ထမင်းဝါ


ဟိုတရက်က ဝယ်လာတဲ့ ဂျူးမြစ်ရှိကတည်းက ထမင်းဝါလုပ်စားလိုစိတ်ပေါ်လာပါတယ်..။

ဒီညတော့ မဖြစ်မနေချက်မှ ဖြစ်မယ်တွေးမိပြီး ချက်ဖြစ်ပါတယ်..။

ပြောခဲ့ဖူးတဲ့အတိုင်း..ပဲပုပ်ချက်တွေနဲ့စားရတဲ့ ရှမ်းထမင်းချဉ်နဲ့မတူဘူး။

တောင်ပိုင်းရှမ်းပြည်ကလို ငါးထမင်းနယ် မဟုတ်ဖူး။


ထမင်းအိုးထဲမှာ ဆားနဲ့ နနွင်းထည့်ချက်ပါတယ်.။
စေးတဲ့ဆန်ဆို ပိုကောင်းမယ်။


ချက်ပြီးသားထမင်းပါ..။


(အရင်က တင်ဖူးတဲ့ ကြက်သွန်ကြော်ကို
ပြန်တင်ပေးလိုက်ပါတယ်..။ဒီထဲက ဆီချည်းခပ်ယူပြီး အသုံးပြုပါတယ်)

ထမင်းထဲကို ကြက်သွန်ဖြူကြော်ပြီးဆီစိမ်ထားတဲ့အထဲက ဆီကိုထည့်ပြီးမွှေပေးရပါမယ်။
ဆုံရှိရင် ဆုံနဲ့ထောင်း။ မရှိရင် ဘရင်ဒါထဲမှာ မွှေလို့ရပါတယ်..။
ခပ်စေးစေးဖြစ်လာရင်..

အခုလို အပူခံအိတ်ထဲထည့်ပြီး ဒလိမ့်တုံးနဲ့အပြားလေးဖြစ်အောင်လိမ့်ရပါမယ်..။
ထမင်းဝါပြားရပြီဆိုရင် ကတ်ကျေးနဲ့ကိုက်ပြီး ပန်းကန်ထဲပြင်ဆင်ထားပါ..။
ဆိုင်မှာရောင်းသူဆိုရင် ကတ်ကျေးနဲ့ညှပ်ပြီးသားထမင်းဝါပြားတွေကို
ဗန်းတစ်ခုထဲ ပတ်ပတ်လည်စီထားပါတယ်..။


ကျနော်လုပ်တာ သိပ်မကြေလို့ ထမင်းစေ့အတိုင်းတွေ့နေရသေးတယ်.။
ဒီထက်ကြေညက်နိုင်ရင် ပိုကောင်းပါလိမ့်မယ်..။(စားချင်ဇောနဲ့ဆိုတော့ ကမန်းကတမ်းဖြစ်သလို)



ခရမ်းချဉ်ကို အလုံးလိုက်ပြုပ်ပြီး အခွံခွာပြီး ဆီနဲနဲနဲ့ကြေအောင်ချက်ထားတာကို အပေါ်ကလောင်း။
ကြက်သွန်ဖြူကြော်....ကြာညို့အငန်(အကြည်) ...နံနံပင်...ငရုတ်သီး ထည့်ပြီး..
သုံးဆောင်နိုင်ပါပြီ..။
ဂျူးမြစ်ပါ တွဲဖက်နိုင်ပါတယ်..။
နောက် ငရုတ်သီးအခြောက် အတောင့်လိုက်တူးတူးလေးကြော်ထားတာပါ တွဲစားရင်
ပိုပြည့်စုံပါတယ်..။

ဒီမှာ ..မေမြို့က ထမင်းဝါ..။ ပါးပါးလေး..။ စားချင်စရာလေး..
ကျနော်လုပ်ထားတာနဲ့ တခြားစီ...။
နောက်တခါပေါ့နော်..။







