ဘယ်အချိန်ကစပြီး ကျွန်တော်တိရိစ္ဆာန်လေးတွေကိုကြောက်တတ်မှန်း
မသိပါ။။ သေချာတာတစ်ခုက ကျွန်တော်သိတတ်စအရွယ်က စလို့ ခွေးလေးတွေ
ကြောင်လေးတွေကို အရမ်းကြောက်ပါတယ်။။ နောက်တော့ ကြွက်လေးတွေ
ယုန်လေးတွေကိုတွေ့လည်း အနားမကပ်ရဲပါ။။ အထူးသဖြင့် မွေးကာစအကောင်ပေါက်စ
လေးတွေ ကိုပိုအူယားပြီး ကြောက်ပါတယ်။။ ၄-၅ တန်းမှာ ဂဲလောင်းချောင်း
နားက တရုတ်ကျူရှင် အသွားလမ်းပေါ်က ယမင်းဆံပင်အလှပြင်ဆိုင်က ခွေးစုတ်ဖွားလေး
တွေ အလိုက်ခံရတာမှတ်မိပါသေးတယ်။။ အကိုက်တော့မခံရဖူးပေမယ့် ခွေးတွေ့ရင်
ပတ်ပြေးနေတတ်တယ် ။။
နောက်တရုတ်ကျောင်းတစ်ခုမှာမွေးထားတဲ့ အညိုရောင်ခွေးကြီးကိုက်တာခံရဖူးတယ်။။
အိမ်ကအဖိုးက တိရိစ္ဆာန်လေးတွေ သိပ်ချစ်တတ်တာ။။ ကြောင်လေးတွေနဲ့လည်း
အိပ်တတ်တယ်။။ ညီမလေးလည်းကြောင်လေးတွေနဲ့ ပွတ်သီးပွတ်သက် နေတတ်တယ်။။
အိပ်တတ်တယ်။။ ကျွန်တော်ကတော့ ကြောင်ကို အနားကပ်ကို မခံနိုင်တာ။။ အခုအလုပ်မှာ
အလုပ်ရှင်သူဌေးမက သူ့အချစ်တော်ခွေးလေးကို ဆိုင်ကိုခေါ်လာချင်တာ ကျွန်တော်က
သေမတတ်တောင်းပန်ပြီး ပေးမလာပါဘူး။။
ကျွန်တော်ကြောက်တာနောက်တစ်ခုက သရဲ တစ္ဆေ ။ ငယ်ငယ်တုန်းက အဒေါ်တစ်ယောက်က
ညညဆို သရဲပုံပြင်ပြောပြပြီး ခြောက်တတ်ပါတယ် ။။ တခါတရံ ရုပ်ရှင်ကြည့်အပြီး
ပြန်လာရင် လမ်းမှာ ဆေးရုံကြီးက ရင်ခွဲရုံဘေးလမ်းကိုဖြတ်ရပါတယ် ။။ ရင်ခွဲရုံနဲ့
မျက်နှာချင်းဆိုင်က တောင်ကျောင်းကြီးဘုန်းကြီးကျောင်းပါ။။ အဲဒီအချိန်တွေဆို
မျက်လုံးစုံမှိတ်ပြီး အဖေ့စက်ဘီးနောက်ကထိုင်ပြန်လာမြဲ။။ အခုချိန်ထိလည်း
သရဲကားမကြည့်ရဲပါဘူး။။ ကြည့်လည်းမကြည့်ဖူးပါဘူး ။။
ဟိုတလောက သူငယ်ချင်းတစ်ယောက် သူ့အဆောင်သရဲခြောက်တဲ့အကြောင်း
ပြောပြတာ နားမထောင်ရဲဘူး ။ ကျွန်တော်စဉ်းစားတယ် အဲဒီတိရိစ္ဆာန်လေးတွေ
ကြောက်တတ်တာ သရဲတစ္ဆေကြောက်တတ်တာတွေဟာ ရောဂါတစ်မျိုးပါလား
လို့ ။။
ငယ်ငယ်က ၁ရပ်ကွက်မှာနေခဲ့တာပါ။။
အလှ
4 months ago
9 comments:
ပေါက်ရေ ဒါဟာ ရောဂါလားဟင် နိနိလည်း တူတူပဲ။
ခွေးလည်းကြောက်တယ်။ ကြောင်လည်းမကိုင်ရဲဘူး။ တစ္ဆေဆိုပြောမနေနဲ့။ ငယ်ငယ်က ညဆို အဖေပါမှ အိမ်အပြင်သွားတာ။ တံခါးပိတ်ခိုင်းရင် အဖေကြည့်နေမှ ပိတ်ပြီးရင် နောက်ပြန်လျှောက်လာတာ ကြောက်လို့ ဟီး ဟီး။
ပေါက်ရေ… ဖိုးဘီယားတမျိုးပေါ့… တို့ ဆို မြွေကို အဲလို ကြောက်တာ… ခွေးတွေ ကြောင်တွေတော့ သိပ်မကြောက်ဘူး… ဒါပေမယ့် ပွတ်သီးပွတ်သတ်မနေတတ်ဘူး… သူတို့ နေမကောင်းရင်တော့ သနားတယ်… သရဲက ငယ်တုန်းက ပိုကြောက်တယ်… ခုတော့ နဲနဲအိုကေသွားပြီ… အခုကျတော့ လူဆိုးတွေ ကြောက်တယ်...
