ဆန်ခေါက်ဆွဲပါ..
ဆန်ဖွယ်..(ခ) ရေစိမ်ခေါက်ဆွဲ (ခ) ဆန်ခေါက်ဆွဲ ပေါ့..
အရည်ဖျော်လုပ်စားတာပါ..
အရည်ဖျော်ပိုကြိုက်လို့ စားတိုင်းအရည်ဖျော်ပဲ လုပ်စားဖြစ်ပါတယ်..။။
နွေပေါက်တော့ ပဲရွက်(ပဲလိပ်ပြာရွက်) မရှိတော့ပါဘူး..
အသုတ်စားချင်လဲ မခက်ပါဘူး..
ကြက်သားဟင်းကို ရေ နဲနဲ ထည့်ပြီး မီးဖိုပေါ်တင်လို့ ပွက်လာရင် ကော်မှုန့်ဖျော်ပြီးထည့်မွှေရုံပါပဲ။။
ဆန်ခေါက်ဆွဲခြောက်ကို ၂နာရီလောက် ရေစိမ်ထားပါ။။
ဆန်ခေါက်ဆွဲ လုပ်စားတော့မယ်ဆိုရင်..ပါဝင်တဲ့အစာတွေ ကြိုတင်ပြင်ဆင်တာအကောင်းဆုံးပါပဲ။။
လုပ်ထားတဲ့အစာတွေကုန်နေတာကြောင့် မနေ့ညက အစာတွေ လုပ်ရင်း ဓါတ်ပုံရိုက်ယူထားပါတယ်။။
၁) နှမ်းဆီ..
ဝယ်လာတဲ့ နှမ်းစေ့လေးတွေကို အရင် လျှော်ပြီး.. မညက်တညက်ထောင်းထားပါပြီး..
ကြွေပန်းကန်လုံးထဲ ထည့်ထားပါ။။
၂) ငရုပ်သီးမှုန့်ကို( အကြမ်းမှုန့်နဲ့ အချောမှုန့် ရောရာ ပိုကောင်းပါတယ်) လဲ ကြွေပန်းကန်ထဲ
အသင့်ပြင်ထားပါ။။
၃) ကြက်သွန်ဖြူအခွံခွာပြီး ဓါးမြနဲ့ စင်းထားပါ။။
၎) ချောင်ကော် (တရုတ်မဆလာမှုန့်) အနည်းငယ်ကို ပန်းကန်လုံးလေးထဲ အသင့်ပြင်ထားပါ။။
ဒယ်အိုးထဲမှာ ဆီများများထည့်ပြီးချက်ပါ။။ အငွေ့ထလာရင် ..၁..၂..နဲ့ ၄ ပန်းကန်ထဲ လောင်းချပါ။။
တူလေးနဲ့ အစာတွေ ကို မွေပေးပါ။။ သတ်သတ်စီနော်။။
နံပါတ် ၃ က ကြက်သွန်ဖြူကို ဆီကြော်ထားပေးပါ။။
ကဲ..
အစာအတွက် ပြင်ဆင်ပြီးပါပြီ။။ပြီးရင် အောက်ပါပုံလေးတွေ အတိုင်းဖြစ်လာပါမယ်။။
ငရုပ်သီးဆီချက်
နှမ်းထောင်း ဆီချက်
ကြက်သွန်ဖြူကြော် (ကြော်ပြီး ခပ်တဲ့အခါ ဆီများများပါပါစေနော်)
ဆီချက်ထားပြီးတဲ့ အစာတွေ ကို ပုလင်းထဲ ထားပြီး အသုံးပြုနိုင်ပါတယ်..
ကျနော်ကတော့ တစ်လတစ်ခါလောက် အစာလုပ်ထားဖြစ်ပါတယ်။။
အဲ့ဒီအစာတွေ အပြင် ကြာညို့အငန်နဲ့ ကြက်သွန်မြိတ်ပါးပါးလှီးပြီးအသင့်ပြင်ထားပါ။။
ဒါက အမျိုးတစ်ယောက် တည်ထားတဲ့ မုန့်ညှင်းချဉ်..
နှစ်ပေါက် မုန်ညှင်းချဉ်ပါ..မုန်ညှင်းရယ်..ခါဂျက်ဥရယ်..ဂျူးမြစ်လေးရယ်..
တော်တော်စားကောင်းပါတယ်..။။(အလကားရလို့ထင်တယ်..ဟီးး)
ဒါကတော့ ဒီက အသိတစ်ယောက်က ဆန်ခေါက်ဆွဲ မကြိုက်လို့
မြီးရှည်ခြောက်လဲ ရှိနေတော့..သူ့ကို မြီးရှည်ပြင်ပေးလိုက်ပါတယ်။။
မြီးရှည်အတွက် ကြက်သားဟင်းကို ကော်မှုန့်ဖျော်ပြီး ချက်ထားပေးလို့ ထွေးထွေးလေးဖြစ်နေပါတယ်။။
ပြီးတော့ မြီးရှည်အတွက် မရှိမဖြစ် ပဲငပိ ထည့်ပေးထားပါတယ်..။။
(ဆန်ခေါက်ဆွဲ..ရှမ်ခေါက်ဆွဲ မှာအရည်ဖျော်စားစား
အသုတ်လုပ်စားစား... ပဲငပိ မထည့်ရပါဘူး)
မှတ်ချက် ။။ ။။ ရန်ကုန်က လူတွေက ဆန်ခေါက်ဆွဲကို ရှမ်းခေါက်ဆွဲလို့ ခေါ်ပါတယ်..
အမှန်က ရှမ်းခေါက်ဆွဲဆိုတာ ရှမ်းဆန်(ယာဆန်) နဲ့ လုပ်တဲ့ ဆန်စီးခေါက်ဆွဲပါ။။
ဟီဟိ ကိုဘ တပည့်လေ...ကိုဘလိုပဲ သေချာရှင်းပြချင်တယ်။။