30th Dec 08


မွေးနေ့မှာ ပျော်ရွှင်ပါစေ...


နှင်းပွင့်တွေနဲ့ အတူ ရှိနေမယ့် ...
အေးစက်စက် စကားလုံးတွေ ပြောတတ်တဲ့...
သူစိမ်းတစ်ယောက် ဖြစ်သွားတဲ့...
နင်...
မွေးနေ့မှာပျော်ရွှင်ပါစေ...

Lets start from here

Lets start from here



Giving up
Why should I
Have come too far to forget
Beautiful , just got lost somewhere along the way
So mush was missing when you went away


Let's star from here
Lose the past
Change our mind
We don't need a finish line
Let's take this change
Don't think too deep
Nor those promises we couldn't seem to keep
I don't care where we go
Lets start from here

Standing here face to face
A finger on your lip
Don't say a word don't make a sound
Silence surrounds us now
Even when you were gone I felt you every where


I've never been the one to open up
But you've always been the voice within
The only one from my cold heart




哭了



哭了 (范曉萱)


雨又在下了 看外面又濕了 ..... 
မိုးမင်းကြီးက ရွာပြန်ပြီ....
အိမ်ပြင်မှာ စိုစွတ်နေပြီ..


我一直 等著 ....讓屋裡燈都亮著
ငါ စောင့်မျှော်နေဆဲ ...
အခန်းငယ်လေးကို မီးထွန်းထားနေဆဲ...


這樣
傷心地睡了
ဒီလို ခံစားချက်တွေနဲ့ အိပ်ပျော်ခဲ့တယ်...

這樣
壓抑地醒了
ဒီလို စိတ်ဓါတ်ကျစွာနဲ့ နိးထလာခဲ့တယ်...

想著你要來了
可該變的都 變了 ...
နင်လာမယ်လို့တွေးနေတုန်းမှာပဲ.....
ပြောင်းလဲသင့်တာတွေပြောင်းလဲကုန်ပြီ..


而孤獨是什麼?
心冷是什麼?
အထီးကျန်ဆန်တယ်ဆိုတာ ဘာလဲ...?
အေးစက်တဲ့နှလုံးသားတွေကရော ဘာလဲ..?

情是什麼
你是什麼?
မေတ္တာဆိုတာ ဘာလဲ....
နင်ကရော ဘာလဲ...


我不要再想了
我已經倦了我
ငါဘာမှထပ် မစဉ်းစားချင်တော့ဘူး ..ငါစိတ်ကုန်နေပြီ..

不想再唱了
我已經哭了
ထပ်မဆိုချင်တော့ဘူး ...ငါငိုနေပါပြီ..

想陪你坐著想
聽你說著
နင့်ဘေးမှာထိုင်နေရင်း....
နင်ပြောမယ့်စကားတွေနားထောင်ရင်း

想知道我值得 以為我們還愛著
ငါသိချင်နေတယ်..(..........)


把窗戶都開著
風也是涼的
ပြူတင်းတံခါးကိုဖွင့်ထားဆဲ...တိုက်ခတ်လာတဲ့လေပြေကလဲ အေးဆဲ


我一個人唱

ငါတစ်ယောက်တည်း သီဆိုနေတဲ့

聲音也變成冷的
.............
(ငါ့) သီချင်းသံဟာ အေးစက်နေပါပြီ...


မှတ်ချက် ။။ ။မြန်မာလိုမပြန်တတ်ပါဘူး။
တစ်ချို့စကားလုံးတွေက ကိုယ်ခံစားမိတာနဲ့ ထပ်တူထပ်မျှမကျနေတော့
စိတ်တိုင်းမကျပါဘူး...
တတ်သလိုပြန်လိုက်ပါတယ်...


အာလူးခရမ်းချဉ်ကြော်..





အာလူးကို ဘယ်လိုလုပ်စားကြလဲတော့မသိဘူး။။
ကျနော်တို့ရွာမှာတော့ အခုလို လုပ်စားဖြစ်တာ များပါတယ်။။
ဒီဟင်းကို အဖိုး နဲ့ အဖေ ကြိုက်ကတ်ပါတယ်။။ အမြဲလိုလိုလည်း
ချက်စားဖြစ်တဲ့ ဟင်းလေးပေါ့။။
ကျနော့ညီမလေး ဒီဟင်းကို သတိရပြီး ချက်စားချင်စိတ် ရှိအောင်
တင်ပေး လိုက်ပါတယ်။။( အားလုံးစားလို့ ရတယ်နော် ..မနေ့ကလိုဖြစ်မှာ
စိုးလို့....အဟင့်)

၁ ) အာလူးအလတ်စား ၂လုံး ကို အခွံခွာပြီး
ထက်ခြမ်းခြမ်း ပါးပါးပြန်စိပ်ထားပေးပါ။။
ကြက်သွန်ဖြူ နှစ်ဥလောက် ဓါးပြားရိုက်ပြီး စိတ်ထားပေးပါ။။

၂ ) ခရမ်းချဉ်သီးတစ်လုံးကို စိတ်ထားပါ ။။

၃) ငြုပ်သီးခြောက် ၃..၄..တောင့်ကို အစေ့ဖယ်ထားပါ။။
ငြုပ်သီးခြောက်ကို ကျွမ်းအောင်ကြော်ထားပါ။။


ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ၁) ကိုထည့်ကြော်ပါ
၁မိနစ်လောက် မွှေပေးပါ ။။ဆားအနည်းငယ်ထည့် ။
ရေကို အာလူးမြုပ်လောက်ထိ ထည့်ပေးပါ။။ အိုးဖုံးပိတ်ထားပေးပါ။။
မကြာခဏ အိုးဖုံးဖွင့် မွှေပေးပါ။။ ၅မိနစ် မှ...ရမိနစ်ထိ ဖုံးထားပါ။။
အာလူးကျက်လောက်ရင် ပန်းကန်ပြားထဲမှာ ဆယ်ထားပါ။။
ဒယ်အိုးကို ဆေးပြီး ဆီထည့် စိတ်ထားတဲ့ ခရမ်းချဉ်ကို ကြော်ပေးပါ။။
ခရမ်းချဉ်သီးမကြေ တကြေလောက်ဖြစ်ရင် ကြော်ပြီးသား အာလူးကို
ထည့်ပါ။။ ရေနည်းနည်း ထပ်ထည့်ပါ။။ ကြာညို့အငန်(အကြည်) နဲ့ ဆား
နည်းနည်း ထည့်ပါ။။ ၂မိနစ်လောက်ဆို ကျက်ပါပြီ။။ ကြော်ပြီးသား
ငြုပ်သီးခြောက်နဲ့ ကြက်သွန်မြိတ် ပါးပါးစိတ် ဖြူးပြီး မွှေပေးပါ။။
သုံးဆောင်နိုင်ပါပြီ။။



ပဲ...ဆူးကျီး(酥雞) မလုပ်ဖြစ်သေးဘူး အဲ့ဒါလုပ်ရတာ ရှုပ်လို့
ဒီဟင်းပဲ အရင် ချက်စားနော်။။





နိနိ မေမိုး မမ အမ်အမ် လင်းစ် ထုံ မသိဂီ င်္နဲ့ ဘလော့ညီအမများအတွက်...




