၃၀.၁၂.၂၀၁၁

နှင်းတွေနဲ့...
စက်နှိုးရခက်တဲ့ရာသီနဲ့...
အတူ....
နေကြာပန်းပုံပိုင်ရှင်...

မွေးနေ့မှာ ပျော်ရွှင်ပါစေ..။


မှတ်ချက်..။. ။
မနေ့ကတည်းက ဒီပို့စ်တင်ချင်ပေမဲ့ မတင်ဖြစ်အောင်ကြိုးစားရင်း
ဒီနေ့တော့ အဲ့ဒိမှာ ၃၀ရက်နေ့ အတိအကျပဲမို့...... 

အလွဲများ...

ညနေ ထမင်းစားပြီး ရေဒီယိုနားထောင်ရင်း ခခစာလုပ်နေတယ်..။
DJ က call in ဖို့ နားထောင်သူတွေကို ဖိတ်ခေါ်တော့ ခခ ကဖုန်းဆက်ဖို့
ခွင့်တောင်းပြီး ဆက်ပါတယ်..။
ဖုန်းဝင်တော့ သူပျော်ပြီး DJ ကို သူအရပ်ရှည်လိုကြောင်း ပြောပါတယ်..။
(ကျနော်က နားထောင်မနေတော့ သူတို့ပြောတဲ့ topic ကို မသိပါ)
DJနဲ့အမေးအဖြေတွေအပြီး DJကကြော်ငြာဝင်မှာမို့ ဖုန်းဆက်ကိုင်ထားခိုင်းပါတယ်..။
အဲ့တာကို သူကမသိပဲ ဖုန်းချလိုက်ပါတယ်..။
ကျနော်တို့က ဘာလို့ ဖုန်းချလိုက်တာလဲ ဟိုမှာ လက်ဆောင်ပေးမလို့
ဖုန်းဆက်ကိုင်ခိုင်းထားတယ် လို့ပြောတော့..သူမသိလို့ပါတဲ့..။ကြော်ငြာဝင်တော့
ပြီးပြီမှတ်လို့ ဖုန်းချလိုက်တယ်တဲ့..။
ဒါဆိုလဲ ပြီးရောပေါ့ ဆိုပြီး စာဆက်လုပ်ခိုင်းတာ မလုပ်ပဲ..ရေဒီယိုဆီဖုန်းထပ်ဆက်ပါတယ်..။
(အင်းး..မလျှော့သောဇွဲ....နေရာမမှန်တာ တခုပါပဲလေ..)
ဖုန်းဝင်တော့ သူက ပြန်မိတ်ဆက်တယ်...သူ ဘယ်သူပါ ပေါ့လေ..။
စောစောက ဖုန်းဆက်တဲ့ (....)ပါ..။ မသိလို့ ဖုန်းချလိုက်မိတာပါ ဘာညာနဲ့..။
အဲဒိတော့ ဟိုဖက်ကလဲ အိုကေ ဆက်သွယ်ရမဲ့ ဖုန်းချန်ပေး..။လက်ဆောင်ပစ္စည်းကို
ဖုန်းနဲ့ ဆက်သွယ်ပြီးပေးပါ့မယ်...ဘာညာပေါ့..။ ဒီလိုနဲ့ ရေဒီယိုခခ အစီအစဉ်ပြီးဆုံး၏။

တစ်ရက်က ခခ ကျောင်းကနေ သူများလွှင့်ပစ်တဲ့ပန်းချီဆွဲစက္ကူထူတွေနဲ့ ပြုလုပ်ထားတဲ့
ဓါးတချောင်း ဆိုပြီး အိမ်ကို ယူလာပါတယ်.။အဲဒီ စက္ကူဓါးစုတ်ကြီးကို အိမ်မှာ ထားထားတာ
၃..၄ရက်လောက်ရှိနေပြီ..။ ကိုယ့်မျက်စေ့ထဲ အတော်နောက်နေပြီ..။ ဒီလိုနဲ့ ဒိနေ့သူDJဆီဖုန်းဆက်
အပြီး အိမ်နားက တအိမ်သွားလည်နေတုန်း အိမ်ဘေးက ကလေး ၂ယောက်လာတာနဲ့ ပစ်ရမဲ့အတူတူ
သူတို့၂ယောက်ကို ပေးကစားလိုက်ပါတယ်..။
ကလေး၂ယောက် ကစားတော့ ဓါးလက်နဲ့ ဓါးသွားထက်ပိုင်းကျိုးသွားတယ်..။
ဒီလိုနဲ့ ဓါးစုတ်ပိုင်ရှင် အိမ်ပြန်လာတော့ သူ့ထက်ပိုင်းကျိုးဓါးစုတ်ကြီးကိုင်ပြီး ငိုပါတော့တယ်.။
အကြောင်းရင်းက အဲဒီစက္ကူဓါးကို ဆရာ့ဆီတင်ပြရမှာ ဖြစ်ပါသတဲ့..။
(ကျောင်းက သင်ခန်းစာပေါ့နော်..)
ဟီးးဟီးး...ပုံပြင်လေးကတော့ ဒါပါပဲကွယ်..။
ဓါးကျိုးကြီးတော့ ရှိပါသေးတယ်..။ ဓါတ်ပုံရိုက်ဖို့ရာ စိတ်မပါသေး..။

