တနေ့က အမေလူကြုံပါးလိုက်တဲ့ ကမ်းပါး(အမဲသားနှင်းခြောက်)ရောက်လာတယ်..။
ဈေးထဲ ကျောက်စိမ်းသီးသွားရှာတော့ မတွေ့ခဲ့ဘူး.။
တရုတ်ပဲသီးကြီးတွေတော့ ရှိတယ်..။
ထမင်းဟင်းချက်ဖို့ စိတ်ဆန္ဒသိပ်မရှိတော့ မဝယ်ခဲ့..။
လူတွေစကားပြောတာ ထိုင်ကြည့်နေတယ်..။
ပျင်းရိရိဖြစ်နေတယ်..။
အသိမိတ်ဆွေတွေ ကိုယ့်ကိုစကားပြောဖို့ကြိုးစားတယ်။
ကိုယ့်ပုံစံငေါင်စင်းစင်းဖြစ်နေတယ်..။
အဝတ်သေတ္တာတစ်လုံး အရာမယွင်းသေး။
စိတ်တွေလဲ မပြောင်းလဲနိုင်သေး..။
ခံစားချက်တွေလဲ အနောက်မှာ ကျန်နေတုန်းပဲ..။
ကိုယ့်ကိုယ်ကိုရောင့်ရဲနိုင်တယ် ထင်နေရင်းအလိုမကျဖြစ်တယ်.။
ခရီးတထောက်နားခဲ့တယ်.။
ပြေးလမ်းပေါ်မရောက်နိုင်သေး.။
ကျနော် ပျော်ပါတယ်..။
ကျနော် ပျော်မှာပါ..။
ကျနော် ပျော်ပါစေ...။
မှတ်ချက် ။ ။ တကယ်တော့ ကျောက်စိမ်းသီးရှာမတွေ့လို့ ဖြစ်လာတဲ့
ကယောင်ကတမ်း အတွေးတွေပါ..။
အလကား...အလကားပေါ့..။
ကျောက်စိမ်းသီး = ပဲသီး တစ်မျိုး