တိုက်ခိုက်မှုတွေမရှိတဲ့အခါ...
နည်းပါးတဲ့အခါ (အလုပ်အတွက်)...ကိုယ့်အကြောင်း
တွေးတောနေတတ်ပါတယ်..။။ သူငယ်ချင်းနဲ့လည်း စားမြုံ့ပြန်ဖြစ်ပါတယ်။။
ပြောပြောပြီး ရယ် ...ပြောပြောပြီး လွမ်း......ပြောပြောပြီး တမ်းတပေါ့...။။
(တမ်းတတတ်သည် ဆိုတဲ့ ဝတ္ထုနာမည်တောင် ခေါင်းထဲရောက်လာသေး)
အမေတို့က ဈေးကြီးထဲမှာ ဆိုင်ထွက်ပါတယ် ။။အိမ်မှာတိုဟူးကြော်လည်း
ကြော်ပြီး ဖောက်သည်ပေးပါတယ်...။(အခုတော့ အဲဒီလုပ်ငန်း မလုပ်တော့ပါ)
ငယ်ငယ်က ဈေးပိတ်ရက်ဆို (လပြည့် လကွယ် ဥပုသ်ရက်) အကြော်မကုန်သေးရင်
အဖွားတို့ အမေတို့က ကျနော်ကို စပါတယ်..။။လမ်းထိပ်မှာ ထွက်ရောင်းရဲလားဆိုပြီး။။
ကျနော့်အဖိုးရက်တဲ့ ဘဲဥပုံဝါးခြင်းလေးထဲ တိုဟူးကြော်တွေထည့်ပြီး
လမ်းထိပ်ထွက်ရောင်းခဲ့ပါတယ်။။ အမေတို့ကတော့ တပြုံးပြုံးနဲ့ ။ရောင်းရတာ
မရောင်းရတာ အပထား ။ကျနော်လုပ်ခွင့်ရတဲ့အတွက် ပျော်ပါတယ်..။
အဲဒီတုန်းက ၆နှစ် ရနှစ်သားလောက်ရှိမှာပေါ့...။။
ကျနော်အားကျပြီး လုပ်ချင်တာ တစ်ခုရှိပါသေးတယ်..။။
နွေပေါက်ရင် ဈေးထဲက သစ်သီးဆိုင်တွေမှာ ဖရဲသီးစိတ် ယူရောင်းတဲ့ အလုပ်ပေါ့..။
ကြွေရည်သုတ်ဗန်းလေးထဲမှာ ဖရဲသီးစိတ်တွေ ညီညီညာလေး စီပြီး တမြို့လုံးလှည့်လည်ရောင်း
တဲ့ ဈေးသည်လေးတွေကို မြင်ရင် ကိုယ်ပါ ရောင်းချင်စိတ်ပေါက်လာပါတယ်..။။
ဖောက်သည်ပေးတဲ့ဆိုင်ကလဲ အမေနဲ့ ရင်းနှီးနေတဲ့ သစ်သီးဆိုင်တွေ..။။
ဈေးကြီးအဟောင်းရဲ့ စားသောက်တန်းနဲ့ နောက်ကျောချင်းကပ်လျက်က သစ်သီးဆိုင်တွေပေါ့..။။
သူတို့က နှစ်ဆိုင်ရှိပါတယ်..။တစ်ဆိုင်က ဒေါ်ကြင်ဥ ရဲ့ဆိုင်ပါ..။။(အမေ့အခေါ်ကတော့ မကြင်ဥတဲ့)
သူ့ဆိုင်ရဲ့ မျက်နှာချင်းဆိုင် ဆိုင်ကတော့ အဒေါ်ကြီးဆိုင် (ခ.ဒ.ပ.ခ တို့အမေဆိုင်ပေါ့) ။။
အမေက ကျနော့်ကိုတကယ်ရောင်းချင်ရင် မကြင်ဥတို့ ဒေါ်ကြီးတို့ကိုပြောပေးမယ်ဆိုပြီး
ရယ်ကျဲကျဲ စနေကြပါ ။။ ဒါမယ့် မရောင်းဖြစ်ပါဘူး...။ဘာဖြစ်လို့လဲ ဆိုတော့ ဖရဲသီးစိတ်သည်
ကောင်မလေးတွေရဲ့ ဖရဲသီးစိတ် ဆိုတဲ့ အသံနောက်မှာ ဘယ်....ဦးး...ပြုပ် (ဘဲဥပြုပ်)
ဆိုပြီး ဝိုင်းစတာ မခံနိုင်ပါဘူး..။။
