အိမ်အပြန်...



မွန်းကျပ်တဲ့...
အလှည့်တွေနဲ့...
မာယာတွေနဲ့
ဝိုင်းရံထားတဲ့...
နေရာလေးကနေ ...
ခေတ္တ ခဏ ထွက်ခွာသွားပါတော့မယ်....။။

(အဟီး..ကဗျာဆန်ကြည့်တာ..
ပုံကို အွန်လိုင်းက ကူးယူပါသည်။။)

ငါ့ရဲ့ လမင်း( နေမင်း)


ငါ့ရဲ့ လမင်း (ဆို- လေးဖြူ)

အရှုံးတွေထဲ ငါလဲပြိုရင်း
အတိတ်တို့ထဲ ငါပျောက်ဆုံးချိန်
မြင်နိုင်တယ် ငါ့အနာဂတ်တို့မှေးမှိန်
ငါဟာ ကျဆုံးချိန်
ငါ့ရဲ့ နံဘေးကို မင်းဝင်လာပြီး
လဲုပြိုကျသူ ငါ့ကိုထူပြီး
အဆီအငေါ် မတည့်တဲ့ ငါ့ရဲ့စကားတွေ
နင်ဟာ ခွင့်လွတ် သည်းခံရင်း


တန်ဖိုးများမရှိတော့ဘူးလို့ ငါထင်နေတဲ့ဘဝ
မင်းရဲ့လက်မှာ ငါတစ်ခါပြန်လည်ကာ အသက်ဝင်တောက်ပ
နင်ဟာ အရှုံးတွေထဲမှာ မျောနေခဲ့သူ ငါ့ကို ဆယ်ရင်း
ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ တံဆိပ်လို ကပ်ရင်း
နင်ဟာ ငါ့အတွက်တော့...
နင်ဟာ ငါ့အတွက်တော့.....
ငွေလမင်း....


ငါ့အိပ်မက်တွေ ခြောက်ကပ်ရင်း
လမ်းတွေတိုင်းဟာ ပျောက်ဆုံးချိန်
ဒါတွေ မရှိတော့ပါ...နင်ဖန်ဆင်းတဲ့ ငါ့ဘ၀မှာ
အားငယ်စိတ်တွေ မရှိဘူး
ဘ၀ရဲ့ ပန်းတိုင် ငါတွေ့ပြီ...
နင်ဟာ လမ်းပြတယ်..
နင်ဟာ ငါ့ရဲ့ နတ်သမီးး။။



ဒီသီချင်းကို ဒီနေ့မှ သေချာနားထောင်မိလို့..။။
တခြား အထူး ကိစ္စ မရှိပါကြောင်း...။။
ပုံတင်ချင်တာ ကိုယ်ရိုက်ထားတဲ့ပုံတွေထဲမှာ လမင်းပုံမရှိလို့
ရှိတဲ့ နေမင်း ပုံပဲ တင်လိုက်ရပါတယ်..
(ငါး မရှိလည်း ပုဇွန်ပေါ့..)

မေမြို့(သို့)ပြင်ဦးလွင်...(၂)


ဒါလေးက အ၀င်ဝ အသစ်လေး..
ဟိုရှေးရှေးတုန်းက...
ဒီနေရာ ဘယ်ဟုတ်ပါ့မလဲ...
အရင်ကတော့ စက်ဘီးနဲ့ သွားတာများပါတယ်။။
အခုတော့.....
့ တိုးတက်လာပြီ မြင်းလှည်း(ရထားလုံး)နဲ့..


ဒီလမ်းလေးက အမြဲပန်းခင်းလေးတွေနဲ့ ..
ဝန်းရံနေကျ လမ်းလေးး
မဖြတ်မဖြစ် ဖြတ်လျှောက်မိတဲ့ လမ်းလေး...
အရင်က..ဒီလမ်းလေးဆုံးရင်..ညာဖက်မှာ အမြဲပိတ်ထားတတ်တဲ့သစ်ခွရုံရှိတယ်..
အခုတော့ သစ်ခွရုံအသစ်ကို ၀င်ကြေးနဲ့ ၀င်ရောက်လေ့လာနိင်ပါတယ်။။
ဘယ်တော့မှ မကြည့်ဖြစ်ပါဘူး။။( ဈေးကြီးလွန်းလို့..၅၀၀ကျပ် ထင်ပါတယ်)