အခု တင်လိုက်ပါပြီ..။

၂၁.၁၂.၂၀၁၁

ဆောင်းတညရှိခဲ့ဖူးတယ်...။
အဲ့ဒီညက တညလုံး မြင်းလှည်းတစီးခေါက်တုန့် ခေါက်ပြန်သံ ကြားနေရတယ်..။(တဲ့)
(အမှန်တော့ အဲဒီမြင်းလှည်းက ဘူတာရုံကို ပစ္စည်းပို့ပေးနေရတဲ့အတွက်ကြောင့်)
မနက် ၃..နာရီလောက်မှာ မနေနိုင်တော့ပဲ ထုပ်ပိုးထားတဲ့ ပစ္စည်းတွေနဲ့..ကြိမ်ခြင်းတောင်းကို
ဆွဲပြီး...အိမ်ပြင်ထွက်လိုက်တယ်...။ (တဲ့)
ပြည်သူ့ဆေးရုံကြီးဆီကိုပေါ့..။(တဲ့)
ဒီလိုနဲ့ နင် လူ့လောကကြီးကို ရောက်ရှိလာတာပေါ့...။
နင့်ကို မွေးပေးတဲ့ သူနာပြုဆရာမကြီးက ငါတို့ကိုမွေးပေးတဲ့ ကရင်ဆရာမကြီးပဲ...။(တဲ့)
နင် မူကြိုကျောင်းတက်တော့ ငါတို့တက်ခဲ့တဲ့ တ.န.ထ မဟုတ်ပဲ မြို့နယ်မူကြိုကျောင်းမှာလေ...
နင်မှတ်မိရဲ့လား..။
နင့်ကို အကျီ ပုံဆန်းတွေဆင်ပြီး လမ်းမအလယ်မှာ ဓါတ်ပုံတွေ ရိုက်ပေးကြတာရော နင်မှတ်မိရဲ့လား။
အဲ့တုန်းက လမ်းမကြီးကို စက်ဘီးလမ်းလုပ်တယ်ဆိုပြီး ခြားထားတဲ့ အရာတွေနဲ့လေ..။
မူလတန်းလဲ ထို့အတူပဲ..ငါတို့နဲ့ မတူပဲ...အိမ်နားက ကျောင်းမှာ တက်ခဲ့ရတာ..။
အဲ့ဒီမှာ အန်းကြူတို့ကူညီမှုနဲ့ နင် အတန်းတိုင်း ဆုရခဲ့တယ်လေ..။
နင်၅တန်းတက်တော့ ထ ၁ကို ကျောင်းလိုက်အပ်ပေးရတာ မှတ်မိသေးတယ်..။
(ငါကတော့ ငယ်ကတည်းက မိဘတွေမအားကြတော့ ကိုယ့်ဖာသာကိုယ်ပဲ ကျောင်းအပ်ခဲ့ရတယ်။
ကိုယ့်အောက်က မျောက်၂ကောင်အတွက်ရောပေါ့)
၆တန်းနှစ်မှာ....
.....................
(ငါ ပြောချင်တာတွေ နင်သိမှာပါလေ...)
ငါတို့တွေ ပါးစပ်ကဖွင့်မပြောကြပေမဲ့ စိတ်ချင်းတော့ သိကြမှာပါလေ...။

နင့်ကို ငါတို့အားလုံးက ချစ်ကြပါတယ်..
မားကတော့ အထူးပြောစရာ မလိုဘူးပေါ့..။
မွေးနေ့မှာ ပျော်ရွှင်ပါစေ..။
(...) နင်ဘဝ အေးချမ်း ပျော်ရွှင်ပါစေ...။


မှတ်ချက်။ ။ ရေးရင်တော့ အများကြီးပဲ..။
ပျင်းလို့..။
အခုက ကဒ်မပို့အားတော့ ဒီပို့စ်နဲ့ လက်ဆောင်အဖြစ် ပေးလိုက်ရတယ်..။

