Doo wutch ya like!!!




Do what ya- like....
Go where ya- like..
Eat what ya like...
Smell how ya like...
Talk how ya like....
Dance how ya like...
Look how ya like.....
Stand how ya like..
Drink what ya like...
Feel what ya like....
Go where ya like....
Hey....everybody...
Doowutcchyalike.....



MVကြည့်ချင်ရင်တော့ ဒီကို   သွားပါရန်..။

ဖြစ်နေတာ.နဲ့.ဖြစ်သင့်တာ

အခုတလော ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာတယ်..။
တနည်းပြောရရင် ဝဝလှလှလေးပေါ့..။
စိတ်ညစ်တယ်..။စိတ်ဓါတ်ကျတယ်..။စိတ်အဆာမကြေဖြစ်တယ်..။
စိတ်ကုန်တယ်.။........
.....................
ဆိုပြီး အစားတွေ နင်းကန်စားမိပါတယ်..။
စတော်ဘယ်ရီရာသီမို့ စတော်ဘယ်ရီလက်ဖျော်ကို creamတစ်ဗူးကြီးဝယ်ပြီး
အားတိုင်း လုပ်စားဖြစ်နေပါတယ်..။ ဒါတောင်double cream ဒီမှာဝယ်မရလို့။
ဟိုတနေ့ကလဲ ငချိတ်ဆန်တွေဝယ်လာပြီး ကြိတ်ပြီး ဒိုဒိုးလုပ်စားဖြစ်ပါတယ်။
ထောပတ်များများ အုန်းနို့များများနဲ့ပေါ့..။ (အချိုပေါ့ပဲစားတတ်လို့တော်သေး)
ဒီလိုနဲ့ ဝ... ဝလာပါတယ်..။
ဝလာတော့ ဘာဖြစ်သလဲ..။
ဝလာတော့ ဗိုက်ခေါက်ထူပါတယ်..။
ဗိုက်ခေါက်ထူတော့ ကြမ်းပေါ်ကပစ္စည်းတွေ ကုန်းကောက်တဲ့အခါမှာ ခက်ခဲပါတယ်။
ဖိနပ်ကြိုးချည်ရာမှာ ဗိုက်ခေါက်ကြောင့် အလွယ်တကူချည်လို့မရပါဘူး။
သူငယ်ချင်းတွေ မိတ်ဆွေအသိတွေကတွေ့တော့
"ဝလာတယ်နော်..စိတ်ချမ်းသာတယ်ထင်တယ် "ဆိုပြီး နောက်တတ်ပါတယ်.။
(အမှန်က စိတ်ကျနေတာ သိလျက်နဲ့....)

ဝဝလှလှလေးဖြစ်နေတာကို ကိုယ့်ကိုယ်ကိုမကျေနပ်နိုင်လို့ အစားလျော့မယ်လို့
စဉ်းစားထားပါတယ်..။(မျက်နှာပြောင်လိုက်တာနော်..)
ညစာ ထမင်းနှစ်ပန်းကန်လုံးကနေ တပန်းကန်ပဲစားတော့မယ်လို့ တွေးထားပါတယ်။
အသားဟင်း လျှော့ချက်မယ် တွက်ထားတယ်..။
မနက် မနက် ခခကျောင်းသွားချိန်ကို ပန်းခြံတပတ်ပတ်မယ်လို့ စိတ်ကူးထားပါတယ်..။
လက်တွေ့ လုပ်ဖြစ် ..မလုပ်ဖြစ်ဆိုတာ အပထား..။
စိတ်ကူးနဲ့တင် ကျေနပ်နေတယ်.။ဟားဟား

