မတ်ခ်ျလ နေ့တစ်နေ့

ဒီိလိုနဲ့ ဆံပင်ညှပ်သင့်အချိန်ရောက်လာပြန်တယ်..။
ထုံးစံအတိုင်း ဘွတ်ကင်လုပ်ထားတဲ့အချိန်ထက် နာရီဝက်နောက်ကျပြီးမှ
အိမ်က ထွက်ဖြစ်တယ်..။
ထုံးစံအတိုင်း taxiစီးဖြစ်တယ်..။
ကားထဲကနေ ဆံပင်ညှပ်ဆိုင်ဆီ နောက်ကျကြောင်းဖုန်းဆက်အသိပေးတော့
ကားသမားကြားသွားပြီး ကားအမြန်မောင်းပေးပါတယ်။
အမြန်ကားပေါ် မစီးရဲပါဘူး.။
ကားသမားကို အမြန်မမောင်းဖို့ တောင်းပန်ရသေးတယ်..။
(သများက အသည်းငယ်တယ်..အမြန်ကြီးမောင်းတဲ့ကားကို မစီးရဲဘူး)
ဆံပင်အရှည်ထားချင်ကြောင်း ပြောပေမဲ့ ညှပ်ပေးလိုက်တာ
တဖက်က မတရားတိုနေတယ်..။
ဆိုင်က ပြန်ထွက်လာတော့ ၁၁ရှိနေပြီ..။
 အသွားကတည်းက ဝင်ကြည့်ချင်တဲ့ သားရေလက်ပတ်ဆိုင်ကို
ဝင်ဖြစ်တယ်..။
သိပ်တိတ်ဆိတ်တဲ့ ကိုယ့်ရဲ့ အထိမ်းအမှတ်နေ့အတွက် လက်ပတ်၂စုံ
ဝယ်ဖြစ်တယ်..။
(ကိုယ့်နဲ့သိပ်မရင်းနှီးတဲ့
သူငယ်ချင်းတယောက်ကတော့ ပန်းစည်းနဲ့ ကဒ်လာပေးတယ်)
ကိုယ့်အမျိုးသာ ကြားရင်တော့ ဘာပြောမလဲ မသိ။
ပြီးခဲ့တဲ့လကမှ သူတို့ဆီက Aldo လက်ပတ်၂စုံဝယ်ခဲ့တယ်.။

ခခကတော့ surprise ဆိုပြီး  ရယ်စရာကောင်းတဲ့ဟန်းဖုန်းချိတ်သေးသေးလေး
 ၂စုံ နဲ့ ကဒ်ကို ည၉နာရီကျော်တော့ လာပေးတယ်..။

အမှန်က ဒီလိုပို့စ်တွေ မရေးချင်ဘူး။
ကွန်ပြူတာနဲ့ စကားပြောချင်တော့ ဒီလိုနည်းနဲ့ပဲ ပြောလို့အဆင်ပြေလို့သာ။
အခုတလော စိတ်အခြေအနေ သိပ်မကောင်းချင်။
အလကားနေရင်း ဝမ်းနည်းနေတတ်တဲ့ရောဂါ ရနေတယ်..။

၂၁.၃.၂၀၁၂



မနေ့ညက စောအိပ်ဖြစ်တယ်..။
ဒီနေ့ ဦးနှောက်ကြည်လင်တယ်..။
မနက်ဖန်မှာ ဝမ်းနည်းခြင်းတွေပြည့်နှက်နေလိမ့်မယ်..။

အမှတ်တရအကြိုနေ့အဖြစ် ရရှိတဲ့ လက်ဆောင်က သိပ်ကြီးမားလွန်းတယ်။
ကိုယ့်စိတ်တွေ ချုံးချုံးကျအောင် လုပ်ဆောင်နိုင်တဲ့ စကားလုံးတွေ..။
စကားလုံးလက်ဆောင်တွေ...။
စကားလုံးကျည်ဆန်တွေ...။
စကားလုံးရေပူဖေါင်းတွေ..။
စကားလုံး သံချွန်တွေ...။
စကားလုံး မာယာတွေ...။

၉နှစ်ဆိုတာ သိပ်မကြာတဲ့ အချိန်ကာလတစ်ခုပေါ့..။
ဒီလိုပဲ ၉နှစ်ဆိုတာ သိပ်ကြာညောင်းတဲ့ အချိန်ကာလတစ်ခု..။
၉နှစ်ပဲဖြစ်ဖြစ်....
၉ရက်ပဲဖြစ်ဖြစ်....
ကိုယ်မလိုလားတဲ့ လက်ဆောင်တွေ အိမ်တိုင်ယာရောက်ပို့ဆောင်ပေးခြင်း
ခံရတဲ့အခါ .........
....................
.................
............
....................
............။

လမ်း

ဆက် 

လျှောက်


မယ်..။



ဝန်ခံချက် ။ ။ ပုံကို အင်တာနက်မှ ကူးယူပါသည်။

စွေစောင်းများ...

