ပုဇွန် ခရုဆီကြော်..


ငပျင်းလုပ်နေတာ ရက်တော်တော်ကြာပါပြီ..
ဒီနေ့ ချက်စားတဲ့ ဟင်းလေး တင်လိုက်ပါတယ်..




လတ်ဆတ်တဲ့ ပုဇွန်( အရှင်ဆိုပိုကောင်းပါတယ်)ကို နှုတ်ခမ်းမွှေးဖြတ်..ခြေထောက်တွေဖြတ်ထားပေးပါ..


ကြက်သွန်နီ..ငြုပ်သီးစိမ်း နဲ့ ကြက်သွန်မြိတ် လှီးပြီး အသင့်ပြင်ထားပါ..


ဆီအနည်းငယ်နဲ့ ကြော်ပေးပါ..


ကြက်သွန်နီ နဲနဲ နွမ်းလာရင် ပုဇွန်ထည့်ပါ..
ခရုဆီ...ကြာညို့အငန်(ပဲငံပြာရည်အကြည်) နဲ့ ငရုတ်ကောင်းအကြမ်းမှုန့် ထည့်ပေးပါ..
(အဆင်ပြေရင်)ဆန်အရက် နဲနဲ ထည့်ပေးပါ..


၃ မိနစ်လောက်မွှေပြီးရင် သုံးဆောင်နိုင်ပါပြီ..

သီချင်း


張三的歌


作詞:張子石  作曲:李壽全  

我要帶你到處去飛翔 

မင်းကို ခေါ်ပြီး နေရာအနှံ့ ပျံသန်း ချင်ပါတယ်..

走遍世界各地去觀賞

ကမ္ဘာ့အနှံ့ဆီ...

沒有煩惱沒有那悲傷 

စိတ်ရှုပ်စရာတွေ...၀မ်းနည်းစရာတွေ မရှိတဲ့...

自由自在身心多開朗

လွတ်လပ်တဲ့ ပျော်ရွှင်ခြင်းတွေနဲ့...

忘掉痛苦忘掉那地方 

နာကျင်ခြင်းတွေနဲ့ အဲဒီနေရာလေးကိုမေ့ပစ်ဖို့....

我們一起啟程去流浪

တို့တွေ တူတူ သွားကြမယ်လေ...

雖然沒有華廈美衣裳 
(ခုသွားမယ့်နေရာလေးက)
မိုးပျံတိုက်တာတွေ ..လှပတဲ့ အ၀တ်အစားတွေ မရှိပေမယ့်...

但是心裡充滿著希望

ရင်ထဲမှာတော့ မျှော်လင့်ချက်တွေနဲ့...

我們要飛到那遙遠地方看一看 

တို့တွေ အဲဒီနေရာလေးထိ သွားကြရအောင်....

這世界並非那麼淒涼

ဒီကမ္ဘာကြီးဟာ...ထင်သလောက် အခြေအနေ မဆိုးလောက်သေးပါဘူး....

我們要飛到那遙遠地方望一望 

တို့တွေ သွားကြစို့...အဲဒီ ..ဟိုးး အဝေးက နေရာလေးကို...

這世界還是一片的光亮

အဲ့ဒီနေရာလေးက ပျော်ရွှင်ခြင်း အလင်းတန်းတွေနဲ့..
ရှိနေမှာပါ....။။



(ဘာသာပြန်တာ အားမရပါဘူး...
အနီးစပ်ဆုံး ပြန်ပေးလိုက်ပါတယ်..)

ထဘီဖာ လိုပါသေးရဲ့ ။တဘက်ဖာလိုပါသေးရဲ့။ဘီးနှင့်မှန် လိုပါသေးရဲ့(၂)

ထဘီဖာ လိုပါသေးရဲ့
တဘက်ဖာ လိုပါသေးရဲ့
ဘီးနှင့်မှန် လိုပါသေးရဲ့

နေ၀င်းမြင့်
(ဆယ့်နှစ်ကြိုး ၀တ္ထုတိုများ
၁၉၉၂ အမျိုးသားစာပေဆုရ)


