တွေ့ဖူးချင်တဲ့...

အတွေ့ချင်ဆုံး ဆယ်ယောက် တဲ့..
မသိင်္ဂီက တက်ဂ်လာပါတယ်..
အူကြောင်ကြောင်နိုင်တာတစ်ခုကတော့..
လူတကာတက်ဂ်သမျှ ကျနော့်ဆီရောက်ရင် ဂိတ်ဆုံးတော့တာပဲ..
သူများတက်ဂ်တဲ့ အကြောင်းအရာကိုရေးပြီးရင် ပြီးသွားရော..
(တကယ်လို့ ကျနော်က ဆက်လက် တ့က်ဂ်မယ်ဆိုလဲ တက်ဂ်စရာလူ
များများစားစား မရှိတာလဲ ပါပါတယ်။။ သိသမျှလူတွေကိုလဲ တခြားသူတွေတက်ဂ်ပြီးသွား
ပြီ်း ဖြစ်နေပါတယ်။။)

အတွေ့ချင်ဆုံး လူဆယ်ယောက်လို့ မေးထားပေမယ့် ခင်တဲ့သူ အားလုံးကို
တွေ့ဖူးချင်ပါတယ်။။ (ဟယ်..ပေါက်..စကားပြောတတ်လိုက်တာ..
ပျားရည် ငုံပြီးပြောသလား ထင်ရတယ်..ဟီးဟိ)

မသိင်္ဂီကိုတွေ့ချင်ပါတယ် ..။။
မသိင်္ဂီကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ပြန်တုန်းက တွေ့ဖြစ်တော့မယ်ထင်ပြီးမှ..
မတွေ့မိခဲ့ဘူး..။။

ကိုနိ နဲ့ မယ်နိ
ကိုလဲ တွေ့ဖူးချင်တယ်..။။ကျနော့ဘလော့လေးကို ကိုနိတို့စပြီး လာလည် ..
အားပေးစကားတွေပြောတာ ကိုနိတို့ မယ်နိတို့ပဲပေါ့..
အညာအကြောင်းတွေရေးတဲ့ မယ်နိကို အညာမှာမနေပေမယ့်..အညာသူ
စာရေးဆရာမတွေကို ကြိုက်နှစ်သက်တဲ့ ကျနော့်အတွက် အရမ်းရင်းနှီးနေတဲ့..
အိမ်နီးချင်း မောင်လေး..ညီမလေးလိုပဲ..။။

မမခင်ဦးမေ
ကိုလဲ မြင်ဖူးချင်တာပဲ..။။
မမခင်ဦးမေနဲ့တော့ မခင်ပါဘူး..။။နာမည်ကြီးလွန်းလို့ မြင်ဖူးချင်ယုံပါ..။။(ဟီးဟိ)
မနုစံ
ကိုမြင်ဖူးချင်တယ်..။။
ပန်းအိုးလေးထိုးလိုက် ...လည်လည်သွားလိုက်...မုန့်ဟင်းခါးချက်လိုက်နဲ့..။
ဘာလုပ်လုပ် သေသေ သပ်သပ်လုပ်တတ်တဲ့ မနုစံကိုဗရမ်းဗတာ ကျနော်က
မြင်ဖူးချင်တာ မဆန်းပါဘူး.။။အားကျလို့ပါ။။

မသီတာ
တို့မိသားစုကိုလဲ မြင်ဖူးချင်တာပဲ။။
တခါတလေ မသီတာတို့အရေးအသားတွေကို
အထပ်ထပ် အခါခါ ဖတ်ရပေမယ့် ခင်တယ်။။(ဟားဟ)
အပြင်မှာသူငယ်ချင်း၁၀ယောက်တောင် မရှိဘူးဆိုတဲ့..
အမကြီး မသီတာကို ပိုလို့တောင်မြင်ဖူးချင်သေးတယ်။။

မတန်ခူးကို မချိုသင်းဘလော့မှာစပြီးသတိထားမိခဲ့ပါတယ်။။
ကျနော့်ကိုလဲ ညီမလေးတစ်ယောက်လို ခင်ပါတယ်။။
မတန်ခူးတို့မိသားစုကိုလဲ မြင်ဖူးချင်ပါတယ်။။