ဒီနေ့ (၂၂ရက်နေ့) earth dayမှာ
ကမ္ဘာကြီးကို အလေးချိန်ပိုတိုးစေမိပါတယ်..။
အမှိုက်ခွဲခြားပစ်ပါတယ် ။(မပစ်လို့မှမရတာ အမှိုက်ပစ်အိတ်က ဈေးကြီးတာကိုးးး)
ဆူပါမားကပ်သွားရင် အိတ်ဆောင်သွားပါတယ်..။
အဝတ်လျှော်ရင် (အချိန်လဲရခဲ့ရင်) အဝတ်လျှော်စက်ကထွက်တဲ့ရေကို ခံထားပြီး
ကြမ်းတိုက်....အိမ်သာဆေး ပါတယ်.။
အိတ်ထဲမှာ တူဆောင်ထားပါတယ်။(တခါသုံးတူမသုံးမိစေဖို့အတွက်)
တူ..မဆောင်မိရင်တောင် တခါသုံးဝါးတူ မသုံးပဲ စတီးလ်တူသုံးပါတယ်။
အလုပ်သွားရင် ဖြုတ်လို့ရသမျှ ပလပ်တွေဖြုတ်ခဲ့ပါတယ်.။
အားကုန်သွားတဲ့ ဓါတ်ခဲတွေကို ရီဆိုက်ကယ်လ်ပုံးထဲ သွားထည့်ပါတယ်။
ကိုယ်လုပ်နိုင်တာတွေကို ဒီလောက်ပဲစဉ်းစားမိပါတယ်..။(ကျန်ချင်လဲ ကျန်ခဲ့မှာပါ..။)

Green Up!!!!!!!!!!!

ဒီနေ့ နေသာနေတယ်။


ဟိုရက်တွေက စိတ်ဓါတ်တွေကျ...
မရေရာမှုတွေ  ။မသေချာမှုတွေနဲ့..
အလိုမကျခြင်းတွေ (ခခအမှတ်များ)
အလုပ်အဆင်ပြေခြင်း ။အဆင်မပြေခြင်းများစွာနဲ့...
လူက ဂေါက်တောက်တောက်ဖြစ်သွားလိုက်သေးတယ်..။
အာလူးများတဲ့သူက စကားပြောချင်စိတ်ကုန်ခန်းသွားတယ် ။
(တစ်ရက် နှစ်ရက်တည်းပါ..ဟိ)
မျှော်လင့်ချက်တွေမဲ့ပြီး လမ်းပျောက်သွားတယ်..။
အလကားနေရင်း ဝမ်းနည်းနေတယ်..။

မနေ့ကတော့ မတွေ့တာကြာတဲ့ အသိတယောက်လာလည်ပါတယ်။
နောက်ပြီး ကိုယ့်ငယ်သူငယ်ချင်းတစ်ယောက် ထိုင်းမှာ ဆေးလာကုကြောင်း
သတင်းပေးပါတယ်..။ ဒါနဲ့ သူ့ဆီက ဖုန်းနံပါတ်တောင်းပြီး ငယ်သူငယ်ချင်းဆီ
ဖုန်းဆက်ပြီး သတင်းမေးဖြစ်ပါတယ်..။ ရင်သားမှာ အကြိတ်တခုစမ်းမိရာကနေ
မန်းလေးမှာသွားစစ်ဆေးကြည့်တော့ မဖြစ်မနေခွဲရမဲ့ အကြိတ်ဖြစ်နေပါသတဲ့။
ခွဲရမယ်ဆိုတာ သေချာတော့ ထိုင်းမှာလာခွဲဖို့ ဆုံးဖြတ်ပြီး လာခဲ့ပါသတဲ့။
မခွဲစိတ်ခင်ရက်တွေကတော့ သူ့အတွက် နေ့တာ ညတာရှည်တဲ့ရက်တွေပေါ့။
ည ည အိပ်မရဘူး တဲ့ ။ လူမမယ်ကလေး၂ယောက်ကို သူ စိတ်မချဘူးတဲ့။
၅နှစ်နဲ့ ၃နှစ်သားလေးတွေကို သူဘယ်လို ထားခဲ့ရမလဲ တဲ့.။
တကယ်တမ်းခွဲတော့ သူ့မှာ အကြိတ်၁ခုမကဘူး။ သုံးခုတောင်တွေ့တယ် ပြောတယ်။
ချိုင်းအောက်မှာပါ ရှိတယ်ပြောတယ် ။ကိုယ်ကတော့ သူ့ကိုသာ အသံလွင်လွင်နဲ့
နင်ဘာမှ မဖြစ်ဘူး..ခွဲထုတ်ပြီးပြီပဲကောင်းသွားမှာပါ...။ ဓါတ်ကင်လိုက်ရင်လဲ
သက်သာမှာပါ....ဆိုပြီး ကြားဖူးနားဝတွေနဲ့ သူ့ကိုနှစ်သိမ့်နေပြီး ရင်ထဲကတော့
ဘယ်လိုမှ မကောင်းဘူး.။(ငိုချင်နေပြန်တယ် ...)
အခုခေတ်မှာ breast cancer ဆိုတာ သိပ်မထူးဆန်းပေမယ့်လည်း ကိုယ့်ရဲ့
ရင်းနှီးပတ်သက်သူဆီမှာ ဖြစ်တယ်ကြားရတော့လဲ အရမ်းတုန်လှုပ်မိတယ်။
ပြီးတော့ တူတူကစားဖက် ငယ်သူငယ်ချင်းတွေဆီဖုန်းဆက် သတင်းပေးပြီး
ကျန်းမာရေးဂရုစိုက်ဖို့ တိုက်တွန်းမိတယ် ။

