တောက် ပူကီ

ကိုရီးယား ကောက်ညှင်း အစပ်ကြော်လို့ အမည်ပေးရမှာလား မသိ။။
တရုတ်လိုတော့ 辣年糕 (လာ့ညန်ကောင်း) လို့ ခေါ်တာပဲ။။
ကိုရီးယားလို သုတ်ပိုကီး( အသံထွက် မှားကောင်းမှားနိုင်ပါတယ် )
ကိုရီးယားနဲ့ ပတ်သက်ရင် အစားသောက်ပဲ ရင်းနီးပါတယ်..။။
ဇာတ်ကားတွေ အဆိုတော်တွေ ဇာတ်လမ်းတွဲတွေ မသိပါဘူး ။မကြည့်ပါဘူး။နားမလည်ပါဘူး။




ဒါကတော့ ဇာတ်လိုက်ကျော် ကောက်ညှင်းချောင်းပါ။
ရေနွေးဆူဆူထဲမှာ ၃မိနစ်လောက် ပြုပ်ပေးထားပါ။။



ဒါက ဇာတ်ရံ ငါးပြားပါ။။
ဒါလဲ ကိုရီးယား ရယ်ဒီမိတ်ထုပ်ပါပဲ။။
ဒီနိုင်ငံက ထွက်တာလဲရှိပေမယ့် ကိုရီးယားထုပ်ပိုစားကောင်းတယ်တဲ့။။
အပြားချပ်လိုက်ကြီးကို ကောက်ညှင်းချောင်း အရွယ်အစားနဲ့လိုက်ဖက်အောင်
အချောင်းလေးတွေ လှီးပေးထားပါတယ်။။


ဒါကတော့ korea chilli paste နဲ့ ကြက်သွန်နီနဲ့ ကြော်နေတာပါ။။


ဒါလုပ်တာ အသုံးပြုရမယ့် ပစ္စည်းတွေပြည့်စုံရင် အတော်လွယ်ကူပါတယ်။။
အရင်ဆုံး ဆီပူထဲမှာ korea chilli paste နဲ့ကြက်သွန်နီကို အရင်ကြော်ပါ။။
ြ၅မိနစ်လောက်ကြော်ပြီးရင် ရေနွေးဖျောထားတဲ့ ကောက်ညှင်းချောင်း နဲ့ ငါးပြားချောင်းတွေ
ထည့်ပါ။။ ဆား ထည့်စရာမလိုပါဘူး။။ chilli paste ထဲမှာ အရသာစုံနေပါပြီ။။
အဆက်မပြတ်မွှေပေးပါ ။ရေ အနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပေးပါ။။
ကောက်ညှင်းက အိုးကပ်တတ်လို့ ခဏ ခဏ မွှေပေးရပါတယ်။။ရေခန်းရင် ရေထပ်ထည့်နိုင်ပါတယ်။။
၁၅မိနစ် ။မိနစ် လောက် ကြော်ပြီးရင် ကြက်သွန်မြိတ်လေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။။

ကြာဇံသုတ်



အရင်က ကြာဇံသုတ်ဆိုတာ တင်ဖူးပါတယ်..
က်ြသားခရမ်းချဉ်
သီးချက်နဲ့..နှမ်းထောင်းဆီနဲ့ မြေပဲဆံထောင်း
ငြုပ်သီးဆီချက် စတာတွေနဲ့ပါ..
အခု..သုတ်တာက..
ဆီလုံးဝမပါပဲ သုတ်နည်းလေးပါ။။
အခုတလော ရာသီဥတု အရမ်းပူတော့
ချဉ်ချဉ်စပ်စပ်လေးတွေပဲ လုပ်စားချင်ပါတယ်.။..



လိုအပ်သော အစာများ..
သံပုရာသီး ။ရှာလကာရည်အနည်းငယ်.။
ကြာညို့အငန်( ပဲငန်ပြာရည်အကြည်)
ကြက်သွန်ဖြူ နုတ်နုတ်စင်း ။ငြုပ်သီးတစ်တောင့်
သကြားအနည်းငယ် နဲ့ နံနံပင်
စတဲ့ အစာတွေကို ပန်းကန်လုံးတစ်ခုထဲ ရောသမမွှေထားပါ
(ကျနော်ကတော့ ခရမ်းချဉ်သီး တစ်ခြမ်းကို နုတ်နုတ်စင်း
ထည့်ဖျော်ထားပါတယ်)
ပြုပ်ပြီးသား ကြာဇံကို ရေအေးနဲ့ ဆေးပြီးရေစစ်ပါ..
ခါဂျက်ဥကို ခြစ်နဲ့ ခြစ်ပြီးရေဆေး။ရေညှစ်ထားပါ။။
ပန်းကန်ပြားအောက်ဆုံးမှာ ဆလပ်ရွက် ခင်းပါ။
ကြာဇံထည့်ပါ...ခါဂျက်ဥအမျှင်ထည့်ပါ..
အပေါ်မှာ..စပ်ထားတဲ့ အချဉ်ရည် လောင်းချပါ..။။
သုံးဆောင်နိုင်ပါပြီ။။

နေကြာ...