မမတို့ မယ်နိတို့ စီပုံးမှာခင်ခဲ့ရတဲ့ စိတ်ထားနှူးညံ့တဲ့ မမီယာကိုလဲ
မြင်ဖူးချင်တယ် ။။

သူလမ်းလျှောက်ရာ ဆွဲခေါ်သွားတဲ့ သုနှင်းဆီ ကိုလည်း
ခင်တာပေါ့။။
(မွန် ..လမ်းလျှောက်ပို့စ်တင်တဲ့နေ့က မွန့်ဘလော့ဂ် စရောက်တာမို့)

အမျိုးတွေ သူငယ်ချင်းတွေ စလုံးလာရင် လိုက်ပို့ရ လွန်းလို့
ကြောက်နေတဲ့ မသက်ဝေကိုလဲ တစ်နေ့နေ့ သူ့ဆီသွားပြီး ညှင်းပန်း
ချင်တယ်။။

ဗဟုသုတစွယ်စုံတဲ့ မနုသွဲ့ကိုလဲ မြင်ဖူးချင်တာပဲ။။
မနုသွဲ့ ကျနော့်ကိုတွေ့ရင် ကြည့်မရဖြစ်နေမလားပဲ။။(ကျနော်က ဂျစ်ကန်ကန်နဲ့မို့)

ခင်တာမကြာသေးတဲ့ Mae ကိုလဲ တွေ့ဖူးချင်တယ်။။
သူ့ကိုတွေ့ရင် သူ့ရဲ့ ခရီးသွား မှတ်ကျောက်တွေ တ၀ကြီး
မေးချင်တယ်။။

မေမိုးလေး နဲ့ လဲတွေ့ဖူးချင်တယ်(ဓါတ်ပုံတွေဖူးတာ မဆိုင်ဘူးနော်)

လင်းစ်စ်ကိုလဲ တွေ့ဖူးချင်တာပဲ...။။

စီဘောက်စ်မှာခင်ရတဲ့...ဆင်ဆင် နဲ့ မြိုးကိုလည်း တွေ့ဖူးချင်တယ်။။

မမိုးကောင်းသူ...မစူးတို့လက်ရာလဲစားဖူးချင်တာပဲ..။။

ကျနော့ကို ဘလော့ဂ်လောကထဲက ပြန်မထွက်နိုင်အောင်လုပ်တဲ့
မချိုသင်းကို မြင်ဖူးချင်တာ ပြောဖို့မလိုပါဘူး ထင်တယ်နော်။။

ကိုဘတို့...ကိုစတိဖ်တို့...ကိုကေတို့..မမစထရိုက်တို့ကိုလဲ အခါသင့်ရင်မြင်ဖူးချင်ပါတယ်။။
သြော်...နောက်...ကိုသစ်နက်ဆူးကိုလည်းတွေ့ဖူးချင်တယ်..တကယ်။။

တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ်...




ဒါလေးက ဖျင်းဖန့်(拼盤)
ကြက်သားလိပ်..ပင်လယ်စာကြော်..ဖီတန်..ကြက်မြစ်..ပေါင်းယွီ...






ဒါကတော့..ခုတ်ဝမ် လို့ခေါ်ပါတယ်..
အတွင်းမှာ ဂျုံစေ့တွေ..ပိန်းဥတွေ အမဲခြောက်တွေကို အပြင်ပန်းက ကြက်သားလွှာနဲ့ ၀န်းရံထားတာပါ..



ဒါကတော့ ချဉ်ချဉ်စပ်စပ်..ကြာဇံသုတ်ပါ..

ဒါကတော့ ပင်လယ်မျှော့ ချဉ်စပ် ဟင်းရည်ပါ...
စွန်တန် နဲ့ ပြုလုပ်ထားပါတယ်..
ငုံးဥပါတယ်..ကြက်သားပါတယ်..ဖက်ထုပ်ကြော်ပါတယ်..အဓိကကတော့ ပယ်လယ်မျှော့ပေါ့..
လှလှပပ ရိုက်ဖို့ရာ အချိန်မမှီတဲ့အတွက် ဆောတီးပါ..