ဟောဒီက ဟင်းရွက်စုံ


အရင်က သွားနေကျ မြို့လေးဆီရောက်ဖြစ်တယ်..။
ဟင်းရွက်တွေကတော့ တွေ့တဲ့အတိုင်းး..။
ဒီနေ့ အဲဒီဈေးရောက်သွားတာ နေ့လည်၁နာရီကျော်မှဆိုတော့ ဈေးဆိုင်သိမ်းကုန်ပြီ။
(မနက်ခင်းဈေးမို့..မနက်၈နာရီ ..၉နာရီလောက်ဆို စုံသေးတယ်ပြောတာပဲ)
ကျန်နေသေးတယ်..၂ဆိုင်ဆီကပဲ ဝယ်ဖြစ်တယ်..။

ပူစီနံ...ပန်းမုံလာ..ကြက်သွန်မြိတ် ..နံနံပင် ၂မျိုး အပေါ်အမွှေးဖွားဖွားနဲ့က ကျနော့တို့အိမ်အခေါ်
ရှမ်းနံနံ..ဘေးက အရွက်ဝိုင်းလေးက အများသိတဲ့ ရိုးရိုးနံနံ..။ သူ့ဘေးကတော့ တကယ့်ရှမ်းနံနံ
ဘေးက..အဝါရောင်က ရှောက်သီး ..။
ရှောက်သီးကို ဝယ်မလားလို့ ကိုင်ကြည့်သေးတယ်..။
မသုတ်တတ်တာနဲ့ ပြန်ချထားလိုက်တယ်..။

ဂျူးမြစ်တွေ့တော့ အမျိုးတွေ့သလို အော်ဟစ်နေတာပဲ..။
ဒီတအိတ်မဝယ်ပါဘူး..အိတ်တစ်ဝက်ဝယ်ခဲ့တယ်..။
ထမင်းဝါ လုပ်စားမလို့..။
(ထမင်းချဉ် မဟုတ်..။ ရှမ်းထမင်းချဉ်လဲ မဟုတ်..။ ငါးထမင်းနယ်လဲ မဟုတ်တဲ့ ထမင်းဝါ)
ပဲပုပ်မပါ..။


ဒီအဖွားဆိုင်က ဘယ်ဖက်ထောင့်မှာ ရှိနေတဲ့ ထမင်းဝါ ၃ဘူးလုံးဝယ်လိုက်တယ်..။
စားဖို့မဟုတ်..။ လက်ဆောင်ပေးစရာလို့ပါ..။






တိုဟူးခြောက်..။
အိမ်က အိမ်လုပ်တိုဟူးခြောက်ကို လွမ်းသွားတယ်..။
ပိုထူတယ်..။ ပိုအရသာရှိတယ်...။
မဝယ်ခဲ့ပါဘူး..။ အထုတ်ကြီးတော့ တခြားမြို့ သွားဦးမှာမို့ အလုပ်ရှုပ်မှာစိုးလို့..။

ခေါပုပ်တွေ့ခဲ့တယ်..။
စားချင်စိတ်မရှိတော့ မဝယ်ခဲ့ဘူး။
ဆူးပုပ်ချိန်မဟုတ်တော့ မတွေ့ဘူး..။

Good Man





Good man,

I’m a good man,

food’s on the table, working two jobs,

Waiting willing the neighbors check your name

I’m having fun, got no kids and I love the Lord, check your name

I’m a … never did time but maybe just once, check your name

And I puts it down, wanna see it twice, brother puts it down,( check )

How could you ever walk away,

after all I’ve done for you

I feel like there’s a knife in my back, babe

You might as well pull it all the way through.....





Youtubeမှာ သီချင်းနားထောင်ရင်း Raphael Saadiq သီချင်းအသစ်တွေ့တာနဲ့ နားထောင်ဖြစ်တယ်။
အိုးလ်စကူးလ်သီချင်းကောင်း..။(ကျနော့်အကြိုက်ကိုပြောတာပါ..လူတိုင်းအတွက် ဟုတ်ချင်မှ ဟုတ်မယ်)
Raphael Saadiqကို ဟိုးးတလောကမှ စနားထောင်ဖူးပါတယ်..။
နားထောင်ပြီးကတည်းက သူ့ရဲ့ old school ဆန်ဆန် သီဆိုတာကို...
သဘောကျပါတယ်..။



Love that girl..


ဒီသီချင်းကြောင့် သူ့ကို စတင် နားထောင်ဖူးခဲ့ပါတယ်။
နားထောင်ရင်း....သူ့သံစဉ်ထဲမှာ စီးမျောလို့ သွား..။



မှတ်ချက် ။ ။ ဂီတကို သိပ်နားမလည်ပါဘူး..။
သီချင်းတွေကို နှစ်သက်တယ်..။
သီချင်းတွေ နားထောင်လေ့ရှိတယ်..။




နှင်းဆီပန်း...

