ကြာဇံ နဲ့ ကြက်ဥ

ကာဇံသုတ်လုပ်စားဖြစ်ပါတယ်..။
ဇလုံကြီးထဲထည့်သုတ်ပြီး...ပန်းကန်ပြားထဲထည့်ပြီး ထိုင်စားလိုက်တာ ရိုက်ဖို့မေ့သွားတယ်။
(ငတ်ထှာနော်)





အော်စွန်းကို အပေါ်ယံ အခွံထူထူတွေခွာရပါမယ်..။
ပြီးရင် ဓါးနဲ့ပါးပါးစိတ် နောက် သေးသေးပြန်စိတ်ရပါတယ်..။
စိတ်ပြီးသား အော်စွန်းကို ရေနဲ့စိမ်ထားပြီး ရေစစ်ထားပါ..။

ခါကျက်ဥကိုလဲ ထို့အတူပါပဲ..။
ပါးပါးနဲ့ သေးသေးစိတ်ဖို့လိုပါတယ်..။
ခြစ်နဲ့ ခြစ်လို့ရပေမဲ့ လက်နဲ့စိတ်ထားတဲ့အရသာက ပိုကောင်းပါတယ်။
(ထင်တာပြောတာပဲလေ..ဟိ)





ကြာဇံကို ရေစိမ်ပြီး ပြုပ်ထား ရေစစ်ထားပါ..။(ဆားထည့်ပြုပ်ပါ)
မပါမဖြစ် နံနံပင်ကို ရေဆေးပြီး စစ်ထားပေးပါ.။
အားလုံးအသင့်ဖြစ်ရင် သုတ်လို့ရပါပြီ..။
အဆာပလာရှိဖို့တော့လိုမယ်နော်...။
ရှာလကာရည်..
ကြာညို့အငံ.(အကြည်)...နှမ်းစေ့ကိုထောင်ြး့ပီးဆီပူလောင်းထားတဲ့နှမ်းဆီ..
ငရုတ်သီးမှုန့်ကိုဆီပူလောင်းထားပါ....ဆန်ခေါက်ဆွဲမှာထည့်စားတဲ့ ကြက်သားဟင်း(သို့)
အမဲသားဟင်း..။
အချဉ်ကို ၇ှာလကာရည်တဝက် သံပုရာသီးတဝက်ရောပြီးသုတ်ရင်လည်း စားကောင်းပါတယ်။
သကြားနဲနဲထည့်ပါ..။
(ကြာဇံသုတ်ကို အမဲသားဟင်းမပါပဲလည်းသုတ်ပါတယ်..။
ပို့စ်တင်ဖူးပါတယ်....ရှာပျင်းလို့ပါ..။
ရှာတွေ့ရင် ထပ်တင်ပေးထားပါ့မယ်..။)










ဒီတခါဝယ်လာတဲ့ အော်စွန်းက ပိန်တာရိုးလေး..။




ဒီကော်ဖီနဲ့ အသုတ်ကတော့ ပြီးခဲ့တဲ့ ဆန်းဒေးပိတ်ရက်တုန်းက လုပ်စားတာပါ..။
နေ့လည်စာ ဖြစ်သလို လုပ်စားဖြစ်ပါတယ်..။
ကြက်ဥ ၃လုံးပြုပ်..စိတ်..။
ပုဇွန်ခြောက်ရေစိမ်..။
ကြက်သွန်နီပါးပါးလှီး..။
ငရုတ်သီးစိမ်းထည့်..သံပုရာသီးညှစ်..ငံပြာရည်ထည့်..ဆီစိမ်းထည့်..
မပါမဖြစ် နံနံပင်ထည့်သုတ်ထားပါတယ်..။
ပဲပုပ်ချက်လိုက်သေးတယ်..တင်ဖူးလို့ မရိုက်ထားတော့ဘူး.။
ငရုတ်သီးက စပ်လွန်းလို့ ကော်ဖီတခွက်ပြီး တခွက် သောက်နေရပါတယ်.။
အရည်သောက်ကတော့ ကော်ဖီပေါ့..ဟီးးဟီးး။

8 comments:

ကြာဆံနဲ့ဆလပ်ရိုးသုပ်ကြိုက်တယ်

စူးနွယ်လေး

ကြာဇံသုပ်ဖို့ ဇလုံထဲထည့်ထားတာလေးက လှတယ်.. အရောင်တွေကိုစုံလို့..း)

ကြာဇံလဲသုပ်တယ်.....
အဟီး..........

ဆလပ်ရိုးကို လွမ်းလိုက်တာ။

အောစွန်းသုပ်စားချင်တယ်။
ကြာဥ.....

ကော်ဖီကလည်း ဆန်းထှာ

ပြင်ဦးလွင်မှာစားခဲ့တဲ့ ကြာဇံသုပ်ပုံရှိတယ် ပို့ပေးရမလား

ကြာဇံသုပ် မစားရတာ အတော့်ကို ကြာနေပြီ၊ ပုံမမြင်ရ ပေမယ့် နာမည်ကြားတာနဲ့တင် အာခေါင်တွေ စိုစွတ် လာတယ်ဗျာ....။း)