ကျနော် တွေးနေတာ အများကြီး..။
ကျနော် ချ မရေးဖြစ်ဖူး.။
ကျနော်က ဘာကိုမဆို အလေးမထားသူ ဖြစ်ချင်နေတယ်..။
ကျနော် ဘာမဆို အရေးထားနေတယ်..။
လူတွေက ရယ်ရတယ်..။
ကျနော်က ပိုရယ်ရတယ်..။
လူတချို့က ကလိန်ကကျစ်တွေ..။(ကျနော့ ထင်မြင်ချက်သက်သက်ပါ)
ကျနော်ကလည်း လျော့ရဲရဲပါပဲ..။
တခါတလေ သူတို့ကို ....
တခါတလေ ကိုယ့်ကိုယ်ကို....
တခါတလေ ခခကို.....
တခါတလေ ကံကြမ္မာကို.....
တခါတလေ အဖေ့ကို......
တခါတလေ ......
ကျနော်တောင့်တမိတယ်....
တခါတလေ အိပ်ပျော်အောင် အိပ်နိုင်ဖို့အရေး.....
ကျနော်လိုချင်တာ .......
ကျနော် စိတ်ချလက်ချ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့..။
(တစ်စုံတယောက်ကို လွမ်းလို့...ဒီမှာ ထပ်တင်ပါတယ်)
Look back to memory lane
2 weeks ago
6 comments:
မတွေ့တာ အတော်ကြာ ...
နေကောင်းလား ပေါက် ...
တခါတလေကျရင် စိတ်ကို ပေါ့ပေါ့ပါးပါး နေလိုက်တာ .. စိတ်ထွက်ပေါက် ရခြင်းတမျိုးမို့ ...
ကိုယ်ကတော့ တချို့တလေကို အလေးကို ထားမနေတော့ဘူး။
Life is short.
ဘ၀ကလည်း တိုပေလို့ပဲ ...
ဝမ်းတထွာကလည်း တထွာပဲ ရှိပေလို့ပဲ ...
ဟော.. ပြန်ရောက်လာပြီ..၊း)
ဟိုတစ်ခါ ဂျုံမှုန့်တွေကို နယ်ပြီးကတည်းက ပျောက်သွားတာ..၊ ရေးသူက အရည်မရ အဖတ်မရလို့ ဆိုပေမယ့် ဖတ်သူတွေကတော့ သတိရခြင်းတွေနဲ့ လာဖတ်တာပါ...၊း)
ပြန်တွေ့ရတာ ဝမ်းသာသလို နေကောင်းမယ်လို့လည်း မျှော်လင့်ပါတယ် ပေါက်...။
တွေးမိတာတွေတော့ အများကြီးပေါ့... ချသာ မရေးဖြစ်တာ.. လက်က နှေးနေတယ်... လောလောဆယ်တော့ ကိုအငဲရဲ့ ကိုယ်ရေးရာဇ၀င်ကို နားထောင်နေတယ်...
ကိကိရဲ့ 'အရေမရ အဖတ်မရများ' ပို့စ်လေးက ဘ၀နဲ့ယှဉ်တဲ့ အတွေးလေးတွေကို ဖြစ်ပေါ်စေတာမို့ တီတင့်အတွက် မှတ်သားစရာတွေ တသီကြီး ခေါင်းထဲရောက်လာတယ် ကိကိရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပြန်လာပါ...
အရည်တွေ အဖတ်တွေ မရလည်းနေပါစေ
ပေါက် ပြုံးနေ ပျော်နေရင် တော်ပါပြီ...(ရလဲ့)
Post a Comment