အမဲသားဆီပြန်

အမဲသားဆီပြန်လို့ခေါ်ရမယ်ထင်တယ်.။
အမဲသားကို တနင်္ဂနွေကတည်းက ဆား ..ဂျင်းစိမ်း ကြက်သွန်ဖြူထောင်းနဲ့ နယ်ပြီးနှက်ထားတယ်။
တနင်္လာနေ့ချက်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့..။
ဒါပေမယ့်..ဒီနေ့ညမှ ချက်ဖြစ်တော့တယ်..။
နှက်ထားတဲ့ အမဲသားကိုအိုးထဲထည့်..။ ဆီလောင်းထည့်..။ ကြက်သွန်နီဥကြီးကြီးတစ်လုံး
ပါးပါးလေးစိတ်ထည့်ပါတယ်..။ နနွင်းနဲ့ ငရုတ်သီးမှုန့်ထည့်ပါတယ်..။
မီးအေးအေးနဲ့ တည်ထားလိုက်ပါတယ်.။ အိုးကပ်မှာစိုးလို့ မကြာခဏမွှေပေးပါတယ်.။
နောက်တော့ မဆလာထည့်ပါတယ်..။ (အမဲသားဆီပြန်ဟင်းချက်ရင် မဆလာထည့်ချက်လေ့မရှိပါဘူး)
မဆလာအနံ့မကြိုက်လို့ပါ..။ ဒီနေ့တော့ စိတ်ကူးပေါက်တာနဲ့ ထည့်ဖြစ်ပါတယ်..။
(အမှန်က အိမ်ကပို့ထားတဲ့ဒန်ပေါက်မဆလာထည့်တာပါ..)
ရခါနီးမြည်းကြည့်တော့ အချိုပေါ့နေတာနဲ့..အချိုမှုန့်လည်းမသုံးတတ်တာနဲ့ အိမ်မှာရှိတဲ့
ရက်ကြာနေပြီဖြစ်တဲ့ပန်းသီးတစ်လုံး ခွဲစိတ်ထည့်ချက်လိုက်ပါတယ်..။
အိုးချခါနီးတော့ ခွာထားတဲ့ပန်းသီးအခွံတွေထည့်ချက်ကြည့်မယ်ဆိုပြီး ထည့်ချက်မွှေပါတယ်.။


ဒါက ပန်းသီးအခွံပါအောင်ရိုက်ပြထားတာပါ..။
အပေါ်ယံတင်ပေးထားတယ်..။
ခခ ထမင်းဘူးထဲတော့ မထည့်ပေးတော့ပါဘူး။
မြင်ပြီး လန့်နေမှာစိုးပါတယ်။
အသိတစ်ယောက်က အမဲသားဟင်းချက်ရင် ပျဉ်းတော်သိမ်း ဆိုလား..။ စပါးလင်ဆိုလား
ထည့်ချက်ရတယ် ပြောပြသင်ပေးဖူးတယ်..။ အိမ်မှာအသင့်ရှိမနေတော့ သူပြောသလို
မချက်ဖူးသေးဘူး။ တရက်လောက်တော့ စမ်းကြည့်ချင်ပါသေးတယ်..။
မှတ်ချက် ။ ။မြန်မာဟင်း ကုလားဟင်းချက်တာ ညံ့တယ်..။အို..ဘာဟင်းချက်ချက် ညံ့တာပါပဲလေ..။ဟီးးး
ဟင်းချက်ပြီး တင်ဖို့စိတ်ကူးမရှိပါဘူး..။ သူများတွေနဲ့ အာလူးဖုတ်ရင်း တင်ဖြစ်သွားတာပါ.။

8 comments:

N/A ရေ... ဟောဒီမှာ တကယ်တင်တာဗျိုး...


း)

သုံးစက်

ကောင်းမဲ့ပုံပါပဲဗျာ..တကယ်မိုက်သဗျ.. စမ်းချက်ကြည့်အုံးမှပဲ..ကျေးဇူးပါဗျို့..

ကျွန်တော်တော့ အမဲသားဟင်းချက်ရင် ကြက်သွန်နီဆီသတ် နေတုန်း သစ်ဂျပိုခေါက်ထည့် သတ်တယ်။ ပြီးမှ ဂျင်း၊ ကြက်သွန်ဖြူနဲ့ နှပ်ထားတဲ့ အမဲသားထည့် ကရဝှေးရွက်၊ ပျဉ်းတော်သိမ်ရွက် ထည့်၊
နည်းနည်းဆီပြန်လာရင် ဒန်ပေါက် မဆလာလေး နည်းနည်းထည့် လိုက်တာပဲ။ ဟီးးးးး ပြောရင်း သွားရေယိုလာပြီ........ :P

အဲ.... အမဲသား နူးလွယ်အောင် နှပ်တဲ့အချိန် ဒိန်ချဉ် ထမင်းစားဇွန်း ၁ဇွန်း၊၂ဇွန်း ထည့်နှပ်သေးတယ်။

မလွယ်ဘူး.

ကျမလည်း တွေ့ ဖူးတယ် ပန်းသီး အခွံထည့်တာ
အမဲသားဟင်းမှာတော့ မဟုတ်ဘူး
အေ၇ာင်လှအောင်လို့ ပြောတာပဲ
USA FOOD CHANEL မှာပါ

သုံးစက်ရှေ့ဆုံးကနေ လာငတ်နေပြီ..။

ဟုတ်ကဲ့N/Aချက်စားကြည့်ပါ..။ကျနော်ဖြစ်သလို..
လွယ်သလို ချက်တာပါ.။နည်းကျမဲ့ပုံတော့ မရှိပါဘူး။

ကိုနှလုံးပြတိုက် (ဟိုက် မြန်မာပြန်လိုက်တော့..XXX )

ကျနော်က အဲ့လို အနှစ်ချက်ဟင်း ဆီပြန်ဟင်းတွေ ချက်စားလေ့မရှိပါဘူး.။ ချက်ရင်လဲ မဆလာထည့်ချက်လေ့မရှိဘူး.။ အခုလို သင်ပေးတဲ့အတွက် ကျေးဇူးပါ..။ ကောင်းကောင်းချက်တတ်သွားတာပေါ့..။
ကျေးဇူး.။

အလွယ်နည်းပါဆို...မမကြီးကျယ်ရဲ့..။

မ babytaster လာလည်တဲ့အတွက် ကျေးဇူးပါ..။ပန်းသီးခွံက မျက်လုံးထဲမှာ လှမ်းတွေ့တာ ကော က်ထည့်လိုက်တာပါ..အရောင် လှမလှတော့ အခုပြောပြမှပဲသိတော့တယ်..။


ပေါက်

ဗိုက်ဆာနေတုန်းကြီး ဝင်ဖတ်မိတယ်....း)