ဗုဒ္ဓဟူးနေ့မနက်တိုင်း ခခတို့ကျောင်းမှာ ဗော်လန်တီယာအလုပ်တခု
လိုက်လုပ်ဖြစ်ပါတယ်..။ ကျောင်းကနီးတော့ လမ်းလျှောက်သွား လမ်းလျှောက်ပြန်ပါပဲ။
ကျောင်းက ပြန်လာတော့ မိုးကောင်းကင်ကို မော့ကြည့်မိတယ်။
တိမ်ကင်းစင်နေတာ တွေ့ရတယ် ။ ဈေးဝင်ပြီး စားစရာ နဲနဲဝယ်လာတယ်။
ဒီနေ့ နေသာနေတယ်။

သူစိမ်းတစ်ယောက်






မရေရာတာ အသေအချာပဲ..
မြင်နိုင်တယ် အဖြေရယ် မလိုတော့ပါ....

အချိန်တွေသာ လည်ပတ်ဆဲ ...
ကျန်နေသူ ဒီလူဟာ သူစိမ်းပါ....

မဖြစ်နိုင်တဲ့ ဘဝမှာ...
အရှုံးသာ နောက်ဆုံးပဲ မဟုတ်လား..။


ကြင်နာတယ် ဆိုပေမဲ့...
အချိန်တန်ပြီဆိုရင် ပြန်သွားပါ...။

ဒီလူဟာ ဒီနေရာပဲ..
အချိန်တန်ရင် ပြန်လာရအုန်းမှာ....။

ညင်သာစွာတိုးတိတ်....
နာကျင်လွန်းတဲ့စိတ်...

မှောင်လွန်းတဲ့ ဘဝမှာ...
သေတဲ့အထိ ဆက်ချစ်မှာ...
ငါ့အသက်ထောင့်တစ်နေရာမှာ  နေထိုင်ဆဲ..
သေသည့်တိုင် ဒီဘဝထဲ....
ငါ မင်းသာ အချစ်ဆုံးပဲ...
ရင်မှာ အသက်နဲ့ အမျှ ရှင်သန်ဆဲ...
ဆုံမှတ်တို့ လွှဲချော်ခဲ့..
မျှော်လင့်ချက်မဲ့နေခဲ့....

ဘယ်ဘဝမှ တို့တွေ ဆုံတွေ့ခွင့်ရှိနိုင်မလဲ..

(အခုတော့..)
သူစိမ်းတစ်ယောက်ပါ...။


မရေရာတာ သေချာပေမဲ့..
ဆုံနိုင်တယ် ..ဒီအိပ်မက်ထဲမှာ....


 နားမထောင်ဖြစ်တာ ကြာပြီဖြစ်တဲ့ သီချင်းတွေ နားထောင်မိတယ်..။
လူက နေလို့မကောင်းဘူး..။
စိတ်လဲ နေလို့မကောင်းဘူး.။
မရေရာမှုတွေအတွက် အိပ်မပျော်ဘူး.။
အရာအားလုံးဟာ အလကားပဲလို့ ခံစားမိတယ်။
စိုးရိမ်မှုတွေ...
ပူပန်မှုတွေ...နဲ့ ....။




 



ချမ်းပါတယ် ....သင်္ကြန်



.....သင်္ကြန်ရေတွေ အေးပါတယ်ဆို..
..........သင်္ကြန်ရေက ချမ်းပါတယ်ကွယ်...
Boyz: ကျုံးရေသီတာ ပတ်ကာဝိုင်း တန်ခူးလ ရောက်လေတိုင်း... သင်္ကြန်ကားလေးနဲ့ ရေကစားထွက်လိုနေ.. ကိုကိုတို့ ရေကစားလို့နေ...