၁၈.၁၂.၂၀၁၁

 နေ့လည်က သွားရမဲ့ ကိစ္စတခုကိုရောက်ပြီးမှ ပြန်လှည့်ခဲ့တယ်.။
ဦးတည်ချက်မဲ့ သွားနေတယ်...။
မီးနီ ၂ခုကို အူကြောင်ကြောင်ဖြတ်ခဲ့မိတယ်..။
စိတ်တွေ ပြေးနေတယ်...။
တနေရာရာထိုင်ပြီး ခခနဲ့ စကားပြောမယ် စိတ်ကူးတယ်..။
တွေးထားတဲ့ တနေရာရာဆီ ရောက်မလိုလိုဖြစ်ပြီးမှ လမ်းကွေ့တခုမှာကွေ့ဝင်လိုက်တယ်..။
နောက်တော့ အိမ်ပြန်ရောက်တယ်..။
ဆိုင်ကယ်ထားပြီး Mcdonaldဆီသွားတယ်..။
လူတွေကို နောက်ကျောပေးထားတယ်....။
ဆိုင်ပေါက်ဝကို ငေးနေတယ်...။
ခခယူလာပေးတဲ့ သတင်းစာ ဖတ်တယ်..။




ရည်ရွယ်ချက်မဲ့တာ အတော်နေရခက်တဲ့ ကိစ္စပဲ...
ပန်းတိုင်မရှိတာလည်းလူကို ယောင်ချာချာဖြစ်စေတယ်
ရည်ရွယ်ချက်တွေ ပန်းတိုင်တွေကို မုန်းတာလည်း ကိုယ်ပါပဲ..။
အစီအစဉ်တွေနဲ့ ဓါတ်မတည့်ဘူး..။
ရေရှည်ဆိုတာ ကိုယ့်အတွက် မဟုတ်ဘူး..။
မနက်ဖန်ဆိုတာ ရင်းနှီးသလိုလိုနဲ့ စိမ်းနေတဲ့အရာ..။
အနာဂတ်ဆိုတဲ့ စကားလုံး အခုတော့ ရိုက်ဖူးသွားပြီ...။
အကွက်ကျကျ စီမံသူတွေကို အားကျရုံကလွှဲ၍.......။

 

the death of you and me (sad song)

 The death of you and me



You and me.....
Forever we'd be free.....
Free to spend our whole lives running....
From people who would be....
The death of you and me....
'Cause I can feel the storm clouds....
Sucking up my soul...


အလုပ်တွေရှုပ်နေတယ်...။
ရေဒီယိုကတော့ သမိုင်းပေးတာဝန်အရ နားထောင်နေတယ်...။
ဒီသီချင်းလာတော့ လုပ်လက်စ အလုပ်ကိုရပ်ပြီး နားထောင်မိတယ်..။
အိုအေစစ်အဖွဲ့ပြိုကွဲပြီးနောက် အဲ့အဖွဲ့က လိဒ်ဂစ်တာသမားဖွဲ့တဲ့ band ဖြစ်တယ်..။(တဲ့ )
မနေနိုင်မထိုင်နိုင် you tube မှာရှာပြီး တင်လိုက်ပါတယ်..။

Hold on..........Be strong...

