တော့မခံရဖူးပေမယ့် ခွေးတွေ့ရင်
ပတ်ပြေးနေတတ်တယ် ။။

နောက်တရုတ်ကျောင်းတစ်ခုမှာမွေးထားတဲ့ အညိုရောင်ခွေးကြီးကိုက်တာခံရဖူးတယ်။။
အိမ်ကအဖိုးက တိရိစ္ဆာန်လေးတွေ သိပ်ချစ်တတ်တာ။။ ကြောင်လေးတွေနဲ့လည်း
အိပ်တတ်တယ်။။ ညီမလေးလည်းကြောင်လေးတွေနဲ့ ပွတ်သီးပွတ်သက် နေတတ်တယ်။။
အိပ်တတ်တယ်။။ ကျွန်တော်ကတော့ ကြောင်ကို အနားကပ်ကို မခံနိုင်တာ။။ အခုအလုပ်မှာ
အလုပ်ရှင်သူဌေးမက သူ့အချစ်တော်ခွေးလေးကို ဆိုင်ကိုခေါ်လာချင်တာ ကျွန်တော်က
သေမတတ်တောင်းပန်ပြီး ပေးမလာပါဘူး။။

ကျွန်တော်ကြောက်တာနောက်တစ်ခုက သရဲ တစ္ဆေ ။ ငယ်ငယ်တုန်းက အဒေါ်တစ်ယောက်က
ညညဆို သရဲပုံပြင်ပြောပြပြီး ခြောက်တတ်ပါတယ် ။။ တခါတရံ ရုပ်ရှင်ကြည့်အပြီး
ပြန်လာရင် လမ်းမှာ ဆေးရုံကြီးက ရင်ခွဲရုံဘေးလမ်းကိုဖြတ်ရပါတယ် ။။ ရင်ခွဲရုံနဲ့
မျက်နှာချင်းဆိုင်က တောင်ကျောင်းကြီးဘုန်းကြီးကျောင်းပါ။။ အဲဒီအချိန်တွေဆို
မျက်လုံးစုံမှိတ်ပြီး အဖေ့စက်ဘီးနောက်ကထိုင်ပြန်လာမြဲ။။ အခုချိန်ထိလည်း
သရဲကားမကြည့်ရဲပါဘူး။။ ကြည့်လည်းမကြည့်ဖူးပါဘူး ။။

ဟိုတလောက သူငယ်ချင်းတစ်ယောက် သူ့အဆောင်သရဲခြောက်တဲ့အကြောင်း
ပြောပြတာ နားမထောင်ရဲဘူး ။ ကျွန်တော်စဉ်းစားတယ် အဲဒီတိရိစ္ဆာန်လေးတွေ
ကြောက်တတ်တာ သရဲတစ္ဆေကြောက်တတ်တာတွေဟာ ရောဂါတစ်မျိုးပါလား
လို့ ။။


ငယ်ငယ်က ၁ရပ်ကွက်မှာနေခဲ့တာပါ။။

အိပ်မက်

ညနေက အိမ်ပြန်ရောက်တာနဲ့ စက်ဖွင့်ပြီး
ဘလော့တကာလည်ပါတယ်။။ အဲ့ဒီမှာ မကေရဲ့ဘလော့ဖတ်ပြီး
သူတစ်ပတ်လောက်နားလိုက်တာ ဖတ်ချင်တာဖတ်လို့ရတယ်.
လုပ်စရာရှိတာလုပ်လို့ ရတယ်..အေးဆေး အသက်ရှု အနားယူလို့ရတယ်..
ဆိုပြီး ရေးထားတာ..
ဒီမှာ ကျွန်တော်ကဖြင့် ဘလော့ပိုး ၀င်ကာစပဲ ရှိသေးတာကို။။
မနက်စောစောထ ပြီး ခရီးတစ်ခုသွားထားတဲ့အရှိန်နဲ့ အိပ်ငိုက်လို့
ခဏအိပ်ပျော်သွားပါတယ် ။ နောက် ဂျီတော့မှာ ကိုယ်မသိတဲ့ နစ်တစ်ခုက
ကျွန်တော့်နဲ့ လာစကားပြောပါတယ် ။ ကျွန်တော်က ဘယ်သူပါလဲ လို့မေးတော့
မကေအိုအမ် ပါတဲ့ ..ကျွန်တော်အံ့သြပြီးဆက်ချက်နေမိပါတယ်....မကေအိုအမ်က
ကျွန်တော့်ကို ဘလော့ထဲမှာပဲ လည်မနေနဲ့ အိမ်အလုပ်လေးဘာလေးလည်း
လုပ်ပါအုန်း...လို့တရားချပါတယ်။ ကျွန်တော်က ´`ဟုတ်ကဲ့ပါမ `` လို့ ရိုရိုသေသေ
ဂတိပေးပါတယ်..။
သြော်..................
ဘလော့ .............
အိပ်မက်ထဲထိ စိုးမိုးလွန်းပါလား..........။။

