လမ်းမလျှောက်ဖြစ်တာကြာပြီ။
ကြာဆို တပတ်လောက်တော့ ရှိရော့မယ်.။
သူငယ်ချင်းနဲ့ ဖုန်းပြောတာနဲ့..
သူငယ်ချင်းတွေ အိမ်လာလည်တာနဲ့..
...................
..............................
..................................
ဆင်ခြေပေါင်းစုံနဲ့ လမ်းလျှောက်မထွက်ဖြစ်ဖူး။
လူက လေးလံသလိုဖြစ်လာတယ်.။
လမ်းလျှောက်မထွက်ဖြစ်တာထက်ဆိုးတာ ညလယ်စာ ပြန်စားတာပဲ။
ဒီနေ့ လမ်းသွားလျှောက်တယ်..။
ပထမအပတ်မှာပဲ..ခြေထောက်နာတယ်..။
ခြေသလုံးနေရာလောက်က ခြေထောက်အရှေ့ဖက် ကနာတာ..။
ဒုတိယအပတ်ပတ်ချိန်လဲ နာနေဆဲပဲ..။
ကိုယ်လမ်းလျှောက်အရှိန်လျော့သွားတယ် လို့ ခံစားရတယ်။
နှေးသွားတဲ့အထဲ လျှောက်ရတာ ခက်ခဲလိုက်တာ.။
လေးပတ်မြှောက်တော့ အရှိန်အတော်လေးရနေပြီ..။
အရင်ကလောက် မဟုတ်ပေမဲ့ အရှိန်ကလဲ မြန်လာပြီ..။
၁၀ပတ်ပြည့်အောင် မနဲလျှောက်ခဲ့ရတယ်.။
အရေးထဲ တဘက်မပါခဲ့ပြန်ဘူး။
အခုတလော ထမင်းဟင်းမချက်ချင်ဘူး။
ခခကို သူငယ်ချင်းအိမ်က ခေါ်ကျွေးထားတယ်..။
တချို့နေ့တွေမှာပါ.။
ကိုယ်က ငပျင်းဖြစ်နေတယ်..။
တခါတလေ..ဆူရှီဝယ်စားခိုင်းထားတယ်.။
အခုတလော ဘလော့တွေ သိပ်မလည်ဖြစ်ဖူး။
စီမှာတော့ သွားငမ်းနေတတ်တယ်.။
သိပ်တော့ ဝင်မပြောမိပါဘူး။
ကိုယ်မှ သိပ်နားမလည်.။
(ဆရာကြီးတွေပြောနေတာကိုး..)
အခုတလော အလုပ်က အူကြောင်ကြောင်ဖြစ်နေတယ်.။
အရှုံးတွေနဲ့ရင်ဆိုင်ရမယ်ဆိုတာ သိနေတယ်..။
ကိုယ် ခံနိုင်ရည်ရှိပါတယ်..။
မနိုင်ရင် ရှုံးမှာပဲလေ..။
ဒါမှ မဟုတ် သရေဖြစ်မှာပဲ..။
ဒီလို ကစားနည်းတွေကြိုက်လို့ပဲ ရွေးချယ်ခဲ့တာ..။
မှတ်ချက် ။ ။ အရေမရ အဖတ်မရတွေ ရေးရတာ စိတ်ပေါ့လို့..ရေးလိုက်မိတယ်.။
တကယ်ပါ..
တကယ် အရေမရ အဖတ်မရတွေပါ..။
Look back to memory lane
2 weeks ago
9 comments:
အရေမရ အဖတ်မရ ဝင်မန့်သွားတယ်။ ဂွတ်မယ်ထင်ရင် ဒူးသာဒူး။
စီမှာ ဘာသွားငမ်းတာလဲ။ အေးလေ ငမ်းချင်လဲ ငမ်းပေါ့ ကိုယ့်ဒေါသနဲ့ ကိုယ်ပဲ.. ပုံ။ ဆြာဂျီး
ကောင်းတယ်.. ကောင်းတယ်.. ဆက်ပြီးလေနေအုံး..
( ခခ ကိုယ်စားပြောပေးတာ.. ဆူရှီးတွေ ပလုပ်ပလောင်းနဲ့ ..ကုတ် တဗူးနဲ့..)
N/A
အရေလည်း မလိုချင်ပါဘူး
အဖတ်လည်း မလိုချင်ပါဘူး
ဒီကို လာချင်လို့လာပါတယ်။
ဖတ်ချင်လို့ ဖတ်ပါတယ်။
အရေမပေး အဖတ်မပေး ကော်မန့်ဝင်ရေးသွားပါတယ်။
အရေမရ အဖတ်မရလို့ ပြောလို့မရဘူး...
တခုခုဆို ချရေးလိုက်ရင် သက်သာသွားတာပဲ မဟုတ်လား...
စကားမစပ် ကိုယ်လဲ အခု လမ်းလျှောက်နေတယ်...း))
အဲဒီလို ချရေးထားတာကို
ဖတ်လိုက်ရတာမှ
ပြည့်စုံတယ်လို့ ထင်မိတယ်၊
ပျောက်နေရင် သိသာနေတယ်။
ပေါက်... အသံတွေပျော့နေတယ်... ဘာတွေဖြစ်... စိတ်တွေလေရင် ခခဆီမှာ စိတ်နှစ်ကြည့်လိုက်ပါ... လောကကြီးမှာ ချစ်စရာသမီးလေးတယောက်ရှိနေတာလောက် ပြီးပြည့်စုံတာ ဘာရှိဦးမှာလဲ
မမပေါက်ပေါက်..
ဘာမှ မဖြစ်ပါဘူး..မတန်ခူးရေ..။
ဒီလိုပါပဲ...။
တခါတလေလည်း မာရေ ကျောရေ...။
တခါတလေလည်း..ပျော့ညံ့သလားမမေးနဲ့.။
တခါတလေလည်း..အူကြောင်ကြောင်နိုင်တယ်.။
တခါတလေလည်း...ပေါ့ပျက်ပျက်နိုင်တယ်.။
အဲ့တာ ပေါက်ထုံပဲလေ..။
အဟီးး..။
အားလုံးကျေးဇူးပါ..။
Post a Comment