နိနိရေ...
ဖြစ်သလို ပေါင်းလိုက်တယ်..
နောက်ရက်အားမှ သေချာ ပြန်တင်ပေးပါ့မယ်...
အခုတော့ ဂတိခံထားလို့ တင်နိုင်အောင် ကမန်းကတမ်း ပေါင်းလိုက်တာ..
၁ ) ပုံပါအတိုင်း မှိုခြောက်( မှိုခြောက်ပန်းခြောက်မဟုတ်ပါ) ကို ရေနွေးနဲ့
နာရီဝက်စိမ် ပေးပါ။

၂) ကြက်ဥလေးလုံးကို ဆာားအနည်းငယ်ထည့်ပြီး ခလောက်ထားပါ။။

၃) အမဲသားကြိတ်သား(သို့) ကြက်ရင်အုပ်သား နုတ်နုတ်စင်းကို ကြက်ဥထဲထည့်ပါ။။

ရေစိမ်ပြီးသား မှိုပွင့်ကို နုတ်နုတ်စင်းပြီး ကြက်ဥထဲ ထည့်ပါ။။ နှမ်းဆီမွှေး နှစ်စက်
သုံးစက် ခန့်ထည့်ပါ။။ နှမ်းဆီမွှေး မရှိရင် ရိုးရိုးဆီထည့်နိုင်ပါတယ်။။
ကြက်သွန်မြိတ်တစ်ပင်လောက် ပါးပါးစိတ်ပြီး ဖြူးပါ။။

ဒယ်အိုးထဲမှာ ရေ ၃ပုံ ၁ပုံထည့်ပြီး ဆူအောင်တည်ပါ။။ ရေဆူရင် ကြက်ဥပန်းကန်ထည့်ပြီး
အဖုံးအုပ်ထားပေးပါ ။။ မီးကတော့ မသေး မကြီး ထားထားပေးပါ။။
မိနစ် ၂၀ လောက် အိုးဖုံးဖွင့်ပြီး ပုံပါအတိုင်း တူကို ကြက်ဥပေါင်းထဲ ထိုးစိုက်ကြည့်ပါ။။
တူမလဲရင် ကြက်ဥပေါင်းကျက်ပါပြီ ။။ တူအလွယ်တကူလဲရင် ကြက်ဥအတွင်းသား
မကျက်သေးလို့ပါ။။

နောက်ရက်အားရင် ထပ်လုပ်ပြီး ပုံပြန်တင်ပေးပါ့မယ် ။။

မှတ်ချက် ။။ ။။ ညီအမတွေ မကုန်ရင် ကျန်တဲ့ ညီအကိုတွေကို ကျွေးလိုက်ကြပါနော်။။
သနားပါတယ် ။။

Rehab (Amy Winehouse)

They tried to make me go to rehab...I said " No...no...no..''
Yes.., I've been black but when I come back You'll know....know...know..
I ain't got the time and if my daddy think I'm fine...
He's tried to make me go to rehab , I wont go ...go...go...


ပျင်းသွားပြီ...
ဆက်မရေးချင်တော့ဘူး...
သီချင်းပဲနားထောင်တော့...
မမီးတစ်ယောက်..ဖြတ်စရာဆေးတော့ မစွဲသေးဘူး..(နောင်လဲမစွဲပါဘူး)
သံယောဇဉ်တွေဖြတ်ဖို့တော့...
လိုအပ်နေပြီ...








ဖက်ထုပ်





မနက်က ဆန်ပြုပ်နဲ့ နှစ်ပါးသွားလိုက်ရပါတယ်။။
ညနေ ချန်းချန်းပြန်ရောက်ရင် ဖက်ထုပ်လုပ်ကျွေးမယ် စိတ်ကူးပြီး
ပြင်ဆင်ထားပါတယ်။။ မနက်က ဆေးခန်းသွားပြီး ဆေးထိုးလိုက်တော့
တော်တော်သက်သာလာပါတယ်။။
ပါးစပ်ပျက်နေတော့ ချဉ်ချဉ်စပ်စပ်လေး စားချင်နေတယ်။။
မစားရဲဘူး။ ဖက်ထုပ်တို့စားတဲ့အချဉ်ရည်ထဲမှာလဲ ငြုပ်သီး
ပါလေကာပဲထည့်ရဲတယ်။။ မုန်ညှင်းချဉ် နောက်ဆုံးလက်ကျန်လေးနဲ့
တွဲစားလိုက်တော့ အာသာပြေသွားပါတယ်။။

စိတ်ထဲရှိတာ....


ဆရာမ မေငြိမ်းရဲ့ ““ထွက်ပြေးတဲ့အခါ ”” ကို ရင်ဘတ်နဲ့ခံစားပြီး
ဖတ်ခဲ့ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါတယ်။။
ဆရာမအဖြစ်နဲ့ တစ်ထပ်တည်း မကျပေမယ့် တစ်ချို့သောအရာတွေက
တူပါတယ်။။ ကိုယ့်ကိုယ်ကို ဘယ်တုန်းကမှ သနားစရာသတ္တ၀ါအဖြစ်
မခံယူခဲ့ဖူးပါဘူး ။။ ကြုံဆုံရတဲ့ အဖြစ်ကို မသိလိုက် မသိဖာသာ လက်ခံရင်း
စိတ်ဓါတ်တွေ မာကျောလာခဲ့ပါတယ်။။

ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကို အရင်က ဘယ်လိုဆက်ဆံခဲ့တာ။
အခုချိန်တွေမှာ ကိုယ့်အပေါ် ဘယ်လိုပြောင်းလဲလာတာ...စသဖြင့်
ကိုယ်ခံစားလို့ရပါတယ် ။။

အမှန်က ဆရာမမေငြိမ်းပြောသလို မြန်မာပြည်မှာမှ အမျိုးသမီးတွေကို
ခွဲခြားဆက်ဆံတာ မဟုတ်ပါဘူး ။။ ဒီနိုင်ငံမှာလဲ ခွဲခြားဆက်ဆံကြပါတယ်။။
အထူးသဖြင့် ဆရာမပြောတဲ့ အမျိုးသမီးမျိုးတွေကိုပေါ့။

ဘာတွေရေးနေမိမှန်း မသိတော့ဘူး..
သေချာတာကတော့ စိတ်ထဲရှိတာတွေပေါ့...
တင်းထားတဲ့ကြိုးတွေ ပျက်လုပြီထင်ပါရဲ့.........




ဒီနေ့ ကံမကောင်းပါလား...၁၆.၁၂.၀၈


ဒီနေ့ ကံမကောင်းပါ....
အရာရာနဲ့ အဆင်ပြေအောင် နေနေရတဲ့ အထဲ...
......................
ကိုယ့်သွေးတွေ ဘယ်လောက်ဆူပွက်နေတယ်ဆိုတာ
ကိုယ်အသိဆုံး.....
.........................
မျက်နှာချင်းဆိုင် ဖြေရှင်းရမှာလား....
သည်းညည်းခံ ဥပေက္ခာပြုရမှာလား....
ကိုယ့်မှာ အကောင်းဆုံးအဖြေ ရှိမနေခဲ့ဘူး...
............................
ဒီနေ့...
ဆင်ခြေတုံတရား ကင်းမဲ့သူနဲ့..
သစ္စာတရား ကင်းမဲ့သူ...
နှစ်ယောက်ကို တပြိုင်နက်တည်း တွေ့ကြုံလိုက်ရချိန်မှာ...
..................
........................
...........................
မှတ်ချက် ။။ မမတို့ကိုနုတ်ဆက်ပြီး အိပ်မရလို့...စိတ်ထဲရှိနေတာ ရေးချလိုက်တာ..
အိမ်ပြန်ရောက်ပြီး မမတို့နဲ့တွေ့လိုက်ရချိန်မှာ ၀မ်းနည်းတာတွေပျောက်ကုန်ပြီ...
ကျေးဇူး...



ငါ....သတိရပါတယ်..


စာမျက်နှာတစ်ဆယ့်ငါး........(ဆို - လေးဖြူ )

အတိတ်တွေက မှုန်ဝါးပေမယ့်
ငါတို့နှစ်ဦးဇာတ်လမ်းမှာ တချို့နေရာက
အကောင်းအတိုင်း ရှိနေဆဲပါဘဲ...
ဟိုတကွက် ဒီတကွက် ပိတ်သားထက်..
အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်...


