11/01/2009

တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့....တဲ့

မသီတာက တက်ဂ်လာပါတယ်။။
တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့..တဲ့...
ကျွန်တော်အမြင်ကတော့ အခု လက်ရှိအနေအထားကလည်း
ကမ္ဘာပျက်နေသလိုပါပဲ...။။
ရာသီဥတုတွေ ကမောက်ကမ။။
မုန်တိုင်းတွေ ။
မြေငလျင်တွေ ။
တိရိစ္ဆာန်တွေ မျိုးတုန်း။။
လူတွေရဲ့ စာရိတ္တတွေ ပျက်ပြား။။
.........................
.............................
...................................
တချို့ဖြစ်ပျက်တဲ့ကိစ္စတွေကို လိုက်လို့တောင်မမှီတော့ပါဘူး ။။
သဘာဝလွန်တွေ များလာတယ်။။
ဆိုတော့ ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်
ပျက်လို့ရတဲ့ အနေအထားရောက်နေပါပြီ။။

၁ ။ ဘယ်သူတွေနဲ့ ရှိနေချင်လဲ...

ဒါက ရွေးချယ်လို့ရတဲ့အရာမှ မဟုတ်တာနော်..
ရတယ်ဆိုရင်..
အမေ ...
နောက်ထက်ရွေးချယ်ခွင့်ရှိအုန်းမယ်ဆိုရင်
သမီးနဲ့..မောင်နှမ..
နောက်ထက်ရှိအုန်းမယ်ဆိုရင်...
...

၂ ။ ဘာတွေ ခံစားနေရမလဲ

ဒါကိုတော့ ကျွန်တော် တကယ်မသိပါဘူး။။


၃ ။ဘာတွေ ပြင်ဆင်ထားမလဲ

အချိန်မရတော့ဘူးထင်တယ် ။။
အချိန်ရရင်တောင် ပြင်ဆင်တာလို့ မခေါ်ဆိုနိုင်ဘူး။။
စိတ် အမြဲသန့်ရှင်းစင်ကြယ်နေဖို့ အဓိက ။။


၎ ။ ၀မ်းနည်းမိမှာက

အချိန်တန်လို့ ဖြစ်ပျက်တာပဲလေ ။ (၀မ်းမနည်းတော့ပါဘူး)

၅ ။ကြောက်လန့်မိတာက

........................

( တကယ် မသိလို့ပါ ။ )

၆ ။ဆောင်ထားချင်တာက


မသီတာလိုပဲ ကြည်လင်ပြတ်သားတဲ့ အသိစိတ်တစ်ခု


ရ ။ဘာတွေ ရေးမိမလဲ

........................


၈ ။တွေးမိတွေးရာ အတွေး

တွေးဖို့ အချိန်မရတော့ဘူး ။။ကမ္ဘာပျက်တာကို စောင့်ကြည့်နေရလို့။။


၉ ။ဂုဏ်ယူချင်တာက

မသီတာပြောသလို...

ဤကမ္ဘာမြေမှာ လူဖြစ်ခဲ့တာ ဂုဏ်ယူစရာပါ။( အဟီး ကူးချနေရပြန်ပြီ။။)

၁၀ ။ ရှာကြံဖြေသိမ့်မိတာက
.....................











16 comments:

khin oo may said...

……………................

က မသိတာလား
မပြောချင်တာလား
ရင်ထဲကနေတိတ်တိတ်ကလေးပြောသွားတာလား။

သက်ဝေ said...

လက်ရှိအနေအထားကလည်း
ကမ္ဘာပျက်နေသလိုပါပဲ ဆိုတဲ့ အမြင်လေးက စဉ်းစားချင်စရာပါ...။

မမ မေးတာ ဖြေလိုက်ပါအုံး... :-D

sonata-cantata said...

ပေါက်ရေ
.........................တွေက
ရေးစရာတွေ များလွန်းလို့ ပို့စ် သတ်သတ်စီ ရေးပေးမှာ မဟုတ်လားဟင်းD

ကမ္ဘာပျက်ကာနီးရင် အဲ့လို နှိပ်စက်ကလူပြုခြင်းတွေ များလာတတ်တယ် ...ကြောက်ပြီး မသီတာဆီ လာမလည်တော့ရင် ဒုက္ခ

myo said...

............................

ရွှန်းမီ said...

... ..... ... .... =)

khet myint myint said...

ကမ္ဘာ ကမ္ဘာ အဝေး.. အဝေးဆုံးအဝေးဆုံးသို့သွားမယ်။
ကမ္ဘာကုန်ကျယ်စေကွယ် သွားရတော့မယ်ကွယ်။
အဲသီချင်းလေး ငြီးလို့နေလိုက်မယ်လေ။

Shinlay said...