မှတ်ချက် ။ ။ကိုယ့်ဖာသာဆို သင်္ကြန်သီချင်း နားထောင်ဖြစ်မှာ မဟုတ်ဖူး။
ကိုဘက လင့်ချပေးတော့ နားထောင်ရင်း ဓါတ်ကူးသွားတာ...။
နားထောင်လေ..စိတ်ကြည်နှူးလေ..
နားထောင်လေ...အိမ်ပြန်ချင်လေ...
နားထောင်လေလေ...
နားထောင်လေလေ....

နောက်ဆုံးအိပ်မက်

 နောက်ဆုံးအိပ်မက် - ခိုင်ထူး




စိမ်း.....မြ...သစ်ရွက်တို့ ကြွေနေဆဲ...
ငါ့မျက်ရည် စိုနေတုန်း...ပေါ့...
တချို့တွေ နေ............နိုင်လွန်းတယ်..။

ရဲ..ရင့်...ကျောက်ခက်တို့ ပြိုနေဆဲ...
ငါ့အတွက် အဖြေ ရှာနေတုန်းပေါ့...
တချို့တွေ နေ....နိုင်လွန်းတယ်...။

တရေးမှ မပျော်တဲ့ည မှောင်လွန်းနေဆဲ....
တစ်ယောက်တည်း ငါ ငိုနေတုန်းး......
ရင်ထဲမှာ မကျေနပ်ဆုံးးးးးးးးးးးး...................


တိတ်ဆိတ် အိပ်မက်တို့ ကျန်နေဆဲ...
ငါ့စိတ်တွေ နှင်နေတုန်းပေါ့...
တချို့တွေ နေ နိုင်လွန်းတယ်....။

တရေးမှ မပျော်တဲ့ည မှောင်လွန်းနေဆဲ...
တစ်ယောက်တည်း ငါ ငိုနေတုန်း...
ရင်ထဲမှာ မကျေနပ်ဆုံးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး..။

နွေဦး

ဒီ ဧပရယ် မှာ....
နေပူနေတယ်...။
လေ တဖြူးဖြူး တိုက်နေတယ်..။
အပင်ပေါ်က သစ်ရွက်တွေ ဝါစပြုနေပြီ..။
သစ်ရွက်တွေ ဟိုတစ ဒီတစကြွေနေတယ်..။
ဒီ နွေဦးမှာ မိုးနည်းတယ်...။ (တဲ့)
မနက်လင်းတာနဲ့ ကောင်းကင်မှာ တိမ်ကင်းစင်နေတယ်..။
စိတ်လည်း ကင်းစင်နေတယ်..။
(လူကတော့ ဖတ်ဖတ်မော)
ဒီလို ပွင့်လင်းရာသီရောက်တော့ အလကားနေရင်း
ရွာကို သတိရသွားတယ်..။
ဒီချိန် ..ဒီခါမှာ...
ဒီလို..ဒီလိုတွေရှိပါလားး..။
မြင်ကွင်းတွေကို မြင်ယောင်လာတယ်..။
အနွေးထည်ထူထူတွေ ဝတ်စရာမလိုတော့..။
ချွေးသံရွှဲရွှဲလည်း ဖြစ်မနေတော့..။
မပူ မအေးပဲ..နေလို့ ကောင်းတဲ့ ရာသီဥတုမျိုး...။
ပိတ်ရက်ဆိုရင် အပြင်သွားချင်နေတယ်..။
ပန်းမကြိုက်ပဲ ပန်းလေးတွေ သွားကြည့်ချင်နေတယ်..။
တောင်တွေပေါ် မမောတမ်း တက်ချင်တယ်..။
ပင်လယ်ကမ်းစပ်မှာ လမ်းသလားချင်တယ်..။
ထိုင်ငေးချင်တယ်..။
အရေမရ အဖတ်မရတွေ ထိုင်ပြောချင်နေတယ်..။
..................
......................
...............................
ဒီလိုပါပဲ...
နွေဦးမှာ လေရူးတွေတိုက်လို့ ထင်တယ်..
စိတ်ကူးတွေနဲ့  မြူးနေတယ်..။