အဓိပ္ပါယ်မရှိတာ သိပေမယ့်
တခါတလေ တိုက်ဆိုင်မှုတွေ ရှိလာတော့လဲ
အမှတ်တမဲ့ မင်းကို လွမ်းပါတယ်....
အပေါ်ယံ ရှပ်ထိသော ဒဏ်ရာ မဟုတ်တော့..
လွယ်ကူစွာနဲ့ ငါမေ့မရဘူးကွယ်...
တွေ့ရင် မှတ်မိဦးမယ် ထင်ပါတယ်...
နှစ်တွေ လတွေက အတော်ကြာပြီပဲ....



ဘယ်ဆီကို မင်းရောက်နေမလဲ.....
ဘာတွေကို မင်း လုပ်နေမလဲ...
ဘယ်သူနဲ့ မင်း ရှိနေမယ်...
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့....
ပြန်စဉ်းစားရင်းနဲ့ ငါသတိရပါတယ်..

ဘယ်ဆီကို မင်းရောက်နေမလဲ....
ဘာတွေကို မင်း လုပ်နေမလဲ....
ဘယ်သူနဲ့ မင်း ရှိနေမယ်...
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့...
ပြန်စဉ်းစားရင်းနဲ့ တခါတလေ ငါ သတိရပါတယ်...





နေ့တိုင်း...အချိန်ရတိုင်း..ဘင်္ဂလားပင်လယ်အော်ထဲမှာပဲ
မျှောနေမိတယ်....






သံယောဇဉ်..


သံယောဇဉ်... (ဆို..လေးဖြူ)



မတွေးချင်လည်း ငါ တွေးနေမိ ....
မေ့ရင်လည်း ပြန်သတိရပြီး....
အမှတ်မရှိသေးဘူး ငါ လွမ်းဆွတ်....
မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ....
မှားနေလည်း ငါဆက်မှားပြီး...
ဒုက္ခများကုန်ပြီ....



ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နှစ်ခဲ့....
ဖြတ်တောက်တိုင်းလည်း ပိုဖြတ်ဖို့ခက်တဲ့...သံယောဇဉ်....

သံယောဇဉ်....သံယောဇဉ်...
ငါလေ အပျက်ပျက်နဲ့ သွေးထွက်ခဲ့တယ်...
သံယောဇဉ်...သံယောဇဉ်..
လူကို အရူးတစ်ပိုင်းဖြစ်စေခဲ့....
သံယောဇဉ်...သံယောဇဉ်...
နေမြင့်လို့ အရူးရင့်ခဲ့တယ်...


ဒီ သံယောဇဉ်....ဒီ သံယောဇဉ်...
ဒီ သံယောဇဉ်.....ဒီ သံယောဇဉ်.....သံယောဇဉ်..


မကြားချင်ဘဲ ငါကြားယောင်မိ...
မသွားချင်လည်း ငါ ဆက်သွားပြီး...
အစိုးမရတဲ့ စိတ်ကြောင့် ငါ ခက်ပြီ.....
မမွှေးသင့်ဘဲ ငါ မွှေးတဲ့မီး ....
မတိုးချင်လဲ ငါ ဆက်တိုးပြီး...
ငါ့ဘ၀ ကျွမ်းလောင်ပြီး.....






ချောင်းဆိုး..ရင်ကြပ်


ဆောင်းရောက်ရင် ကျနော် ချောင်းဆိုးတတ်ပါတယ်။။
တခါတရံလည်း ရင်ကြပ်လိုက်ပါသေးတယ်။။ စကားပြောနေရင်း
ချောင်း ခဏ ခဏ ဟန့်နေရတာ စိတ်တိုပါတယ်။။ ကိုယ်လုပ်တဲ့အလုပ်ကလည်း
အစဉ်မပြတ်စကားပြောနေရတဲ့ အလုပ်ဆိုတော့ .........။။

သူဌေးမက ဆေးလိပ်သောက်ပါတယ်။ လာနေကျ ကက်စတန်မာတချို့လည်း
ဆေးလိပ်ချိုး ။ သူများဆိုင်တွေ ကက်စတန်မာကို ဆိုင်ထဲမှာ ဆေးလိပ်သောက်ခွင့်မပြုပါဘူး။။
ကျွန်တော့် သူဌေးမ ကလွှဲလို့ပေါ့။။
ပေါင်းနေကြ သူငယ်ချင်းတချို့လည်း ဆေးလိပ်မပါ မပြီးတဲ့သူတွေ။။
စားသောက်ဆိုင်ဆို ဆေးလိပ်ခန်းပါတဲ့ စားသောက်ဆိုင်မှ ။အလွန်ဆုံး ကော်ဖီ
ဆိုင်တောင် ဆေးလိပ်မီးမွှန်နေတဲ့ ဆိုင်မျိုးပဲရွေးချယ်ကြပ်ါတယ် ။


တစ်ရက်တော့ မတွေ့တာကြာပြီဖြစ်တဲ့ ညီမလေးထက်နဲ့ တွေ့ပြီး အာလူးများကြ
ပါတယ်။။ စကားပြောနေရင်း ချောင်း ခဏ ခဏ ဟန့်နေရပါတယ် ။ဆိုတော့..
ထက်က “ ပေါက်.. honey ရှိလား” လို့ မေးလာပါတယ်။။
ကျွန်တော်က “ ရှိပါတယ်..” လို့ပြန်ဖြေပါတယ် ။
ထက် က“ သံပုရာသီးရော ရှိလား ” တဲ့
ကျွန်တော်က “ ရှိပါတယ်...ဘာဖြစ်လို့လဲ“ လို့ပြန်မေးပါတယ်။
သူက ““honeyကို teaspoon တစ်ဇွန်း နဲ့သံပုရာသီးတစ်ခြမ်းနဲ့
ရေနွေးနဲ့ မတ်ခွက်ထဲဖျော်ပြီး သောက်ကြည့်ပါ““ ဆိုပြီးပြောလာပါတယ်။
ကိုယ်ကလည်း“ အင်းးးး....“ ဆိုပြီး အင်းလိုက်လိုက်ပါတယ်။

ချောင်းက ဆက်တိုက်ဆိုသလို ဆိုးလာပါတယ်။ ကိုယ်က “ထက်ရေ..
ခဏ ချောင်းဆိုးပျောက်ဆေး သောက်လိုက်ပါဦးမယ်“ လို့ပြောလိုက်တယ်။
သူက““ ဟင်...ခုန သမီးပြောတဲ့ အတိုင်းတော့ မသောက်ဖူးလား“တဲ့
ကိုယ်က“ သောက်မယ်လေ..နောက်ရက်မှ“
သူက“ အခုသောက်ပါ..ပေါက်..“
ကျွန်တော်က “အခုမှ သံပုရာသီးတို့ honey တို့မှ မရှိတာ“
သူက “ စောတုန်းကပြောတော့ရှိတယ်ဆို..“တဲ့
ကျွန်တော်က “ထက်ကလဲ...ဒီမြို့မှာရှိတယ်ပြောတာပါ....အိမ်မှာမရှိဘူး..““
ဆိုတော့..နှစ်ယောက်သား ၀ါးလုံးကွဲအောင် ရယ်ကြပါလေရော..။။

မှတ်ချက်။။ ။။ ဘိုလိုညှပ်ပြောချင်တာမဟုတ်ရပါဘူး။။
ထက် ပြောတဲ့အတိုင်း မှတ်မိသလောက် ပြန်ရေးချနေတာပါ။။
အမှန်တကယ် ဆိုလိုချင်တာကတော့.....
honey နဲ့ သံပုရာနဲ့ ရေနွေးနဲ့ သောက်ရင်..ချောင်းဆိုးပျောက်တယ်လို့
ပြောချင်တာပါ...ဟီးဟီ








အမြင်ကပ်ဖွယ်ကောင်းသော........


