မေမြို့နားက ဒိုးပင်မိဘမဲ့ကျောင်းကိုရောက်ခဲ့ပါတယ်..။။
ကျောင်းသား၅၀၀ကျော်ရှိပါတယ်....။။
ဘယ်ဖက်က ကလေးလေးက စိုင်းစိုင်း တဲ့...
သူတို့မျက်ဝန်းလေးတွေက အားငယ်နေသလိုလို...
စိုင်းစိုင်းဆိုတဲ့ကလေးရဲ့ လက်လေးကိုသွားဆုပ်ကိုင်ကြည့်တော့...
ကလေးက ပြန်ဆုပ်ကိုင်ဖို့ မ၀ံ့မရဲနဲ့...
သူတို့အရွယ်လေးတွေက မိဘရင်ခွင်မှာ နေရမယ့်ကလေးလေးတွေပဲ...
သူတို့နဲ့ စကားပြောရင်း..မျက်ရည်မကျမိအောင် ထိန်းနေရတယ်...
ထမင်းတွေ တစ်ဗန်းပြီး တစ်ဗန်း...
ဇလုံကြီးထဲမှာ ထမင်းပေါ်ကိုအောက်ပုံပါ ဖယုံသီးခေါက်ဆွဲဟင်းရည်လောင်းချ...
တခြား ဘာဟင်းမှမပါတော့ဘူးတဲ့...
သွားတဲ့နေ့က အလှူရှင်မရှိတော့ ဒီလိုပဲကျွေးရတယ်တဲ့..
ငွေသားအနည်းငယ်လှူပြီးတဲ့နောက်...ကလေးတွေစားတာကြည့်ပြီး..
အမေက စိတ်မသက်သာလို့...ခေါက်ဆွဲသုတ် ကိုယ်တိုင်ချက်ပြုပ်ပြီး
လာကျွေးချင်တယ်ပြောပါတယ်..။။
သူငယ်ချင်းတစ်ယောက်နဲ့ အမေနဲ့ တစ်ဝက်စီကျခံပြီးသွားကျွေးပါဦးမယ်..
ဒီ စနေ့လောက်ဖြစ်မယ်ထင်ပါတယ်..။။
နောက်..
ရေငယ်ရွာက မျက်မမြင် မိဘမဲ့ကျောင်းက ကလေးတွေပုံကိုတင်ပါဦးမယ်။။
အလှ
4 months ago
16 comments:
သွားမွေးစားဦးမယ်။
ကောင်းပါ့လှေ့...
း)
ပေါက်ရေ..စိတ်မကောင်းလိုက်တာကွယ်..။ လမ်းပေါ်က ကလေးတွေထက် စာရင် နေစရာ စားစရာရှိသေးလို့ တော်သေးတယ် ပြောလို့ရပေမယ့်လည်း..။ သနားပါတယ်..ဘ၀ဟောင်းက ၀ဋ်ကြွေးတွေလား။
ပေါက်ရေ ဂရုတစိုက် ရေးပြထားလို့ ကျေးဇူးပါ.. တို့လည်း ဘ၀ချင်းနီးစပ်သူတွေကို အမြဲ စာနာတယ်။ ပေါက်ရဲ့ ပို့စ်လေးဖတ်ပြီး တခုခုတော့ တတ်အားသရွေ့ လုပ်ပါဦးမယ်။
ပေါက်ရယ် သနားလိုက်တာ။ ဇလုံကြီး တခုတည်းမှာ ၀ိုင်းစုစားနေတာ ကြည့်ပြီး စိတ်မကောင်းလိုက်တာကွာ။
တို့ သင့်ဘ၀ မဂ္ဂဇင်း လုပ်တုန်းကလဲ မိဘမဲ့ ကလေးကျောင်းတွေ သွားပြီး အင်တာဗျူးရသေးတယ်။ မျက်ရည်သုတ်လိုက် မေးခွန်းမေးလိုက်ပေါ့။ တချို့နေရာတွေမှာ ပုံနေတဲ့ အလှူတွေကို မျှပေးချင်စိတ် ပေါက်မိတာပါပဲ ပေါက်ရယ်။
သူတို့ကို လှူတဲ့သူကျနော်သိသလောက်တော့..များပါတယ်..
ကျနော်သွားတဲ့နေ့ကတောင် ဘုန်းဘုန်းမရှိပါဘူး
ရန်ကုန်မှာ အလှူငွေသွားထုပ်တယ်ပြောပါတယ်..
ကျနော်ထင် မြင်သလောက်ပြောရရင်..
အုပ်ချုပ်ကွတ်ကဲတာလူအင်အားလျော့နည်း
လွန်းတယ်လို့ ထင်တာပဲ...
နောက်ပြီး ကျနော်တို့မသိတဲ့အခက်အခဲတွေအများကြီးရှိမှာပါ..
စိတ်မကောင်းလိုက်တာ.....
အကျီင်္အဝါလေးနဲ့ ဘေးကထိုင်နေတာ ဘယ်သူလေးလဲ..ချန်းလား
ရန်ကုန်ပြန်ရောက်ရင်တော့ အဲဒီလို ကျောင်းတွေကို သွားပြီး လှူဦးမယ်ကွယ်... :(
ဖြူစင်သော သန့် ရှင်းသော ကိုယ်ချင်းစာနာသော စိတ်တို့ သည် လူမှုဝန်ထမ်းစိတ်ဓာတ်ဟုခေါ်သည်။ ဆိုလားပဲ ကြားဖူးတာ။
ဒီလို နေရာမျိုးလေးတွေမှာလှူတာ တကယ့်ကို ကောင်းပါတယ်။ ရှိပြီးသားချမ်းသာပြီးသား ကျောင်းတွေ မှာလှူမဲ့ အစား ပေါ့ .
ကျွန်မလည်း မိဘမဲ့ကျောင်းမှာ ထမင်းသွားကျွေးဖူးတယ်။
မေမြို့ မှာတော့မဟုတ်ဘူး။ အလှူရှင်ကျွေးတာကို အကုန်မစားရဘူး နောက်ရက်စာချန်ရသေးတယ်။
စိတ်မကောင်းစရာ
တော်တော်ကောင်းပါတယ်။ တကယ်ကို ကုသိုလ်ရတဲ့အလုပ်ပါ။
ပေါက်ရေ… မိခင်တယောက်ဖြစ်လာတော့ ဒီလိုခလေးလေးတွေ တွေ့ ရင် ပိုထိလွယ်ရှလွယ်လာတယ်… မျက်ရည်ဝဲမိတယ်ပေါက်ရယ်… အဲဒီကျောင်းလေးကို တို့ မသိသေးဘူး… လှူဦးမယ်…
ပေါက်..ငါလေ.အဲဒီကလေးတွေနဲ့ အတူတူ အိပ်လာခဲ့ဖူးတယ်။တကယ်ကို သနားစရာကောင်းတဲ့ ကလေး လေးတွေ။ဒါကြောင့်လည်း တတိယအကြိမ်
ကထိန်ခင်းမယ်ဆိုရင်လည်း အဲ့ဒီနေရာလေးမှာပဲ
ထပ်လုပ်ကြဖို့ တိုက်တွန်းနိုးဆော်ရမယ်။ တကယ့် မိုးနည်းရပ်ဝန်းလေးမို့ပါ။
ဇင်ကိုလွင်...။
ကလေးတွေစားနေကြတာ အားရစရာကြီး။ အဲလို အလှူမျိုးလုပ်ရတာ တော်တော်ကောင်းမယ်။
Post a Comment