ဒီနေ့ အခြေအနေမကောင်းဘူး.။
ဒါပေမယ့်လဲ အားမနေဘူး..။
ရှုပ်သလားဆိုတော့လဲ မရှုပ်ဘူး..။
အမေ့ဆီဖုန်းဆက်တော့ ဆက်မရဘူး..။
ရပြန်တော့လည်း..
""ဟယ်လို...ဟယ်လို...
မား လား..မားလား..
ကြားလား..မား...
ကြားရလား..မား....
ကြားရလား ဆို....""
ကနေ မတက်ဘူး..။ပြီးတော့ ပြတ်ကျသွားတယ်..။
နောက် သူငယ်ချင်းတစ်ယောက်ဆီဆက်တော့ ရန်ကုန်ရောက်နေတယ်တဲ့..။
သူက နှစ်ကူးပြန်လာဖြစ်သလားမေးတယ်..။
ကိုယ်က မလာတော့ဘူး..အလုပ်တက်မယ်..ပိုက်ဆံမရှိဘူးလို့ ပြန်ဖြေတယ်။
နောက်တော့ သူက...
၁ရက်နေ့ မလေးသွားမယ်...၆ရက်နေ့ပြန်လာမယ် ဆိုပဲ..။
ကိုယ့်လေသံပြောင်းသွားတယ်...
""မ(XX)...ကျနော်လေယာဉ်လက်မှတ်စုံစမ်းကြည့်မယ်လေ..
ရရင်လာခဲ့မယ်...တူတူလည်ရတာပေါ့...ဘယ်ဟိုတယ်လဲ..
သြော်...Lanka...ဘာ...
မဟုတ်ဘူးလား..ဘာနဲ့စတာလဲ..Aနဲ့စတာ ဟုတ်လား...
အင်း...ကွန်ပြူတာဖွင့်လိုက်အုန်းမယ်...ကျနော်ရှာကြည့်ကြည့်မယ်..""
ဆိုပြီး ရှာကြည့်တယ်...။ သူငယ်ချင်းက သူ့အမျိုးသားအလုပ်ကိစ္စနဲ့ မလေးကို လိုက်တာပါ။
ဆိုတော့ အပြင်လည်ဖို့ဆို သူ့အမျိုးသားက လိုက်ချင်ပုံမရပါဘူး..။(ဟားဟား ဖွမိပြီ)
တခြားအသိတွေပါပေမယ့်လဲ typeချင်းတူမှ အပြင်ထွက်လည်ဖို့ကောင်းတာမဟုတ်ပါလား.။
ကျနော်က သွားမယ်ဆိုတော့ သူဝမ်းသာသွားတယ်...။ သူကခခနဲ့လဲတွေ့ချင်နေတယ်..။
ပြဿနာက...............
ဟိုတယ်ခ ဈေးသက်သာတယ်..။ လေယာဉ်ခဈေးကြီးနေတယ်..။
နောက်ပြီး..ကိုယ့်အလုပ်တက်မယ်ကြွေးကြော်ထားပြီးမှ သွားလည်နေတုန်း အလုပ်နဲ့ပတ်သက်သူတွေ
ကိုယ့်ကို ရှာရင်.....
ကိုယ်အလုပ်မတက်တဲ့အချိန်မှ ဧည့်သည်တွေများနေရင်..........
.............နေရင်...
.........နေရင်..
ဟင်းး....
ဝေခွဲရခက်နေတယ်..။
လေတက်နေတယ်..။
Look back to memory lane
2 weeks ago
6 comments:
ခရီးသွားပါလား အစ်မပေါက်
စိတ်အပန်းပြေတာပေါ့
း)
တို့တော့ အင်ဒိုဝေးရှားကလည်း နီးမှ ကပ်ချိတ်လို့ အဆင်မပြေဘူး။ ရိပ်သာဝင်မယ်ဆိုတာတောင် နေရာမရှိတော့ဘူး။ ဒီတော့ အိမ်က အရှုပ်ထုတ်တွေပဲ ထိုင်ရှင်းတာကောင်းတယ်။
နဖူးပေါ်လက်တင် လက်ပေါ်နဖူးတင် စဉ်းစားပါ
(အပြန်ပြန် အလှန်လှန် စဉ်းစားပါဟု ဆိုလိုသည်။)
သတိပြုရန်မှာ စဉ်းစားလွန်းလျှင် ဆံပင်ဖြူတတ်သည် ဟူသတည်း...။
ပုံ
ငွေရောင် ကာလာ ဆံပင် ဟိုင်းလိုက် ဖောက်ထားသူ
လေတက်လို့ အနေခက်နေရင်..း)
ခရီးသွားပေါ့.. သွားချင်နေတာပဲဟာ..
ဝေခွဲရခက်တာနဲ့ လေတက်သွားရောလား... ပေါက်ကနောက်တယ် :D
မသီတာလား။ သွားပေါ့။ သူ့သမီးတွေကော မပါဘူးလား။
Post a Comment