Happy Valentine's day!!
နှင်းဆီပန်းလက်ဆောင်..။
တစ်စုံတစ်ယောက်က လာပေးသွားတယ်.။


အားလုံး ပျော်ရွှင်နိုင်ကြပါစေ.။





မှတ်ချက် ။ ။ ပေးတဲ့သူက ညီမဝမ်းကွဲဆိုတာ သတ်ချင်သတ်..
ဘယ်တော့မှ မပြောဘူး..။

ပဲပုပ်ချက်


ဒီနေ့ မိုးအေးတယ်...။
ဟော့ပေါ့စားသင့်တဲ့နေ့မျိုး..။
ဒါပေမယ့်...
အိမ်ကပို့လိုက်တဲ့ ရှမ်းပဲပုပ်ကင်ထောင်းပြီးသားတွေရှိနေတယ်.။
ခရမ်းချဉ်သီးရှိတယ်..။ပဲပုပ်ချက်စားရင်ကောင်းမယ် တွေးမိပြီး..
ချက်ဖြစ်ပါတယ်..။
အိုးချခါနီး နံနံပင်နဲ့ ငရုတ်သီးစိမ်းအုပ်လိုက်တယ်.။
တခန်းလုံး ကြိုင်လှိုင်နေတာပဲ..။



အတို့အဖြစ် ဒီအရွက်လေးကို တို့စားမိပါတယ်..။
ရှမ်းပြည်အမှတ်တရပေါ့..။(山筒蒿)
အမှန်က ဟော့ပေါ့လုပ်စားရင် ထည့်ချက်စားဖို့ရာ..။
ဟိုးး..ပန်းကန်က ဘဲသားကင်တဲ့..။(အသိတယောက်လာပေးထားတာ)
အကင်နဲ့မတူပဲ..ဘဲသားပေါင်းထားသလိုမျိုး..။



မိုးအေးတော့ ဟင်းရည်သောက်ချင်နေတယ်.။
အိမ်မှာ မုန်ညှင်းဖြူလေးတွေနဲ့ ဟော့ပေါ့မှာသုံးတဲ့ တိုဟူးဖြူခြောက်လေးတွေ
ရှိနေတော့..မုန်ညှင်းဖြူဟင်းရည် ချက်ဖြစ်တယ်..။
အိုးထဲ ကြက်သွန်ဖြူတဥဓါးနဲ့ရိုက်ပြီးပစ်ထည့်တယ်။
ရေထည့်တယ်....။ဆူတော့ မုန်ညှင်းဖြူထည့် တိုဟူးဖြူခြောက်
ထည့်..ဆားထည့်..။(ဟင်းချိုမှုန့်ကြိုက်သူ ထည့်ပါ။)
သုံးဆောင်နိုင်ပါပြီ ရှန်..။

ပဲပုပ်ကိုမီးကင်ပြီး အအေးခံပြီးထောင်းပြီးသားပါ.။
(ကျေးဇူးတင်ပါတယ် မွေးသမိခင်..)

ပဲပုပ်အချပ်လိုက်လေးတွေ မရှိလို့ ဒါကိုပဲ ရိုက်ပြလိုက်ပါတယ်။

အရင်လို အချိန်အားတွေ သိပ်မရှိတော့ ဟင်းချက်ပြီး သိပ်မတင်နိုင်တော့ဘူး။
ပျင်းနေတာလဲ ပါမယ်..။
သိပ်မချက်ချင်တာလဲ ဖြစ်မယ်..။
အို..နောက်ဆုံးတော့..
ငပျင်းတစ်ယောက် ဖြစ်နေပါတယ်..။




black list

တရက်က သူငယ်ချင်းတွေနဲ့ ချိန်းပြီး ညစာသွားစားဖြစ်ပါတယ်..။
နှစ်ကူးကာလ ဒီမှာရှိနေတာ မနှိပ်ဘူး..။ အစားအတော်စားဖြစ်တယ်..။
ချိန်းစားလိုက်ကြ...။ မတော်တဆ စားလိုက်ကြနဲ့..။
လူလဲ အတော်ပြည့်ပြည့် ဖြစ်လာတယ်..။
ခါတိုင်းတော့ ကိုယ်ပဲ ဘယ်မှာစားမယ်ဆိုတာ ဆုံးဖြတ်တတ်ပေမဲ့...
ဒီတစ်ခါတော့ ဒီနိုင်ငံသားသူငယ်ချင်း မှာတဲ့ စားသောက်ဆိုင်သွားဖြစ်ပါတယ်..။
Regent hotel ရဲ့ B3မှာထင်တယ်..။