မကျင်လှဆုံးပြီးလို့ လေးနှစ်လောက်ကြာတော့ ကိုတက်ရိုး မိန်းမထပ်ယူတယ်။။ သက်ကယ်တန်းကပါပဲ။။
ဆွေကြီးမျိုးကြီးထဲကပါ။။ မငြိမ်းတဲ့ ။။ မငြိမ်းက အပျိုစစ်စစ်တော့ မဟုတ်ဘူး။။ မုဆိုးမ။ သူ့အရင်ယောင်္ကျား
က အပေါင်ဆိုင် ဖွင့်ထားတဲ့ တရုတ် ကိုကျင်မှိန် ။ ရွှေလေး ငွေလေးနဲ့ ချမ်းချမ်းသာသာပါပဲ ။။ ကိုကျင်မှိန်
နဲ့ ကလေးမရဘူး။။ အပေါင်ဆိုင်တရုတ်ဆုံးတော့ ကျီးကြည့်ကြောင်ကြည့် ဖြစ်နေတုန်း သူကြီးကိုတက်ရိုး
က ကောက်ယူလိုက်တာ။ အပေါင်ဆိုင် တရုတ်နဲ့ ကလေးမမွေးတဲ့ မငြိမ်းက သူကြီးကိုတက်ရိုးနဲ့ကျတော့ မွေးလိုက်
တာမှ ရှင်မွေးလွန်းဖြစ်ရော။ ။ ဆယ့်တစ်ယောက်တောင် (ဒါတောင်မှ ကြားထဲမှာ နှစ်ယောက်ပျက်ကျသေးတယ်)
ကိုတက်ရိုးရဲ့ အရင်မယားကရတဲ့ သားသမီးတွေနဲ့က အဆင်မပြေတော့ ၀ိုင်းထဲမှာ အိမ်သပ်သပ် ဆောက်ပြီးထားတယ်။။

အရင်မယားက သားသမီးတွေနဲ့ မငြိမ်းနဲ့သာ အဆင်မပြေတာ။ ကလေးတွေချင်းကျတော့ အဆင်ကိုပြေလို့ ချစ်ကြ
တယ်။။ ကိုတက်ရိုးကလည်း မငြိမ်းမို့ မျက်နှာသာမပေးဘူး ။အရင် သားသမီးတွေမို့လို့လည်း ဦးစားမပေးဘူး။
မျှမျှတတပဲ။။

ခြံဝိုင်းကြီးထဲ စပါးကျီ ။ပဲကျီ ကြီးကြီးဆောက်ပြီး ရလာတဲ့ စပါး ။ပဲ ။ နှမ်းလှောင်ထားတာပဲ ။။ မျိုးချန်စရာရှိတာ ချန်။
ရောင်းစရာရှိတာ ရောင်း။ စားဖို့ သိမ်းတာသိမ်းနဲ့ ရသမျှ တစ်စုတစ်စည်းတည်း ထားတာပါပဲ။။

ကိုတက်ရိုး အသက်ခြောက်ဆယ် တော်တော်ကျော်လာတော့ သူကြီးအလုပ် စိတ်ကုန်လာတယ်။။ အသက်ကလည်း
ရလာပြီ။ လယ်တွေ ချောင်းတွေကလည်း ရှိသေးတယ်။။ ရွာကိစ္စတိုင်းကို ထစ်ခနဲဆို သူမသွားနိုင်တာလည်းပါတယ်။
ဆိုင်ရာဆိုင်ရာနဲ့ ညှိနှိုင်းပေးကမ်းပြီး သူ့သားငမှင်ကို သူကြီးရာထူးအပ်ပြီး သူက နားတယ်။။ သျှောင်တစောင်းနဲ့ သူကြီး
ကိုတက်ရိုးနေရာမှာ ဘိုကေနောက်မြင့်နဲ့ သူကြီး ဦးမှင်ပြောင်းတာကလွှဲရင် သက်ကယ်တန်းရွာက သူကြီးအပြောင်း
အလဲကို သိတောင်မသိလိုက်ကြဘူး။။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ရွာကလေးမှာ သူကြီးအပြောင်းအလဲကို သိပ်ဂရုစိုက်
နေကြတာလည်း မဟုတ်ဘူး။။


