11/13/2009

အခုတလော...




လွမ်းလွမ်းနဲ့ မြို့ထဲက မြင်းလှည်းသမားကြီးကို လွမ်းလာလို့

အဲလေ..ဟုတ်ပေါင် ..မေမြို့နာရီစဉ်ကြီးကို အလွမ်းပြေ တင်လိုက်ပါတယ်။။




ချယ်ရီတွေဟာ ဘယ်လောက် လှ လှ..
လူတွေ ဘယ်လောက် တန်ဖိုး ထား ထား...
ဘယ်သူတွေ ဘယ်လိုပဲ ဓါတ်ပုံရိုက် မှတ်တမ်း တင်တင်...
အချိန်တန်တော့ မြေခကြရစမြဲ။။


အခုတလော ပျင်းနေတယ် ။။
အခုတလော ကိုယ့်အတွက် အဆင်ပြေနေတယ်။။
အခုတလော ကိုယ့်နေ့ရက်တွေ အေးချမ်းနေတယ်။။
အခုတလော ရှေ့ဆက်ရမယ့် နေ့ရက်တွေ အတွက် ပူပင်နေတယ်။။
အခုတလော ငွေကုန်ပေါက် များနေတယ်။။
အခုတလော ကိုယ့်စိတ်တွေ ရေစုန် မျောနေတယ်။။
အခုတလော....
အခုတလော...........
.................
............................
......................
...................................
အခုတလော အမေ့အတွက် စိတ်မကောင်း ဖြစ်နေတယ်။။
(နောက်နှစ်ပေါ့ အမေရေ..)


19 comments:

စူးနွယ်လေး said...

ဘာဖြစ်လို့လဲ ...ဒီနှစ် မပြန်ရလို့လား

မီယာ said...

ပေါက် အိမ်ကို လွမ်းနေသလား...

khin oo may said...

ဗေဒင်ဟောထားတဲ့ အခုတစ်လော အကြောင်းဖြစ်မယ်။

Moe Cho Thinn said...

ပေါက် လွမ်းနေတာ မြင်းလှည်းသမားကြီး ကိုး။ :)

myo said...

ချယ်ရီတွေက ဘယ်ဟာလဲ.. အစိမ်ရောင်တွေလား.. ကြွေကျနေတဲ့ သစ်ရွက်ခြောက်လား.. ချယ်ရီလိုက်ရှာရတာ မူးသွားတယ်..။ :D

အခုတလော အလုပ်တွေရှုပ်တယ်..
အခုတလော ရင်တွေပူတယ်..
အခုတလော...
အခု...

sonata-cantata said...

မေမြို့က လှတယ် စွဲဆောင်မှုရှိပါတယ်..ခုတော့ မေမြို့သူ ပေါက် အညွှန်းကောင်းလို့ တို့တောင် မေမြို့ကို စွဲလန်းချင်လာပြီးD

may said...

မျိုး ချယ်ရီ ကိုတွေ့ ချင်ရင် ဗစ်စီဘောက်လာ

ပေါက် ဟုတ်တယ် တို့ လည်း ချယ်ရီပန်းကို ပြူးပြဲနေအောင် ရှာလိုက်ရတယ် (မျက်စိ)

တို့ လည်းလွမ်းတယ် စတော်ဘယ်ရီသီးတွေနဲ့ မေမြို့ 
ပြီးတော့ မြင်းလှည်းသမားကြီးကိုရော အဟိ တူ၂ထိုင်ပြီး မြင်းလှည်းမောင်းခဲ့လို့  (ဒီတခါ ပြူးတာ တို့ မဟုတ်ဘူး ရထားလုံးပေါ်ထိုင်ပြီး မြင်းလှည်းမောင်းတဲ့တို့ ကို တွေ့ တဲ့ မေမြို့ ကလူတွေ မျက်စိ) အဟိ

ပေါက် ကျန်းမာ ပျော်ရွှင်ပါစေ

mae said...

ချစ်ပေါက်.. တို့ကိုရော မလွမ်းဘူးလား

စန္ဒကူးမေ said...

ပေါက်ရေ.. ကူးစ်ပြန်ရင် ဓာတ်ပုံတွေရိုက်လာ ပါအုံးမယ်... ပေါက်စ် အလွမ်းစိတ်ဆွနေသလို များဖြစ်နေမလား..း)

အပြုံးပန်း said...

တောင်ကြီးချယ်ရီနဲ့ မေမြို့ချယ်ရီ ပြိုင်မလား။

Shinlay said...

အိမ်လွမ်းနေလား။ ဂရုစိုက်နော်။

SDL said...

ပေါက်......စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်

နောက်နှစ်ပြန်ခဲ့မယ်လို့ အမေ့ကိုပြောလိုက်။

myo said...

ပေါက် တို့ပြန်ရင်မေမြို့သွားမယ်..
မှာစရာရှိတာမှာလိုက်ပါ..
ဟိုတခါပြောဖူးတဲ့ ဘယ်နားကဘယ်ဆိုင်က ဘာမုန့်တွေကောင်းတယ်ဆိုတာ ပြန်ပြောပြပေးပါဦး..။

Ko Boyz said...

နာရီစင်ပါဟာ...။ စဉ် မဟုတ်ပါဘူး။

rose of sharon said...

နာရီစင်က အရင်အတိုင်းဘဲနော်... မေမြို့ကိုလွမ်းသွားတယ်... ပေါက်ရေ ဒို့လဲ တခါတလေ အဲလိုမျိုးတွေ ဖြစ်တတ်တယ်... အဲလိုအချိန်မျိုးဆို ဘာမှလုပ်ချင်စိတ်ကိုမရှိဘူး

nu-san said...

ပေါက်ရေ.. မေမြို့ကို လွမ်းနေတယ်လား.. တို့လည်း ရန်ကုန်ကို လွမ်းတယ်... ပြန်ချင်တယ်... ဒါပေမယ့် ပြန်လို့မရသေးဘူးလေ... :(

မေမြို့ကို တခေါက်လောက်တော့ ရောက်ဖြစ်အောင် လာလည်ဦးမယ်ပေါက်ရေ... ဘယ်တော့ဖြစ်မလဲတော့ မသိဘူးပေါ့.. :)

တန်ခူး said...

မေမြို့ … မနှစ်က မရောက်လိုက်တော့ ပိုတောင်လွမ်းသွားတယ် ပေါက်ရယ်… အမေ့အတွက် ဘာလို့ စိတ်မကောင်းဖြစ်နေတာလဲ… မပြန်ဖြစ်လို့ လား… အစစအဆင်ပြေပါစေ…

soungzinko said...

ပေါက်ရေ။

သတိရလို့.. ငါ ပြင်ဦးလွင်မှာပဲ ရှိနေတယ်။
နင် အားတယ်ဆိုရင် ငါ့ ဆီကို ပီအမ်လေး ပို့လိုက်ပါအုံး
အေ...။


ဇင်ကိုလွင်...။

ksanchaung said...

မေမြို့ပုံတွေကို ကြည့်သွားတယ်။ တို့များ မေမြို့မရောက်ဖူးသေးဘူး။ တကယ်ပါ။