ထမင်းကြော်




ဒီနေ့တော့ အရင်နေ့တွေက ထမင်းကျန်တွေများနေတာနဲ့
ထမင်းကြော်ကြော်စားဖြစ်ပါတယ်..
၁) ဘိုစားပဲသီးအနည်းငယ် လှီးထား။ပြောင်းဖူးတစ်ဖူး လှီးထား။
ခါကျက်ဥ ပုံပါအတိုင်းလှီးထားပါ
၂) ပုဇွန်ကို ကြက်သွန်ဖြူ ကြာညို့အငန် ဂျင်းရည် နဲ့ နှပ်ထားပါ။

ဒယ်အိုးထဲကဆီဆူရင်...နှပ်ထားတဲ့ပုဇွန်ကို၂မိနစ်ကြော်ပါတယ်..
မကျက်တကျက်မှာဆယ်ထားပါ။။
ပြီးရင် ၁) ကိုထဲ့ကြော်ပါတယ် မကျက်မှာကြောက်ရင် အိုးဖုံးခဏဖုံးပေးပါ
ဆား ထဲ့ပါ ။ ၅မိနစ်လောက်ကြော်ပြီးရင် ထမင်းကြမ်းထဲ့ပါတယ်။
ခရုဆီရှိရင်ထဲ့ပါ..မရှိလည်းစားလို့ဖြစ်ပါတယ်..ပြီးရင်ဆယ်ထားတဲ့ပုဖွန်တွေထည့်ပါ။။
ကြက်သွန်မြိတ်ရှိရင်လှီးထည့်ပါ..ပိုမွှေးတာပေါ့။
ကြက်ဥကြော်ကြိုက်ရင်ကြော်ပြီးတူတူစားနိုင်ပါတယ်။။
အချဉ်ကိုတော့..ကြက်သွန်နီ နဲ့ ပင်စိမ်းနဲ့ ငြုပ်သီးစိမ်း ကို
သံပုရာသီးလေးညှစ် ။ ဆားလေးနဲနဲထည့်ပြီး သုတ်စားပါ..





သွေး (သွေးအမျိုးအစားများ)

ဟိုနေ့က တီဗွီအစီအစဉ်မှာ သွေးအမျိုးအစားတွေအကြောင်း ကြည့်ရပါတယ်။။
A သွေး, Bသွေး , O သွေး နဲ့ ABသွေးဆိုပြီးတော့..
အစီအစဉ်ထဲမှာတော့...
Aသွေးပိုင်ရှင်တွေဟာ အနေအေးတယ် ။ သူတစ်ပါးအတွက် အနစ်နာခံကူညီတတ်တယ်
ပြဿနာဖြစ်မှာကြောက်လို့ သူတစ်ပါးနဲ့ အလိုက်အထိုက်နေတတ်တယ် ။ ကပ်စေးကုပ်တယ်။
ငွေရေးကြေးရေးစီမံခန့်ခွဲတတ်တယ် တဲ့။။ တုန့်ပြန်မှုအေးစက်တယ်။A သွေးပိုင်ရှင်တွေ
စိတ်ထဲမှာ ဘာကိုတွေးနေလဲဆိုတာ အပြင်လူမသိနိုင်ပါဘူးတဲ့ ။

B သွေးပိုင်ရှင်များကတော့ ပျော်ပျော်နေတတ်တယ် ။ သူတပါးစကားနားယောင်လွယ်တယ်
ဆုံးဖြတ်ချက်မပြတ်သားဘူး( နောက်ဆုံးတစ်စက္ကန့်အထိ တွေဝေနေတုန်းပဲ..တဲ့)
(နောက်ရှိသေးတယ် မမှတ်မိတော့လို့..)