ဒါလေးတွေက နောက်တိုးပုံလေးတွေ..
(သူများရိုက်တာ တင်ထားတာနော်..
ရိုက်တဲ့သူက တော်တော်ပျော်ပြီး ပုံတွေ ထပ်ပို့ပေးလို့ပါ..)

ဒါလည်း နောက်တိုး (၂)




ဖူးငုံစလေး ပါ..





ပွင့်ဖူးနေတုန်း...





အစွမ်းကုန် လှနေတာပေါ့...



စိတ်ရှုပ်နေလို့..
စိတ်ကြည်မလားလို့ ..
နေကြာတွေကို အသုံးချလိုက်တာပါ..
(မသီတာရဲ့ ဟိုအစ်ကိုကြီးကလဲ မျက်စိလျင်လိုက်တာ..
ပြင်လိုက်ပါပြီ..ကျေးဇူး)

ဒီနေ့



မနက် အိပ်ယာထတော့ ဈေးခဏပြေးပြီး ခေါက်ဆွဲဖတ် ၀ယ်လာပါတယ်။။
နေ့လည်စာ ခေါက်ဆွဲသုတ်စားပြီး ညစာကို ထပ်မစားလိုတော့ပါဘူး။။
သူငယ်ချင်းအိမ်က အပြန် ဖုန်းဆိုင်ဝင်ပြီး ဖုန်းဝယ်တယ်။။
သွားတုန်းကတော့ ဒေါင်းတိ မောင်းတိနဲ့ HTC ၀ယ်မယ်ကွ ..လို့
စိတ်ထဲကြွေးကြော် သွားတာပါ ။။ ဆိုင်လဲ ရောက်ရော ဈေးကြည့်ပြီး စိတ်အားငယ်
သွားတယ်။။ အရောင်းစာရေးမလေးက ထပ်ပြီး မိတ်ဆက်ပါသေးတယ်။။
ပို ပိုပြီး ဈေးကြီးတဲ့ ဖုန်းတွေကိုလေ ။။

နောက်တော့ သူ ဖုန်းတစ်လုံးကို အကြံပြုပါတယ်။။ Sony Ericsson
အမျိုးအစားကို ။။ အဲ့ဒီ ဖုန်းပဲ ၀ယ်ဖြစ်ပါတယ် ။။(သည်ကြားထဲ ဟိုHTCလေးကိုပဲ
တကိုင်ကိုင်နဲ့ လက်က မလွတ်ချင်သေးဘူး) ။။

အပြန်လမ်းမှာ ဗိုက်ဖြည့်ဖို့ စဉ်းစားပါတယ်။။
ဆူရှီဆိုင်ရှေ့ တ၀ဲလည်လည် လုပ်နေပြီးမှ မစားဖြစ်ပါဘူး။။
နောက် subway ဖက် လှည့်လိုက်သေးတယ်။။
ဒါလည်း မစားချင်ပါဘူး။။ အိမ်ပြန်ပြီး ချက်စားဖို့ လုံးဝ စိတ်ကူးမရှိပါဘူး။။ဟိ
ဒါနဲ့ ဆိုင်ကယ်ပြန်ယူပြီး ချန်းနဲ့ သွားနေကျ hot pot ဆိုင်လေးဆီပဲ ဦးတည်ပါတယ်။။
ဆိုင်ရှင်က တစ်ယောက်တည်းလား တဲ့..။။
ဟုတ်.....
တစ်ယောက်တည်း ပါပဲ......။။

ယောင်ချာချာ


ဒီနေ့တစ်နေကုန် ယောင်ချာချာဖြစ်နေတယ်..
ထမင်းစားလဲ မစားချင်...(အလို...ငါပိန်တော့မယ့်ကိန်းဆိုက်နေပါ့လား)
ညကျတော့ ချစ်သူငယ်ချင်းတစ်ယောက်က
နေကြာပန်းပုံတွေ ရိုက်လာတယ်ဆိုပြီး ပေးလာပါတယ်။။
လန်းဆန်းတဲ့ ပန်းပုံလေးတွေကြည့်ပြီး
ယောင်ချာချာ ။ ညောင်နာနာဖြစ်နေတဲ့ကိုယ်တောင်..
................................