ဒါကတော့ ချန်းချန်း လက်ရာပါ။။
သူက ပန်းလေးတွေ အနီးကပ်ရိုက်တတ်တယ်။။


ဒီနေရာလေးလည်း လှတယ်။။
ဓါတ်ပုံအလှ ရိုက်ချင်သူများအတွက်ပေါ့..။။


ဒါလေးကလည်း ချန်းချန်း လက်ရာပါပဲ။။


ထင်းရှူးတော...
အရင်ကဆို...ဒီထင်းရှူးတောမှာပဲ ကစားကြ..စားသောက်ကြနဲ့ပေါ့..။။
လွမ်းစရာ..။။

၂၀၀၈ ဖေဖော်ဝါရီလဆန်းရဲ့ ချယ်ရီအကြွင်း အကျန်လေးတွေ.....


ဒီရုံးကတော့ အရင်က ကန်တော်ကြီးရုံး(ထင်ပါတယ်)
အရင် ကန်တော်ကြီးသွားရင် ဒီရုံးရှေ့က ဖြတ်ရပါတယ်။။
အခုတော့ သူလည်း ကန်တော်ကြီး ထဲရောက်နေပါပြီ။။


အဆောက်အဦးရှေ့က ထင်းရှူးပြာပင်။။
ထင်းရှူးပြာ ရှားတယ်။။(ကျနော့အတွက်တော့)

ဒီပုံလေးက စိတ်ချမ်းသာစရာလေးမို့....

ပုံတွေကတော့ အများကြီးပဲ...
မတင်ဖြစ်တော့လို့..။။
ပဲ...
ဂျီး မများနဲ့တော့။။


အခုတလော ဘာဖြစ်နေလဲ မသိ..
အိမ်တော်တော် ပြန်ချင်နေတယ်..
နှစ်ကူးရောက်တော့မှာမို့ထင်ပါတယ်။။
စိတ်ကြည်လင်နေလို့လားမသိ....
ဇော်ဝင်းထွဋ်ရဲ့ သီချင်းဟောင်းကို
စိတ်ထဲကနေ ညည်းတွားသီဆိုနေမိတယ်..။။
´´ ငှက်ကလေးများတို့ရယ်...
မနက်ခင်း မိုးလင်းတိုင်းကွယ်...´`
ဆိုတတ်တဲ့သူများ ဆက်ဆိုကြပါလေ......။။



စိတ်ကူး


ငယ်တုန်းက ဖန်ခုန်တမ်းကစားရင်....
ပထမ ရချင်ခဲ့တယ်..(ဒါပေမယ့် ဘယ်တုန်းကမှ မရခဲ့ပါဘူးလေ)
အထက်တန်းရောက်တော့...
မယ်နိ တို့တက်တဲ့ကျောင်းကို စိတ်ကူးယဉ်ခဲ့သေးတယ်.။။
(တကယ်တော့ ကိုယ့်နဲ့ အဝေးကြီး)
နောက်တော့ ...
ကိုယ့်မြို့လေးကို ထားပြီး ထွက်ပြေးချင်နေတယ်။။
(တကယ်လည်း ထားခဲ့တာပါပဲ)
အခုတော့လည်း....
ကိုယ့်မြို့လေးမှာ ပြန်ပြီး အေးအေးချမ်းချမ်း နေမယ်ဆိုတဲ့
စိတ်ကူးလေး ခဏ ခဏ ယဉ်နေမိတယ်။။
နောက်တစ်ခုက..
အိမ်တစ်လုံး....
ခမ်းနားစရာမလိုတဲ့...
ရိုးစင်းတဲ့အိမ်လေး တစ်လုံးပေါ့။။


(အန်ကြီးရေ...
နင်မေးတာနဲ့ ထပ်တူကျအောင်လိုက်ဖြေဖို့ အတော်စဉ်းစားလိုက်ရတယ်
တက်ဂ်တွေ ရေးရတာ တော်တော် ခက်ခဲတာပဲ..
ချန်းချန်းစိတ်ကူးထဲက အိမ်ပုံလေး တင်လိုက်ပါတယ်။။
သူဟိုတလောက ဆွဲထားတာပါ။။)


ဦးနှောက် စားတယ်..