ဆိုင်အဝင်ဝမှာပါ..။

ပထမဆုံးအနေနဲ့ အမဲသားစိမ်းသုတ်..။
ပင်လယ်စာအစိမ်းတွေ ဆာ၇ှိမိတွေ ကြိုက်တတ်ပေမဲ့..
အမဲသားစိမ်းကို ပထမဆုံးစားဖူးတာပါ..။
ကြက်သွန်နီပါးပါးနဲ့ ခပ်ချဉ်ချဉ်လေး သုတ်ထားတယ်..။
စားကောင်းပါတယ်..။

ခရမ်းချဉ်သီးအခွံချွတ်ပြီး ဆော့ လောင်းထားတာ..။

ဆာရှိမိ...ကျနော်နဲ့ ခခပဲ စားပါတယ်.။
ကျန်သူငယ်ချင်း၂ယောက်က မကြိုက်လို့ မစားပါ..။

ရှာဘူရှာဘူအတွက် အရွက်တွေ..။



အမဲသားပြားတွေ ..သစ်သားဗန်းနဲ့ထည့်ထားပေးပါတယ်..။
အသားက နုတယ်..။ စားကောင်းတယ်..။


ပုဇွန်ထုတ်ကြီး ..။
ဂဏန်းနဲ့ ကမာ..။
စားပွဲထိုးလေးက ပြုပ်ပေး ..ပန်းကန်တွေထဲ ထည့်ပေးနဲ့ အလုပ်ရှုပ်နေပါတယ်..။


ဗိုက်ဝပြီ..။
ထပ်စားခိုင်းရင် စိတ်ဆိုးမှာ..။


ကျန်တဲ့ဟင်းရည်တွေနဲ့ ဆန်ပြုပ်ပြုပ်ပေးပါတယ်..။
ရေညှိဖြူးစားတယ်..။
(အမှန်က ဗိုက်ဝနေပြီ..ဆန်ပြုပ်လေးတွေကို သနားလို့..)

တိုဟူးဖြူအချိုပွဲ..။


သန့်စင်ခန်းက ရေပြွန်တိုင်..။

မှတ်ချက် ။ ။
ဒီစားသောက်ဆိုင် နောက်တခါ မလာစားတော့ပါ..။
ဈေးကြီးသည်..။
၎ယောက်ကို ၇၀၀၀ထောင်ကျော်ကျသည်..။
အစားအသောက်တွေက သင့်ရုံသာကောင်းသည်..။
ဘလက်ခ်လစ်စ် စာရင်းထဲ တို့ထားလိုက်ပါပြီ..။


ဖက်ထုပ်ပွဲ

ဖက်ထုပ်လုပ်စားဖြစ်တယ်.။
နှစ်သစ်ကူးအတွက် ...
ဖက်ထုပ်ထဲမှာ အကြွေ၁ကျပ်စေ့လေးထည့်ပြီးထုပ်ပါတယ်..။
ဖက်ထုပ် ပေါင်း၂၇၀ကျော်မှာ ၈ခုပဲပါပါတယ်..။
၁ကျပ်စေ့ပါတဲ့ ဖက်ထုပ်ကိုစားမိသူဟာ ကံကောင်းသူလို့ ယူဆပီး
ဟုန်ပေါင်း(紅包)တစ်ထုပ်ရပါတယ်..။(တစ်ထုပ်မှာ ၁၀၀ပဲ ထည့်ထားပေးပါတယ်)
ဒီဓလေ့ထုံးစံက ကျနော်တို့ပြည်နယ်ဖက်ကမဟုတ်ပါဘူး..။
အရှေ့ပိုင်းတရုတ်တွေရဲ့ ထုံးစံပါ..။အရှေ့ပိုင်းသားတွေရဲ့ ထုံးစံအရဆိုရင် နှစ်ဆန်း
တစ်ရက်နေ့ စားရပါတယ်..။ အကြွေစေ့မထည့်လိုရင် မြေပဲဆံ(သို့) ဇီးသီးခြောက်
သေးသေးလှီးပြီး ထည့်ကြပါတယ်..။ ကျနော်ကတော့ အကြွေစေ့ကို ရေနွေးနဲ့ပြုပ်ပြီး
ထည့်ပါတယ်..။
အမှန်က နှစ်ဆန်းတရက်နေ့စားဖို့ရာ လို့ပါ..။
တကယ်တော့ နှစ်ဆန်းတရက်နေ့ မစားဖြစ်ပါဘူး.။
အမျိုးတွေအိမ်တွေ လည်စားနေရတာနဲ့တင် စားဖို့ရာ အချိန်မရဘူးဖြစ်သွားတယ်..။