လင်းစ်က တက်ဂ်လာတယ်..
ကိုယ့်ကိုယ်ကို မုန်းတဲ့ အချက်(၁၀) ချက်တဲ့...
ကိုယ့်ကိုယ်ကို မုန်းသလား..မမုန်းသလားတော့ မသိဘူး
ပြုပြင်သင့်တယ်လို့တော့ ထင်တာ အမှန်ပဲ...
ထင်ပဲ ထင်တာနော်.....ပြင်မယ်လို့ မပြောရဲသေးဘူး။။


၁) မျက်နှာထား တင်းမာတာ...ကိုနိ ရှစ်ခေါက်ချိုးထက်ဆိုးတယ်။
ကိုယ့်ကိုစတွေ့တွေ့ချင်း ဘယ်သူကမှ အဖက်မလုပ်ချင်ဘူး။။
(ကိုယ့်ရင်ထဲကတော့ နွေးထွေးတဲ့မေတ္တာတွေနဲ့ အပြည့်နဲ့သူပါ..)


၂)ဒေါသကြီးလွယ်တာ ..


၃)ဒေါသပြေလွယ်တာ (ဒေါသကြီးတာ ၃မိနစ်တောင်မခံဘူးထင်တယ်)


၎)အညိုးမထားနိုင်တာ (လူတစ်ယောက်ကို စိတ်ဆိုးပြီးရင် အညိုး
ကြာကြာမထားနိုင်ပါဘူး..ပျော့ညံ့လိုက်တာနော်)


၅)မိသားစုထက် အလုပ်ကို တွယ်တာလွန်းတာ...
(ချန်းချန်းက ဆန္ဒပြနေကျ..)


၆)အပြင်ပန်းကကြည့်ရင်မာသလိုနဲ့
အတွင်းစိတ် ပျော့ညံ့လွန်းတာ...


၇) အိမ်အလုပ် မလုပ်ချင်တာ...


၈) ဆတ်ဆတ်ထိမခံတာ (အခုတော့ ဥပေက္ခာပြုသင့်တာ ပြုနေပါပြီ)

၉)...........................
(ချောမောလှပ လွန်းတာ......ကဲ..မမေးမိရင်အကောင်းသားလို့
ကိုယ့်နဖူးကိုယ်ရိုက်နေကြပြီမဟုတ်လား)


၁၀) ဘလော့စွဲလွန်းတာ...


)စိတ်မြန်တာ...


)စိတ်မရှည်တာ....


)အားနာတတ်တာ..

အမှန်ကထပ်ရေးရရင် အချက်တွေအတော်များများကျန်သေးတယ်..
လင်းစ်က ၁၀ချက်ပဲတောင်းဆိုတော့...ဒီလောက်နဲ့ပဲ ကျနော့ကို
အမြင်ကပ်ကြတော့ပေါ့....နော်...(နော်...ဆိုတာ နွဲ့ကြည့်တာ)
စကားပြော ယောင်္ကျားဆန်ပြီး မာလွန်းတော့ တစ်ချို့က ကိုယ့်ကို
ကိုပေါက် တဲ့.။။

Lost!!!!

