ရထားဘီးနှင့် ခဲလုံးများ

ညနေ ငါးနာရီထိုးလျှင် ချစ်သူလာမယ်။
 ငါးနာရီထက် ဘယ်နည်းနှင့်မှ ပို၍စောပြီး မပြန်နိုင်သည်ကို သိသည်။
လေးနာရီထိုးကတည်းက စောင့်ရှာသည်။ ကြို၍ စောင့်သော တစ်နာရီသည်
ပင်ပန်းခြင်းစစ်စစ်ဖြစ်လေ၏။ ဘယ်တော့မှ မကုန်နိုင်တော့သည့် တဒင်္ဂလို့လည်း ဆိုချင်သည်။
လျှပ်တပြက်မျှကြာသော သံသရာလို့လည်း ခေါ်ချင်သည်။

စောင့်နေဆဲတွင် ဂနာမငြိမ်ဖြစ်စမြဲပင်။ အိပ်ယာပေါ်  လှဲလိုက်၏။ ပြီးတော့ ဟိုဘက်
သည်ဘက် မသိဘဲ ယောင်ယမ်း၍လှိမ့်သည်။ အိပ်ယာပေါ်က ထထိုင်ပြီး ဖြုတ်ခနဲ
စားပွဲဘေးတွက် မတ်တပ်ရပ်လျက် ရှိပြန်သည် ။ စိတ်က အရှေ့က ပြေးနေလေရာ
လူက အတွင်လိုက်ပြီး လုပ်သော်လည်း လုပ်မိသမျှ ပြန်ပြီးမမှတ်မိနိုင်ရှိရ၏။ လက်ချောင်းများသည် မလှတော့ဘဲ ကြိုးကြဲမသေမချာဖြစ်ကာ ပစ္စည်းပစ္စယလေးများကို
လှုပ်ဆွဲနေလေသည်။ ထို့နောက် လေတစ်ချက်ချွန်သည်။

ချစ်သူ၌ ယုံကြည်သူမို့ ပူလောင်ခြင်းတော့ မရှိချေ။