Flora exposition ပန်းပွဲတော်(သစ်ခွ)

ပြီးခဲ့တဲ့ တနင်္ဂနွေ ၆ရက်နေ့က ပန်းပွဲတော်သွားဖြစ်ပါတယ်..။
အကြီးအကျယ်လုပ်တာမို့ သွားဖူးအောင် သွားကြည့်တာပါ..။
ပန်းတော့ မကြိုက်ပါဘူး.။
ဒါပေမယ့် ဒီပန်းပွဲတော်သွားပြီး သစ်ခွပန်းကို သဘောကျသွားပါတယ်..။
ပွဲတော်က ဒီမှာ ပါ။
ပန်းပွဲတော်က ကြီးမားကျယ်ပြန့်လွန်းတော့ တစ်ရက်သွားရုံနဲ့ မနှံ့နိုင်ပါဘူး။
နောက်ထပ် နှစ်ခေါက်လောက်သွားမှ အဆင်ပြေပါမယ်..။
ဝင်ကြေးကတော့ အန်တီ ၃၀၀ပါ..။(ဒေါ်လှ ၁၀)
အခုတင်ထားတဲ့ ပုံတွေက သစ်ခွပြခန်းရဲ့ တစိတ် တဒေသလောက်ပါ။
နောက်နေ့မှ ထပ်တင်ပါ့မယ်.။
ပန်းပွဲတော်သွားတော့ အပြုံးပန်းကို သတိရလိုက်သေးတယ်။သူ့ကို လာကြည့်စေချင်တယ်။
တခြားပြခန်းတွေကိုလဲ နောက်နေ့မှ တင်ပါတော့မယ်.။




















အိမ်ကနေထွက်ဖြစ်တော့ မနက် ၁၁ကျော်နေပြီ..။
(ဝန်ထမ်းတစ်ယောက်က ပြောတယ်..နာမည်ကြီးတဲ့ ပြခန်းတွေဆို မနက်၆နာရီလောက်ကတည်းက
တန်းစီ တိုကင်ယူရတယ်တဲ့..။)
ပွဲတော်ရောက်တော့ တန်းစီနေရတာပဲ အချိန်ကုန်တာများတယ်..။
ဒါတောင် ကျနော်တို့ သွားတဲ့နေ့က လူ၅သောင်းကျော်ပဲ ဝင်တဲ့ပိတ်ရက်နေ့မျိုးဖြစ်နေလို့။
မိုးလည်းအုံ့တယ်.။
ည၈နာရီကျော်မှ ပြန်လာခဲ့တော့တယ်.။ဒါတောင် ပြပွဲကြီးရဲ့ ၄ပုံ ၁ပုံတောင် မနှံ့ခဲ့ဘူး။
နောက်တပတ် ထပ်သွားဖြစ်မယ် ထင်ပါတယ်.။

9 comments:

ပန်းတွေ ကြိုက်တယ်...

လပြည့်ရိပ်

လှတယ်။
ပုံ့
အပြုံးပန်အစ်မ

အပြုံးပန်း.လာလည်ပါဦး
steve ကိုခေါင်းထဲမထည့်ပါနဲ့. သူကရူးနေတာ။

I come and see, Pauk

A pyone pan

(I am using the other Pc do not have myanmar font)

ချော(အစိမ်းရောင်လွင်ပြင်)

ပန်းတွေလှလွန်းလို့ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်..
ဒီလိုပြပွဲမျိုး သွားခွင့်ရတာ ကံကောင်းလိုက်တာ
ပန်းတွေကြည့်ရတာ စိတ်ချမ်းသာဖို့ ကောင်းလွန်းတယ်နော်
သဘောကျတယ်..

ပေါက်စ်ရေ.. ပန်းလေးတွေလှလိုက်တာ...

ပန်းတွေကြည့်လိုက် ကော်ဖီဆိုင်မှာ ခဏထိုင်လိုက် ဓတ်ပုံလေးရိုက်လိုက် ဆို နေပျော်ပြီ။

ပန်းပုံတွေ စိတ်ချမ်းသာစရာပဲ။
လှလိုက်တာ။
လူ၅သောင်းက နည်းတာလား။

Very nice sharing.
Recently, I wanted to visit Orchid show but I did not make it happen. When I see your title I run to you and look them all. Thanks,,thanks,,thanks,,
What a coincidence!!!
Iora