Lost!! by Coldplay


~~~Just because I'm losing~~~~
~~~Doesn't mean I'm lost~~~~
~~~Doesn't mean I'll stop~~
~~~Doesn't mean I will cross~~~~


~~~Just because I'm hurting~~~~
~~~Doesn't mean I'm hurt~~~
~~~Doesn't mean I didn't get what I deserved~~~
~~~No better and no worse~~~


~~~ I just got lost~~~~
~~~Every river that I try to cross~~~
~~~Every door I ever tried to locked~~~~
~~~Oh and I'm just waiting 'til the shine wears off~~~~


~~~You might be a big fish in a little pond~~~~~
~~~Doesn't mean you've won~~~
~~~'Cause along may come~~~~
~~~A bigger one~~~~

~~~And you be lost~~~~
~~~Every river that you try to cross~~~~~
~~~Every gun you ever held went off~~~
~~~Oh and I'm just waiting 'til the firing stop~~~~
~~~Oh and I'm just waiting 'til the shine wears off~~~~






မန်ကျည်းသီးငပိချက်နဲ့ ပဲဟင်းဆူးပုပ်ခပ်(တ်)






မန်ကျည်းသီးစိမ်းလေး ၀ယ်ထားတာကြာပေါ့။။
မချက်တတ်တာရယ် မအားတာရယ်နဲ့ပေါင်းပြီး ရေခဲသေတ္တာထဲ
ပစ်ထားလိုက်တာ ။။ မေမြို့အိမ်မှာ တစ်နှစ်နေလို့ တစ်ခါလောက်ပဲ ချက်စားဖြစ်တာ
ထင်တာပဲ ။။ မနေ့ညက ကိုယ့်ညီမလေးနဲ့ ဖုန်းပြောဖြစ်ရင်း ပြောနေကြသေးတယ်။။
အိမ်မှာ သိပ်ချက်မစားဖြစ်တဲ့အကြောင်း ။ ညီအစ်မ နှစ်ယောက်လုံးလည်း မီးဖိုချောင်
မ၀င်ဖြစ်တဲ့အကြောင်း ။(ဟားဟား ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေတာလေ..)

မသက်ဝေနဲ့ နိနိတို့ပြောတဲ့အတိုင်း ကြက်သွန်နီအရင်ကြော်ပါတယ်။ ပြီးရင်
ကြက်သွန်ဖြူနုပ်နုပ်စင်းထည့်ပါတယ် ။။ ငပိ(မျှင်ငပိဆိုတာမသိလို့ ငပိပဲထည့်ပါတယ်)
ထည့် ။ ပုဇွန်ခြောက် ရေစိမ် ကြိတ်ထားတာထည့်ပါတယ် ။ ငြုပ်သီးအစိမ်းကြိတ်ထားတာရော
ငြုပ်သီးမှုန့်ပါ ထည့်ကြော်ပါတယ် ။ ပြီးတော့ မန်ကျည်းသီးစိမ်း မညက်တညက်ကြိတ်ပြီးသား
ထည့်ပါတယ် ။။ ရခါနီး နံနံပင်နဲ့ ငြုပ်သီးစိမ်း အုပ်ပါတယ်။။
(နံနံပင်ထည့်ရလား မသိပါဘူး)

မြည်းကြည့်ပါတယ် ။။
တော်တော် ချဉ်ပါတယ် ။အဟီး
မန်ကျည်းသီးစိမ်းများပြီး အစာနည်းနေလို့ လို့ ကောက်ချက်ချပါတယ်။။
ကြက်သွန်နီ ကြက်သွန်ဖြူ ပုဇွန်ခြောက် ကို ပုံပါအတိုင်း နောက်တစ်ဆ ထပ်ကြော်ပါတယ်။။
ပြီးတော့ ကြော်ပြီးသား မန်ကျည်းသီးငပိကြော်ကို ပေါင်းကြော်လိုက်ပါတယ်။။
ဒီကပဲဝါ တစ်မျိုးကို ဟင်းရည်ချက်ပြီး ဆူးပုပ်ခပ်လိုက်ပါတယ်။။
ငါးကြော်ကတော့ ရုပ်ဆိုးလွန်းလို့ မရိုက်ထားမိဘူး။။

အိုကေသွားပါပြီ။။
ကြက်သွန်နီ သိပ်မညက်သေးတာကလွှဲလို့ပေါ့။။
မသက်ဝေ နဲ့ နိနိရေ ...
မြည်းကြည့်ပါဦး။။

မှတ်ချက် ။။ ။။ ဟင်းချိုမှုန့် မကြိုက်လို့ ထည့်မကြော်ပါဘူး ။။
မြန်မာဟင်းတွေချက်ဖြစ်ပေမယ့် မတင်ရဲဘူး ။


စိတ်ပြေလက်ပျောက်...




ဒီနေ့ တခြားမြို့တစ်မြို့ကို သွားဖြစ်ပါတယ်။။
အဲ့ဒီမြို့လေးမှာ မြန်မာပြည်ကလူတွေများသလို ထိုင်းတွေလည်း
ရှိပါတယ် ။။ အဲ့ဒီမြို့လေးကိုသွားဖြစ်တိုင်း ထိုင်းတွေရောင်းတဲ့ ဆူးပုပ်
မကျည်းသီးစိမ်း ငှက်ပျောပေါင်း(ဒီနေ့အဲ့ဆိုင်ပိတ်ပါတယ်) ယူနန်ခေါပုပ်
ဝယ်ဖြစ်ပါတယ် ။။

ဒီနေ့တော့ ဆူးပုပ်နဲ့ မကျည်းသီးစိမ်း ခရမ်းသီးသေးသေးလုံးလုံးလေး တွေပဲ
ဝယ်ဖြစ်ပါတယ်။။ ခရမ်းသီးသေးသေးလုံးလုံးလေးကို ရှမ်းပဲပုပ် ကြက်သွန်ဖြူ
ငြုပ်သီးစိမ်း နဲ့ မီးဖုတ် ထောင်းစားရတယ် လို့ သူငယ်ချင်းက သင်ပေးပ်ါတယ်။။


မြို့လေးကိုသွားတဲ့လမ်းတစ်လျှောက်မှာ ပန်းခင်းဝါ၀ါလေးတွေတွေ့လို့ ကားပေါ်ကနေ
ဓါတ်ပုံလှမ်းရိုက်လာခဲ့ပါတယ် ။။ ဘတ်စ်ကားနဲ့သွားတာမို့ ကားပေါ်ကနေ
ဖြစ်သလို ရိုက်လာခဲ့ရပါတယ်။။

(ဆူးပုပ်နဲ့ပုံကင်မရာနေ့စွဲမှားပြန်ပြီ ..။။ချိန်ပြီးပြီလို့ထင်ထားတာ..
အခုတော့......ဟီးဟိ)

乾媽 နုအတွက်..အရုပ်လေးတွေ




နုစံ..အရုပ်တွေကြိုက်တယ်ဆိုတာ..
ဟိုအရင်....သူ့ဘလော့တွေစဖတ်ကတည်းကသတိထားမိပါတယ်။။
လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့လေ။။
ကျနော်ကတော့ အဲဒီလောက်မကြိုက်ပါဘူး။။
ချန်းချန်းလည်း သိပ်မကြိုက်ပါဘူး။။ သူက ဘောလုံးရူး
သေနတ်ရူး ။။
အိမ်မှာဖြစ်သလိုနေနေရတဲ့ အရုပ်လေးတွေ သူ့ကိုနှစ်သက်မြတ်နိုးတဲ့
သူဆီကိုရောက်ရင် စင်နဲ့ ဘာနဲ့နေနေရမှာ ။။ အခုတော့..ကျနော့ဆီမှာ
အိတ်ထဲ ဖြစ်သလို ထည့်ထားခံရရှာတယ်။။
အိတ်အ၀ါရောင်ထဲမှာထည့်ပြီး အိမ်အနောက်ဖက်မှာ ပစ်ထားရတယ်။။
(နုရေ မငိုနဲ့နော်..)
