ဒီမုန့်လေးက 油香 (ယို ရှမ်း) လို့ခေါ်ပါတယ်..
ကိုယ်တို့ဘာသာရေး ပွဲတော်တွေမှာ လုပ်တတ်တဲ့ မုန့်လေးပေါ့...
ငယ်ငယ်တုန်းက (အဖွားရှိစဉ်..) လုပ်တဲ့မုန့်က ဒီပုံစံတော့မဟုတ်ဘူး။။
ဆနွင်းမကင်းပုံစံလေးတွေ အပေါ်ကနေ တူလေးနဲ့ လိုက်ဖိရတယ် ။
ပြီးရင် နှမ်းစေ့လေးနဲ့ စမုန်စပါးစေ့လေးတွေ ကျဲထားလိုက်ရသေးတယ်။။
အခု ဒီမုန့်လေးက ယက်တောင်လေးလို လုပ်ယူရတယ်..(အဖေတို့နယ်ဖက်က လုပ်နေကျ ပုံစံလေးပေါ့)
တစ်သက်နဲ့ တစ်ကိုယ် ဒီမုန့်ကို ဒါပထမဆုံး ဂျုံမှုန့်ဝယ်ပြီး ကိုယ်တိုင် စမ်းကြည့်တာပဲ။။
中筋麵粉( Plain flour) သုံးရတယ်ဆိုတာလဲ အခုမှ သိတယ်..။။
သကြားရည် အေးမှ ထည့်ရတယ်ဆိုတာလဲ အခုမှသိတယ် ...ပြီးတော့ ထောပတ်ထည့်နယ်ရပါတယ်။။
ဆော်ဒါမုန့်အနည်းငယ်နဲ့ပေါ့ ။။မုန့်နယ်ရတာလဲ အသက်ထွက်မတတ်ပဲ..ချွေးတဒီးဒီးကျနေအောင်
နယ်ရတယ် ။။ ကျနော်လုပ်တာ မုန့်သားနဲနဲမာသွားတော့ တော်ရုံဒလိမ့်တုံးနဲ့ လှိမ့်မရဘူး။။
တအား အားစိုက်ရတယ် ။ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ခေါ်ပြီး မုန့်သားလှိမ့်ခိုင်းရတယ်..
သူကတော့ ဒီမုန့်လုပ်တဲ့နေရာမှာ ဆရာမကြီးပဲ။။အဲဒီလိုနဲ့ မုန့်လေး ကြော်ဖြစ်သွားပါတယ်။။
နောက်၂ရက်လောက်နေတော့ ပွဲတော်အတွက် မုန့်များများ လုပ်လိုတာကြောင့် ညီအစ်မများတဲ့
သူငယ်ချင်းအိမ်ပြေးပြီး မုန့်ကူလုပ်ခိုင်းရပါတယ် ။။တစ်ယောက်တည်း မုန့်နယ်အုန်း..လှိမ့်အုန်း..
မုန့်သားကိုဓါးလေးနဲ့လှီးပြီး ပန်းဖေါ်အုန်းနဲ့ ပြီးရင် မီးအေးအေးနဲ့ ကြော်ရတော့...
မနိုင်လို့..။။(အဟီး ပိုင်တယ်နော်..)
ဒါကတော့ တခြားလူမျိုးများရဲ့ ပွဲတော်စာ ဆမိုင် ပါ..။။
အားမနာကြပါနဲ့..ဖြည်းဖြည်း သုံးဆောင်ပါ ။။