မနက်က ဆန်စီးဝယ်ခဲ့တယ်။ ပဲရွက်(ပဲလိပ်ပြာ) ပါတယ်..။
ဟိုနေ့က ကျန်တဲ့ ဆန်ခေါက်ဆွဲအတွက်ဟင်းချက်တာကျန်တာနဲ့
ပြန်လုပ်စားဖြစ်တယ်...တစ်ယောက်တည်းပဲ..။
အမဲသားကြိတ်သားခရမ်းချဉ်သီးနဲ့ချက်ထားတာကို ကြက်ဟင်းရည်
လုပ်ထားတာရှိတာနဲ့ရောပြီး ချက်လိုက်တယ်..။
အိမ်ကပို့ထားတဲ့ ရှမ်းပဲပုပ်မီးကင်ထောင်းနဲနဲထည့်လိုက်တယ်..။
ညနေကျ စက်ဘီးစီးဖို့ အပြင်ထွက်တယ်..။
စက်ဘီးငှားတဲ့နေရာရောက်တော့ ဘာအိုင်ဒီမှပါမလာတော့ ငှားမရ..။
ဒီလိုနဲ့ စက်ဘီးလမ်းတလျှောက် လမ်းသလားတယ်...။
ဟိုငေးဒီငေး ငေးရတယ်...။
အိမ်ပြန်ရောက်တော့ မနက်က ဆန်စီး(ရှမ်းခေါက်ဆွဲ)ကိုပဲ ထပ်လုပ်စားပြန်တယ်။
သိပ်ကြိုက်လွန်းလို့တော့ မဟုတ်ပေမဲ့ ပိုနေတာရယ်...အပြင်ထွက်စားရင်
ငွေပိုကုန်မစိုးလို့ရယ် တွေးပြီးးး..။
(ခေတ်ကြီးက ကောင်းတော့တာ မဟုတ်..။ ချင့်ချိန်သုံးခါမှ တော်ခါကျမယ်)။
ညစာစားပြီး တီဗွီဈေးသွားစုံစမ်း..။
ရှင်းပြပြောသမျှ ခေါင်းညိမ့်နားထောင်ပြီးသကာလ....
ကျေးဇူးတင်ပါတယ်...ဝယ်ဖြစ်ရင် လာပါ့မယ်လို့ ချိုချိုသာသာပြောပြီး လစ်ထွက်ခဲ့တယ်။
လမ်းမှာ
小林煎餅 မုန့်ပူပူနွေးနွေးတွေ့တော့ စားဖြစ်ပြန်တယ်။
ညဈေးရောက်တော့ဟိုသူငယ်ချင်းတွေကို သတိရတော့ မြေပဲရေခဲမုန့်နံနံပင်လိပ်
ဝယ်စားရပြန်တယ်..။ဟိ
သွားနေကျ အပူအအေးအချို ရောင်းတဲ့ဆိုင်မှာ
麻糬燒 နှမ်းအရသာ ပြန်စားဖြစ်။
နောက်ဆုံးတော့ ဗိုက်ပြည့်ပြီး နေလို့မကောင်းတော့ သွားနေကျပန်းခြံကိုသွားရတော့တယ်။