ဦးနှောက်စားတယ်....( ဇော်ဝင်းထွဋ်)


ရီလို့မရ..ငိုလို့မရ....ခံစားချက်တို့အရုပ်ကြိုးပျက်...
အတိတ်ရဲ့ မျက်နှာကြီး ပြန်ကြည့်ဖို့ စိတ်ကုန်ပြီ..

အကုန်လုံးသိ ခြောက်ခြားပြီး...
ဘာမှမရှိတော့ ဘာမှမသိ
အစွဲအလမ်းများဟာ..ငါ့အတွက်..
တစ္ဆေတရဲ ဇာတ်ကားလိုပဲ..

ဝူးး....ဘာဆက်လုပ်ရမှာလဲ
စဉ်းစားလို့မရတော့..
ဦးနောက်တွေစားတယ်..
အို...ဦးနှောက်တွေစားတယ်...


ချစ်လည်းမရ..ခံစားမရ..
မပြေပြစ်ခဲ့..မညီမျှခဲ့
ငါ့ ကိုယ့်လည်း....ငါမုန်းတီး
ဘ၀ကြီးကခါးနေပြီ..

အနေလဲမတတ် အသေလဲမတတ်
အကုန်လည်းရပ်..အကုန်တားဆီး
သင်ကြားလို့မဆုံးတဲ့ ဘဝ
မှတ်စုတိုင်းက........မှား

ဝူး..
ဘာဆက်လုပ်ရမှာလဲ...
စဉ်းစားလို့မရတော့...
ဦးနှောက်တွေစားတယ်..
ဦးနှောက်တွေ စားတယ်.


အမြဲတမ်းပဲ အဖြစ်ကဆိုး..
လွှဲချော်တာတွေ တည့်တည့်တိုးး
ဘာဆက်လုပ်ရမှာလဲ..
ဦးနှောက်တွေ စားတယ်..
ဦးနှောက်တွေ စားတယ်..




ဒီသီချင်းက ဇော်ဝင်းထွဋ် ရဲ့ Albumအသစ်
တစ္ဆေလမ်း ပါ။။
ကျွန်တော်ကြိုက်ပါတယ်။။
ပို့ပေးတဲ့ ထက် ကိုလည်း ကျေးဇူးတင်ပါတယ်။။
က. ရေ....
သီချင်း အသစ်တင်တာ သက်သက်ပါ။။
ဟိုထင် ဒီထင် မထင်စေချင်ပါ။။
အရာရာအတွက် ကျေးဇူးပါ..။။
yitting လုပ်တယ်လို့ မထင်ပါဘူး။။








မေမြို့(သို့)ပြင်ဦးလွင်...(၁)

မြူရယ်..
နှင်းရယ်..
ငါရယ်...

ကန်တော်ကြီးလမ်း မြို့ပတ်လမ်း ဆုံလေး

ဒီလိုကျတော့လည်း လွမ်းစရာလေး
ဒီပုံလေးကတော့ ကန်တော်လေးကို မျက်နှာမမူပဲ..
မြို့ဖက်ကို မျက်နှာမူတဲ့ဖက်...
ပုံပါတဲ့အိမ်က နေ့ကြာစေ့ ထုပ်တဲ့အိမ်(နာမည်မသိပါ..မေ့နေပါတယ်)
နေကြာစေ့ တော်တော်မြတ်တယ်နဲ့တူပါတယ်..
တိုက်ကြီး အကြီးကြီးပဲ..(ဟားဟ)

ဒါက ကန်တော်လေးမှာ မြူနှင်းတွေကို ထိုင်ငိုင်ကြည့်ပြီး..
ကန်တော်ကြီးဖက်လမ်းဘေးက ရွှေကိန်နရီ ဆိုတဲ့ နာမည်မကြီးတဲ့
လက်ဖက်ရည်ဆိုင်လေးမှာ ကော်ဖီ ၂ခွက် (သို့)၃ခွက် ကို အီကြာကွေးနဲ့ စားပါတယ်..
မြန်မာက ကော်ဖီခွက်တွေ တစ်နေ့တစ်ခြားသေးသေးလာတယ်..