 Hold on.......be strong


hold on....
be strong.......
~~~~~
hold on.....
be strong....
~~~~~~
~~~~~

ရောဂါက မသေးဘူးပြောရမယ်ထင်တယ်..။
ကော်မန့်တွေဖတ်ပြီး ဒီသီချင်း သတိရသွားတယ်..။
အပြင်မှာ မိုးတွေ ရွာနေတာပဲ....
အေးစိမ့်စိမ့်နဲ့ မပျော်ဘူး..။
(ဘယ်သူနဲ့ ပျော်မယ်ထင်သလဲ)ဟီးးဟီး

ဘာအတွက်ကြောင့်...
ညာအတွက်ကြောင့်...
ကျနော် မပျော်နိုင် ဖြစ်နေတယ်..။
ညကလဲ အိပ်ယာဝင်တာညဉ့်နက်တယ်...။
အလုပ်သွားခါနီးလေလေ...
မပျော်လေလေ...
ဟင်းးး....
ခက်ပါ့...။
hold on.....
be strong.....
....
...
..
.

သူတို့လို ..

တစုံတယောက်နဲ့ စကားစပ်မိပြီး ကိုယ့်မှာ သတိရစရာတွေ အာရုံမှာ
ပေါ်လာတယ်..။
တစ်ရက်မှာ...
အဖေ ခရီးထွက်စရာတခုရှိနေတယ်..။
အဲဒီရက်တွေမှာပဲ အဖေ့ကို စိတ်ဆိုးပြီး စကားမပြောဘူး။
နှစ်ပတ် သုံးပတ်ကြာပြီးတဲ့နောက် အဖေ..ခရီးကနေ နေမကောင်းဖြစ်ပြီး
ပြန်လာတယ်..။ အိပ်ယာထဲလဲ သွားတယ်..။နောက်တော့...
အဖေဆုံးတယ်..။ အဲဒီတုန်းက ကိုယ့်ကိုယ်ကို ယူကြုံးမရဖြစ်မိတယ်။
နောက် လအတော်များများထိ အဖေ့ကိုသတိရစိတ်နဲ့ ငိုမိတယ်..။
ခုချိန်ထိလည်း အဖေ့ကို အိပ်မက် မက်တယ်..။
အိပ်မက်မက်တိုင်း အမေ့ဆီဖုန်းဆက်ပြီး အဖေ့အတွက်ရည်စူးပြီး မိဘမဲ့ကျေုာင်းမှာ
လှူခိုင်းတယ်..။
အဖေဆုံးတော့ အမေ၄၀ကျော်..။၄၄....၄၅ ထင်ပါတယ်..။
အမေ ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာ တခါမှ မမေးမိဖူးပါဘူး။
အမေ့ခံစားချက်တွေ သတိမပြုမိဘူး...။
အမေပင်ပန်းနေတော့မှာပဲ လို့ တခါမှ သတိတရ မမေးဖြစ်ခဲ့..။
ပူဆာစရာရှိတာ  ပူဆာမြဲ...။
အရင်လိုပဲ အမေ့ကို ကလန်ကဆန်လုပ်ဖြစ်တဲ့အခါလုပ်ဖြစ်..။
စကားနားထောင်တဲ့အခါ နားထောင်...။
 အမေတို့လို လူတန်းစားတွေဟာ....
သိသိသာသာ ဖိနှိပ်ခံရမယ်..။
မသိမသာ အနိုင်ကျင့်ခံရမယ်.။
အထင်သေးခံရမယ်...။
အမြင်နိမ့်ခံရနိုင်တယ်...။
လူတွေကလေ....
မဟုတ်ပါဘူး ..မဖြစ်နိုင်ဘူး....တရားမျှတမှုရှိပါတယ်...
ဘယ်လောက်ပဲ ပြောနေ..ပြောနေ...အဲတာတွေနဲ့ ဆန့်ကျင်ဖက်တွေနဲ့
အမေတို့ကို ပြု မူဆက်ဆံပြောဆို နေကြတာပဲ မဟုတ်လား...။
လူတွေက အကြင်နာ မေတ္တာတရားရှိကြပါတယ်လို့ ဘယ်လောက်ပြောပြော
မြေနိမ့်ရာ လှံစိုက်ချင်ကြတာ ချည်းပဲ အမေ..။
လူတွေရှေ့မှာ စာနာချင်ယောင်ဆောင်နေကြပြီး လူတွေကွယ်ရာမှာ
ခြေဖနောင့်နဲ့ ဖိခြေချင်ကြတယ်...။
တံတွေးထွေးပြီး အပြစ်တင်ဖို့ပဲ ကြိုးစားနေကြတယ်...။
ရေနစ်သူ ဝါးကူထိုးကြပါတယ်..။



မှတ်ချက် ။ ။ ဆက်ပါဦးမည်..
မျော့

မျှော်လင့်ခြင်း ကွင်းပြင်

 ကျနော်တပုဒ်လောက် ငိုပြချင်ပါသေးတယ်.....ဆိုတဲ့..
မျှော်လင့်ခြင်း ကွင်းပြင်



ဒီ ကွင်းပြင်ကြီးကို တို့ဖြတ်ဖူးတယ်...
ဒီ မြက်ပင်များအပေါ် တို့နှစ်ယောက်အတူ လျှောက်ဖူးတယ်...
ဒီကောင်းကင်ကြီးထဲ မိုးတိမ်တွေ အမြဲပျံသန်း..
ကြည်နှူးစရာဘဝပေါ့ မင်းလေးနဲ့ ဟိုတချိန်က...
တို့ နှစ်ဦးသားအချစ်ကို တန်ဖိုး ထားကြတယ်...

ဒီ ကွင်းပြင်ကြီးဟာ အခုဆို လွမ်းစရာ...
ဒီ မြက်ပင်စိမ်းတွေ ခြောက်သွေ့ကာ ညိုမွဲနေ..
ဒီကောင်းကင်ကြီးလည်း
ဟိုးးးအရင်လို မလှတော့ဘူး...
ရင်ထဲမှာ အဆွေးများ..
မင်းထားပစ်ကာ ထွက်သွား...
တို့နှစ်ဦးသားဘဝဟာ ...
ကမ္ဘာကြီး ခြားထားသလို....
.....
........................
................
...............
ကြေကွဲစရာများနဲ့ တခြားနေရာမှာ မင်းပျော်မလား...
ငါ လွမ်းသလို မင်းလည်း အမြဲတမ်းတနေမှာပဲ...

မျှော် မဆုံးသော ကွင်းပြင် ..
အရင်အတိုင်း
လျှောက်ရအောင်.......