ဟိုတရက်က ဝယ်လာတဲ့ ဂျူးမြစ်ရှိကတည်းက ထမင်းဝါလုပ်စားလိုစိတ်ပေါ်လာပါတယ်..။
ဒီညတော့ မဖြစ်မနေချက်မှ ဖြစ်မယ်တွေးမိပြီး ချက်ဖြစ်ပါတယ်..။
ပြောခဲ့ဖူးတဲ့အတိုင်း..ပဲပုပ်ချက်တွေနဲ့စားရတဲ့ ရှမ်းထမင်းချဉ်နဲ့မတူဘူး။
တောင်ပိုင်းရှမ်းပြည်ကလို ငါးထမင်းနယ် မဟုတ်ဖူး။
ထမင်းအိုးထဲမှာ ဆားနဲ့ နနွင်းထည့်ချက်ပါတယ်.။
စေးတဲ့ဆန်ဆို ပိုကောင်းမယ်။
ထမင်းထဲကို ကြက်သွန်ဖြူကြော်ပြီးဆီစိမ်ထားတဲ့အထဲက ဆီကိုထည့်ပြီးမွှေပေးရပါမယ်။
ဆုံရှိရင် ဆုံနဲ့ထောင်း။ မရှိရင် ဘရင်ဒါထဲမှာ မွှေလို့ရပါတယ်..။
ခပ်စေးစေးဖြစ်လာရင်..
ထမင်းဝါပြားရပြီဆိုရင် ကတ်ကျေးနဲ့ကိုက်ပြီး ပန်းကန်ထဲပြင်ဆင်ထားပါ..။
ဆိုင်မှာရောင်းသူဆိုရင် ကတ်ကျေးနဲ့ညှပ်ပြီးသားထမင်းဝါပြားတွေကို
ဗန်းတစ်ခုထဲ ပတ်ပတ်လည်စီထားပါတယ်..။
ဒီထက်ကြေညက်နိုင်ရင် ပိုကောင်းပါလိမ့်မယ်..။(စားချင်ဇောနဲ့ဆိုတော့ ကမန်းကတမ်းဖြစ်သလို)
ခရမ်းချဉ်ကို အလုံးလိုက်ပြုပ်ပြီး အခွံခွာပြီး ဆီနဲနဲနဲ့ကြေအောင်ချက်ထားတာကို အပေါ်ကလောင်း။
ကြက်သွန်ဖြူကြော်....ကြာညို့အငန်(အကြည်) ...နံနံပင်...ငရုတ်သီး ထည့်ပြီး..
သုံးဆောင်နိုင်ပါပြီ..။
ဂျူးမြစ်ပါ တွဲဖက်နိုင်ပါတယ်..။
နောက် ငရုတ်သီးအခြောက် အတောင့်လိုက်တူးတူးလေးကြော်ထားတာပါ တွဲစားရင်
ပိုပြည့်စုံပါတယ်..။
ဒီမှာ ..မေမြို့က ထမင်းဝါ..။ ပါးပါးလေး..။ စားချင်စရာလေး..
ကျနော်လုပ်ထားတာနဲ့ တခြားစီ...။
နောက်တခါပေါ့နော်..။