နောက်ပိုင်း ၇တန်း ၈တန်းလောက်မှာ ဆိုင်ကိုဝိုင်းကူလုပ်နေရပြီဆိုတော့ ဆိုင်သိမ်းပြီးမှ
လာစားနေကျ ရပ်ဝေးက ဧည့်သည်ကားတွေ ဆိုက်လာရင် ဈေးမရောင်းလိုက်ရတာတွေ
သိပ်နှမျောပါတယ်..။။ (ဈေးသည် ပီသလာတဲ့သဘောပေါ့နော်..ဟီးဟီ)
တနှစ်မှာ ကျောင်းတက်ဖို့ရာစောင့်နေတုန်း ပိတ်ထားတာ ၁၀နှစ်လောက်ကြာပြီဖြစ်တဲ့
ဈေးကဆိုင်မှာ ဈေးရောင်းဖို့ရာ အကြောင်းဖန်လာပါတယ်...။။အမေအိမ်စောင့်စရာ
အကြောင်းကလဲရှိနေတော့...ကျနော် ဈေးသည်ပီပီသသဖြစ်ဖို့ အကြောင်းဖန်လာတာပေါ့။။
၁နှစ်ပါပဲ .....ပြီးတော့လည်း အိမ်ဆောက်ပြီးတော့ အိမ်ဆိုင်မှာပဲ ဆက်လက်ဆိုင်ဖွင့်ဖြစ်ပါတယ်..။။
အမေ့လက်သုံးစကားတစ်ခု ရှိပါတယ်..။။ "ဈေးရောင်းတာ ရှက်စရာ မဟုတ်ဘူး ...
သမ္မာအာဇီဝနဲ့ လုပ်စားတတ်ဖို့ပဲလိုတယ်" ဆိုတဲ့ စကားလေး..။။
ဈေးထဲမှာ ရောင်းသူ ဝယ်သူတိုက်ရိုက်ထိတွေ့တာ အရောင်းအဝယ် ဈေးသည်ပေါ့..။။
အရောင်းစာရေးတွေ ခန့်ပြီး ဆူပါမားကပ်ကြီး ဖွင့်စားတာလဲ...အဆင့်မြင့်ဈေးသည်။
မှန်ပြူတင်းတွေထဲ လှလှပပချိတ်ဆ
ရုံးခန်းထဲကနေ ဖုန်းတစ်လုံးနဲ့ ကိုယ့် ကုန်ပစ္စည်းကိုရောင်းနေတာလည်း လေအေးစက်တပ်ဈေးသည်။
ebay ..amazon..မှာရောင်းရင်လည်း အွန်လိုင်းဈေးသည် ။
ကျနော်ဟာ.....
အခု၁၀စုနှစ်မှာလည်း ဈေးသည်နဲ့ ပတ်သက်တဲ့ အရောင်းနဲ့ပဲ ဖြတ်သန်းနေရဆဲ...။။
ထပ်ပြီးရွေးချယ်ခွင့်ရှိခဲ့ရင်လည်း ဈေးသည်ဘဝပဲဖြစ်မယ်ထင်ပါရဲ့...။။
သြော်......
ကျနော် ဈေးသည်..။။
နောက်ဆက်တွဲ...
ဈေးသည်တွေအကြောင်း ထပ်ရေးချင်ပါသေးတယ်..
စိတ်ပါခဲ့ရင်ပေါ့..။။
16 comments:
ပေါက်ရေ
ကဲကဲကြိုင်ရေ
ကော်မန့်ကို မရေးတတ်အောင်ပါပဲ
သဘောကျလွန်းလို့
ကျနော်ဈေးသည်...ပေါက်မြောက်အောင်မြင်တဲ့ ဈေးသည် ဖြစ်ပါစေ...
(အဲ့ဒီကျမှ သူနဲ့ တွေ့ဖို့ Appointment ယူရပြီး၊ မသီတာ? ဘယ်က မသီတာလဲ? လို့တော့ မလုပ်ပါနဲ့နော်)
အောင်မြင်ပါစေ ရဲဘော်
အားခွာ
ရောက်တယ် ပေါက်ရေ...သဘောတကျနဲ့ဖတ်သွားတယ်
ဖရဲသီး စားချင်တယ်၊
ဈေးသည်တွေက သူဌေးတွေ၊
သုံးနိုင် ဖြုန်းနိုင် အလှူအတန်းလုပ်နိုင်
ဟုတ်ဘူးလား .. ဟုတ်တယ်နော် .. ဟုတ် ... ဟုတ် :)
လာပါအုံးဗျိုး...................