ကမ္ဘာပျက် ရင်....

rose of sharon said...

ပျက်ခါနီးပြီလား.... မထင်ပါဘူး.... ပျက်မယ်ဆိုရင်လဲ ပျက်ပေါ့နော်.... ဘာတတ်နိုင်မှာလဲ

မီယာ said...

ပေါက်ရေ ကြောက်စရာတွေ ပါလားကွယ်။ တို့တော့ မလုပ်ရသေးတာတွေ အများကြီး ရှိသေးတယ်လို့ပဲ တွေးနေတယ်။

တန်ခူး said...

ပေါက်ရေ… အနာဂတ်ဆိုတာ တကယ်မရှိတဲ့အရာတဲ့… ဒီတော့ မရှိတဲ့အရာကို ဘယ်လိုမှန်းကြည့်ပုံဖော်လို့ ရမလဲ ညီမရေ…နော်… အဲလိုတွေးရင် သွေးမပျက်တော့ဘူးပေါ့… ပြီးတော့ ဒါအမှန်တရားလေ

ahphyulay said...

ပြောပရစေဗျာ... ကမ္ဘာကြီးဘယ်တော့ ပျက်မယ်ဆိုတာနဲ့ 
ကမ္ဘာကြီးဘယ်တုံးကစတယ်ဆိုတာကိုရှာဖွေကြံဆနေတဲ့ သူတွေ
ကအတူတူပါပဲတဲ့ ။အဲဒီလူတွေကိုဗုဒ္ဒက အပြင်းအထန်ရှုပ်ချကန့် 
ကွက်ခဲ့ ပါတယ်တဲ့ ၊ကိုယ့် အကြောင်းတောင်ကိုယ်ကောင်းကောင်း
မသိသေးပဲနဲ့ အဓိပါယ်မရှိတာတွေအချိန်ကုန်ခံရှာဖွေနေတာကို
ပါ။ နာဆာအဖွဲ့ ကြီးကလည်းအတိအလင်းထွက်ရှင်းပြီးပါပြီဗျာ။
မိုးပြိုမှာကိုကြောက်ပြီးခြေထောက်မိုးပေါ်ထောင်အိပ်တဲ့ 
တစ်တစ်တူးငှက်တွေလိုလဲဖြစ်နေပါအုံးမယ်နော်။

ahphyulay said...

ထင်တာလေးပြောခဲ့ မိလို့ စိတ်မရှိပါနဲ့ လို့ တောင်းပန်ခဲ့ ပါတယ်။
အခင်အမင်လေးမပျက်စေချင်ပါ။ဘလော့ မောင်နှမတွေဆိုတော့ 

ahphyulay said...

ထပ်ပြောကြည့် အုံးမယ်နော်။
ကမ္ဘာကြီးက လူ့ ဘောင်၊လူမှုအဖွဲ့ ကြီးတွေနဲ့  အခြင်းခြင်းကျားကန်
ကျောခြင်းကပ်ပြီး ဖွဲ့ စည်းတည်ဆောက်ထားတာပါလို့ ။
ဒါကြောင့် မို့ လို့  နှစ်သန်းပေါင်းများစွာကြာနေအောင်
တည်ရှိနေခဲ့ တဲ့ ဒီကမ္ဘာကြီးက ဘယ်တော့ မှ ဂျောက်နက်ကြီး
ထဲ ထိုးမကျသွားနိုင်ကြောင်းပါလို့ ။အင်္သချေ ကမ္ဘာတစ်သိန်း
မပြောနဲ့  တစ်ကမ္ဘာတောင်မှ မမှီနိုင်တာ မလိုတာကို စဉ်းစား
နေစရာ မလိုကြေင်းပါလို့ ...။

tg.nwai said...

လာဖတ်သွားပါတယ် ပေါက်ရေ..တို့လည်း ယုံသော်ရှိ၊ မယုံသော်ရှိ တကယ်၍များဆိုပြီး စဉ်းစားရေးရတာပေါ့ကွယ်...ပေါက်ရဲ့ စိတ်ကူးလေးတွေဖတ်လို့ကောင်းတယ်..:)

tg.nwai said...

လာဖတ်သွားပါတယ် ပေါက်ရေ..တို့လည်း ယုံသော်ရှိ၊ မယုံသော်ရှိ တကယ်၍များဆိုပြီး စဉ်းစားရေးရတာပေါ့ကွယ်...ပေါက်ရဲ့ စိတ်ကူးလေးတွေဖတ်လို့ကောင်းတယ်..:)

PAUK said...

ကို အဖြူလေးး
relax..
relax..
ကျနော်က မသီတာတို့တက်ဂ်လို့ မဖြစ်မနေ
ရေးလိုက်ရတာ..
သိပ်သိ နားလည်တာမဟုတ်ဘူး။။ဟီးး