အမဲသားကြိတ်သားကို ရေနဲ့သာသာလေးဆေးပြီးရေနဲ့သွေးတွေကို ညှစ်ထားတာပါ..။

ကြက်သွန်မြိတ်ရေဆေးပြီး ရိတ်ရိတ်လှီးထားပါ..။

韭菜ကိုရေစင်အောင်ဆေးပြီး ရိတ်ရိတ်လှီးထားပေးပါ..။

ကြာညို့အငန် ..
ဆီ...
နှမ်းဆီမွှေးတို့ကို အသင့်ပြင်ထားပါ..။

စစချင်း အသားထဲကို ဆီထည့်မွှေပေးပါ..။
ပြီးရင် ကြာညို့အငန် ထည့်မွှေပါ..။
နောက် နှမ်းဆီမွှေးထည့်မွှေပါ..။


နောက်မှ ကြက်သွန်မြိတ်နဲ့ 韭菜ထည့်မွှေပါ..။

နောက်ဆုံးမှ ပုဇွန်ခပ်ကြမ်းကြမ်းစိပ်ထားတာကို သာသာလေးမွှေပေးရပါမယ်..။

ထုပ်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံဖို့ ပြင်ဆင်ထားပါ..။(ရေခဲအောင်)


သခွားသီးကို ဓါးပြားနဲ့ နာနာရိုက်ပြီး ဆား..ကြာညို့အငန်..ငရုတ်သီးစိမ်း..
နံနံပင်...သံပုရာသီး..ရှာလကာရည်တို့နဲ့ သုတ်ထားပါတယ်..။
ခရမ်းချဉ်သီးတစ်လုံးတွေ့လို့ နုတ်အောင်စင်းပြီးထည့်သုတ်ထားပါတယ်..။

ဒီနေ့စားဖြစ်တယ်..။


ကြာညို့အငန်..ရှာလကာရည်..ငရုတ်သီးစိမ်း..နှမ်းထောင်းဆီ နံနံပင်..သကြားအနည်းငယ်
တို့နဲ့ အချဉ်ရည်လုပ်ထားပါတယ်..။

ဒီနေ့ ခခ သူငယ်ချင်းတယောက် လာလည်ပါတယ်..။
အိမ်နီးချင်းသူငယ်ချင်းတယောက်လဲ လာပါတယ်..။ဆိုတော့ ကလေး၃ယောက် ဖြစ်သွားတယ်။
ပိုစည်ကားသွားတယ်..။
ပထမဆုံး ခခသူငယ်ချင်းတယောက် အကြွေစေ့ပါတဲ့ ဖက်ထုပ်စားမိတယ်..။
ဟေးးကနဲ့ အော်ပြီး ထခုန်တယ်..။(သူတို့အိမ်ကလဲ အရှေ့ပိုင်းသား山東)
ဟုန်ပေါင်းတစ်ထုပ်ရလိုက်တယ်.။
နောက်..ကျနော်စားမိတယ်...ဝေးကနဲ့ အော်ပြန်ရော..။
ခက်တာက ကိုယ့်ကို ပေးမဲ့သူမရှိဘူး..။ ဒါပေမယ့် ပျော်တယ်.။
နောက်တထုပ်...
ကျနော်ပဲ စားမိတယ်...။ (ပြုံးနေတာပဲ..လာဘ်ကောင်းတယ်ဆိုတွေးပြီးး)
ခခ သည်းကြီးမဲကြီး ဖက်ထုပ်တွေရွေးစားနေတယ်..။
သူ မစားမိပါဘူး..။
ဟော..နောက်ဆုံး....
နောက်တစ်ယောက် စားမိပြန်တယ်..
ခခ မဟုတ်ဘူး....။
သူ့သူငယ်ချင်းနောက်တစ်ယောက်..။(ရသွားပြန်တယ် ဟုန်ပေါင်းတစ်ထုပ်)
ခခမျက်နှာ ညိုပြီးကျန်ခဲ့တယ်..။
ဟားဟားး...
(အိမ်မှာမစားရသေးတဲ့ အထုပ် ၄ထုပ်ကျန်သေးတာပဲ..မပူပါနဲ့လို့ နှစ်သိမ့်ထားတယ်)


