ယနေ့ဖြိုသလစ်



မနက်က ဆန်စီးဝယ်ခဲ့တယ်။ ပဲရွက်(ပဲလိပ်ပြာ) ပါတယ်..။
ဟိုနေ့က ကျန်တဲ့ ဆန်ခေါက်ဆွဲအတွက်ဟင်းချက်တာကျန်တာနဲ့
ပြန်လုပ်စားဖြစ်တယ်...တစ်ယောက်တည်းပဲ..။

အမဲသားကြိတ်သားခရမ်းချဉ်သီးနဲ့ချက်ထားတာကို ကြက်ဟင်းရည်
လုပ်ထားတာရှိတာနဲ့ရောပြီး ချက်လိုက်တယ်..။
အိမ်ကပို့ထားတဲ့ ရှမ်းပဲပုပ်မီးကင်ထောင်းနဲနဲထည့်လိုက်တယ်..။



ညနေကျ စက်ဘီးစီးဖို့ အပြင်ထွက်တယ်..။
စက်ဘီးငှားတဲ့နေရာရောက်တော့ ဘာအိုင်ဒီမှပါမလာတော့ ငှားမရ..။
ဒီလိုနဲ့ စက်ဘီးလမ်းတလျှောက် လမ်းသလားတယ်...။
ဟိုငေးဒီငေး ငေးရတယ်...။
အိမ်ပြန်ရောက်တော့ မနက်က ဆန်စီး(ရှမ်းခေါက်ဆွဲ)ကိုပဲ ထပ်လုပ်စားပြန်တယ်။
သိပ်ကြိုက်လွန်းလို့တော့ မဟုတ်ပေမဲ့ ပိုနေတာရယ်...အပြင်ထွက်စားရင်
ငွေပိုကုန်မစိုးလို့ရယ် တွေးပြီးးး..။
(ခေတ်ကြီးက ကောင်းတော့တာ မဟုတ်..။ ချင့်ချိန်သုံးခါမှ တော်ခါကျမယ်)။
ညစာစားပြီး တီဗွီဈေးသွားစုံစမ်း..။
ရှင်းပြပြောသမျှ ခေါင်းညိမ့်နားထောင်ပြီးသကာလ....
ကျေးဇူးတင်ပါတယ်...ဝယ်ဖြစ်ရင် လာပါ့မယ်လို့ ချိုချိုသာသာပြောပြီး လစ်ထွက်ခဲ့တယ်။
လမ်းမှာ 小林煎餅 မုန့်ပူပူနွေးနွေးတွေ့တော့ စားဖြစ်ပြန်တယ်။
ညဈေးရောက်တော့ဟိုသူငယ်ချင်းတွေကို သတိရတော့ မြေပဲရေခဲမုန့်နံနံပင်လိပ်
ဝယ်စားရပြန်တယ်..။ဟိ
သွားနေကျ အပူအအေးအချို ရောင်းတဲ့ဆိုင်မှာ  麻糬燒 နှမ်းအရသာ ပြန်စားဖြစ်။
နောက်ဆုံးတော့ ဗိုက်ပြည့်ပြီး နေလို့မကောင်းတော့ သွားနေကျပန်းခြံကိုသွားရတော့တယ်။

Home

 ညနေက အစ်မတစ်ယောက်နဲ့ chat မိပါတယ်..။
သူက ဟင်းတွေမချက်ဖူးလား မေးပါတယ်..။
ချက်ပါတယ် လို့ ဒီကနေ ဖြေပါရစေ...။ဟိဟိ
နေ့စဉ်ထမင်းဟင်းချက်ရပါတယ်...
( ဆန်းဒေးကလွှဲလို့ပေါ့..တခါတလေဆန်းဒေးမှာလဲချက်ပါတယ်)
သက်သေတစ်ယောက်ရှိပါတယ်..။
သီချင်းတွေလဲ နေ့စဉ်နားထောင်မိပါတယ်...။




 Home




I'll be coming home...
Just to be alone.....
And I know that you don't care....
 I can hardly wait  to leave this place......

.................
...................
Home.....Home.....
this house is not a ...
Home....Home....

Even when you are here...
This is not my home....
I think   I 'm better off alone..............