ကန်တော်လေး မနက်ခင်းလေး
ငိုင်လို့အကောင်းဆုံးနေရာလေးပေါ့...
ထိုင်ပြီး နေရောင်ထိုးဖောက်လာတာကို စောင့်ရင်း....




နင်....ထားခဲ့တဲ့ အခါ.......

當你離開的時候



只能低著頭發呆 讓回憶滲透腦袋 漸漸變空白
အမှတ်တယလေးတွေ မေ့ပျောက်သွားစေဖို့ ခေါင်းငိုမ့်ပြီးပဲ ငိုင်တွေနိုင်တော့တယ်။။
把他當做個意外 但內心還想不開 以為我明白其實你都還在
မတော်တဆ အဖြစ်အပျက်တစ်ခုလို သဘောထားလိုက်ချင်ပေမယ့်..
ငါ့ရင်ထဲက လက်မခံပါဘူး (တကယ်တော့ တကယ်ဖြစ်ပျက်ခဲ့တာပဲလေ..)


我想起了遇見你的時候 想起你眼神中的溫柔
သတိရမိပါတယ်..
နင့်ကိုစတွေ့တဲ့အချိန်က နင့်ရဲ့ ညင်သာနွေးထွေးတဲ့ မျက်ဝန်းကို..
想起了我們第一次牽手 我閉上眼
သတိရမိပါတယ်...
ဦးဆုံးလက်ချင်းတွဲမိတဲ့အခါ ငါ့မျက်လုံးတွေ မှိတ်ထားဆဲ


想起當時你懷裡的顫抖 似乎那麼害怕失去我
သတိရမိပါတယ်...
နင့်ရဲ့ ရင်ခွင်ထဲမှာ ငါတုန်ရီနေတဲ့အခါ...

然而到後來我什麼都沒有 當你離開的時候
နောက်တော့လဲ ငါ့မှာ ဘာမှမရှိတော့ပါလား( နင်...ထားခဲ့တဲ့အခါ...)


我可以裝做已釋懷 他對我也算關懷
ငါနားလည်နိုင်ပါတယ်(အတိတ်ကိုမေ့ပြီး)
သူကလဲ ငါ့ကို ဂရုစိုက်ပါတယ်


他看不出來 我知道這樣不應該
သူမရိပ်မိပါဘူး ငါလဲသိပါတယ် ..(ဒီလိုမဖြစ်သင့်မှန်း)
在他身上找依賴 算不算是種出賣 因為你一直在
သူ့ကိုအားကိုးမိတာ ငါလိမ်ညာနေသလိုများဖြစ်နေမလား
(ငါ့ရင်မှာ နင်ရှိနေရက်နဲ့..)

我想起你親吻我的時候 想起你眼神中的沉默
................................(ဆင်ဆာပါ..ဟီး)
想起了我們平靜的分手 我閉上眼
သတိရမိပါတယ်..
ငါတို့ အေးချမ်းစွာ လမ်းခွဲခဲ့တာကို....
想起當時你每一個承諾 把你整個心都交給我
သတိရမိပါတယ်..
နင်ပေးခဲ့တဲ့ကတိတိုင်းကို..
(နင်ကတော့ နင့်နှလုံးသားတစ်ခုလုံးပုံအပ်ခဲ့တာပဲလေ..)
然而到後來我什麼都沒有 越是沒有你越是心痛
နောက်တော့လည်း....ငါ့မှာ ဘာမှမရှိတော့ပါ့လား...
ငါ့ဘေးမှာနင်မရှိလေ.....
ငါ...
ရင်နာလေလေ......


(ကိုဖြိုး...ဒီလိုနည်းနဲ့ ဘာသာပြန်ပေးလိုက်တယ်..
ဒီအဆိုတော်က ငါသိပ်ကြိုက်တဲံ့အဆိုတော်ဖြစ်လို့..
စလုံးကပါပဲ...)

၂၀၀၈ နောက်ဆုံးည









၂၀၀၈ရဲ့ နောက်ဆုံးည
အပြင်ထွက်ဖြစ်ပါတယ်..
၁၀၁ အဆောက်အဦးဖက်ကိုပါ...
MRTမှာ တိုးလိုက်ကြတဲ့လူတွေ...
အပြန် လူတိုးမပေါက်လို့ ခြံစည်းရိုး ကျော်ခွခဲ့ရသေးတယ်..