စာတိုက်ပုံးထဲသွားကြည့်လိုက်ဦးနော်… မုန့် ဖိုးချက်လက်မှတ်ထည့်ထားတယ်… နည်းတယ်များတယ် ဖြစ်မှာစိုးလို့  အမောင့်တောင်မရေးထားဘူး…
တို့ ကကြောင်ကြောက်တယ်။ ဘာကို မှ မကြောက်ဘဲကြောင် ကို ကြောက်တာ။ တို.ကို လာထိရင် ထွက်ပြေးရော။ အသည်းယားတယ်။
တို့က မြွေလည်းကြောက်တယ် သရဲလည်းကြောက်တယ်။ ခွေးတော့ ချစ်ပေမယ့် ကြောက်တယ်.. ငယ်ငယ်က အကိုက်ခံရလို့.. ကြောင်တော့ မကြောက်ဘူး.. အရင်တုန်းက ကြောင်တွေ မွေးထားတာ အများကြီးပဲ.. နောက်ပြီးလေ ကျွတ်တို့ မျှော့တို့လည်း အရမ်းကြောက်.. အီး.. ပြောရင်းအသည်းယားလာပြီ.. ပေါက်ရေ.. ထမင်းကြော်နည်းသိရအောင် စာကျိုးစားပြီး ရေးနေပါတယ်.. မပြီးသေးဘူးရယ်..အလုပ်လုပ်လက်စတွေ အိမ်အထိပါလာလို့ လုပ်နေရလို့ပါ.. သူငယ်ချင်းတွေဆီကို အေးအေးဆေးဆေး လိုက်တောင် မလည်နိုင်တဲ့ဘ၀.. :( သီတင်းကျွတ်ဆုတောင်းလေးအတွက် ကျေးဇူးပါ ပေါက်ရေ..
တို့ကတော့ မျှော့ ကြောက်တယ်။ မျှော့တွေရင် အော်တာ အသံတောင် ပြာတယ်။ သွေးစုပ်ကောင်တွေမို့ ရွံတာရော၊ မုန်းတာရော..
ကြောင်နဲ့ ခွေးတော့ ချစ်ပါကွယ်..ချစ်စရာလေးတွေပါ။
ပေါက်ကြီးနဲ့ အပေါင်းပါသူငယ်ချင်းများ ကျနော်မောင်ကိုဖြိုး အကြံ တခုပေးလိုက်ပါမယ် ဒီ လို အကောင်လေးတွေဘာလေးတွေကို မကြောက်တတ်ဖို့ တနည်း ရှိပါတယ်... ၁ လတိတိ မှန် မကြည့်ပဲ နေပါ..
၁ လပြည့်တဲ့ချိန်မှာမှန်ကြည့်လိုက် ပါ နောက်နောင် ဘာကိုမှ မကြောက်တော့ပါဘူး .. ဟိးဟီး
ပေါက်ကြီး မစရကြာသမို့ ပါ .
ကိုယ်ကြောက်တတ်တဲ့အကြောင်းရေးမလို့ဟာ...
ကိုဖြိုးရဲ့ ကောမန့်ဖတ်ပြီး..ရေးတော့ဝူး...
ဘာမှမကြောက်တတ်ဘူးဟေ့..........
နိနိရေ..
အဲဒါရောဂါတစ်မျိုးပဲလို့ထင်တာပဲ..
မတန်ခူးပြောသလို ဖိုးဘီးယား (အကြော်လွန်ရောဂါ)
ထင်တာပဲ...
မတန်ခူးရေ..ကျွန်တော်ကမြွေဆိုရင်တောင်
သိပ်မကြောက်ဖူး...
သီတင်းကျွတ်မုန့်ဖိုးပေးတဲ့အတွက် ပျော်သွားပြီ..
မကေအိုအမ်က အသည်းယားတယ်ဆိုပဲ...ခစ်ခစ်..
နုရေ...ပေါက်က ကြောင်ဆိုအနားကပ်မခံနိုင်ဘူး
ထမင်းကြော်ကို နုဖက်မှာသွားပြောထားတယ်
အလုပ်အားတဲ့အချိန်မှ ရေးပါအေ...အားနာစရာ..
မချိုသင်းရေ...
ကျွတ်တွေ မျှော့တွေဆိုတာ..စာအုပ်ထဲမှာပဲ
ဖတ်ဖူးတာ..မကြုံဖူးသေးလို့မသိသေးဘူး
မချိုသင်းလာလည်တဲ့အတွက်ကျေးဇူး
ကဖြိုးရေ...
နင်..ဖုန်းဆက်လာတော့..ဝေ..ဝေ....နဲ့
နီဟောင် လုပ်လိုက်သေးတယ်..
ငါက ဘယ်သူများလဲလို့...
ငါလည်း ဘလော့ဂ်လောကထဲ မျှောပါသွားပြီ..
ဟီးဟိ
sin dan larရေ...
ဘာကြောက်တတ်လဲဝေ့...
ကိုဖြိုးပြောတာနဲ့ ဘာကြောက်လဲဆိုတာတောင်
မပြောပြရဲတော့ဘူး လား...ဟားဟ
ငါကတော့ ပေါက်တစ်ယောက် ဖိုရမ်မှာ ပျောက်ပါတယ် အောင့်မေ့နေတာ..လက်စသပ်တော့ ဘလော့ထဲမှာ
ပျော်မွေ့နေတာကိုး...... ကောင်းအိ..ကောင်းအိ..ကောင်းအိ
ဇင်ကိုလွင်...။
Post a Comment