O သွေးပိုင်ရှင်တွေကတော့ စိတ်ဆိုးစိတ်ကောက်လွယ်တယ် ။စိတ်ပြေလွယ်တယ် ။
လိုချင်တာ မရရအောင်ယူတတ်တယ်တဲ့ ။ခေါင်းမာတယ် ။

AB သွေးကိုတော့ လူအများစုအကြောက်ဆုံး အပေါင်းအသင်းမလုပ်ချင်ဆုံးသောသွေးတဲ့။။
အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်တတ်တယ်တဲ့ ။ AB သွေးပိုင်ရှင်တွေဟာ စိတ်ထဲမှာရှိတဲ့
အတိုင်း မျက်နှာမှာဖေါ် ပြတတ်ကြတယ် ။။စိတ်မကြည်ရင်လည်း မျက်နှာဆူပုပ်ပြဖို့
ဝန်မလေးဘူးတဲ့ ။။

ကျွန်တော်ကတော့ အို သွေးအမျိုးအစားပါ ။ ဘ၀မှာအရင်းနှီးဆုံးABသွေးပိုင်ရှင်
ရှိခဲ့ဖူးပါတယ်။။ ကျွန်တော့်အတွက်တော့ ABသွေးက ကောင်းသောမိတ်ဆွေပါ။။
A သွေးကိုတော့ ကျွန်တော်နားလည်အောင်ကြိုးစားခဲ့ပေမယ့် တကယ်ပဲ ခက်ခဲခဲ့ပါတယ်။။

မှတ်ချက်။။ စိတ်ထဲရှိတာသက်သက်မို့ အမှားပါရင် ခွင့်လွတ်ပါ။။


















ဆမိုင်


ဟိုတလောက ဘလော့တစ်ခုမှာဖတ်လိုက်ရတယ်
မြန်မာက ဆမိုင် ကိုလညိးလွမ်းတဲ့အကြောင်း
အဲဒါနဲ့ ကိုယ်လည်းမနေနိုင်တာနဲ့ ဒီကိုပြန်လာမဲ့ဆဲဆဲ ညီမ၀မ်းကွဲကိုမှာပါတယ်
တစ်နေ့နေ့ ဒန်ပေါက်နဲ့ တွဲချက်ပြီး သူငယ်ချင်းကိုဖိတ်ကျွေးမယ်ဆိုပြီး
တေးထားတာ ကိုယ်ကမအားတာနဲ့ သူတို့မအားတာနဲ့ မလုပ်ဖြစ်ပါဘူး
အခုတော့ ဗိုက်နည်းနည်းဆာနေတာနဲ့ နွားနို့လည်းရှိနေတာနဲ့ လုပ်စားဖြစ်ပါတယ်။။
၁) ဆမိုင်ခြောက်ကို ထောပတ်နဲ့ အရင်ကြော်လိုက်ပါတယ် ။။
၂) အိုးတစ်လုံးထဲမှာ နွားနို့ကျိုလိုက်ပါတယ် နွားနို့ဆူတာနဲ့
ကြော်ပြီးသားဆမိုင်ကို ထည့်လိုက်ပါတယ် ။။သကြားသင့်သလိုထည့်ပါတယ်။။
စပျစ်ခြောက်အနည်းငယ်ထည့်ပါတယ် ။။
ကဲ သုံးဆောင်နိုင်ပါပြီ။။
ဖာလာစေ့ရှိရင်ထည့်နိုင်ပါတယ် ။။အုန်းသီး မရှိလို့မထည့်လိုက်ရဘူး။။

သူငယ်ချင်းများစွာ....