Daily likes

ကြွက်စ်မီက တက်ဂ်တော့လဲ  ကိုယ်ကရေးရတော့မှာပေါ့။
(နဂိုကတည်းက ရေးချင်ချင်ရယ်..)
မနက်ထပြီးပြီးချင်း မျက်နှစ်မသစ် သွားမတိုက်ပဲ
ကော်ဖီသောက်ရတာကြိုက်တယ်။
အိမ်သာအေးအေးဆေးဆေးတက်ရတာ ကြိုက်တယ်။

အာလူးများရတာကြိုက်တယ်..။
သူများစကားပြောတာ နားထောင်ရတာ ကြိုက်တယ်။
ဖုန်းပြောရတာ ကြိုက်တယ်..။
အရေမရ အဖတ်မရပြောရတာတွေ ကြိုက်တယ်။
သူများနဲ့ ကန့်လန့်တိုက်ရတာ ကြိုက်တယ်..။
(အတတ်နိုင်ဆုံး မတိုက်မိအောင် နေပါတယ်..ဟီး)

ရေဒီယိုနားထောင်ရတာကြိုက်တယ်။
သီချင်းတွေ နားထောင်ရတာ ကြိုက်တယ်.။


ငေးမောနေရတာကိုကြိုက်တယ်..။
တွေးတောနေရတာကို ကြိုက်တယ်..။
ပျင်းရိရတာကို ကြိုက်တယ်..။
လမ်းလျှောက်ရတာကို ကြိုက်တယ်..။
အပြင်ထွက်ရတာ ကြိုက်တယ်..။
အိမ်မှာ ကုတ်နေရတာ ကြိုက်တယ်။



 စာအုပ်ဆိုင်မွှေရတာကို ကြိုက်တယ်..။
စာအုပ်တစ်အုပ်နဲ့ ငြိမ်နေရတာကြိုက်တယ်..။

သူတပါးအပြစ်ရှာရတာ ကြိုက်တယ်.။
(ခခပဲ ခံပေရော့..ဟီးးဟိ)

ဂျင်းဘောင်းဘီတွေကြိုက်တယ်။
အစိမ်းရောင် တီရှပ်တွေ ကြိုက်တယ်။
ဆံပင်ရှည်ရှည်တွေကြိုက်တယ်..။
ဆံကျစ်မြီးတွေကို ကြိုက်တယ်..။
ချည်ချိတ်ထမီတွေ ကြိုက်တယ် ..။



မြက်ခင်းပြင်ကို ကြိုက်တယ်..။
အစိမ်းရောင် မြင်ကွင်းကျယ်ကို ကြိုက်တယ်..။
နေထွက်တာစောင့်ကြည့်ရတာ ကြိုက်တယ်။
နေဝင်တာ ထိုင်ငေးရတာကြိုက်တယ်..။
ပြူတင်းပေါက်တွေကို ကြိုက်တယ်..။
(ကော်ဖီဆိုင်ထိုင်ရင် ပြူတင်းပေါက်ဘေးနေရာပဲ ဦးစားပေးရွေးလေ့ရှိ)

အဟောင်းတွေကို ကြိုက်တယ်..။
လူဟောင်း..
စနစ်ဟောင်း..
နည်းလမ်းဟောင်း..
အဝတ်ဟောင်း..
အတွေးဟောင်း...
စက်ဘီးဟောင်း...

တနေ့ တနေ့ မကြိုက်တာတွေချည်းတွေးနေမိလို့လို့လား မသိ..
ကြိုက်တာတွေ အတော်စဉ်းစားယူနေရတယ်..။
(ရေးနေရင်း စဉ်းစားမိတာ..)


