နေညိုချိန်ရဲ့ လေညှင်းလေး...
သယ်ယူလာတဲ့ အမှောင်ရဲ့ ည...
သတိရမိတယ် မင်းနဲ့ငါ့ အတိတ်ဟောင်း....
အို ..ပင်လယ်ပြင်မှာ ရိုက်သောလှိုင်းး.......
ခံနိုင်ရည်နဲ့ ဖြတ်သန်းတိုင်း...
ဘဝရဲ့လှိုင်းဒဏ်ကြားထဲ တို့ပျော်ခဲ့...
ရင်မှာ ဝမ်းနည်း..
ခိုင်မာနေတဲ့ အချစ်ပျက်သုဉ်း...
တို့ဝေးမဲ့အကြောင်းတွေမရှိခဲ့...
ယုံကြည်နေရင်းနဲ့ဝေး.....
ဝေးပြီဟေ......
ဘယ်ဆီကိုရောက်ရောက်...
ဘာတွေကို လုပ်လုပ်...
အတွေးထဲ အမြဲတမ်း မင်းဝင်နေတယ်...
ဒဏ်ရာတွေနဲ့ည...
အို နာကျင်တဲ့ အချိန်တိုင်း...
အိုဘယ်လိုမှ ဖြတ်သန်းမရနိုင်တဲ့..
အလွမ်းများ..
နေညိုချိန်တွေ ငါကျောခိုင်း...
အချိန်နာရီတွေ ငါမေ့လိုက်..
တို့ရှေ့ဆက်ရမဲ့ လမ်းများလဲ ပျောက်ဆုံး...
ရာသီတွေသာ လည်ပတ်ခဲ့..
ဘဝရဲ့ လှိုင်းဒဏ်တွေ့ရတိုင်း..
မင်းမရှိတဲ့အခါ
(တမ်းတရင်း ကြေကွဲ..)
...
မှတ်ချက် ။ ။
၂၀၁၁ကို အလွမ်းများနဲ့ အစပြုရတာ မုန်းစရာကောင်းတယ်။
ဒီအခြေအနေရောက်မှတော့ မထူးတော့ပါဘူးလေ..။
.........
......
.....။
9 comments:
နာမည်တပ်လွမ်းပါ မညိုမြ
အလွမ်းများ ဝေးစေသတည်း =)
ချစ်ပေါက်...
တခါတခါကျ လွမ်းနေရတာ ပျော်စရာပါ...
အတူတူ လွမ်းကြတာပေါ့...း))
အလွမ်းပြီးရင်.... မလွမ်းရတာတွေလာမှာပေါ့...
ဦးလေးဖြူကြီးနှယ်.. ဘာတွေလွမ်းပြန်ပြီတုံးမသိကွယ်..
>>>
Craton
လွမ်းတာပဲအေ လွမ်းချင်တဲ့အချိန် ကောက်လွမ်းမှာပဲ
သီချင်း ကြိုက်တယ်ပေါက်
မဆီမဆိုင် ၀င်ရောက် လွမ်းသွားပါကြောင်း
ပေါက်
ပေါက်လွမ်းတဲ့အခါ ကိုလေးဖြူလို အသားကုန်အော်ပြီးလွမ်းတာလား.......း)
မရိုးတဲ့သီချင်းပဲ ( ဆိုရတာကော၊ လွမ်းရတာကော )
Post a Comment