I think I'm better off alone




မှတ်ချက် ။ ။ Home ဆိုတဲ့ titleနဲ့ Michael Buble ဆိုထားတာ တင်ဖူးပါတယ်..။
မတူညီသော လောကနှစ်ခုမှ Home ပေါ့...။
ညနေက chat မိတဲ့ အစ်မရေ.. ပို့စ်ရေးပါအုန်း....
အမြဲမသွားဖြစ်တောင် မပျင်းတဲ့အချိန် တကယ်ကြီးကို လာမှာပါ...။





Freeze

နှာစေးတယ်...
နှာရည်ယိုတယ်....
လည်ချောင်းနာနေတယ်....
စကားပြောရတာ အားမရဘူး...
စကားပြောရမှာ ကြောက်နေတယ်...
မိုးအေးတယ်...
ဒူးကိုက်နေတယ်....
မိုးအုံ့နေတယ်....
ဒူးက တဆစ်ဆစ်ကိုက်နေတုန်းပဲ...
မိုးဖွဲဖွဲရွာနေတယ်....
ဘယ်ဖက်ဒူးဆစ် အလွန်တရာ ကိုက်ခဲနေဆဲပဲ....
အလုပ်မှာ စိတ်မပါဘူး..
အလုပ် လုပ်နေရတာ စိတ်မပါဘူး....
စိတ်ရှုပ်နေတယ်....
စိတ်အားနေတယ်...
အာရုံရှင်းနေတယ်...
ဘာအာရုံမှ ရှိမနေဘူး...
အတွေးတွေ ဦးတည်ရာမရဖြစ်နေတယ်...
ဦးတည်ရာမရှိတဲ့ အတွေးတွေကို တွေးနေဖြစ်တယ်.....
လုပ်နေကျ အလုပ်တွေ ရပ်ဆိုင်းဖို့ရာ အားယူနေတယ်...
လုပ်နေကျ အလုပ်တွေ ရပ်ဆိုင်းဖို့ရာ အားယူနေရင်း ပိုတိုးပြီး လုပ်ဖြစ်နေတယ်....
စကားလုံးတွေ ပြောပြချင်နေတယ်...
ပြောပြချင်နေတဲ့ စကားလုံးတွေအတွက် နေရာမရသေးဘူးဖြစ်နေတယ်..
စိတ်အားထက်သန်စွာနဲ့ စကားလုံးတွေ စီနေတယ်....
စိတ်အားထက်သန်စွာ စီထားတဲ့စကားလုံးတွေနဲ့ အပြေးအလွှားသွားနေတယ်...
......................
.............
......................
..............
.................
စကားလုံးတွေ ရေခဲသွားတယ်...။




 

What you want...?

What you want....




Hello, hello, remember me?
I’m everything you can’t control
Somewhere beyond the pain
There must be a way to believe.....



ခုတလော ရေဒီယိုက မပြတ်လွှင့်နေတဲ့ Evanescence ရဲ့ သီချင်းသစ်

 
  ကောင်းသတင်း...။ ။ ဖဘဖျက်တော့မယ်တဲ့...

