ဆိုဖာ


နောက်မှီထိုင်ခုံ .. ဆိုဖာထိုင်ခုံ...တွေကို ဘယ်အချိန်ကတည်းက ကြိုက်နှစ်သက်တယ်ဆိုတာ
မမှတ်မိပါ...။ သေချာတာတစ်ခုက စားသောက်ဆိုင်မှာ နေရာရွေးရင် နောက်မှီပါတဲ့..
ထိုင်ခုံ (သို့) ဆိုဖာ ကိုရွေးမိတာပါပဲ..။။
ကျနော်ဟာ အပြောင်းအလဲတွေကြားထဲမှာ ဆိုဖာတစ်စုံကို ဆုံးရှုံးခဲ့ရပြီးတဲ့နောက်..
နှစ်အတော်ကြာ ကိုယ်ပိုင်ဆိုဖာနဲ့ ကင်းဝေးခဲ့ရတယ်...။။
အခုတော့ ကိုယ်နှစ်သက်နိုင်မယ့် ဆိုဖာပုံစံကို စိတ်ထဲ မြင်ယောင်ကြည့်နေ..
အွန်လိုင်းမှာ လိုက်ရှာကြည့်နေမိတယ်..။။
ဟိတ်ဟန်ထည်ဝါတဲ့ ဆိုဖာကို သဘောမကျပါဘူး..။
သစ်သားနဲ့ပြုလုပ်တဲ့ ဆက်တီတောင် ကနုတ်ပန်းတွေပါရင် မကြိုက်တာပါ။။
(မြန်မာကအိမ်က သစ်သားဆက်တီကတော့ ခပ်ကြဲကြဲ ကနုတ်ပန်းနဲ့..)
သိပ်နုရွသူ မဟုတ်တော့ အဖြူဆန်ဆန် အရောင်နုနုလွင်လွင်တွေကိုလည်း
ကြောက်ပါတယ်...။
သားရေဆိုဖာကျပြန်တော့ နွေပေါက်ရင် ပူပါတယ်...။
ဆိုတော့....

အရောင်ခပ်မှိုင်းမှိုင်းနဲ့..
ဟိတ်ဟန်မကြီးတဲ့...
အနားကွတ်တွေ မသားနားတဲ့..
တန်ဖိုးမကြီးတဲ့...
ထိုင်ခုံခြေတွေ မြဲမြံတဲ့...

ဆိုဖာ ရေ......


ငါ့ကို...စောင့်နေပါ...။

အေးဆေးတဲ့ ဆိုဖာ



ပုံတွေကို ဒီက http://www.flickr.com/photos/25352601@N06/2387942408/ ယူပါတယ်

14 comments:

သားရေဆိုဖာဆို နွေအခါ ပူပြီး ဆောင်းအခါ အေးတယ်။ ထိုင်ရင်းနဲ့ ချွေးကွက်ထွက်တတ်တယ်။ ကြိမ်ခုံနဲ့ဆိုဖာကျတော့ ကြမ်းပိုး ပေါတဲ့အရပ်နဲ့မကိုက်။ အ၀တ်နဲ့ဆိုဖာကျ ညစ်ပတ်လွယ်တယ်။ ကျုပ်လို အပျင်းအတွက်တော့ ကျောရိုးမပါတဲ့ပက်ကျိ လို မှီအိပ်ရတဲ့ ပက်လက်ကုလားထိုင်အကောင်းဆုံးပဲ။
mm

အိမ်မှာလည်း ပေါက်ကြိုက်သလိုဆိုဖာရှိတယ် ။ အရောင်ကခဲရောင် အစပ်။
ဘယ်သူမှမမထိုင်ဖစ်ပါဘူး။တစ်ဖက်ကပိုရှည်တယ် အိပ်ချင်အိပ်လို့ ရတယ်။ ဘုရားစင်နားမှာရှိတာဆိုတော့ မာမီလာတုံးကအဲဆိုဖာမှာထိုင်လိုက် ၊တရားမှတ်လိုက်နဲ့  အိပ်ပျော်လိုက်ပေါ့ ဟိဟိ။

ထန်းလက်နဲ့လုပ်ထားတဲ့ ပက်လက်ကုလားထိုင် ပေါ်ကနေ ဆိုဖာကြီးနဲ့ မိန့်မိန့်အခန့်သားထိုင်နေသူတွေ ကိုငေးသွားပါတယ်

ဘယ်ရမလဲ


ရွာသားလေးဝိုင်တီယူ

ကိုယ့်တွက်တော့ အကုန် လူကြီးမိဘပစ္စည်းတွေချည်းပါပဲ။ ခုထိ။ (ကိုယ်ပိုင်ပစ္စည်းဥစ္စာ မရှိတာကို ပြောတာ)

ပြောရရင်တော့ အိပ်ရာကို ပိုကြိုက်တယ်။ :D

အကြိုက်ချင်းတူတယ်၊ အိမ်ပြောင်းဖြစ်ရင် လိုက်ရွေးပေး..

အိတ်စ်ယောင်းစ်

ဘာဆိုဖာဖြစ်ဖြစ် အိပ်လို့ရတဲ့ ဆိုဖာဆိုပြီးရော
ဆိုဖာပေါ် ခွေခေါက် စာဖတ်လို့ရ
မိုးအေးနဲ့ဆို စောင်လေးခြုံပြီး

(ဘာမှဟုတ်ဘူး ခုဒီမှာ မိုးတွေအရမ်းရွာပြီး ငိုက်နေလို့)

ဆိုဖာကို အေးတဲ့ရာသီဥတုအချိန်မှာ ကြိုက်တယ်။ ပူတဲ့အချိန်မှာတော့ ကြိမ်ခုံပဲ ကြိုက်တယ်။ လေ၀င်လေထွက်ကောင်းလို့၊ အဓိကကတော့ ဆိုဖာမ၀ယ်နိုင်သေးလို့ပါ။ :P

စောင့်နေမှာပါကွယ်... ဆိုဖာဈေးတွေကလည်းမသေးဘူးနော်... အိမ်မှာတလောကဆိုဖာဝယ်တာအဲဒီလမှာ တခြားစရိတ်တွေတော်တော်ချွေတာလိုက်ရတယ်

ဆိုဖာ မကြိုက်ဘူးအေ...

ပုံ/ တသမ (ဆဆ)

တောသူမ ဆင်ဆင်ဆိုတာ ဘယ်သူကြီးတုန်း

အားခွာ

မွေ့ယာပိုကြိုက်တယ်။

အားခွာ.. စုတ်.. အားခွာနာ... ကတောက်

ပေါက် အကြိုက် နောက်တစ်ခု :)

အမ်အမ်..ပြောသလိုပါပဲ..
ဒါမယ့် အားလုံးထဲမှာ အဝတ်နဲ့ ဟာပိုကြိုက်တယ်..
ဗစ်စတာအိမ်မှာ သွားထိုင်ရမယ်..
ကိုရွာသား..
ပျောက်နေတာကြာပြီလို့တော့ထင်သား..
ထန်းတောရောက်နေတာလား..
ရီတာ..
အိပ်ယာက အိပ်ယာ..
ဆိုဖာက ဆိုဖာ..

ပေါက်