အမှတ်တရ...

မသိဂီ င်္ Tag လာတဲ့ ´´အခုချိန်မှာ အမှတ်တရ..အဲဒီတုန်းက အူလည်လည်´`
ဆိုတာကို ဘယ်လိုရေးရမှန်းမသိဘူး..။။
နောက်ပြီး ကျွန်တော်က အမြဲလွှဲနေတတ်တဲ့သူ ဆိုတော့ ကိုယ့်အလွှဲကို ကိုယ်ရှာမတွေ့
ဖြစ်နေပါတယ်။။ (အလွှဲတွေ များလွန်းလို့..)


ငယ်ငယ်က ကျွန်တော်တို့ အိမ်နားမှာ အပျိုကြီး ညီအစ်မတွေရှိပါတယ်။။
ရန်ကုန်က ပြောင်းလာတာပါ ။။ သူတို့ညီအစ်မများဟာ နတ်ပွဲတွေ ဇာတ်ပွဲတွေကို
အလွန်ဝါသနာပါပါတယ် ။။(စကားမစပ် ..လွတ်လပ်ရေးပွဲက ဇာတ်ပွဲကို သူတို့နဲ့
ကြည့်ခဲ့ဖူးပါတယ်..ကိုယ့်အောက်က မောင်လေးနဲ့ ကိုယ်နဲ့ အခုထိ လွမ်းတသသ..ဟီးး)


တစ်ခုသော တောင်ပြုံးပွဲကာလမှာ အဲဒီ အပျိုကြီးတွေနဲ့ အိမ်နီးနားချင်းတွေ စုပြီး
တောင်ပြုံးပွဲ သွားကြပါတယ် ..။။ ကိုယ်ကလည်း လိုက်ချင်လိုက်တာ ထွန့်ထွန့်လူးလို့..
သူတို့သွားတာကလည်း သောကြာနေ့ ။။ ကိုယ်က ကျောင်းတက်ရဦးမှာ ။။ကျောင်းပျက်ခံ
ပြီးလို့တော့ အိမ်က မိဘက ပေးမသွားဘူး ။။ မှတ်မှတ်ရရ အဲဒီတုန်းက ၆တန်း ။။
နတ်ပွဲဆိုတာ ဘာမှန်းမသိ ။ တောင်ပြုံးဆိုတာ ဘာမှန်းမသိတဲ့ ကျွန်တော်...
အိမ်ကိုဂျီကျပါတယ် ။။ သွားကို သွားလည်ချင်တယ်ဆိုပြီး..။။ နောက်ဆုံး အဖေက
လိုက်ပို့မယ်ဆိုပြီး လိုက်လျော လိုက်ရပါတယ် ။။

စနေနေ့ မှာ မန်းလေးဆင်း ပြီး အမျိုးတွေရှိရာ X X ၀င်းမှာတည်း။။ အမျိုးတွေကတော့
အံ့တွေသြလို့ ။။ ကိုယ့်လူမျိုးနဲ့ မဆိုင် ကိုယ့်ဘာသာနဲ့ မပတ်သက်တဲ့ ပွဲကို ပူစာလို့တဲ့လေ။။


အမျိုးအိမ်မှာ တစ်ညအိပ် မနက်စောစောမှာ သုံးဘီးကားငှားပြီး တောင်ပြုံးကို သွားပါတယ်။။
ဖုန်က ထူထူ ။ ဘယ်ကနေ ဘယ်လိုသွားရမှန်းမသိ ။ အူလည်လည်နဲ့ သားအဖနှစ်ယောက်သား။။
ပန်းဆက်စရာမလို ။ နတ်ဆက်စရာမလိုတဲ့ အဖေနဲ့ ကျွန်တော် ဟိုကြည့် ဒီကြည့် နဲ့ ။။
တိုးလိုက်ကြတဲ့လူတွေ ။။ ယာမကာနံ့တသင်းသင်းနဲ့ ။ အအေးပုလင်း တစ်လုံးသောက်ပြီး
ပြန်ခဲ့ရပါတယ် ။။