နာရီပြင်ဆိုင် တမ်းချင်း

ဖဘမှာ ကိုယ့်မြို့ရဲ့ groupမှာ ပုံတွေတင်ရင်းး ပုံထဲက အကြောင်းအရာတွေ
မျှဝေရင်း ...အတွေးစတွေ ပုံဖေါ်ရင်း တွေးမိတာတွေ များလာတယ်..။
တချို့သောသူတွေတင်တဲ့ ပုံတွေ ကြည့်ပြီး ပြောင်းလဲလာတဲ့ အခြေအနေတွေကို
သိလာတယ်..။.
ကျနော်နေတဲ့ လမ်းမပေါ်မှာ ဆိုင်တန်းတွေ အများအပြား၇ှိတဲ့အထဲမှာ...
နာရီပြင်ဆိုင်တွေလည်း ပါတယ်...။တခြားမြို့လေးတွေတော့ မသိပါ..။
ကျနော်တို့ မြို့က သေးသလောက် နာရီပြင်ဆိုင်တွေ လိုအပ်တာထက် ပိုများနေတယ်
လို့ ထင်မိတယ်....။
မြို့ရဲ့ တခြားနေရာတွေက နာရီပြင်ဆိုင်တွေ မမှတ်မိတော့ပေမဲ့..ကိုယ်နဲ့ လက်တကမ်းမှာ
ရှိတဲ့ နာရီပြင်ဆိုင်တွေကိုတော့  အမှတ်ယပါသေးတယ်..။
Purcell towerနာရီစဉ်ကြီးအောက်က အတ်ချားဘရားသား နာရီပြင်ဆိုင်က Purcell
နာရီကြီးကို ပြင်ပေးနေကျ (လွှဲကောင်း လွှဲပါလိမ့်မယ်)
နောက် တိုက်ဝါဘေးက ရှန်ဟဲ နာရီပြင်ဆိုင် ..အဲဒီဆိုင်က နောက်တော့ ဆောက်လုပ်ရေး
ပစ္စည်းတွေ ရောင်းတယ်..။
အဲ့ဆိုင်က တရုတ်တော့ တရုတ်ပဲ ( ဘာတရုတ်မှန်း မသိဘူး- ဆိုလိုတာက ဘယ်နယ်က
တရုတ်မှန်း မသိတာကို ပြောတာပါ) သူ့အိမ်က သမီးအငယ်လေးက တမျိုးလေး..။
မောင်နှမ ၂ယောက်ပဲရှိတယ် ..။ အငယ်မလေးက...
ကျောင်းမနေရဘူး.။ မနက်ဆို  ဆိုင်ကို လာနေကျလေး..။
သူ့ဘေးက တိုက်အောက်မှာ အောင်ဆေးဆိုင်ဘေးမှာပေါ့ ကျော် နာရီပြင်ဆိုင်ဆိုတာ 
ရှိခဲ့တယ်...။နောက်တော့ တခြားပြောင်းသွားတယ် ထင်တယ်..။
ကျော် နာရီပြင်ဆိုင်ရဲ့ တခန်းကျော်မှာ စိန် နာရီပြင်ဆိုင်ဆိုတာ ရှိသေးတယ်..။ 
အဲ့ဆိုင်မှာ  မောင်နှမ ၃ယောက်ရှိတယ်..။ သူတို့အမေက အပြင်ထွက်ခဲတယ်..။
ကျနော်တို့ ဆိုင်ကို အမြဲလာဖြစ်တာ သားလတ် နဲ့ သမီးအငယ် ပဲဖြစ်တယ်..။
အဲဒီဆိုင်ရှေ့မှာတော့ မြို့မ နာရီပြင်ဆိုင် ဆိုတာ ရှိတယ်..။ အဲဒီဆိုင်ပိုင်ရှင်က ဂေါ့ဖ်တံလည်း
လုပ်ရောင်းတယ်..။ အဲ့ဆိုင်ကိုတော့ အလကားနေရင်း အလကား သွားလည်တတ်တယ်..။
အဖေ့ နာရီပျက်ရင် အဲဒီဆိုင်မှာ ပြင်တတ်တယ်..။ ဆိုင်ပိုင်၇ှင် မိသားစုနဲ့ ရင်းနှီးတော့
အလကားနေရင်း သွားနေတာပဲ..။ နာရီလိုချင်စိတ်တော့ မရှိပါဘူး။
မြို့မ နာရီပြင်ဆိုင်ရဲ့ မျက်စောင်းထိုးမှာတော့ ရိုးမား နာရီပြင်ဆိုင်ဆိုတာ ရှိတယ်..။
ခပ်သေးသေးပါပဲ..။ဆိုင်ရှင် မျက်နှာပေါက်ဆိုးဆိုး..အပေါက်ဆိုးဆိုးနဲ့..။
ဆက်လျှောက်လာရင် ညောင်ပင်ကြီးတပင်ရှိမယ်...။ အုတ်ခုံနဲ့ ဝိုင်းထားတယ်..။
အဲဒီအပေါ်မှာ နွေဆို ကြံရည်ရမယ်..။ 
(ငတ်တဲ့ရောဂါ ထလာပြီ..နောက်မှ လမ်းဘေးဆိုင်လေးတွေကိုရေးတော့မယ်)
ညောင်ပင်ကြီးအရှေ့က ဗဟိုနာရီပြင်ဆိုင်ဆိုတာ ရှိမယ်..။
အဲဒီနာရီပြင်ဆိုင်က အရင်က "စံ "ကျူရှင်ဆိုတာနဲ့ အမျိုးတွေ ထင်ပါတယ်..။
နာရီပြင်ဆိုင်တွေသာ ပေါနေတာ ကျနော့်မှာ နာရီမရှိဘူး.။
မိဘဆီက ပူဆာဖို့လဲ ဆန္ဒမရှိဘူး.။
ဗဟိုနာရီပြင်ဆိုင် မျက်စောင်းထိုးက ဗရာဘိုဆိုင်က ဖန်စီနာရီတော့ 
ဝယ်ဝတ်တတ်ပါတယ်..။ ပျက်တော့လဲ ပစ်ထားလိုက်တယ်..။
အခုထိလဲ မရှိသေးဘူး.။
ရှိဖို့ အကြောင်းဖန်လာရင်လည်း ကိုယ့်အတွက် နေသားကျပါ့မလား
တွေးပူနေတယ်..။