အသွင်တူ၏ မတူ၏

အသွင်တူ၏ ။ မတူ၏ ကို ရေးဖို့ဟန်ပြင်နေတာ အခေါက်ပေါင်း
မရေနိုင်ဘူး။
ခခနဲ့ပတ်သက်လို့ သူငယ်ချင်းတွေ အမျိုးတွေက တူတာ။မတူတာတွေ
အမြဲယှဉ်ပြောလေ့ ရှိကြပေမယ့် အခုလိုရေးချပြရမယ်ဆိုတော့ ..
ဘယ်က စလို့ စရမှန်း မသိဖြစ်နေပါတယ်။
အခုခေတ်စားနေတဲ့ ဘောလုံးကနေ စပြောမှပဲ ....။
သူက ဘောလုံးမြင်ရင် ကန်လိုက် ပုတ်လိုက် ကစားလိုက်ရမှ ..။
ဘောလုံးဆို အသေးရရ အကြီးရရ..။ ဘတ်စ်ကက်ဘော။ တင်းနစ်ဘောလုံး။
ကန်တဲ့ဘောလုံး ။
ကျနော်က ဘောလုံးဆို ကမ္ဘာ့ဖလားပွဲကြည့်တာကလွှဲလို့ စိတ်မဝင်စား။

သူက ရေချိုးရင် နာရီဝက် ၄၅မိနစ်လောက်ကြာတတ်ပေမယ့်..ကျနော်က ၁၀မိနစ်
၁၅မိနစ်ဆိုပြီးတတ်နေတယ်။

သူက စာကလွှဲရင် အကုန်စိတ်ဝင်စားပေမယ့်..ကျနော်က သူ့ကို စာပဲလုပ်စေချင်နေတယ်။

သူက တီဗွီကြိုက်ပြီး ..ကျနော်က ရေဒီယို နားထောင်ရတာပဲသဘောကျပါတယ်။

သူက ဂိမ်းကို အသားကုန်ကစားပေမယ့်..ကျနော်က ဂိမ်းဆိုရင် ကလေးကစားတဲ့
အသေးစားဂိမ်းတောင် နားမလည်ပါဘူး။

သူက ကိုလာ(မသောက်ရပေမယ့်လည်း)ကြိုက်ပြီး ကျနော်က ကော်ဖီကြိုက်ပါတယ်။

သူက ဆံရှည်ကြိုက်ပေမယ့် ကျနော်က အတိုပဲကြိုက်ပါတယ်။

သူက သူစိမ်းတွေနဲ့ ရင်းနှီးလွယ်သလောက် ကျနော်က အစ ပထမမှာ စိမ်းနေတတ်ပါတယ်။

သူက လိုချင်တာ..သိချင်တာကို ဖွင့်ပြောမေးသလောက်..
ကျနော်က မေးရ ပြောရမှာ အားနာနေတတ်ပါတယ်။



တူတာတွေကတော့..
သီချင်း
စာအုပ်ဖတ်



မှတ်ချက်။။ ။။ စဉ်းစားလို့ရရင် ထပ်လာဖြည့်ပါ့မယ်..
အခုတော့ ဒီလောက်ပါပဲ..။အမှန်က ဒိထက်မက ..။။



ဆက်လက် တက်ဂ်လိုသူကတော့
မလုလု ဖြစ်ပါတယ်..။
ရေးပေးပါ..။


10 comments:

ရယ်ရတယ်။ ရေးထားတာ ရိုးသားလွန်းတယ်။ ဟုတ်တယ်။ တို့လဲ ပေါက်ရေးထားတာ သိတ်စိတ်တိုင်းမကျလှပါဘူး ပြင်ချင်ရင် ထက်ပြင်ပါဦး။


ပုံ
ကိုလာ ကို သောက်လဲကြိုက်နေရသူတစ်ဦး.

