အမုန်းအကြောင်း





မိုးရွာတာကို မုန်းတယ်..။

လေတိုက်တာကို မုန်းတယ်..။

ရယ်မောရတာကို မုန်းတယ်..။

ပြုံးပြုံးလေးနေရတာ မုန်းတယ်..။

စကားချိုချိုပြောရတာကို မုန်းတယ်..။

မြိုသိပ်ရတာကို မုန်းတယ်..။

သီးညည်းခံရတာကို မုန်းတယ်..။

စဉ်းစားရတာကို မုန်းတယ်..။

တွက်ချက်ရတာကို မုန်းတယ်..။

တွေးပူရတာကို မုန်းတယ်..။

မှန်းဆရတာကို မုန်းတယ်..။

တမ်းတရတာကို မုန်းတယ်..။

ခံစားချက်တွေကို မုန်းတယ်..။

အတိတ်တွေကို မုန်းတယ်..။

အိပ်မက်တွေကို မုန်းတယ်..။

ရည်ရွယ်ချက်တွေကို မုန်းတယ်..။

မျှော်လင့်ချက်ဆိုတာကို မုန်းတယ်..။

ပန်းတိုင်ကို မုန်းတယ်..။



အချစ်အကြောင်းပြီးတော့ အမုန်းအကြောင်းတွေပေါ့..။

ဒါမှလဲ တရားမျှတမှုရှိမှာ..။ (အချစ်နဲ့အမုန်းကြားမှာ..)


i hate everything about you.
i hate how you decieved me.
i hate how you treated me
as if you never cared for

i hate how you look at me
i hate how you talk to me
i hate how you ignore
as if i was never there.


ဝန်ခံချက် ။ ။ ပုံကို အင်တာနက်မှ ကူးယူပါသည်။

14 comments:

မုန်းရတာကို မုန်းတယ် ...
ပေါက်မုန်းတာတွေကို လိုက်မုန်းတယ် ...
မုန်းတယ် ...
မုန်းတယ် ...
မုန်းတယ် ... :D

ကူမုန်းပေးသွားတယ်။ တို့လဲ မုန်းတယ် မုန်းတယ်။

ပေါက်ကိုတော့ ချစ်ပါတယ်။း)
mm

အိုး... တော်ပါသေးရဲ့... ချစ်တဲ့ထဲမပါပေမဲ့ မုန်းတဲ့ထဲလဲမပါလို့... :P

ချစ်တဲ့လူထဲ သာမီးမပါလို့ ကောက်နေတာ

ချစ်တဲ့စာရင်းထဲမှာတော့ မပါဘဲ လွမ်းတယ်လို့ လာပြောတဲ့သူကို မုန်းတယ်...

မုန်းရတာကိုရော မမုန်းဘူးလား ပေါက်း)

လေတိုက်တာကိုတော့ ကြိုက်တယ်။ လေကျတဲ့အချိန်ဆို ပျော်တယ်။

ပေါက်ရဲ့ ပို့စ်ကို မေသန်းနု အသံနဲ့ အသံထွက် ဖတ်ပြနေတယ် ကိုဧရာတယောက်...

မနေ့ က တောင်ပြောဖြစ်သေးတယ်။

အင်း... ပေါက်တွေးတာ တရားမျှတပါတယ်...
ချစ်တာပြီးရင် မုန်းတာ လာရမှာပေါ့...
ဒါပေမယ့် မုန်းရတာ မောစရာကြီးပါ
မနှစ်သက်တာတွေ တွေ့လာရင် မျက်နှာလွှဲနေလိုက်... ဒါဆို မုန်းတဲ့ အဖြစ်အထိ ရောက်မလာတော့ဘူး...

ကိုဧရာ မေသန်းနုအသံနဲ့ ဖတ်ပြနေတယ်ဆိုတာ ဘယ်လိုလဲ ကြားချင်ပါဘိတောင်း...း))

တရားမျှတချင်တာနဲ့ မုန်းပြတတ်သူကို
ချစ်မိရင် မတရားရာကျမလားမသိဘူးနော်။

ဟားဟချစ်ဖြိုး...ချစ်အမ်အမ်...

မရို့စ်ကိုချစ်ပဲချစ်တာ မမုန်းဘူး။

ကြွက်စ်မီကိုအမြဲလွမ်းနေတာ..
ကြွက်မီကမှ ပေါ်မလာပဲ..။

Anonymous ကို မမေ့ပါဘူး။
မေ့ချင်ယောင်ဆောင်ထားတာ.။

မုန်းရတာကို မုန်းလွန်းလို့ ..ပန်ပန်ရေ။

ရီတာ လေလည်တာကိုလဲကြိုက်မဲ့ပုံ..။ခစ်ခစ်

မသီတာ..ကိုဧရာကိုကျနော့်ဘလော့ပေးမဖတ်ပါနဲ့။
ပေါတောတောတွေရေးထားတာမို့..။ဟီးး

မရှင်လေး ဘာတွေပြောဖြစ်တာလဲဟင်။

မုန်းကြောင်းအသံကျယ်ကျယ်နဲ့အော်မိတာ
မသက်ဝေတို့ကိုအားနာပါတယ်..။
အပြင်မှာအော်မရတော့ ဒီမှာပဲအော်ဖြစ်သွားတာပါ။

မကောင်းမွန်ဝင်း
မုန်းတတ်တာမကောင်းဘူးထင်တယ်နော်..။


ပေါက်

တို့လဲ မုန်းနေတယ်..
အရမ်းမုန်းတာပဲ
တွေးလေလေ မုန်းလေလေပဲ

အိတ်စ်ယောင်းစ်

မုန်းတယ် စိုးဟိန်းထက်ကိုအရမ်းမုန်းတယ်