ဒါကတော့ ကျနော်တို့စားတဲ့ဝိုင်းပေါ့..
ပြီးခါနီးမှ ရိုက်ဖို့သတိရလို့..
ပုဇွန်လိပ်ကြော်တို့...ဘဲကင်တို့...ဟင်းရွက်ကြော်တို့...အမဲအူအမဲလျှာစွပ်ပြုပ်(ဖားဟူး)တို့
ရိုက်ဖို့အချိန်မရလို့..

ပဲရေ..
Graceရေ...
သတိရအောင်တင်ပေးလိုက်တယ်ဟေးး...

နောက်ဆက်တွဲသတင်း။။
ဒီပုံပါ ဟင်းတွေက သူများမင်လာဆောင်သွားရင်း ရိုက်လာတာပါ။။
ကျနော်က တစ်စက်မှ အဖြစ်ရှိတာ မဟုတ်ပါဘူး ။။

寶貝


我愛妳


(親 愛 的 媽媽 = 我覺得 媽媽比全世界的媽媽 辛苦
်ချစ်လှစွာသော မာမား = မာမားဟာကမ္ဘာပေါ်မှာရှိရှိသမျှ မာမားတွေထက်

ပင်ပန်းတယ်ဆိုတာ ကျနော်သိပါတယ်။။

所以我長大會好好的照顧您
အဲဒါကြောင့် ကျနော်ကြီးပြင်းလာတဲ့အခါ မာမားကိုကောင်းစွာစောင့်ရှောက်ပါ့မယ်။။

您放心吧
(မာမား)စိတ်ချပါ။။

我愛您 您好美麗..
I love you မာမားကသိပ်ကိုချောမောလှပတာပဲ..ဟိဟိ)

မှတ်ချက် ။။ ။။ ဒီကကျောင်းတွေက မူကြိုကတည်းက အမေများနေ့ အဖေများနေ့(၈ရက်၈လ)
ဘာနေ့..ညာနေ့ ဆိုတာတွေကို ကျင်းပဖို့ အလေ့အထလုပ်ပေးထားပါတယ်။။
ဆိုတော့ ကလေးတွေက သတိမရချင်လဲ ရရတော့ပါတယ်။။
မူကြိုတုန်းကလဲ အမေများနေ့မှာ...tulipပန်း(စက္ကူပန်း)ပေးရတာနဲ့..
ကိတ်မုန့်လေးတွေ ပေးရတာနဲ့...စုံနေတာပဲ..
ဒီလိုနိုင်ငံတွေမှာ အခုလိုငယ်ကတည်းက မိဘကို သတိတရရှိစေဖို့
ဒီလိုနည်းနဲ့ သတိပေးထားခါမှ တော်ကာကျမယ်ထင်ပါတယ်လေ..။။



မနှစ်က ချန်းချန်းပေးတဲ့
အမေနေ့အမှတ်တယ ပို့စ်ကဒ်လေး..
၅ လ ၁၀ ရက်မှာ ကျရောက်မယ့် အမေနေ့ကို ကြိုဆိုတဲ့ အနေနဲ့ တင်ပေးလိုက်ပါတယ်..
ဒီနှစ် ဘာပေးမလဲ မသိရသေးပါဘူး..
ဒီနေ့ညနေကတော့ကိတ် ၀ယ်ပေးမယ်လို့တော့ ပြောနေတာပဲ.
(ပြောနေတာပဲနော်..၆လက်မကိတ်ကို ၅၉၉ကျပ် ဆိုတော့..သူ့မှာ ၄၇ကျပ်ရှိတယ်တဲ့)
ဒီတော့ သူပေးမယ့်ကိတ်ကို အတွေးထဲကနေ ပယ်ချလိုက်ပါပြီ..။။
နောက်တော့ subway ၀ယ်ကျွေးမယ်တဲ့..။။ ဘယ်နှစ်လက်မ စားချင်လဲ..တဲ့။။
၆လက်မဆို တော်ပါပြီလို့ ..။။ ၆လက်မ ၆၉ကျပ်လေ...ဈေးသက်သာတာပြောတာ။။



1$ = 33.73 NT




ရေတွေစို..


ပျင်းလို့ဆက်တင်တာ...