တစ်နေ့ ငမှင်သူကြီးဖြစ်မယ်ဆိုတာ ကြိုသိနေကြတော့လည်း အသွားမပျက် ။အစားမပျက်ပါပဲ ။။ ကိုမှင် သူကြီး
ဖြစ်လို့မှ မကြာသေးဘူး။ သူ့အဖေ သူကြီးဟောင်း ကိုတက်ရိုးရဲ့ နောက်မယား မငြိမ်းသေပြန်ရော။။ မငြိမ်းသေတော့
သူကြီးဟောင်း ကိုတက်ရိုးကခုနှစ်ဆယ်ကို သုံးနှစ်စွန်းနေပြီ ။။ လယ်လေး ကိုင်းလေးလည်း ကွပ်ကဲရသေးတယ်။။
ရပ်မှု ရွာမှုကလည်း တစ်ဖက် ။ ညီအစ်ကို မောင်နှမတွေအရေးက တစ်ဖက်နဲ့ ဂျင်ခြေကိုလည်လို့ ။။


ညီအစ်ကိုမောင်နှမတွေကို အိမ်စောင့်ချသင့်သူချ။။ ကျောင်းထားဖို့ မြို့ကို ပို့သင့်သူပို့ ။။ လယ်ထဲကိုင်းထဲ ဆင်း
ခိုင်းသင့်တဲ့သူကို ဆင်းခိုင်း လုပ်နေတုန်းမှာပဲ သူကြီးဟောင်း ကိုတက်ရိုးက ပုတီးကလေး လည်ပင်းဆွဲပြီး ဘုန်းကြီးကျောင်း
သွားသွားနေတာ နေ့တိုင်း ။။ ဘုန်းကြီးကျောင်းသွားတဲ့လမ်းမှာ ရီးပေါက်စတို့ သက်ကယ်ပျစ်တဲ့ တဲကြီးရှိတယ်။။
ဟိုရွာသည်ရွာက မိန်းကလေး တော်တော်များများလည်း ရီးပေါက်စတို့ အိမ်မှာနေရင်း သက်ကယ်ပျစ်ကြတယ်။။
အဲဒီအထဲမှာ ဖလံကျင်းက မမြသင် လည်း ပါတယ်။။ အိမ်ရှေ့ ဖြတ်ဖြတ်သွားတဲ့ သူကြီးဟောင်း ကိုတက်ရိုးကို
ရီးပေါက်စက ` `အိမ်များလဲ ၀င်ပါဦး သူကြီါ်ရဲ့ ။ ၀င်ကောင်းပါတယ် ´´ ဘာညာဆိုတော့ သူကြီးလည်း ၀င်ဖြစ်ရော။။
ဝင်ရင်း ၀င်ရင်းကပဲ သူကြီးဟောင်း ကိုတက်ရိုး မိန်းမလိုချင်လာရော ။။ ဒါကို ရီးပေါက်စက သိတယ် ။။ ရီးပေါက်စက
ဒါတင်ကို သိတာမဟုတ်ဘူး။။ သူကြီးဟောင်းရဲ့ လယ်တွေ ချောင်းတွေကိုလည်း သိတယ်။။ အရင်မယားတွေက
ကျန်ရစ်တဲ့ ကြံဆစ်လက်ကောက်တွေ ပန်းတစ်လိမ် နန်းတစ်လိမ် ဘယက်တွေ ။ အမ်စီကြိုးတွေကိုလည်း သိတယ်။။
သေတ္တာနဲ့ နှစ်လုံးလောက် ကျန်ရစ်တဲ့ ထဘီတွေ အ၀တ်အစားတွေကိုလည်း သိတော့ မမြသင်ကလေးနဲ့
အောင်သွယ်တယ် ။။ အောင်သွယ်ခလေးစားလိုက် နားလေးချလိုက်နဲ့ နှစ်နှစ်လောက်ကြာတော့ မင်္ဂလာဆောင်
ဖို့ ရက်သတ်မှတ် တဲ့အထိ ဖြစ်လာတယ်။။ ပထမတော့ မမြသင်က ငြင်းတယ် ။။ ခုနှစ်အိုကျား ရှစ်အိုကျားကြီး
မယူချင်ပေါင်တဲ့ ။။


