တရုတ်လိုတော့ 辣年糕 (လာ့ညန်ကောင်း) လို့ ခေါ်တာပဲ။။
ကိုရီးယားလို သုတ်ပိုကီး( အသံထွက် မှားကောင်းမှားနိုင်ပါတယ် )
ကိုရီးယားနဲ့ ပတ်သက်ရင် အစားသောက်ပဲ ရင်းနီးပါတယ်..။။
ဇာတ်ကားတွေ အဆိုတော်တွေ ဇာတ်လမ်းတွဲတွေ မသိပါဘူး ။မကြည့်ပါဘူး။နားမလည်ပါဘူး။
ဒါကတော့ ဇာတ်လိုက်ကျော် ကောက်ညှင်းချောင်းပါ။
ရေနွေးဆူဆူထဲမှာ ၃မိနစ်လောက် ပြုပ်ပေးထားပါ။။

ဒါက ဇာတ်ရံ ငါးပြားပါ။။
ဒါလဲ ကိုရီးယား ရယ်ဒီမိတ်ထုပ်ပါပဲ။။
ဒီနိုင်ငံက ထွက်တာလဲရှိပေမယ့် ကိုရီးယားထုပ်ပိုစားကောင်းတယ်တဲ့။။
အပြားချပ်လိုက်ကြီးကို ကောက်ညှင်းချောင်း အရွယ်အစားနဲ့လိုက်ဖက်အောင်
အချောင်းလေးတွေ လှီးပေးထားပါတယ်။။
ဒါလုပ်တာ အသုံးပြုရမယ့် ပစ္စည်းတွေပြည့်စုံရင် အတော်လွယ်ကူပါတယ်။။
အရင်ဆုံး ဆီပူထဲမှာ korea chilli paste နဲ့ကြက်သွန်နီကို အရင်ကြော်ပါ။။
ြ၅မိနစ်လောက်ကြော်ပြီးရင် ရေနွေးဖျောထားတဲ့ ကောက်ညှင်းချောင်း နဲ့ ငါးပြားချောင်းတွေ
ထည့်ပါ။။ ဆား ထည့်စရာမလိုပါဘူး။။ chilli paste ထဲမှာ အရသာစုံနေပါပြီ။။
အဆက်မပြတ်မွှေပေးပါ ။ရေ အနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပေးပါ။။
ကောက်ညှင်းက အိုးကပ်တတ်လို့ ခဏ ခဏ မွှေပေးရပါတယ်။။ရေခန်းရင် ရေထပ်ထည့်နိုင်ပါတယ်။။
၁၅မိနစ် ။မိနစ် လောက် ကြော်ပြီးရင် ကြက်သွန်မြိတ်လေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။။