ထပ်တင်တဲ့ ဒီနှစ်ပုံက ပီအမ် တောင်းဆိုထားလို့...
ဒီလိုမှန်းသိ..များများရိုက်လာခဲ့ပါတယ်..
ကျနော်က သူတို့ကိုအားနာလို့...မသိအောင်ရိုက်လာတာ..
သူတို့လေးတွေက ဒီနေ့ရဲ့ dancer(မြန်မာ)လေးတွေပါ ။။








နေ့လည် အမျိုးတွေက ခေါ်လို့ ကျုံးဟို ကိုရောက်ရပါတယ်..
သူတို့က မနက်၉နာရီကတည်းက ရောက်နှင့်နေပါပြီ။။
မနက်ကတည်းက ဖုန်းတဂွမ်ဂွမ်နဲ့ ခေါ်နေတာ ချန်းမရှိသေးတာတစ်ကြောင်း
ကိုယ်ကိုယ်တိုင်က ပျင်းနေတာက တစ်ကြောင်း နေ့လည်၁နာရီလောက်မှ သွားဖြစ်ပါတယ်။။

မီးသတ်ကားက ပိုက်နဲ့ ပက်နေတာ...
မျက်လုံးice cream ကျွေးတာ..
ချိုချိုမွှေးမွှေးလေး..




ကျနော့ရဲ့ စင် ....၁






ဒီနေ့ရာသီဥတုကောင်းပါတယ်..
မိုးသားလေးလဲ ကြည်လင်လို့...
ကောင်းကင်ကြီးကလည်း ပြာလို့...
ဒီမနက်စာ အီကြာကွေးထဲမှာ

ဘာလချောင်ကြော်ထည့် နာနတ်သီးညှပ်ပြီးစားပါတယ်..(အီလည်လည်နဲ့ စားမကောင်းပါ )
ပဲနို့လေးသောက်လို့ပေါ့..
ပို့စ်အသစ်တင်ချင်တာ ဘာတင်ရမှန်းမသိဖြစ်နေတယ်..
လူကလဲ ခပ်ညံ့ညံ့ဆိုတော့..
ကိုယ့်မှာရှိတဲ့ စင်လေးကို

ထုတ်ကြွားလိုက်ပါတယ်..



မင်းလူ ။ သုမောင် ။ ဦးသာဓု ။နေ၀င်းမြင့် ။ ညီပုလေး(လူထုဒေါ်အမာသား )


ဂျုး ။မစန္ဒာ (ဆရာမစာအုပ်ကို ဒီရောက်မှစဖတ်ဖူးတာပါ) ။ခင်ခင်ထူး (ညီမလေး ညွှန်းလွန်းလို့ စဖတ်ပြီးကတည်းက
ကြိုက်ပါတယ် ..အထူးသဖြင့် `` အညာဆွေမျိုး ...နဲ့ မိုင်ခိုး(၀တ္ထုတို)...မိုးမိုး(အင်းလျား) နုနုရည် (အင်းဝ)



ဒီအထပ်က တ၀က်လောက်ကို ဦးနှောက်ခြောက်လို့ သိပ်မဖတ်ဖြစ်ဖူး..
ဘယ်ဖက်ခြမ်းကရသစာပေကလွှဲလို့...
အပေါ်၂ထပ်က ဖတ်ပြီးရင်း ဖတ်ရင်းး...


ဝါသနာ

မတန်ခူးက တက်ဂ်လာတယ်..
´´၀ါသနာ ´´ တဲ့..
ကိုယ့်ကိုယ်ကို..ဘာဝါသနာပါလဲ ဆိုတာ သိပေမဲ့..ဘယ်လိုချရေးပြရမှန်းမသိဘူး။။