ခုနမှ နုရဲ့ပို့စ်ကိုဖတ်ပြီး သွားထုတ်ယူလာပါတယ်။။
ရှူစားတော် မူကြကုန်.............
ပြီးရင်....မားနုဆီ ပို့ပေးလိုက်ချင်တယ်။။
နုရေ...အပြီးမွေးစားလိုက်တော့နော့..။။

မှတ်ချက်။။ ။။ ကင်မရာအချိန်ကို မတိုက်ထားမိဘူး။။ ၂၉ရက်နေ့ မနက် ဖြစ်ရမှာ
၂၈ရက်နေ့ ညနေဖြစ်နေတယ်..ဆောတီးနော်။။
ဘလော့ပူးလစ်စ်တွေကိုကြောက်လို့ အရင်ရှင်းပြထားတာပါ။။ဟီးးဟိ

စိတ်ထဲရှိတာ....


နှစ်စဉ် ဒီအချိန်တွေမှာ...
အလုပ်တွေရှုပ်ပြီး အသက်ရှုမ၀ချင်ဘူး။။
လကုန်ခါနီးပြီ...
စာရင်းတွေ မချုပ်ရသေးဘူး။။
သူဌေးမ ပြန်ရောက်တော့မယ်။။
အလုပ်တွေ မပြီးပြတ်သေးဘူး။။
နှစ်သစ်ကူးတော့မယ်။။
အရောင်းတွေ မလိုက်သေးဘူး။။
ဒီလိုခံစားချက်တွေ နဲ့ငါ...
နောက်ပြန်မလှည့်ရဲဘူး။။။။

ကင်မ်ချီးဟင်းရည်ပူပူလောင်လောင်လေးး






အခုတလော ရာသီဥတုအေးလာတော့ ပူပူလောင်လောင်
အရည်ပါတဲ့ ဟင်းမျိုးပဲ ချက်စားမိတယ် ။။ နိနိလည်း ပူပူလောင်လောင်
ကြိုက်တယ်ဆိုပဲ ။။ အခုချက်တဲ့ ဟင်းရည်ကိုတောင် စားရင်းအေးသွားလို့
ထပ်သွားနွေးပြီး စားပါတယ်။။ (အိုဗာတင်းလေ..)


ကင်မ်ချီး တစ်ထုပ် ။ဝယ်ထားတာအနည်းဆုံး တစ်ပတ် နှစ်ပတ်လောက်ရှိမယ့်
ကင်မ်ချီး ဆို ပိုစားကောင်းပါတယ်။။လတ်ဆပ်တဲ့ ကင်မ်ချီးဆို အရသာပေါ့မယ် ။

ငါးသေးသေးလေးအခြောက် အနည်းငယ် ။ ကြက်သွန်နီဥကြီးတစ်ဝက်ပါးပါးစိပ်ထား
အိုးတစ်လုံးထဲမှာ ရေ၄ပုံ၃ပုံထည့်ပါ ။ကင်မ်ချီးအချဉ်ဖတ်တွေ ထည့်ပါ။ အပင်လိုက်ဆို
ဓါးနဲ့လှီးပေးပါ ။။ ငါးခြောက်လေးတွေကိုရေဆေးထည့်ပါ ။ ကြက်သွန်နီစိပ်ပြီးသားကို
ထည့်ပါ ။။ မီးဖွင့်နိုင်ပါပြီ ။။ဆူတဲ့အထိစောင့်ပြီး မီးသေးသေးပြောင်းပေးပါ ။
၄၅မိနစ်ကနေ တစ်နာရီလောက်ထိ တည်ပါ။ လိုအပ်ရင် ရေထပ်ဖြည့်ပေးပါ။။
ပဲပြား ကြိုက်ရင် တစ်ဗူးအစိပ်သေးစိပ်ပြီး ထည့်ပါ။။
ပြီးရင် tuna fish ငါးသေတ္တာဗူးတစိဗူး ထည့်ပါ ။။ မီး ကို အလယ်အလတ်လောက်ပြောင်းပါ။။
၅မိနစ်လောက်နေရင် စားနိုင်ပါပြီ။။

tuna ကို ချခါနီးမှထည့်ရတာက ချက်တာကြာရင် ငါးအသားတွေရင့်သွားတတ်လို့ပါ။။
ကြက်သွန်မြိတ်ရှိရင် လှီးထည့်ပေးပါ။။

စားသုံးနိုင်ပါပြီ။။ တွဲဖက်စားလို့ကောင်းမယ့် ဟင်းကတော့ ကြက်ဥမွှေကြော်ပါ။။
ကြက်သွန်နီနဲ့ပဲကြော်ကြော် ။ ဒီအတိုင်းပဲမွှေကြော်ကြော် စားကောင်းပါတယ်။

ကင်မ်ချီးနဲ့ ငါးသေတ္တာမှာ အငန်ဓါတ်တွေရှိတဲ့အတွက် ဆားမလိုအပ်ပါဘူး။။
ကြက်သွန်နီထည့်ချက်တဲ့အတွက်လည်း အချိုဓါတ်ပါပြီးသွားပါပြီ။။


အမဲသားမုန့်ညှင်းချဉ်ကြော်


မနေ့ကတည်းက အလုပ်တွေပုံနေတယ်..
ည အိမ်ပြန်ရောက်တော့ ဘလော့မလည်ပဲလည်း မနေနိုင်ဘူး။။
ဒီနေ့ နေမကောင်းဖြစ်တယ် ။ ဆန်ပြုပ်ပဲ ပြုပ်သောက်တယ်။။
မမကေအိုအမ် ဟောတာမှန်သွားပြီ။။ ကြက်စွပ်ပြုပ်ပြီး ဘာပြုပ်လဲ။
ဆန်ပြုပ်လားတဲ့ ။။ တကယ်ပဲ ဆန်ပြုပ်ပြုပ်စားပါတယ် ။။ အမှန်က
ဘဲဥဆားငန်လေးနဲ့တင် စားမလို့ပါပဲ။။ မုန်ညှင်းချဉ်တည်ထားတာ
အသင့်ရှိနေတာနဲ့ အမဲသားအကြေသားရှိနေတာနဲ့။ အမဲသားမုန့်ညှင်းချဉ်ကြော်
ကြော်ဖြစ်လိုက်တယ်။။


အရင် အမဲအကြေသားကို ကြက်သွန်ဖြူ ကြာညို့အငန် ဂျင်းနဲ့ နယ်ထားပါတယ်။။
ပြီးတော့ ရှဲကနဲနေအောင် ၃၀စက္ကန့်ပဲကြော်ပါတယ်။။ ခပ်မြန်မြန်လေး ဆယ်လိုက်ပါ။။
ငြုပ်သီး အရှည်ခြောက် သုံး လေးတောင့်လောက်ကို တူးအောင်ကြော်ပြီး ဆယ်ထားပါ။။
ခရမ်းချဉ်သီးတစ်လုံးကို စိပ်ထားပါ ။။ မုန့်ညှင်းချဉ်ကိုလည်း ခပ်သေးသေးဖြစ်အောင်စိပ်ပါ။။
ခရမ်းချဉ်းနဲ့ မုန့်ညှင်းချဉ်ကို ကြော်ပါ ၁မိနစ် ။။ ပြီးရင် ကြော်ပြီးသား အမဲသားနဲ့ ငြုပ်သီးကြော်
ကိုထည့်မွှေပါ ။ကြာညို့အငန် နဲနဲ ထည့်ပေးပါ ။။၁မိနစ် လောက်ဆို ကြက်သွန်မြိတ်စိပ်ထား
တာကို ဖြူးပြီး ဒယ်အိုးပေါ်က ချနိုင်ပါပြီ။။

ဆားမထည့်ပါဘူး ။။ကြာညို့အငန်နဲ့တင် လုံလောက်ပါပြီ။

အမှန်က အမဲသားမုန့်ညှင်းချဉ်ကြော်ကို တင်ဖို့ရာစိတ်ကူးမရှိလို့ အဆင့်ဆင့်
ရိုက်မထားမိပါဘူး ။။ စားခါနီးမှ သတိရပြီး ရိုက်မိတာပါ။။

အမဲသားမစားတဲ့သူများ ကြက်သားကိုအစားထိုးနိုင်ပါတယ်။။

မှတ်ချက် ။။ ။။ ကျနော် မေမြို့မှာနေတုန်းက စချက်တတ်တဲ့ဟင်း...
ဒီဟင်းတစ်မျိုးပဲချက်တတ်ပါတယ် ။။ အဖေကြောင့်ချက်တတ်တယ်ဆို မမှားပါဘူး။။
ဒီရိုးရာဟင်းလေးကို အဖေအရမ်းကြိုက်ပါတယ်။။
လာမယ့် ဇန္န၀ါရီ၂၁ ဆို ၁၁နှစ်ရှိပြီ အဖေရေ..အဖေ့ကို သတိယလိုက်တာ။။


ဒန်ပေါက်









ဒီနေ့ ဒန်ပေါက်ချက်ဖြစ်ပါတယ်။။ နုကြောင့် ချက်ဖြစ်တယ်ဆို မမှားပါဘူး။။
ဒန်ပေါက် မဆလာကြိတ်ပြီးသားကို ကြက်သွန်နီကြော် နဲ့ ဆား သကြားကို
