ေ
အာလူးကိုဆားထည့်ပြီးအရင်နူးနေအောင် ပြုပ်ရပါမယ်.။
ပြီးရင် အခွံခွာပြီး ကြေနေအောင် ခြေထားရပါမယ်..။
ကြက်သွန်ဖြူတမွှာ..ခရမ်းချဉ်သီး၂လုံး..မုန်ညှင်းချဉ်အနည်းငယ်..
ငရုတ်သီးခြောက်၃ခုလောက်...ကြာညို့အငန်အနည်းငယ်..
ခရမ်းချဉ်သီးကို နုတ်နုတ်စင်းထားရပါမယ်..။
အိုးထဲဆီနဲနဲပိုထည့်ပါ..။
ဆီပူရင် ငရုတ်သီးခြောက်ကို အရင်ကြော်ပြီး ဆယ်ထားပေးပါ။
ကြက်သွန်ဖြူတမွှာကို ဓါးပြားရိုက်ပြီး အရင်ထည့်..
ရိတ်ရိတ်လှီးထားတဲ့ မုန်ညှင်းချဉ် ထည့်ကြော်ပါ..။
ခရမ်းချဉ် ကြေသလောက်ဖြစ်ရင် စောစောက ခြေထားတဲ့ အာလူးတွေကို
ထည့်မွှေပါ..။၁မိနစ်လောက်..။
ပြီးရင် ရေနဲနဲထည့်....ကြာညို့အငန်ထည့်ပြီး မီးလျှော့ပြီး ချက်နေပါ။
တဖက်ကလဲ မွှေပေးနေပါ..။(အိုးကပ်မစိုးလို့..)
၇မိနစ်လောက် မွှေပေးနေရင် အဖိုးနည်း မြန်ဆန်ပြီး အရသာရှိတဲ့ အာလူးဟင်းရပါပြီ။
ဒီနေ့တော့ အိမ်မှာ မုန်ညှင်းချဉ်ကုန်နေလို့ တရုတ်ကုန်စုံဆိုင်မှာရရှိနိုင်တဲ့
ဒီ picked mustard နဲ့ ချက်လိုက်ရပါတယ်..။
အရသာနီးစပ်တော့ မုန်ညှင်းချဉ်အလွယ်တကူမရနိုင်တဲ့သူတွေလဲ ချက်စားရတာ
အဆင်ပြေမယ် ထင်ပါတယ်။
အမဲသားမုန်ညှင်းချဉ်ကြော် (အမဲသားနေရာမှ ကြက်သားထည့်ကြော်ရရပါတယ်)
အာလူးခရမ်းချဉ်ကြော်
အာလူးခရမ်းချဉ်ကြော် ပို့စ်က ကော်မန့်ဖတ်မိမှ သတိရတယ်.။
လင်းစ်စ်ပြောတဲ့ အာလူးထောင်းချဉ်ရည်ဆိုတာပါ..။
တချို့တွေက အစပ်များများ အချဉ်များများနဲ့ ချက်ကြတယ်။
Look back to memory lane
2 weeks ago
7 comments:
စမ်းကြည့်မယ်။ကောင်းမယ့်ပုံ။
အဲဒီလို အာလူးချက်မျိုး သိပ်ကြိုက်တယ်၊
မစားရတာတောင် အတော်ကြာပြီ။
နက်ဖြန် စမ်းကြည့်မှ...၊အာလူးရော၊ခရမ်းချဉ်ပါ ကြိုက်အိ။
မိုက်တယ်...စမ်းကြည့်ဦးမယ်...
ရိတ်ရိတ် လှီးဖို့ တံစဉ် မရှိပါ။
ရစ်ချင်၍ ရစ်သွားသူး)
ဒီဟင်းနည်းမဆိုးဘူးနော်။
တကယ်မြန်ကောင်းသက်သာပဲ။
ယောက်ျား နဲ့ သားက အာလူးကြိုက်တယ်။
အာလူးစားသူများ
Post a Comment