၁။။ စာဖတ်

ငယ်ကတည်းက စာအုပ်ဖတ်တာ ၀ါသနာပါပါတယ်..။။
အိမ်မှာ အဖေက ရွှေသွေး ..တေဇ...မိုးသောက်ပန်း...အပတ်စဉ် လစဉ် သတင်းစာပို့သမားနဲ့
မှာထားပေးတတ်ပါတယ်..။။ အဖေကိုယ်တိုင်လဲ မြန်မာ့အလင်းနဲ့ ကြေးမုံ နှစ်စောင်လုံးယူပါတယ်။။
နောက်ပြီး သုတစွယ်စုံ ။သုတပဒေသာ ။နိုင်ငံတကာရေးရာ စတဲ့စာအုပ်တွေကိုလတိုင်း
ယူတတ်ပါတယ် ။။
( သာမာန်မြန်မာအိမ်တွေမှာ ဒီလိုစာအုပ်တွေ ဂျာနယ်တွေဝယ်ပေးတာမထူးဆန်းပေမယ့်
အသံဝဲ၀ဲနဲ့စကားပြောတတ်တဲ့ အဖေ့လိုလူမျိုးအဖို့ ဒီလိုစာအုပ်တွေမှာပေးတာ ကျနော်တို့အတွက် အထူးပေါ့လေ...ကျနော်သိသလောက် အဖေ့မိတ်ဆွေသူငယ်ချင်းအိမ်တွေမှာ မြန်မာစာအုပ်တွေ
ဝယ်ပေးလေ့မရှိပါဘူး ။။ ကျနော့သူငယ်ချင်းတစ်ယောက်ဆို မြန်မာစာအုပ်ကိုကြိုက်လွန်းလို့
ခိုးပြီးဖတ်ရတယ် ။။ သူ၈တန်းကျတော့ သူ့အမေက ကျောင်းထုတ်ပစ်တယ် ..။။ဒါမယ့်
အခုထိ သူမြန်မာစာအုပ်တွေကို စွဲလမ်းနေတုန်းပါပဲ..။။)

အိမ်ရှေ့မျက်စောင်းထိုးလောက်မှာ စာအုပ်ဆိုင်ရှိနေတော့ နေ့တိုင်း သွားငှားဖတ်တယ်..။။
ငယ်ငယ်က ဦးစိတ်တို မျောက်ညို ဆိတ်ဖြူ ဦးကပ်စေး ပြာဂလောင် ပြာလချောင်
လေးမွန် ထွေးမွန် (သူတို့ဦးလေးနာမည်..ဘာဇာဆိုလား) ရှင်ဂွမ်းဂွိ သမိန်ပေါသွပ်
အာတာလွတ်မြို့စားကြီး ဘာညာပေါ့ ...ကျန်ခဲ့တာတွေရှိမှာပါ။။

နောက်တော့..မြိတ်ဝင်းထိန်တို့ဘာတို့..နောက်ဝတ္ထုလိုင်း ..
အဲ့ဒီမှာ အိမ်ရှေ့အိမ်က အစ်မကြီးက လမင်းမိုမိုခရေဇီ ။သူငှားတဲ့ ၀တ္ထုတွေလိုက်ဖတ်ရင်း
လမင်းမိုမို ဆွေဆွေအောင် ပုဏ္စမီ တို့စာအုပ်တွေဖတ်ဖြစ်တယ် ။။ မှတ်မှတ်ရရ ၉တန်းရောက်တော့
သိုင်းဝတ္ထုတွေ အရမ်းဖတ်ဖြစ်တာပဲ ။။ ဘယ်နှစ်အုပ်တွဲဖြစ်ဖြစ် တခါတည်းငှားလာတာ..။။
ဇာတ်ရှိန်ပြတ်သွားမစိုးလို့ ။။ထူးဆန်းတာက လွန်းXX တို့ လိုနာမည်ကြီးတွေ မဖတ်ဖြစ်တာပဲ.။။
နောက်ပြီး နုနုရည်(အင်းဝ) ကိုတော့ တော်တော်လေးဖတ်ဖြစ်ခဲ့တယ်။။
အခုထိလဲ မြန်မာစာအုပ်တွေ စွဲစွဲမြဲမြဲဖတ်ဖြစ်နေတုန်းပါပဲ ။။


၂။။ အာလူးများခြင်း

အမေ့အမွေဆက်ခံတာ မောင်နှမတွေထဲမှာ ကျနော်တစ်ယောက်ပဲလားတောင်မသိဘူး။။
စကားတော်တော်ပြောနိုင်တယ်။။ ဒါပေမဲ့ ကိုယ်ခင်နေတဲ့သူမှ ပြောဖြစ်တာများပါတယ်။။
မောင်အကြီးနဲ့ဖုန်းပြောဖြစ်ရင် အနည်းဆုံး ၁နာရီအသာလေး ။။ ကျနော်နဲ့ ဖုန်းပြောနေရင်း
သူလုပ်စရာရှိတာလုပ် ...ထမင်းစား...ဆေးလိပ်သောက်...နောက်ဆုံး အိမ်သာတက်တဲ့အထိ
ပြောနေတုန်းပဲ ။။(ဟိ ဟိ)
သူများပြောတာလဲ နားထောင်ရတာ ၀ါသနာပါတယ် ။။
ငယ်ငယ်က....အလယ်တန်းလောက်တုန်းက..အိမ်နားကအမကြီးတစ်ယောက် ရွာမှာမူလတန်းပြဆရာမ
လုပ်ပါတယ်။ သူပြန်လာတိုင်း သူ့နဲ့သွားအိပ်ပြီး သူကြုံဆုံရသမျှ ရွာအကြောင်းတွေ ပြောပြတတ်ပါတယ်။။
သူတို့ရွာက လူတွေရဲ့ နာမည်တွေနဲ့ မမြင်ဖူးရပဲ ရင်းနှီးနေပါတယ်။။