ရောထားတဲ့ အစာကို အမေက အမြဲလုပ်ပေးလေ့ရှိပါတယ်။။ ကိုယ်ပြန်ရင်ဖြစ်ဖြစ်
အသိပြန်ရင်ဖြစ်ဖြစ် ထည့်ပေးတတ်ပါတယ်။။ ကျနော်က ဒန်ပေါက် သိပ်မကြိုက်ပါဘူး။။
ချက်ရင်တော့ စားဖြစ်တယ်။ မဆလာအနံ့ မခံနိုင်လို့ပါ။ သကြားထည့်ရတဲ့အကြောင်းရင်းက
အိမ်က မားရော ကျနော်ပါ အချိုမှုန့် မကြိုက်လို့ပါ။။ အချိုမှုန့်ကြိုက်တတ်တဲ့သူများ
အချိုမှုန့် ထည့်ချက်နိုင်ပါတယ်။။


ဆားနဲနဲနဲ့ ထောပတ်ထည့်ထားတဲ့ ဆန်ကို အရင်ချက်ပါ။။(ပုံမှာ ထမင်းအဖြူထည်ချည်းက
ဆားနဲ့ ထောပတ်ချက်ထားတဲ့ ထမင်းပါ) ထမင်းကျက်ရင် ထမင်းကို တူနဲ့ သမအောင်
မွှေပေးပါ ။။ ပြီးရင်အပေါ်မှာပြောထားတဲ့ လေးမျိုးစပ်အစာ နဲ့ စပျစ်သီးခြောက် ကို
ထမင်းပေါ်မှာ ဖြူးလိုက်ပါ ။။ ဒန်ပေါက်အရောင် အနီနဲ့ အစိမ်းကိုလည်း ရေဖျော်ပြီး
အနည်းငယ် ဖျန်းပေးပါ ။။ ပြီးရင် ၅မိနစ် ခလုပ် ထပ်နှိပ်ပြီး ချက်ပါ ။။


သုံးဆောင်နိုင်ပါပြီ။။ ကြက်သားကို မနေ့ညကတည်းက ဆားနဲ့နှက်ထားပါ။။
ဂျင်းစိမ်းရည် ညှစ် ။ကြက်သွန်ဖြူထောင်း ပြီး နှက်ထားပါ ။ ကျနော်ကတော့
ဒယ်အိုးထဲမှာ ဒီအတိုင်း မီးသေးသေးနဲ့ ချက်ပါတယ်။။ ဆီထပ်မထည့်ပါဘူး။။
(နိုင်ငံခြားက ကြက်တွေ အဆီတွေတအားများလို့ပါ) ချက်ရင်း သူ့ဟာသူ
အဆီတွေ ထွက်လာပါတယ်။။မဆလာကြိုက်တတ်ရင်တော့ နဲနဲထည့်
ချက်နိုင်ပါတယ်။။ ဒီတစ်ခါ ကြက်သားမှာတာ..ပေါင်ကို နှစ်တုံးပဲတုံးပေးခိုင်းတာ
ချက်ဟင်းလို အတုံးသေးသေးတွေ လုပ်ပေးလိုက်တာနဲ့..အခုလို ကြက်သား
အတုံးလေးတွေ ဖြစ်သွားရပါတယ်။။ သည်းခံစားပါနော် ။။ (စားရတဲ့ သူငယ်ချင်းက
”” ကမ္ဘာ့စီပွားရေးပျက်တာနဲ့ နင်လည်း ကပ်ဆိုက်ပြီး ကြက်သားတုံးသေးသွားတယ်””
တဲ့..)


အရည်သောက်ကတော့ မြန်မာတန်းဖက်မရောက်လို့ စွန်တန် (酸湯)ချဉ်ရည်နဲ့ပဲ
ဖြစ်သလို စားကြပါနော်။။ ပုံထဲက စွန်တန်မှာ ရေနွေးပူမလောင်းရသေးဘူး ။
ကိုယ့်ဟာကိုယ်...ရေနွေးလာင်းစားကြပါနော်။။

(
နုရေ......ချက်ကျွေးပြီနော်..ဟီးးဟိ)

ကြက်စွပ်ပြုပ်





ဒီနေ့ ရာသီဥတုအေးအေးနဲ့ ကြက်စွပ်ပြုပ် ပြုပ်ဖို့ စိတ်ကူးပါတယ်။။
သိပ်မအေးပေမယ့်လည်း စားချင်စိတ်နဲ့ ဇွတ်အေးတယ်လို့ ယူဆလိုက်တော့တာပါပဲ။။
ဒီနေ့ပြုပ်တဲ့ ကြက်စွပ်က ကျနော်တို့ အိမ်မှာ ပြုပ်နေကျ ကြက်စွပ်မဟုတ်ပါဘူး။။
ဒီက လူတွေ လုပ်နေကျ နည်းလေးပါ။။ ပုံမှာပါတဲ့ အပြားချပ်လေးက 當歸 =သန်းကွေး
လို့ခေါ်ပါတယ် ။။ အနီရောင် စပျစ်ခြောက်လိုက 枸杞 =ကုံပ် ကျိ လို့ခေါ်ပါတယ်။။
ဂျင်း (ချင်း) တစ်တက် ။ ဖြစ်နိုင်ရင်အိမ်မွေးကြက် တစ်ကောင် (လူနည်းရင် ပေါင် နှစ်ပေါင်)
တရုတ် ဟင်းချက်ဆန်အရက် အနည်းငယ် ။ ကြက်သားကို အနေတော် ခုတ်ထစ်ပြီး
ဆားနဲ့ နယ်ထားပေးပါ ။။ ၃နာရီလောက် (တစ်ညအလိုက ဆားနယ်ပြီး ရေခဲသေတ္တာထဲ
ထည့်ထားနိုင်ပါတယ်) ။။



ချက်ခါနီး ရေဆေးပေးပါ ။။ အိုးတစ်လုံးထဲမှာ ရေ ၃/၄ ပုံလောက် ထည့်ထားပြီး ကြက်သား
ဂျင်း ။ ကုံပ်ကျိ ။ သန်းကွေး တို့နဲ့ စချက်နိုင်ပါပြီ။။ ချက်နေတုန်း အတတ်နိုင်ဆုံး အိုးဖုံး
အပြည့် မဖုံးမိပါစေနဲ့ ။။ ဟင်းရည်စဆူ ကတည်းက ထွက်လာတဲ့ အမြုပ်တွေကို ဇွန်းနဲ့
ဆယ်ပေးပါ။။ ထွက်လာတဲ့ အဆီတွေကိုလည်း ဖယ်ထုတ်ပေးပါ။။ (ကျနော် ကြက်စွပ်
ပြုပ်က ထွက်လာတဲ့ အဆီကို မစားပါ။။) ဒါမှ စွပ်ပြုပ်ရည်က သန့်ရှင်းကြည်လင်ပြီး
စားချင်စားဖွယ် ဖြစ်လာမှာပါ ။။ နာရီဝက် ။၄၅မိနစ်လောက်နေရင် ရပါပြီ။။
ဆားကို ချခါနီးမှ လိုအပ်သလိုထည့်ပါ ။။ စားခါနီး ကြက်သွန်မြိတ် ဖြူးပြီးစားပါ။။


အိမ်မှာလုပ်စားနေကျ ကြက်စွပ်ပြုပ်ကို နောက်ရက်မှ လုပ်ပြီးတင်ပါ့မယ်။။
အအေးပိုင်းမှာနေတဲ့သူတွေ အတွက် အဆင်ပြေပါတယ်။။ အားလည်းရှိစေတယ်။။
အရင်ကဆို မောင်အကြီးနဲ့ အငယ်မ ကို ကြက်စွပ်ပြုပ်လုပ်စားဖို့ သတိပေးနေကျ။။
ဒီနှစ်တော့ မပြောမိသေးဘူး ။။



မှတ်ချက်။။။ စီဘောက်စ်အတွက် ကျွေးဖို့ပြောနေတဲ့ နုတို့ မချိုသင်းတို့
အားရှိအောင် ကြက်စွပ်ပြုပ်လေး သောက်လိုက်ပှါုဦး ။။

ဆေးမင်ကြောင်






မြန်မာပြည်မှာနေတုန်းက ဆေးမင်ကြောင်ထိုးတဲ့ဆိုင်ကို ဘုရားပွဲတိုင်းလိုလိုမှာ
မြင်တွေ့နေကြပါ။။ ဆေးမင်ကြောင်ထိုးတဲ့သူကိုလည်း လိမ္မာတဲ့ သာမာန်လူတစ်ယောက်လို့
မသတ်မှတ်ခဲ့ပါဘူး ။ ကိုယ့်မောင်တစ်ယောက်က ငယ်ကတည်းက ဂျစ်ကန်ကန်နဲ့။
သူငယ်ငယ်ကတည်းက ဆေးမင်ကြောင်ထိုးထားပါတယ်။။ ဘယ်နေရာမှာ ဘယ်လိုပုံတွေ
ထိုးတယ်ဆိုတာတောင် သေချာမကြည့်မိပါဘူး။။ တစ်နေရာကိုတော့ သတိထားမိပါတယ်။။
သူ့လက်ချောင်းလေးတွေပေါ်မှာ OZZY တဲ့(OZZY OSBOURNE) ကိုအသိအမှတ်ပြုချင်
