I'd rather go blind - Etta James
ဟိုတလောက ဟိုကလိ ဒီနှိပ်ရင်း ဒီသီချင်းကို နားထောင်မိပါတယ်။
နားထောင်ကြည့်ကြပါအုန်း..။
တခါတလေလဲ ဒီလိုသီချင်းမျိုးကို တနေကုန် တနေခမ်းနားထောင်ရတာ အရသာရှိပါတယ်။
သူ့ရဲ့ At last ဆိုတဲ့ သီချင်းလဲ ပိုလူကြိုက်များပေမဲ့ ဒီသီချင်းကို ပိုသဘောကျမိပါတယ်။
နောက်တော့ Beyonceပြန်ဆိုထားတဲ့ ဗားရှင်းတွေ့ပါတယ်..။
နားထောင်ဖြစ်ပြန်တယ်..။
ပို အသက်ဝင်အောင် ဆိုထားတယ်လို့ ထင်မြင်မိတယ်။
အသံနဲ့ အသက်ဝင်အောင် ပိုဆိုနိုင်တယ်။ (ထင်တာ ပြောတာပါ)
ဒါပေမဲ့လည်း မူရင်းအဆိုတော်ရဲ့ အသံကို ပိုသဘောကျနေတယ်။
ဒါကတော့ Beyonce
မှတ်ချက် ။ ။ဒီသီချင်းနားထောင်တိုင်း မျက်ရည်ဝဲရတယ်ဆိုတာ သတ်ချင်သတ်
ဘယ်တော့မှ ဖွင့်မပြောပါဘူး။
..
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 week ago
3 comments:
မှတ်ချက်ကိုဖတ်ပြီး မျက်ရည်ဝဲရတယ်။း(
မူရင်းရှိတာ တစ်ခါမှ နားမထောင်ဖြစ်ခဲ့ဘူး။
ဘီယွန်ဆဲ (ဂျပန်မှာ သူ့ကိုအဲလိုခေါ်ကြလို့ပါ)
ကိုတော့ နားထောင်ဖြစ်တယ်။
သီချင်းလာနားထောင်တယ်.. ဒီသီချင်းတော့ မခံစားတတ်ဘူး.. ခုတလော သီချင်းအေးအေးနားထောင်မိရင် အိပ်ငိုက်တတ်နေတယ်။
Good night!
ပေါက်ရေ ...
ကြိုက်တယ်။
မူရင်းပိုကြိုက်တယ်။
Beyonce လည်းကြိုက်တော့ ကြိုက်ပါတယ်လေ။
မျက်ရည်ဝဲလာရင် အပေါ်ကိုမော့ကြည့်လိုက် မျက်လုံးထဲ ပြန်ဝင်သွားရောတဲ့။ မငိုဖြစ်တော့ဘူး :)
Post a Comment