မန်းလေးရောက်မှပဲ အဖေ့သူငယ်ချင်း စားတော်ဆက်မှာ ဘဲကင်နဲ့ ထမင်းစားခဲ့တာကိုတော့
ဒီနေ့ထိ အမှတ်တရ ရှိနေတုန်း ။။ အိမ်ပြန်ရောက်တော့ အမေက ဘာတွေ့ခဲ့လဲတဲ့။။
အမူးသမားတွေပဲ များပါတယ် အမေလို့ ပြောတော့ ရယ်လိုက်ကြတာ။။


နောင် နတ်ပွဲသွားချင်ရင် ကိုယ်တို့အိမ်နောက်မှာရှိတဲ့ ကိုးမြို့ရှင်နတ်နန်းကိုပဲ ပြေးပါတော့မယ်။။

(မသိဂီ င်္ ဆီးတော နော် ..အခုမှရေးဖြစ်လို့)


17 comments:

တောင်ပြုံးပွဲ တစ်ခါမှမရောက်ဖူးဘူး..
နတ်ပွဲဆိုတော့ တခြားလည်စရာနေရာတွေလို စိတ်မဝင်စားတာလည်းပါပါတယ်..
ပေါက်ကတော့ အမှတ်တရဖြစ်သွားပြီပေါ့..

ပေါက်ရေ
တောင်ပြုံးသွား တောလားကို လာဖတ်သွားပြီ။ တောင်ပြုံးကို တက်ရတဲ့ကျောင်း နဲ့သာ နီးတာ
တစ်ခါမှ မရောက်ဖူးဘူး။

မုံရွေး မုံရွာ နတ်ပွဲသွားဖူးတယ်... အလည်သွားရင်း မျက်စိလည်ပြီးရောက်သွားတာ... ဟုတ်တယ် ပျော်တဲ့ လူတွေ များတယ်။

ပေါက်ရေ..ဟဲဟဲ..
အဖေလည်းမသိ ပေါက်လည်း မသိတော့ ပျော်စရာမကောင်းတာ ထင်ရဲ့နော်.. ဟိုယောင်ယောင် သည်ယောင်ယောင်နေမှာပေါ့..။ ဘာပဲပြောပြော အမှတ်တရတော့ ဖြစ်သွားတာပေါ့နော်..။ တို့လည်း မရောက်ဖူးဘူး..အဲဒီကို..သူများတွေပျော်စရာကောင်းတယ်ဆိုတာ ဘာဖြစ်လို့လဲ မသိဘူး..

ပေါက်ရေ..အမှတ်တရ ရေးပေးတဲ့အတွက် ကျေးဇူးပါ...အားတောင်နာတယ်..ပေါက်ရယ်.။
ပျော်ပျော်ပါးပါး အမှတ်တရလေးတွေ share စေချင်လို့ပါ...ပေါက်စိတ်ပင်ပန်းသွားရင်..ဆောရီးနော်.. အဟဲ..

ပေါက်အဖေကမှ လိုက်ပို့သေးတယ်။
ကျုပ်အဖေဆို ဆူလိုက်မယ့်ဖြစ်ခြင်း
အဖေက နတ်ကတော်တို့၊နတ်ပွဲတို့
အရမ်းမုန်းတာ။
mm

ကျွန်တော်တော့ မရောက်ဖူးဘူး။ နတ်ဆို ဘာနတ်မှ မရှိခိုးပေမယ့် ဗဟုသုတ အနေနဲ့တော့ ရောက်ဖူးချင်သား။

တို့လည်း တောင်ပြုံးပွဲကို တစ်ခေါက်မှ မရောက်ဖူးဘူး။ သူငယ်ချင်းမိသားစုကတော့ နှစ်တိုင်းသွားတယ်။ လူကြိတ်ကြိတ်တိုး များတာ ကြည့်ပြီး သွားရမှာကို လန့်တာ။ ပေါက်က အတွေ့အကြုံရသွားတာပေါ့.. :)

ပိုပြီး အမှတ်တရဖြစ်သွားအောင် တစ်ချီလောက်ဝင်ကခဲ့တာ မဟုတ်ဘူး... ဟီးဟီး

တို့လဲ မရောက်ဘူးဘူး. ဟုတ်ပါရဲ့ ဘာမဆိုင်ညာမဆိုင်သွားသေးတယ။်ဝင် ကန်တော့ခဲ့တာ မဟုတ်ဘူး အဲသလိုဆိုရင်လည်း.