တယ် ထင်ပါ့။။ သေချာတာတစ်ခုက သူ ဘိုသီချင်းတွေ နားထောင်လေ့မရှိပါဘူး။။(ဟားဟ)



အခု နောက်ပိုင်း အိမ်ပြန်တော့ သူက သူ့Tattoo တွေကို ဖျက်ချင်ကြောင်း ငြီးငြူနေလေရဲ့။။
ဆယ်ကျော်သက်တုန်းက ဆုံးဖြတ်ချက်လေး မှားကြောင်း သူသိသွားတာပေါ့။။ နှောင်းနောင်တ။။


လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး Discovery channel က Miami ink ဆိုတဲ့ အစီအစဉ်လေး
လွှင့်ပါတယ်။။ မလွတ်တန်းလိုလို ကြည့်မိပါတယ်။။ အဲဒီမှာ ဆေးမင်ကြောင်ရဲ့ အနုပညာနောက်
မျှောပါလိုက်သွားမိပါတယ်။။ သူတို့ရဲ့ ခေါင်းဆောင် Ami ကိုလည်း သဘောကျတာပဲ။။
စကားသိပ်မများတဲ့ Chris Garver ကိုလည်း ကြိုက်တယ်။။ ကောင်မလေးတွေ ကြည်တဲ့
Nunez's ကိုလည်း ကိုယ်လည်း လိုက်ကြည်တာပဲ(ဟိ)။။ အမြင်ကပ်စရာကောင်းတဲ့
grilfriend ကို ပိုင်ဆိုင်တဲ့ Darren ကိုလည်း သနားတယ်။။ (အခုတော့ အဲ့ဒီကောင်မလေးနဲ့
လမ်းခွဲပြီး နောက်အသစ်တစ်ယောက် ရလို့ ကလေးတောင်မွေးပြီးနေပြီ။။)


ဆေးမင်ကြောင်ကို နဂိုအရောင်ကလွှဲလို့ ကာလာရောင်စုံတွေကို မဆွဲပေးပါဘူး ဆိုတဲ့
Kat ကိုအချစ်ဆုံး။။ အဲ့လို ခေါင်းမာတာ။။ သူလည်းအခု Ami နဲ့ မကြည်မလင်ဖြစ်ပြီး
LA ပြန်ပြီး LA ink ဆိုပြီး သွားဖွင့်လေရဲ့။။ ဆိုင်ရဲ့ တောက်တိုမယ်ရ ကောင်တာထိုင်
Yoju ။။ သူက ဂျပန်လူမျိုး ။။
ခုပြောတဲ့အဖွဲ့သားတွေက Miami ink စဖွင့်ဖွင့်ခြင်းမှာ ရှိတဲ့ အဖွဲ့သားတွေပါ။။
အခုတော့ အပြောင်းအလဲတွေရှိလာပါပြီ။။

ဒီအစီအစဉ်ကို အရူးအမူးကြည့်ရခြင်း အကျိုးရလဒ်ကတော့ ချန်းချန်းက သူကြီးလာရင်
ဆေးမင်ကြောင်ထိုးမယ်လို့ ကြွေးကြော်လာပါတယ်။။ အဲဒီအခါကျမှ ကိုယ့်မှာ လန့် ဖြန့်ပြီး
သူ့ကို ဖျောင်းဖျရတယ် ။။ မားက သဘောပဲကျတာ ကိုယ့်ကိုယ်ပေါ်မှာ တင်ထားဖို့
စိတ်ကူးတောင်မရှိဘူး .......သူ့ဦးလေးဆို အခု အရမ်းနောင်တရနေတာ.....ဘာညာနဲ့
အတင်းပြောယူရတယ်။။

ဟူးးး........


(မှတ်ချက်။။ အပေါ်က မိန်းကလေးပုံက Chris Garver ရဲ့လက်ရာ..
နောက်ပုံက ခေါင်းဆောင်ကြီး Ami)


Cbox

Cbox

ဝေးပြီးတဲ့..နောက်..

ဝေးပြီးတဲ့...နောက် (ဆို- ဂျီလတ်)


" ဝေးပြီးတဲ့နောက် "

ဝေးပြီးရင်ဝေး ငါတို့တတွေ .......
အသည်းဟာ မြေသို့ ကြွေသွားတဲ့နောက်
မင်းရဲ့အချစ် တန်ဖိုးထားတတ်ခဲ့ပြီး
အချစ်ဆုံးလေး
နင်ထွက်သွားလဲ
ရှေ့မှာ အခက်အခဲများရှိရင် မင်းရဲ့အနားမှာ အမြဲတမ်းရှိတဲ့ ငါ့ကို မမေ့ပါနဲ့
အခုကျမှ
ငါ့မှာ နောင်တများနဲ့ အသက်မဲ့ မနေချင်ဘူး
ခွင့်လွှတ်ပါ အကြင်နာ
နင်မုန်းလို့ဝရင် ငါ့ဆီပြန်လာပါ

CHO: ဝေးပြီးတဲ့နောက် ... အကြင်နာရယ် မင်းရဲ့အချစ် နောက်ထပ် မတွေ့နိုင်ဘူး
အချစ်မရှိတဲ့နောက် ပျော်စရာတွေ ငါ့ရဲ့ဘ၀မှာ ဘာမှ မရှိတော့ဘူး
ဒီအချိန်မှာ မင်းက ငါ့ကို သနားနေမလား
ဒီအချိန်မှာ မင်းက ငါ့ကို ရီနေမလား
ဒီအချိန်မှာ မင်းလေး ငါ့ဆီ ပြန်လား မလားနဲ့ ရှုး

ဝေးခဲ့ပြီး .. ငါ့အသည်းဟာ
ဆုတ်ပြတ်ပြီး နင်ရှိမဲ့အရပ်တွေဆီကိုသာ အပြေးလိုက်သွား နင်ကတော့ သိနိုင်မလား
စွန့်သွားတဲ့ နင်ကရော ..
လွမ်းနေသလား .. ပျော်မှာလား
အချစ်သစ်များ နင်တွေ့နေပြီလား
ငါ့ရင်များ မောပန်းလို့
ဝေးသွားမှ
ငါ့ကို ဒဏ်ရာတွေနဲ့ မုန်းပြီး မေ့နေသလား
လှမ်းခဲ့ပါ
အရင်နေရာ
နင်မလာရင် ငါ့ရဲ့ ဘ၀ဟာ အသက်မဲ့ သွားမှာပါ

CHO:ဝေးပြီးတဲ့နောက် ... အကြင်နာရယ် မင်းရဲ့အချစ် နောက်ထပ် မတွေ့နိုင်ဘူး
အချစ်မရှိတဲ့နောက် ပျော်စရာတွေ ငါ့ရဲ့ဘ၀မှာ ဘာမှ မရှိတော့ဘူး
ဒီအချိန်မှာ မင်းက ငါ့ကို သနားနေမလား
ဒီအချိန်မှာ မင်းက ငါ့ကို ရီနေမလား
ဒီအချိန်မှာ မင်းလေး ငါ့ဆီ ပြန်လား မလားနဲ့ ရှုး

အခုကျမှ
ငါ့မှာ နောင်တများနဲ့ အသက်မဲ့ မနေချင်ဘူး
ခွင့်လွှတ်ပါ အကြင်နာ
နင်မုန်းလို့ဝရင် ငါ့ဆီ ပြန်လာပါ

CHO:ဝေးပြီးတဲ့နောက် ... အကြင်နာရယ် မင်းရဲ့အချစ် နောက်ထပ် မတွေ့နိုင်ဘူး
အချစ်မရှိတဲ့နောက် ပျော်စရာတွေ ငါ့ရဲ့ဘ၀မှာ ဘာမှ မရှိတော့ဘူး
ဒီအချိန်မှာ မင်းက ငါ့ကို သနားနေမလား
ဒီအချိန်မှာ မင်းက ငါ့ကို ရီနေမလား
ဒီအချိန်မှာ မင်းလေး ငါ့ဆီ ပြန်လား မလားနဲ့ ရှုး





အခုရက်တွေ နားထောင်ဖြစ်တဲ့သီချင်းတစ်ပုဒ်..
...............
............

သွားနှင့်တော့...


လီချူနင် 黎礎寧



သွားနှင့်ပေတော့...လီချူနင်...
ဘ၀မှာ ..ချူနင်..ရဲ့အသံကိုအမြဲအမှတ်ယနေမှာပါ...


(မနေ့ညကအချစ်ကြောင့်ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားတဲ့ လီချူနင်(်黎礎寧) ၂၄နှစ်)