တချိန်တခါက မကြိုက်တာတွေကို ရေးဖူးပါတယ်..။
တင်မလို့ ရှာမတွေ့ဘူးဖြစ်နေတယ်..။

တကြိမ်တခါမှ မတက်ဂ်ဖူးလို့ တက်ဂ်ပါရစေ..
ကျေးဇူးပြု၍..
ရီတာ ။ ဗစ်စတာ ။ မမခင်ဦးမေ (မရေးပေးမှန်းသိပေမဲ့လည်း)
ကိုဘ ။ မြိုး ( ဖဘမှာရေးပေါ့...) အိတ်စ်ယောင်းစ်..။ကိုဇက်တီ။




















နာရီ


အချိန်အတွက် နာရီတလုံးလောက်ရှိသင့်ထင်တာပဲ။
ငယ်ငယ်က( ၇တန်း၈တန်းလောက်ကနေပါလိမ့်မယ်... ) ဘဝမှာပထမဆုံးသော
နာရီတစ်လုံးရရှိခဲ့ပါတယ်.။ကိုယ်ကိုယ်တိုင်ဝယ်တဲ့ နာရီ  (နာရီဖိုးကတော့ မိဘပေးတာပါ)။
နောက်တော့ ပျက်စီးသွားတယ်ထင်ပါတယ်..။ကိုယ်တရိုတသေမကိုင်တာလည်းပါမှာပေါ့။

၁၀တန်းဖြေနောက်ပိုင်းမှာ ပလပ်စတစ်နာရီတစ်လုံး ဝယ်တပ်ဖူးပါတယ်။
Guessတံဆိပ် လက်ပတ်နာရီပါ.။ မှတ်မိသလောက် ယောင်္ကျားပတ်ဆန်ဆန်လက်ပတ်နာရီ။
နောက်တော့ ဘယ်ရောက်သွားမှန်းမသိ။ အဲ့လောက်တန်ဖိုးထားတာသာ...ကြည့်။


ဘဝရဲ့ အပြောင်းအလဲ တစ်ခုမှာ ရွှေရောင်နာရီတစ်လုံးပိုင်ဆိုင်ခဲ့ဖူးပါတယ်။
တစ်ရက်ပဲ ပတ်ဖူးတယ် ထင်ပါတယ်..။ နောက်တော့ သူ့ဘူးလေးထဲမှာ 
အဖုံးပိတ်နေရရှာတယ်..။ ပစ်လိုက်ချင်တာ အခါခါ..။ ပေးသူကို အားနာပြီး
အခုထိ မပစ်မိသေးဘူး။



အပြင်သွားရင်းလာရင်း စီတီဇင်နာရီလေးတစ်လုံးဝယ်ဖူးပါတယ်..။

မှတ်မိသလောက် ညီမလေးကိုပေးလိုက်ပါတယ်..။

ကျနော်ဟာ နာရီကို တန်ဖိုးမထားတတ်ပါဘူး..။
နာရီကို မရှိမဖြစ် လိုအပ်နေပါတယ်.။
ကျနော့်မှာ နာရီမရှိပါဘူး။
မရှိမဖြစ်လိုအပ်နေမှန်းသိလျက်နဲ့  မဝယ်ထားဘူး။
တန်ဖိုးထား မသုံးစွဲသူ.။
နာရီတွေကလည်း ကိုယ်လိုလူမျိုးကို ခင်တွယ်မှာ မဟုတ်ပါဘူး။
တကယ်တော့..
ကျနော် နာရီတွေကို ချစ်ပါတယ်.။
တန်ဖိုးမထားတတ်တာ တစ်ခုတည်းပါ..။
(ဘယ်အရာကိုမှ တန်ဖိုးထားတတ်သူ မဟုတ်ပါဘူးလေ..)




အခုတော့...
တိုင်ကပ်နာရီမရှိ..။ 
နိုးစက်နာရီမရှိ..။
လက်ပတ်နာရီမရှိ..။




 မှတ်ချက် ။ ။ အချိန်အတွက် ဟန်းဖုန်းကြည့်ပါတယ်။
့ကွန်ပြုတာမှာ တပ်ထားတဲ့ နာရီကိုကြည့်ပါတယ်။