 ဘူတာမှာပဲရှိသေးတယ်..။
 အပြင်ဖက် တိုက်တန်းများ.....။

 ခပ်စောင်းစောင်း...။
 နေပူနေတာ သတိထားကြည့်ပါလေ....။
 ဟော...သူ လာတော့မယ်...။
 နှစ်ရောင်စပ် မိုးသား..။
(နေရောင်ပျောက်ပေါ့)။
ဒီနေရာလေးမှာ ကားထပ်စီးရအုန်းမယ်လေ....။
ဆက်ရန်....
မျှော့.....
..............
.....
..

I'm a mess

 I don't know who I am
Am I even human?
Every night I sell my soul

I forgot your birthday
And I'm dressed in rags
I shouldn't drink, I'll lose control
And I know...

I'm a mess
But at least I know how
I can make you laugh like no one else
Such a mess




The Rasmusရဲ့ သီချင်းအသစ်ပါ..။
I'm a mess



မှတ်ချက် ။ ။ ........

ဘူတာထဲမှာ...

 အဲဒီဘူတာရဲ့ အထင်ကရ နာရီ..


 နောက်ပြန်လှည့် ရိုက်ချက်....

 မြင်ဖူးနေကျမဟုတ်တဲ့ အမိုး...


 ဘူတာအဝင်ဝ အခန်းမှာ သူတို့တခုခု သရုပ်ဖေါ်နေတယ် (ထင်ပါတယ်)
ကျနော်တို့ရောက်တော့ သိမ်းဆည်းနေပြီ..။
အချိန်ကောင်းပါပဲ...။


 မျက်နှာကျက် (ကြက်)
 အခြားနံရံအဖက်တွေ....

 ခပ်စောင်းစောင်းများ..။
(စွေစောင်းရိုက်ချက်များ)

 အထိမ်းအမှတ်စာ..။

ဘူတာအပြင်ထွက်ပါပြီ..။
နေထွက်နေတယ်ဆိုပေမဲ့ အေးတယ်..။
မိုးအုံ့အုံ့နဲ့ ..။


မှတ်ချက်၁ ။ ။ ငပျင်းတစ်ယောက်ရဲ့ ကဗျာကယာရိုက်ချက်များနှင့်
မရေမရာ အတွေးများ..။
မှတ်ချက် ၂။ ။ တချို့သော ဘလော့ဂ်ဂါဆရာ ဆရာမကြီးများ အခန်းတင်ဆက်သည်ကို
အားကျ၍ အခန်းဆက်များများ တင်ပါမည်ဟု သံဓိဌာန်ချထားပါသည်။
သတိနှင့်နေကြပါရန် နိုးဆော်လိုက်ရပါသည်..။

ခရီးသွားခဲ့တယ်..။

 တလောက ခရီးတခုထွက်ဖြစ်တယ်..။
အဲ့ဒီနေရာကနေ တခြားနေရာသွားဖို့ ကြံစည်ထားတဲ့အတိုင်း euro starရှိတဲ့နေရာကို
သွားရပါတယ်..။
ငပျင်းတစ်ယောက်ဖြစ်တာနဲ့ အညီ... မနက်၈နာရီ၅၀ ရထားကို မနက်မှ အထုပ်ပြင်ပါတယ်။
မထင်မှတ်ပဲ ရထားလွတ်သွားပါတယ်..။(အမှန်ကလဲ လွတ်သင့်ပါတယ်)
ဆိုတော့ နောက်ရထားထပ်စောင့်ရတော့တယ်..။
၁၀နာရီ၅၀ ရထား။
ရထားဆိုပေမဲ့  immigrationဖြတ်ရတော့ အချိန်၂နာရီလောက်ကြိုသွားသင့်ပါတယ်..။
(၁နာရီလောက်ကြိုသွားလည်း မှီနိုင်မယ်ထင်ပေမဲ့ တခါသေဖူးပျဉ်ဖိုးနားလည်
ဆိုသလို စောသွားတာ ပိုကောင်းပါလိမ့်မယ်)

 ရထားမမှီတော့ တခြားခရီးသွားတွေ ဝင်သွားတာကို
အားကျစွာနဲ့ ရပ်ကြည့်နေမိတယ်..။
HPကိုကြော်ငြာပေးတာမဟုတ်ပါ...။
(သူငယ်ချင်းက ဒီပုံကို မြင်တော့ နင် HPကိုကြော်ငြာပေးနေတာလားလို့ မေးပါတယ်)

 ခုံတန်းရှည်တွေမှာထိုင်ရင်း ဟိုငေး ဒီငေး..။

 ဆိုင်းဘုတ်တွေရှိပေမဲ့လည်း under ground ကထွက်ကတည်းက
တွေ့.သမျှူလူကို မေးပြီးမှ euro starရှိတဲ့နေရာကို ရောက်နိုင်ပါတော့တယ်..။