ရိုက်စား

မြို့ထဲသွားတယ်..။
ရှော့ပင်းစင်တာ ဝင်ပတ်တယ်..။
အလကားရတဲ့ ရေမွှေးဝင်ဆွတ်တယ်..။
အလကားရတဲ့ ရေအိမ်ဝင်တယ်.။
အလကားရတဲ့ ”ပျော်ရွှင်သောနှစ်သစ်ပါ ”ဆိုတဲ့စကားလုံးတွေနဲ့..မွေ့လျော်တယ်။



window shopping လုပ်တယ်.။
ခခ ဗိုက်ဆာတယ် ဆိုပြီး တစာစာလုပ်တယ်..။
အဲဒီနားက သွားနေကျ စားသောက်ဆိုင် သွားဖြစ်ကြတယ်..။

သွားတော့ ၁၅မိနစ်လောက်စောင့်ရမယ်တဲ့..။
အဆာပြေ ဆေးဘဲဥနဲ့ ပဲပြား တစ်ပွဲယူစားလိုက်တယ်..။

ဒီဆိုင်လာရင် မစားရ မနေနိုင်တဲ့ အမဲသားဖက်ထုပ်ပေါင်း မှာဖြစ်တယ်.။

အမဲသားခေါက်ဆွဲ ...။ (ဒီတခါစားဖြစ်တာ အဖြူထည်..)



အမဲသားကြက်သွန်မြိတ်ကြော်..။
ချာပါတီလို ဂျုံနဲ့လုပ်တဲ့ မုန့်နဲ့ တွဲစားဖို့ ပါ.။

ချာပါတီလိုလို..။(京餅)
အရှေ့တောင်ပိုင်းတရုတ်တွေ စားတဲ့ အစာတမျိုးပေါ့..။



စားပြီး အနီးမှာရှိတဲ့ ဒေါက်တာဆွန်ယက်ဆင်အဆောက်အဦး ဝင်ဖြစ်ပါတယ်..။
တွေ့တဲ့အတိုင်း မီးပုံးတွေထွန်းညှိထားတော့ တမျိုးလှနေပါတယ်.။


၁၀၁အဆောက်အဦး..

နေဝင်တော့မယ့် ဆည်းဆာ..။
မြို့ပြရဲ့ဆည်းဆာ မထူးခြားလှပါဘူး..။
ဂရုပြုသူ မဲ့တဲ့ ဆည်းဆာ...။
လူမသိ သူမသိ ဆည်းဆာ..။
အထီးကျန် ဆည်းဆာ..။


အဆောက်အဦးကြီးကို...
(17th feb: 2011)မှာကျရောက်မဲ့ 元宵節မီးထွန်းပွဲအတွက် ပြင်ဆင်နေကြတယ်..။


မှောင်စပြုနေပြီ..။
မီးထွန်းထားပြီ..။

နေရာတကာ ယုန်။
ချင့်ယုံနော်.။

ဟိုမှာ mcdonalds..။
ှဗိုက်ဆာလို့ မဟုတ်ပေါင်..။

အချိုတည်းစရာ လို့ပါ..။


မှတ်ချက် ။။ ။။ ပိတ်ရက်တွေ ကုန်ဆုံးပြီ..။
ရိုက်လိုက် စားလိုက် လုပ်စားခွင့်လဲ ပိတ်သွားပြီ.။