နောက်တော့ ရီးပေါက်စလည်း အပို့ကောင်း ။မမြသင်မိဘများကလည်း သည်သတင်းကြားတော့ တွန်း။ ကြာတော့
မမြသင် အင်း လိုက်ရတယ်ဆိုပါတော့ ။။


အဲဒီမှာတင် သူကြီးဟောင်း ကိုတက်ရိုးနဲ့ ဖလံကျင်းသူ မမြသင် မင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်း ထွက်လာလိုက်
တာ ပဒူအုံ တုတ်နဲ့ထိုးလိုက်သလိုပဲ။။


( ၃ )



မင်္ဂလာဆောင်မယ့် အကြိုညက မဏ္ဍပ်ထဲမှာ အောက်လင်းဓာတ်မီးတွေဆိုတာ ထိန်လို့ ။။ မကွေးကို
တက်ငှားတာ ဓာတ်မီးဖိုးကချည်း တစ်ရာလောက်ကျတယ်။။ ချက်တဲ့လူက ချက် ပြုပ်တဲ့လူက ပြုပ်ပေါ့။။
သူကြီးကိုမှင် မျက်နှာနဲ့ ဟိုရွာသည်ရွာက လာပို့တဲ့ ၀က်တို့ ကြက်တို့ဆိုတာ ဖောချင်းပဲ ။။ အရက်ဆိုတာကတော့
မပြောနဲ့တော့ ပလပ်စတစ်ပုံးကြီးတွေနဲ့ တည်ထားတာ ။ သောက်စမ်း ကြိုက်သလောက်။။


ရွာက တီးဝိုင်းကလည်း ရသမျှသီချင်းတွေနဲ့ ဧည့်ခံလို့ ။။ သူကြီးဟောင်း ကိုတက်ရိုးကတော့ တစ်ခါမှ
ထုတ်မပေါင်းဖူးတဲ့ ပန်းနုသွေး မင်္ဂလာရောင်ခေါင်းပေါင်း နှစ်ပတ်ကျော့လေးနဲ့ တကယ့် ကာလသားလေး
ကျနေတော့တာ ။။ လည်ကတုံးအင်္ကျီလျှာဖတ်လတ်မှာ ရွှေသီးဆိုတာ တစ်လုံးတစ်လုံးကို မှည်ကျည်းစေ့
လောက်ရှိတယ် ။။ တစ်ချက်မှလည်း ဣနြေ္ဒမရဘူး ။။ ရပ်မိရပ်ဖတွေထိုင်တဲ့ လူကြီးဝိုင်းပဲ ၀င်ထိုင်ရတော့
မလိုလို ။ ကာလသား တီးဝိုင်းထဲဝင်ပြီး မေတ္တာသတ္တော အနန္တော မြတ်ရှင်စော ဟောကြားကာရယ်ပဲ ဟဲရတော့
မလိုလိုနဲ့ ။။

သူကြီး ကိုမှင်ကတော့ ဖအေသတို့သားကို ကြည့်ရင်းက ပြုံးပြုံးကြီး ။။ မငြိမ်းနဲ့ရတဲ့ကလေးတွေကလည်း
သူတို့အဖေ အိုကြီးအိုမကို ကြည့်ပြီး ရှက်တဲ့လူကရှက်လို့ ။ မူးတဲ့သူက မူးလို့ ။။ ပျော်တဲ့လူက ပျော်လို့ ။။
မမြသင်ကိုတော့ မတွေ့ရဘူး ။ရှက်လို့ပဲလား ညွတ်နေအောင်ဆင်ထားတဲ့ ရွှေတွေနဲ့ မနေတတ် မထိုင်တတ်
လို့လား မသိဘူး ။။ မ္ဌပ်ထဲကို တစ်ခါမှ မလာဘူး။။ တချို့ကလည်း ရီးပေါက်စတို့အိမ်မှာ ငိုနေလိုက်တာ ရှိုက်ကြီး
ငင်ကြီးတဲ့ ။။ တချို့ကလည်း မဟုတ်ပါဘူးတဲ့ ။။ သင်းကြူကြူပေါင်ဒါလေးလိမ်းလိုက် ။သီချင်းလေး ညည်းလိုက်
နဲ့ပါတဲ့ ။။