ကျွန်တော့်မှာ တော်တော်ရင်းနှီး မတွေ့ရမနေနိုင်စွာပေါင်းသင်းခဲ့ရတဲ့ သူငယ်ချင်းတစ်ဖွဲ့ရှိခဲ့ဖူးပါတယ်။
ကိုယ့်ထက်ကြီးတဲ့သူလည်းရှိတယ် ။ငယ်တဲ့သူလည်းပါတယ် ။တူတဲ့သူလည်းရှိတယ် ။ အတန်းတူတဲ့သူရှိအုန်းတောင်
ကျောင်းချင်းမတူခဲ့ကြပါဘူး ။ကျောင်းချင်းတူခဲ့အုန်းတောင် အတန်းခွဲချင်းတူတဲ့သူမပါပါဘူး ။
ဒါပေမယ့် ဘာဖြစ်လို့ တစ်ဖွဲ့တည်းပေါင်းသင်းနိုင်တာလဲဆိုတော့ ကျွန်တော်တို့မှာတူတာ နှစ်ခုရှိလို့ပါပဲ။။
ဘယ် နှစ်ခု လဲဆိုပြီး မမေးပါနဲ့နော် ။။ ရိုက်ချင်ရိုက် လုံးဝမပြောပါဘူး။။ ( အဟီး)
ကျောင်းချင်းသာမတူကြတာ ကျူရှင်ချင်းကြတူတဲ့သူပါပါတယ် ။ ဆရာဦးတင်မောင်ငြိမ်းကျူရှင်နဲ့ ၀ိုင်း။
ဆရာမဒေါ်ခင်ဆွေဝင်းဝိုင်း ။ဆရာလတ် ကျူရှင် ။
၁၀တန်းတွေပြီးသွားကြတော့ ကျောင်းဖွင့်တာစောင့်နေရင်း စပီကင်တွေတက်ကြပါတယ် ။ အစပိုင်း ကရင်ကုန်း
ချယ်ရီလမ်းက ဖီးဖီး ဖူးဖူးဆီမှာ ။ ကျူရှင်ပြီးရင် ကရင်ကုန်းကနေ မမောနိုင်မပန်းနိုင်
ကန်တော်ကြီးပတ်လမ်းက ရွှေကိန္နရီလက်ဖက်ရည်ဆိုင် ထိုင်ကြပါတယ်။။
ကျူရှင်မရှိတဲ့နေ့ဆိုလည်း ကျူရှင်ရှိသယောင်ယောင်နဲ့ ကန်တော်ကြီးစောင်း ။ကန်တော်လေးစောင်းမှာ
သွားထိုင်ပြီး အရည်မရ အဖတ်မရတွေထိုင်ပြောတတ်ကြပါတယ်။။
မနက်၉~ ၁၁ ။လေ့ကျင့်ရေးတပ်ထဲမှာရေသွားကူးချင်တော့ အိမ်ကို ကျူရှင်ဆိုပြီး တနင်္လလာကနေ
သောကြာအထိ နေ့တိုင်းရေသွားကူးပါတယ် ။။ရေကူးတတ်တာမကူးတတ်တာအပထား ဘုတ်ပေါ်ကနေ
ဒိုင်ဗင်ထိုး ပြိုင်ကြပါတယ် ။ ပြီးရင် ကန်ဘောင်မှာတပ်ကရဲဘော်တစ်ယောက်ရဲ့မိန်းမရောင်းတဲ့
မုန့်လက်ကောက်လိုလိုခပ်ချိုချိုမုန့်တစ်မျိုးဝယ်စားကြပါတယ်။။ အပြန်လမ်းက ဈေးလေးအပြင်ဖက်တန်းမှာ