 M&S က ဂရိခ်ဆလတ်ဝယ်လာတယ်..။
မနက်စာ ဘာမှ မစားလာခဲ့ဘူး.။
အမျိုးရဲ့ ကင်မရာငှားလာခဲ့တယ်..။

 ကင်မရာငှားလာခဲ့တယ်ဆိုပေမဲ့ ကိုယ်မှ မသုံးတတ်ပဲ..။
မြက်ခင်းစိမ်းတွေ ကုန်းမြင့်တွေ သဘောကျလို့သာရိုက်လာရတယ်..။


 ဒါကတော့ ဦးတည်ချက်ရောက်ပြီး နောက်တနေရာဆီသို့ ပြည်တွင်းရထားပေါ်မှ
ရိုက်ထားစဉ်.....။

နောက်ဆုံးဦးတည်ချက်က ဒီမြို့ပေါ့..။

ဆက်ရန်....
မျှော့....
....

Strawberry+ Meringues+ cream

ညက အသီးဆိုင်သွားတော့ စတော်ဘယ်ရီသီးတွေ ဈေးချတာတွေ့တာနဲ့
တစ်ခြင်း ဝယ်ခဲ့တယ်..။
meringues

အောက်မှာအပေါ်ကမုန့်ထည့်ထားတဲ့ စတော်ဘယ်ရီ

whipping cream ကို အပေါ်က လောင်းထည့်လိုက်တာပဲ..။
ဒီမှာတော့ double cream တွေ clotted cream တွေမရှိတော့..ဖြစ်သလိုပေါ့..။
စားလို့တော့ ဖြစ်ပါတယ်လေ..။
ညက အသီးဆိုင်သွားတော့ စတော်ဘယ်၇ီသီးတွေ ဈေးချတာတွေတာနဲ့
တစ်ခြင်း ဝယ်ခဲ့တယ်..။

bonus
ဆီထမင်း..
မျှော့...




Somebody that i used to know

 Somebody that I used to know - Gotye



Well you said that we would still be friends 
But I'll admit that I was glad that it was over

But you didn't have to cut me off ..
 
 
Walk off the Earth (cover)
 
 
Now you're just somebody that I used to know

I used to know 
That I used to know
 
......
.... 
 
 
 

အမဲခြောက်ပဲထမင်း


 ဆောင်းတွင်းဆို ရွာမှာ အသီးအနှံဖေါဖေါသီသီထွက်ပါတယ်..။
အဲဒီအထဲက စားတော်ပဲသီးက ဆောင်းမှာပဲ ထွက်တာများတော့
ရာသီစာအနေနဲ့ ထမင်းထဲထည့်ချက်စားကြပါတယ်..။
အမဲနှင်းရိုက်ခြောက်ကလဲ ဆောင်းမှာပဲ တစ်နှစ်စာလုံးအတွက်အခြောက်ခံတဲ့
ရာသီစာ ဖြစ်ပြန်တယ်..။
ဟိုတလောကပဲ အမေလူကြုံပါးလိုက်တဲ့ အသားခြောက်ရတော့ ဒီထမင်းချက်စားဖို့ရာ
တေးထားလိုက်တယ်..။

စားတော်ပဲသီးစိမ်းနဲ့ အမဲသားနှင်းခြောက်(ကမ်းပါး .乾巴)ချက်ဖြစ်ပါတယ်..။
အစကနေ စပြီး ချက်တဲ့ ပုံတွေ ပျောက်နေလို့ ချက်ပြီး ပုံပဲတင်လိုက်တယ်..။
အမဲသားခြောက်ကို သေးသေးလှီးပြီး ဆီနဲ့ ကြော်ပါတယ်..။(မီးသေးသေးနဲ့)
ပြီးရင် ပဲသီးထည့် ၃မိနစ်လောက်ဆက်ကြော်ပါတယ်..။
rice cooker ထဲဆန်ရယ် ကြော်ပြီးသား အသားခြောက်နဲ့ပဲသီးရယ် ။ချောင်းကော့အမှုန့်ရယ်
ဆားနဲနဲထည့်ချက်ပါတယ်..။
ရိုးရိုးထမင်းချက်သလိုပါပဲ..။
တွဲဖက်စားဖို့ရာ စွန်တန်(မုန်ညှင်းချဉ်ခြောက်)ကို ဂျင်း ငရုတ်သီးစိမ်း ကြက်သွန်မြိတ် တို့နဲ့
ဟင်းရည်ချက်ပါတယ်..။
မုန်ညှင်းချဉ်နဲ့တွဲစားရင်လဲ အဆင်ပြေပါတယ်..။
 豆悶飯

 မှတ်ချက် ။   ။ ဟင်းချက်တဲ့ပို့စ်တွေ တင်ဖို့ရာ ဖီးလ်ပျောက်နေတယ်..။