ပို့်စ်အသစ် တစ်မတ်ဖိုးလောက်ရောင်းပါ။
ကိုယ်ပျော်ရင် ဘယ်အလုပ်မဆို ကောင်းပါတယ်။ သမာအာဇီဝ အလုပ်မို့ လိပ်ပြာလဲ သန့်တယ်။
တို့လဲ ဆိုင်ထွက် ဈေးရောင်းနေတာမို့ ဈေးသည်ကြီး ဆန်နီ ပေါ့။ မလှူတတ် ဈေးရောင်း တဲ့။ ကိုယ့်မှာ ရှိတာ ကုန်တာပါပဲ။ :)
ထပ်လာပြောတာ...တို့လည်းဖက်ရှင်စတိုးဆိုင်ဖွင့်ထား တယ်...Mall World မှာ... လာအားပေးပါလားဟိ..
ဒါကြောင့်လူချစ်အောင်ပြောတတ်တာကိုး.
ရင်ထဲက ပါရဲ့လားဟင်။
မစူးနွယ်လေးရဲ့ဘေးက ဆိုင်က တို့ဆိုင်ဟေ့..ရောက်ရင် ၀င်ခဲ့ပါ။
(ကပ်ပြီးကြော်ငြာလိုက်သေးတယ် ဟိး))
mm
မသီတာရေ..
ပေါက်မြောက်အောင်မြင်တဲ့ ဈေးသည် တဲ့
ကောင်းထှာ..
ကျေးဇူး..
ကြိုးစားရမှာပဲ ရဲဘော်အားခွာ..
မစူးနွယ်..
ဖက်ရှင်စတိုးဆိုင်ဆိုပဲ..
ပြိုင်ဖက်တွေဖြစ်တော့မှာပဲ..
ဟင်းဟင်း..
ဖြိုးဖြိုး..
ဖရဲသီးကြီးပေါ်ထိုင်ပြီး ဖရဲသီးစားချင်တယ်အော်နေတာ..
ဟေး..
qifqif..
တစ်မတ်ဖိုး ခေတ်မရှိတော့ဘူး..
ငါးထောင်ဖိုးဆိုတော်သေး..
ဈေးသည်ကြီး မလှထုံကို မေ့နေတာ
ကြည့်စမ်း...
ဟီးးဟိ
မမ..
ကျနော် လူချစ်အောင်မပြောတတ်ပါဘူး..
အထူးသဖြင့် အွန်လိုင်းမှာ..
ဘလော့မှာ..
စီဘောက်မှာ..
ဖဘမှာ..
လူမုန်းအောင်ပဲ ပြောတတ်ပါတယ်..
မမနဲ့ ပြောခဲ့သမျှအရာအားလုံးဟာ..
ရင်ထဲပါ..မမရာ..
(ပိုင်တယ်နော်..)
နောက်ထပ်ရေးစရာဈေးသည်တွေ
ခေါင်းထဲ ပလုံစီပြီးရောက်နေတာ အများကြီး..
စိတ်ပါရင်ရေးချင်ပါသေးရဲ့
ပေါက်ရေ့ 
ဖရဲသီးစိတ်တောင် စားချင်စိတ်ပေါက်သွားတယ်။
ကောင်းလိုက်တဲ့ပို့စ်လေးပါနော်။
ချစ်ခင်စွာဖြင့်
လုလု
လာကူရောင်းပေးမယ်
ကုန်တိုက်တွေမှာ သိပ်မရောင်းချင်ပေမယ့် အစားအသောက်ရောင်းရတာတော့ ဝါသနာပါတယ်၊ :P
ပါပါတယ်..မပေါက်ရေးပါ။
ကျွန်တော်လည်း လမ်းဘေးမှာ ဈေးအော်ရောင်းခဲ့ ဘူးပါသည်။ တစ်ရာ့အစိပ်၊ တစ်ရာ့အစိပ် ဆိုပြီးပေါ့။ တော်တော် ပျော်ခဲ့ပါသည်။ လူတိုင်းဟာ တစ်ချိန်ချိန်မှာ တစ်ခုခုကို ရောင်းစားနေရသည်ဟု ထင်မိပါသည်။ ကိုယ့်ကျင့်တရားကို ရောင်းမစားမိအောင် ကြိုးစားရုန်းကန်ပါသည်။ ဆက်၍ ... ဆက်၍....
ပြန်စဉ်းစားလိုက်ရင် ဈေးသည်လုပ်ခဲ့ရတဲ့ အခိုက်အတန့်က ဘဝမှာ အပျော်ဆုံးပဲ။ ဒါပေမဲ့ အဲဒီတုန်းက ပတ်ဝန်းကျင်ကလည်း အရေးပါတဲ့ factor တခု ဖြစ်ခဲ့တာမို့ ဈေးသည်လုပ်ရရင် ပျော်တာပဲလို့တော့ တထစ်ချ ပြောလို့မရပြန်ဘူး။
plz, write more, ma pauk.
i love to read.
Myatnoe
Post a Comment