
ဒါလေးက အ၀င်ဝ အသစ်လေး..
ဟိုရှေးရှေးတုန်းက...
ဒီနေရာ ဘယ်ဟုတ်ပါ့မလဲ...
အရင်ကတော့ စက်ဘီးနဲ့ သွားတာများပါတယ်။။
အခုတော့.....
့ တိုးတက်လာပြီ မြင်းလှည်း(ရထားလုံး)နဲ့..

ဒီလမ်းလေးက အမြဲပန်းခင်းလေးတွေနဲ့ ..
ဝန်းရံနေကျ လမ်းလေးး
မဖြတ်မဖြစ် ဖြတ်လျှောက်မိတဲ့ လမ်းလေး...
အရင်က..ဒီလမ်းလေးဆုံးရင်..ညာဖက်မှာ အမြဲပိတ်ထားတတ်တဲ့သစ်ခွရုံရှိတယ်..
အခုတော့ သစ်ခွရုံအသစ်ကို ၀င်ကြေးနဲ့ ၀င်ရောက်လေ့လာနိင်ပါတယ်။။
ဘယ်တော့မှ မကြည့်ဖြစ်ပါဘူး။။( ဈေးကြီးလွန်းလို့..၅၀၀ကျပ် ထင်ပါတယ်)

ဒါကတော့ ချန်းချန်း လက်ရာပါ။။
သူက ပန်းလေးတွေ အနီးကပ်ရိုက်တတ်တယ်။။

ဒီနေရာလေးလည်း လှတယ်။။
ဓါတ်ပုံအလှ ရိုက်ချင်သူများအတွက်ပေါ့..။။

ဒါလေးကလည်း ချန်းချန်း လက်ရာပါပဲ။။

ထင်းရှူးတော...
အရင်ကဆို...ဒီထင်းရှူးတောမှာပဲ ကစားကြ..စားသောက်ကြနဲ့ပေါ့..။။
လွမ်းစရာ..။။

၂၀၀၈ ဖေဖော်ဝါရီလဆန်းရဲ့ ချယ်ရီအကြွင်း အကျန်လေးတွေ.....

ဒီရုံးကတော့ အရင်က ကန်တော်ကြီးရုံး(ထင်ပါတယ်)
အရင် ကန်တော်ကြီးသွားရင် ဒီရုံးရှေ့က ဖြတ်ရပါတယ်။။
အခုတော့ သူလည်း ကန်တော်ကြီး ထဲရောက်နေပါပြီ။။

အဆောက်အဦးရှေ့က ထင်းရှူးပြာပင်။။
ထင်းရှူးပြာ ရှားတယ်။။(ကျနော့အတွက်တော့)

ဒီပုံလေးက စိတ်ချမ်းသာစရာလေးမို့....
ပုံတွေကတော့ အများကြီးပဲ...
မတင်ဖြစ်တော့လို့..။။
ပဲ...
ဂျီး မများနဲ့တော့။။
အခုတလော ဘာဖြစ်နေလဲ မသိ..
အိမ်တော်တော် ပြန်ချင်နေတယ်..
နှစ်ကူးရောက်တော့မှာမို့ထင်ပါတယ်။။
စိတ်ကြည်လင်နေလို့လားမသိ....
ဇော်ဝင်းထွဋ်ရဲ့ သီချင်းဟောင်းကို
စိတ်ထဲကနေ ညည်းတွားသီဆိုနေမိတယ်..။။
´´ ငှက်ကလေးများတို့ရယ်...
မနက်ခင်း မိုးလင်းတိုင်းကွယ်...´`
ဆိုတတ်တဲ့သူများ ဆက်ဆိုကြပါလေ......။။