ခက်တာက မမြသင်ရဲ့ အဖေနဲ့အမေပဲ။။ သူကြီးဟောင်းရဲ့ ယောက္ခမသာ ပြောရတယ်။။ သမက်က သူတို့ထက်
ကြီးနေတော့ သားပဲခေါ်ရမှာလား ။သူကြီးလို့ လွယ်လွယ်ခေါ်ရမှာလား မဝေခွဲတတ်ဘူး ဖြစ်နေတယ်။။ ကိုတက်ရိုး
ကလည်း ယောက္ခမတွေကို ခေါ်ရင် ဒီမယ်တဲ့ ။။

နောက်တစ်နေ့ မိုးလင်းလို့ ဘုန်းကြီးကျောင်း မင်္ဂလာဆွမ်းအုပ်ပို့ပြီးတာနဲ့ရွာက ရွာမိရွာဖတွေ ထမင်းကျွေးဖို့
စီစဉ်တယ်။။ ထမင်းမကျွေးခင် ဟိုဘက်ဒီဘက် ဆွေမျိုးမိဘတွေ ။လူကြီးသူမတွေ ခေါင်းရင်းဘက် တန်းစီထိုင်ပြီး
သတို့သမီး ။ သတို့သား မင်္ဂလာစကားပြောမယ်လုပ်တော့ မမြသင်နဲ့ ကိုတက်ရိုးက ပီဘိကျုံ့ကျုံ့ကလေးထိုင်လို့။
မမြသင်ကတော့ စံပယ်ပွင့်တွေ ဝေနေအောင်ပန်ထားတယ်။။ မျက်နှာကလည်း ပန်းသွေးထနေလိုက်တာ ရဲလို့။
ခေင်းကလည်း ငုံ့ထားလိုက်တာ ဇက်ကျိုးတာကမှ လှုပ်လိမ့်ဦးမယ်။။ မိန်းမသုံးယောက်နဲ့ မင်္ဂလာဆောင်ဖူးသွားပြီ
ဖြစ်တဲ့ ကိုတက်ရိုးကတော့ ရှိုးတိုးရှန့်တန့်တော့ မဖြစ်ဘူး။ ဒါပေမယ့် ရှက်တော့လည်း ရှက်တာပါပဲ။။
သူ့သဘောအတိုင်းဆို မင်္ဂလာဆောင်ဖို့ စိတ်မကူးဘူး ။သည်အတိုင်း ပေါင်းလိုက်ရုံတွက်ထားတာ။။ ဒါပေမယ့်
မမြသင်ဘက်က လက်မခံဘူး။။ သူ့သမီးအပျိုနုနုထွတ်ထွတ်ကို မင်္ဂလာဆောင်ယူရမယ်ဆိုလို့သာကိုး။။


မမြသင်ရဲ့ မိဘနှစ်ပါးနဲ့ ရပ်မိရပ်ဖတွေ သူ့သား သူကြီး ကိုမှင်တို့ ခေါင်းရင်းခန်းနေရာ ၀င်ယူတော့
လာသမျှဧည့်သည်တွေကလည်း အထူးအဆန်းဖြစ်လို့ ။ ငြိမ်လို့ ။ ပြုံးလို့ ။ဒါပေမယ့် မင်္ဂလာစကားကို
ဘယ်သူက စပြောမယ်ဆိုတာ ညှိမထားတော့ တိတ်ဆိတ်နေလိုက်တာ အကြာကြီး ။။တစ်အောင့်နေတော့မှ
ရွာက စက်ပိုင်ဦးဘရှင်က....
``မောင်မှင် မင်းက ရွာမှာသူကြီးပဲ။မင်းက စပြောကွာ´`တဲ့

ကိုမှင်က ဘယ်လိုမှ မျှော်လင့်ထားတာမဟုတ်ဘူး။။သူစကားပြောရမယ်လို့လည်း မထင်ထားဘူး။။
ပြောလည်းမပြောသင့်ဘူးလို့ တွက်ထားတာကိုး။ဒါကြောင့် ဦးဘရှင်က ပြောခိုင်းတော့ တွန့်သွားတယ်။။