၃။။ သီချင်း

ဒါလည်း အဖေ့ကြောင့်လို့ ပြောလို့ရပါတယ်။။ အဖေလည်း သီချင်းသိပ်ကြိုက်ပါတယ် ။။ အဖေ့မှာ
သူတို့ဘာသာစကားနဲ့ သီချင်းခွေ ၁၀၀ကျော်ရှိပါတယ် ။။
ကျနော်တို့ အခုနေတဲ့အိမ်ကို ပြောင်းလာခါစ အိမ်က ကက်ဆက် ခိုးခံရပါတယ်။။ ခိုးခံရပြီးနောက်
၎..၅နှစ်လောက် မ၀ယ်သေးပါဘူး ။။ တစ်ခုကောင်းတာက ညာဖက်ဘေးအိမ်က ဘိုသီချင်း
တော်တော်ဖွင့်ပါတယ် ။။အဲဒီတုန်းက သစ်သားနံရံပဲ ခြားထားတာဆိုတော့ သူတို့အိမ်က ဖွင့်သမျှ အကုန်ကြားရပါတယ်။။ မြန်မာသီချင်းကို တက္ကသိုယ်အေးမောင်နဲ့ ဗစ်တာခင်ညိုတို့လောက်ကလွှဲရင်
ဘယ်သူ့သီချင်းခွေမှ မဖွင့်တတ်ပါဘူး ။။ မှတ်မိသေးတယ် ဗစ်တာခင်ညိုရဲ့ ´´ နွေရောက်ပြီလေ..
ရိုးတံကျဲကျဲ ပင်အိုတို့ အလှချင်းလည်းပြိုင်...´´ ဆိုတဲ့သီချင်းလေးကို...။။
ဘယ်ဖက်ဘေးအိမ်က လက်ဖက်ရည်ဆိုင်ပါ ။။သူတို့မှာလဲ မနက်စောစော၅နာရီလောက် တရားခွေ
ဖွင့်ပြီးရင် နှစ်ရှည်လများ နေ့စဉ်မပျက် ဖွင့်နေကျ ပင်တိုင်စံ အခွေလေးဖွင့်ပါတယ် ။။
မနက်၆နာရီလောက်ပေါ့ ။။ ခင်မောင်ထူးရဲ့ မောင့်ဆေးကျောင်းသူ ။
အဲက်စ်ကဲနက်ရဲ့ ယုံပါရင်သို့တိုးဝှေ့ဆဲပါခိုင် ..စတဲ့သီချင်းတွေနဲ့မနက်ခင်းလေးကိုကြိုဆိုပါတယ်။။
(ဇော်ဝင်းထွတ် ဘယ်လောက်ကောင်းကောင်း။ရင်ဂိုဘယ်လိုထွက်ထွက်...။။လေးဖြူဘယ်လောက်ပေါက်ပေါက်)

ဆိုတော့ ကျနော့်မှာ ဂီတပိုးမ၀င်ချင်လည်း ၀င်နေရပါတယ် ။။ဘယ်ညာပူးပြီး အတင်းနားထဲသွင်းနေတော့
သီချင်းမရူးချင်လည်းရူးရပါတယ် ။။
မတန်ခူးရေ...
ကျနော့်ဝါသနာတွေက စိတ်ဝင်စားဖို့မကောင်းပါဘူး ။။ဒါပေမယ့် ...
သတိတယ တက်ဂ်တဲ့အတွက် ကျေးဇူးပါ ။။


မတန်ခူး..ဆောတီးနော်..