စင်စင် နဲ့ တို့နဲ့ အတွေးချင်းတူနေပြီ. တို့က အရင်မန့တယ်။ မန့်ပြီးမှ သူများမန့်တာတွေ ဖတ်တယ်။

အယ် ရောက်ဖူးတယ်ပေါ့လေ။ မယ်နိတို့က မရောက်ဖူးဘူး။ အမူးဆိုကြောက် ကြောက်။ တခေါက်လောက်တော့ ရောက်ဖူးချင်သား။ ကိုနိကို ပူဆာကြည့်ရမယ်။

ဘယ်နေရာမှ ကိုနိမပါမပြီးပါလား.။နိစ်

ပေါက်ဖေဖေက ပေါက်ကို အတော်ချစ်တာပဲ… နတ်ပွဲဆို ငယ်က ရပ်ကွက်ထဲက နတ်ကနားတွေ သွားသွားခိုးကြည့်တာ… ကြည့်လို့ ကောင်းလို့  ထမင်းမေ့ဟင်းမေ့… အိမ်ကဒုတ်နဲ့ လိုက်မှ ပြန်တယ်…

တို့လဲ တောင်ပြုန်း တခါမှ မရောက်ဖူးဘူး ပေါက်ရေ..
အတော် အလိုလိုက်တဲ့ အဖေကိုရတာ ကံကောင်းတာပဲနော်။ ဗဟုသုတအနေနဲ့ ရောက်တော့ ရောက်ဖူးသင့်ပါတယ်။ ဒါပေမဲ့ သင်္ကြန်လို စ တာ နောက် တာ ကြမ်းတယ် နတ်ကတော်တွေ အများကြီး ရှိတယ်ကြားတာနဲ့ကို မသွားရဲလို့ ပေါက်လို မပူဆာမိဘူးလေ။

ရောက်ဖူးဘူး...
ပေါက်က ရောက်ဖူးတယ်ဆိုတော့ အမှတ်တရပေါ့..

ဆရာမ နုနုရည် အင်းဝရဲ့ ၀တ္ထုဖတ်ပြီးတော့ တခေါက်လောက်တော့ သွားကြည့်ချင်စိတ် ပေါ်မိသလေ...

မရောက်ဖူးဘူးတော့
ပေါက်ပေါက်ရှာရှာ ပူဆာတတ်တဲ့ပေါက်ကလေး

မျိုး..ကိုသီဟ...မမီယာ..နောက်ကြုံရင်သွားလည်နော်..
မသိ ဂီ င်္ရေ..
ဘာမှမဖြစ်ဖူး..
ပိုတောင်ကောင်းသေးတယ်..အဖေနဲ့ သွားခဲ့ဖူးတာ
မှတ်မိတာပေါ့..
ငယ်ကတည်းက အဖေ မာကျောက်ကစားရင်လိုက်တယ်..အဝေးတစ်နေရာသွားချင်ရင် အဖေ့ကိုပူစာတတ်တယ်...
အခုတော့ အဖေမရှိတော့တာ ၁၂နှစ်ပြည့်ပြီ..
တကယ့်အမှတ်တရပါပဲ...ကျေးဇူး
မွန်ရေ..ကြည့်ရတာ အဖေကလဲ တောင်ပြုန်း တောင်ပြုန်းနဲ့ နာမည်ကြီးနေတာ..သူလည်း သွားချင်လို့နဲ့တူပါတယ်..
ကိုZT သွားရင် သတိထားနော်..
မာမီဂျိမ်းတို့လက်ထဲပါသွားမယ်..
နု...မမ...ဆင်ဆင်..မယ်နိ
အမှန်က ၀င်ကမလို့ပဲ..ဘယ်လိုမှ တိုးမပေါက်လို့သာ..
မတန်ခူး..မချိုသင်း..မသက်ဝေ..မသီတာ
အဖေ့ကို တစ်အိမ်လုံးကအရမ်းကြောက်ရတယ်..
ကျနော်ကတော့ အကြီးဆုံးမို့လားမသိ..
အဖေ့ကိုတောင်းဆိုရဲတယ်..
နောက်ပြီး အိမ်နီးနားချင်းတွေ အကုန်သွားကြတာဆိုတော့..
စပ်စုချင်စိတ်လည်းပါမှာပေါ့...