ရောင်းတဲ့ နာနတ်သီးနဲ့ ဆား သံပုရာသီးသုတ် စားကြပါတယ် ။ရေကူးကန်မှာရေကူုးတာ နဂိုက တစ်ဖွဲ့လုံးမလိုက်ကြပါဘူး
မိုးနဲ့ နွဲ့ ညီအမရယ် ။လူးစ်နဲ့ဟောင်းစ် ညီအမရယ် ။ဝိုင်အမ်စီအေနားက ကလေးမ မိုးရယ် ကျွန်တော်ရယ် ၆ယောက်ပဲရေကူးတာ
စိတ်ဝင်စားပါတယ် ။ဒီထဲမှာ မိုးက ရေအကြောက်ဆုံး ။ရေမွန်းဖူးလို့နေ့တိုင်းသွားကူးပြီး ရေမကူးတတ်တာ သူပဲရှိပါတယ်။။
ရေစိုအ၀တ်တွေကို သူငယ်ချင်းအိမ်မှာပဲလျှော်လှမ်းခဲ့ပါတယ်။။
လေ့ကျင့်ရေးတပ်ကနေ မြို့ထဲနာရီစဉ်နားကအိမ်အထိ စက်ဘီးနဲ့ပြန်ရင် ဆံပင်လည်းခြောက်လုနီနီးရှိပါပြီ။။
ဖားကူး။ လိပ်ပြာကူး သင်ပြီးသကာလ မနေနိုင်လို့ အမေ့ကို ရေသွားကူးကြောင့် ၀န်ခံလိုက်ပါတယ်။။
ရလဒ်ကတော့....သူငယ်ချင်းတွေနဲ့ရေကူးကန်လိုက်တိုင်း ရေကူးခွင့်မရှိတော့ပါဘူး။။ အမေကလုံးဝမကူးရဘူး
တားလို့ပါ။။ အဟဲ...လိမ္မာတယ်နော် ။။ကန်ဘောင်ကနေ သူတို့ကူးတာပဲထိုင်မျှော်နေဖြစ်ပါတယ်။။
မနက်ခင်းတွေ့ ။ညနေခင်းတွေ့ လို့ အားမရသေးရင် မနက်လမ်းလျှောက်ချိန်းပြီးတွေ့ကြပါသေးတယ်။။
မေမြို့ဆောင်းမနက်ခင်းလောက် လမ်းလျှောက်လို့ကောင်းတာ ဘယ်မှာမှမရှိနိုင်ပါဘူး။
( ဟီး..ဘယ်ရှိမှာလဲ ကျွန်တော်ကမေမြို့မှာပဲနေဖူးတာကိုးးး) မနက် ၅နာရီလောက် ထပြီး
မြူတွေနဲ့ပိတ်နေတဲ့လမ်းကို စမ်းလျှောက်ရင်း ကန်တော်ကြီးဘောင်ထိ သွားထိုင်တတ်ပါတယ်။။
ဟူးးးးးးး
သတိရစရာတွေချည်းပါလား
ဒီနေ့ မိုးနဲ့ နွဲ့တို့ညီအမဆီသွားလည်ရင်း ။ကလေးမ မိုးရဲ့ အတင်းကိုတုပ်ရင်း ။ကျန်တဲ့သူငယ်ချင်းများ
ကိုသတိရရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။
ကလေးမမိုး ဒီပို့စ်ကိုတွေ့ရင် ဖုန်းဆက်ပါ ။။