ဒါနဲ့ ပေါက်က ဘောလုံးလို မလုံးဘူးလားးးး :)

ကိုယ်ချင်းစာလို့ မေးတာပါ။

ခခ သနားစာ ..
တို့ များတော့ကိုလာကိုလှောင်ပီးသောက်တယ် ဟဲဟဲ။
ထပ်ရေးအုံး ရသေးဘူးဒီလောက်။

တူတာတခု ထပ်ဖြည့်လိုက်ဦးမယ်
ခခကလည်း ကျနော့်ကို ချစ်တယ်။
ကျနော်ကလည်း ခခကို ချစ်တယ်။

နောက်ဆို အချက်အပြုတ်လက်ရာတွေပါ တူဦးမယ်
(ဗေဒင်ပါ ဟောပေးလိုက်တယ်)

ချစ်စရာ ခခ နဲ့ ပေါက်...း))
အားလုံးထဲမှာ ခခ က ဆံပင် အရှည်ကြိုက်တယ်ဆိုတာ တအား သဘောကျသွားတယ်...
သူ့ရဲ့ ပုံစံလေးကိုလဲ မှန်းပြီး မြင်ကြည့်နေမိတယ်...
ပြီးတော့ မသီတာပြောသလို တူတာလေး တခု ထပ်ဖြည့်လိုက်တယ်...

ခခကလည်း ကျနော့်ကို ချစ်တယ်။
ကျနော်ကလည်း ခခကို ချစ်တယ်။

ကိုယ်တို့တွေကလဲ ခခ နဲ့ ပေါက်ကို ချစ်တယ်...း))

ပိုစ့်လေးအတွက် ကျေးဖူး ချစ်ပေါက်စ်...း))

တို့က ခခကိုပဲချစ်တယ်။
း) ဟိ နောက်တာနော်..

ုတို့က ပေါက်ကိုချစ်ပါတယ်။
ပေါက်ဆိုရင် ချစ်ပါတယ်။..သိပ်ကိုချစ်ပါတယ်။
mm

အစ်မထပ်ရေးရင် ထပ်လာဖတ်ပါအုံးမယ်။

ခခက တခုခုဆို မှန်မှန်ပဲ လုပ်တတ်ပြီး ပေါက်ကတော့ ဇိုးဇိုးဇတ်ဇတ်ပဲ လုပ်တတ်တာ (သူများနှေးရင်လဲ စိတ်မရှည်တာ)

ပြီးတော့ ခခက တို့ကို အပျိုကြီး လုပ်စေချင်ပြီး ပေါက်ကတော့ ယောင်္ကျားမရမှာ စိုးတာ

ခခက ပိစိကို ချစ်ပြီး ပေါက်က ရှင်းကန်းလေးကို ချစ်တာ

ပေါက်ရော ခခရော ဧည့်ဝတ်သိပ်ကျေတာ .. ခခက ရေခပ်ပေးရတာနဲ့ ပေါက်က ချက်ကျွေးရတာနဲ့

အိတ်စ်ယောင်းစ်

ပေါက်.. ဘောလုံး ဆို.. ဂေါ့ဖ် ဘောလုံး တော့..မကြိုက်စေနဲ့ နော်..း)

ခခ ခေါ်တော့ ငယ်ငယ်က ဖတ်တ့ဲ မြဝတီ လား၊ ငွေတာရီလား အဲဒီ magazine
(ဂ နှစ်လုံးဆင့် မရေးတတ်၍ ဗိုလိုရေးသည်) မှာ အောင်ရှိန်ကာတွန်းမှာ စံပ က မယ်ခကိုခေါ်တဲ့နာမည်လေးကို သသိရသွားဒယ်......။

အစားအသောက် အကြိုက်တူနိုင်တယ် လို့တွေးမိတယ် ၊ ပေါက်က အစပ်စားနိုင်ပြီး ခခက မစားနိုင်လောက်ဘူးလို့လည်း ထင်မိသေးတယ်။
ခခကိုပိုချစ်တယ်။ ပေါက်ကိုလည်း ချစ်ပါဒယ်... (ဟိ..မကောင်းတတ်လို့....(ဟုတ်ပါဘူး))