နှင်းဆီလို ရဲဝင့်ပြီးး...


နေကြာပန်းလို လန်းလာပါတယ်။။


စပို့ပို့ချင်းက..ဒီပုံပါ..
သူပြောတော့ နေကြာပန်းပုံဆို..
(စိတ်ထဲတွေးနေတာ..သူတို့ဆီက နေကြာပန်းက
အဖြူရောင်သေးသေးလေးတွေများလားလို့...ဟိ ထုံချက်ကတော့)

တစ်နေ့တာ....

တင်စရာ ဆိုလို့..
အစားရယ်..

သီချင်းရယ်..
မြို့အကြောင်းရယ်..
ဝတ္ထုအကြောင်းရယ်..(ဒါကလဲ တကယ့်ကို တခါတရံမှပါ..)
ပေးစရာ အသိပညာ ။အတတ်ပညာ တွေ မရှိတော့ ကိုယ့်ကိုယ်ကိုတောင်အားငယ်မိတယ် ။။
ရိုက်လိုက်တဲ့ ပုံတွေ ဆိုတာကလဲ တလွှဲနဲ့ တစောင်း ။ တွေးလိုက်
တဲ့ အကြောင်းအရာတွေကလဲ
သူများရယ်စရာ ။။

ဘာပဲပြောပြော လူသတ္တ၀ါမှန်ရင် အစားနဲ့ မကင်းကြဘူးမို့လား ။။
ဒါကြောင့် အစားအသောက်လေးပဲ တင်ပါဦးမယ် ။။
ဒီနေ့ သူငယ်ချင်းအိမ်က ထမင်းစားဖိတ်ပါတယ် ။။ အားနာနာနဲ့ပဲ သွားစလိုက်ရပါတယ်။။



ပုဇွန် ။ ပြည်ကြီးငါး ချဉ်စပ်
(နွေရာသီလေ..ပူတယ်မို့လား)


ဟင်းရည်မချခင်။တခြားသူတွေ မလာခင်
ဓါတ်ပုံခပ်မြန်မြန်ပဲရိုက်လိုက်ရပါတယ်။။



အမဲသားပြားကြော်



ဒီရာသီစာ မျှစ်ပြုပ်ပြီး salad လုပ်ထားတာ။။
စိမ့်စိမ့်လေး ။ စားကောင်းတယ်။။
သူငယ်ချင်းကတော့ အာလူးပြုပ်ပြီးရောထားတယ်။။



လန့်မသွားနဲ့ဦး ။။
shopping center အရှေ့မှာ ခနထိုင်နေကြတာ။။
ချန်းက အထုပ်လေး ခြေထောက်ကြားညှပ်လို့။။
သူ့အမေကတော့ ဖိနပ်လေးပေလို့။။
စုတ်စုတ်ပျက်ပျက်လေးတွေပေါ့။။


သူငယ်ချင်းအိမ်က ပြန်လာပြီး ချန်းအတွက် လိုအပ်တာလိုက်ဝယ်ပေးဖို့.....။။

အလွမ်း..

ဘာရယ်မဟုတ်..
ပုံတွေ လျှာက်ကြည့်ရင်း...
မြို့ကို လွမ်းနေလို့..

တောင်ကျောင်းကြီးအရှေ့ပေါ့..
ဈေးကို လှမ်းမြင်ရပါတယ်..


အိမ်ပေါ်တက်ပြီး ဟိုရိုက် ဒီရိုက်..



ကန်တော်ကြီး လမ်းဆုံ က
ဂန္ဒမာမြိုင်ဟိုတယ်ဘေးက ကုန်းတက်လမ်းလေး..



ဟိုးးးမှာ...
တွေ့လား...
ကျွန်တော်တို့ အိမ်ကို...
အဲ့...
မြှုပ်နေပြီ...(ဒိပြင်အိမ်တွေကြား)
မမြင်နိုင်ပါဘူးလေ..




ဒါက ဘူတာလမ်းဆုံ ထင်တယ်..
လေငွန်ရှေ့ပေါ့..


ဒါလဲ ဘူတာလမ်းဆုံမှာပဲ..
ဘယ်ဖက်က လေငွန်..
ညာဖက်က လျှပ်စစ်ပစ္စည်းရောင်းတဲ့ဆိုင်..



ဂေါ့ဖ်ကွင်းနား..လမ်းဘေးတစ်နေရာ..
မနက် စက်ဘီးစီး သွားရင်းရိုက်လာတာ..
မြက်ပင်မှာ နှင်းပွင့်လေးတွေ တွဲလို့ ခို လို့..