ကျွန်တော် နဲ့ ယုံကြည်ချက်

အမှန်က ကျွန်တော်က နိုင်ငံရေးတွေ ဘာသာရေးတွေ ဆွေးနွေးလေ့ရှိတဲ့သူ
မဟုတ်ပါဘူး ။။ ကျွန်တော့်မှာ သူငယ်ချင်းလူမျိုးပေါင်းစုံ။ဘာသာပေါင်းစုံရှိပါတယ်။။
နိုင်ငံရေးဆိုလည်း အခုနေတဲ့နိုင်ငံမှာ ပါတီကြီးနှစ်ပါတီ ရှိပါတယ် ။။ဒါပေမယ့် ဘယ်ပါတီ
ကိုမှ အစွဲကြီးမဟုတ်ပါဘူး။။ ကိုယ်လုပ်နေတဲ့ အလုပ်က ပါတီစွဲရှိလို့လဲမဖြစ်ပါဘူး ။။
ကိုယ့်customer ထဲမှာ အစိမ်းရောင်ပါတီလည်းရှိမယ်။ အပြာရောင်ပါတီလည်း ရှိပါတယ်။။
(အစိမ်း ။ အပြာ ဆိုတာ အလွယ်ခွဲခြားခေါ်လိုက်တာပါ) ဒီကလူတွေကပါတီစွဲ အရမ်းကြီး
ကြတယ် ။။သူများတွေကဘယ်ပါတီကိုကြိုက်လဲမေးလာရင် ဘယ်တော့မှမဖြေပါဘူး ။။
အဲဒီအချိန်ကျရင် ကျွန်တော့်သူဌေးမက ကျွန်တော့်ကို စတတ်ပါတယ်။။ နင်က
ဂျင်ကလယ် ။ နင်အဲဒီလိုဖြေတော့ ဘယ်သူ့ကိုမှ မထိခိုက်ဖူး ဘာညာပေါ့။။ အမှန်က ကျွန်တော်
သူများနဲ့ အတိုက်အခံ မလုပ်လိုဘူး ။။
နောက် ဘာသာရေး ။ ကျွန်တော် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ အပေါင်းအသင်းလုပ်ပါတယ်။။ အမေ့အခင်ဆုံးသူငယ်ချင်းဆိုရင်လည်း မြန်မာလူမျိုး ဗုဒ္ဓဘာသာစစ်စစ်ပါ ။။
အဲဒီအန်တီကိုးကွယ်တဲ့ ဘုန်းဘုန်းနေမကောင်းလို့ ကြက်ပေါင်းလုပ်ပို့ပေးပါဆိုလည်း
အမေက ပို့ပေးနေကြပါ ။။ကျွန်တော်ကိုယ်တိုင် မေမြို့ပြန်လို့ ဘုန်းကြီးကျောင်းသွားတာနဲ့
ကြုံရင် လိုက်သွားနေကြပါ ။။ ကျွန်တော့်မှာ ကိုယ့်နဲ့လူမျိုးတူ ဘာသာတူသူငယ်ချင်းများသလို
အရှေ့မှာရေးခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်လုံး မြန်မာဗုဒ္ဓဘာသာစစ်စစ်တွေချည်းပါဘဲ ။။
အဲ့ .......ဒါပေမယ့် အွန်လိုင်းရောက်တော့ မှတ်မှတ်ယယ ၂၀၀၅~၂၀၀၆ လောက်က ဘာသာရေးဖိုရမ်တွေမှာ တိုက်ခိုက်နေကြတာ တအားပါပဲ ။။ အစပိုင်းမှာကိုယ့်မှာတော့
ကိုယ့်ဘာသာကို ပိုပြီးလေ့လာချင်စိတ်နဲ့ ၀င်ခဲ့မိပါတယ် ။။တစ်ခေါက်လောက် ၀င်လေ့လာပြီး
နောက်ထပ် မသွားရဲလောက်အောင် စိတ်ပျက်ခဲ့ရပါတယ် ။။ ဟိုတလောက ဘာသာတူသူငယ်ချင်း
တစ်ယောက်ရဲ့ဖိတ်ခေါ်မှုကြောင့် ဘာသာရေးဖက်ကိုသွားခဲ့ပါတယ် ။။ လေ့လာချင်တာလည်း
လေ့လာရ ။ မမြင်ချင်တဲ့ စာသားတွေလည်းမြင်ခဲ့ရနဲ့ပေါ့။။ ဒီလိုနဲ့ နောက်ဆိုက်ဒ်တစ်ခုရဲ့
ဘာသာရေး မဟုတ်တဲ့ ဂီတဖိုရမ်ထဲမှာ လူမျိုးရေးနဲ့ ဘာသာရေးကို အသားလွတ်ထိခိုက်ထားတာ
တွေ့လို့ မနေနိုင်လို့ဝင်ပြောမိပါတယ်(အေးချမ်းစွာနဲ့ပြောတာပါ။နားမခံသာစရာတစ်လုံးမပါ)
အဲဒီယူဇာနဲ့သူ့သူငယ်ချင်းတစ်ယောက်က သူတို့ကျွမ်းကျင်တဲ့ စကားလုံးတွေနဲ့ တရစပ်
ပစ်ခတ်ပါတော့တယ် ။။ ကျွန်တော်ကတော့ပြန်ပြောလိုက်ပါတယ် ။။ကျွန်တော်ရန်မဖြစ်တတ်ပါဘူး
ကျွန်တော်ရန်မဖြစ်ရဲပါဘူး လို့။။ ကျွန်တော့်စိတ်ထဲမှာတော့အရင်က ဒီဆိုက်ဒ်(နောက်က ဆိုက်ဒ်)ကို
တရားမျှတတဲ့ဆိုက်ဒ်အဖြစ် သဘောကျခဲ့ပါတယ်။။ အဓိကကတော့ ဒီဆိုက်ဒ်မှာ ဗုဒ္ဓဘာသာကလွှဲလို့
ဘယ်ဘာသာကိုမှတော့ပစ်မတင်ထားပေးလို့ ပိုသဘောကျခဲ့ပါတယ် ။။
ကျွန်တော်မှားကောင်းမှားပါလိမ့်မယ် ။အမြင်မတော်တာဝင်ပြောမိတဲ့အတွက်။။
အမှန်က ကျွန်တော်ဘာသာရေးအတွက်နဲ့လည်း သူတပါးနဲ့အတိုက်အခံမလုပ်လိုပါဘူး ။။










အဆိပ်ငွေကြေး