``ဟာ...မဟုတ်တာ။ဘကြီးရှင်ပဲ ပြောပါဗျာ´´

´´အေးပါ တို့လဲပြောမှာပါ ။ဟိုဘက်ဒီဘက်မိဘများကလဲ ပြောရမှာလေ ။။မင်းက
အဖေဘက်က လူကြီးတစ်ယောက်အနေနဲ့ရော ရွာက သူကြီးအနေနဲ့ပါ မင်းစပြောမှ တင့်တယ်မှာပေါ့´´

အဲဒီတော့ ရွာကလူတွေကလည်း စိတ်ဝင်စားလာကြတယ်။။ ကိုမှင်ကတော့ ချွေးတွေသံတွေတောင်
ထွက်လာတယ်လို့ထင်တယ်။ သူ့ရှေ့က ဖလားစုံ ကွမ်းအစ်ကြီးထဲက ကွမ်းသီးတစ်ဖတ် ကောက်ဝါးထည့်
ပြီး အကြောကြီးနေတော့မှ.......

` အဟမ်း.........´

ချောင်းမဟန့်ချင်ဘဲ ဟန့်တော့ လူတွေက တဝေါဝေါ စကားပြောနေကြတာ ငြိမ်သွားတယ်။။

`အဖေနဲ့ အဲ......အဖေနဲ့ပေါ့လေ မမြသင်နဲ့ ` ကိုမှင်က ဆက်ပြောလို့ မရသလို ရပ်သွားတယ်။။
ကွမ်းသီးတစ်ဖတ် ထပ်နှိုက်တယ်။။ ၀ါးတယ်။ မဆီမဆိုင် ရေနွေးကြမ်းတစ်ပန်းကန်ငှဲ့တယ်။။

` အဖေနဲ့ မမြသင် ဘာသာဘာဝ ထိမ်းမြားကြလို့ မင်္ဂလာစကားပြောပါဆိုတော့ ကျွန်တော်တို့
ဗုဒ္ဓဘာသာမှာရှိတယ်....ပုဆိုးတန်းတင် အကြင်လင်မယားတဲ့...အဟမ်း....အရွှေခုနှစ်အိမ် အနောက်ခုနှစ်အိမ်
သိကြလို့ မြန်မာထုံးစံ ကန်တော့ပွဲနှင့် ကွမ်းဆေး လက်ဖက်နဲ့ ဧည့်ခံလို့ လင်မယားအရာ
မြောက်ပြီဆိုတာနဲ့......

ကိုမှင်က ငှဲ့ထားတဲ့ ရေနွေးကြမ်းပန်းကန်ကို ယူပြီး ရွှက်ခနဲ သောက်တယ် ။။သူကြီးဟောင်း ကိုတက်ရိုး
ကတော့ သူ့သား ကိုမှင်ကို မျက်ထောက်နီကြီးနဲ့ ကြည့်နေတယ်။။ လူတွေက ရယ်ချင်ပေမယ့် မရယ်ဘဲ
တင်းထားတဲ့ရုပ်တွေနဲ့။။ ကိုမှင်ကလည်း သူ့စကား အမြီးအမောက် မတည့်တာ သူ့ဟာသူ သိတယ်။။
ဘာဆက်ပြောရမှန်းလည်း မသိဘူး ခဏနေတော့မှ

`အဲဒီတော့ကာ မမြသင်ကလဲ မယားဝတ္တရား ငါးပါးနဲ့တူတယ်....အဲဒါရှိတယ်။
အဖေကလဲ လင့်ဝတ္တရား ငါးပါးနဲ့အညီ တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့နော်ဗျာ။
ရသမျှ ဥစ္စာလဲ တူအမျှ ။ရသမျှ ကုသိုလ်လဲ တူအမျှဆိုသလို အဲ........ဆိုသလို မမြသင်ကလဲ ကိုယ့်လင်သား
ကို လင်သားလို အစ်ကိုလို.....အဖေလို ဆက်ဆံရမယ် ။အဖေကလဲ ဒီလိုပဲနော် ။အဖေကလဲ ခါတိုင်းလို မိုက်နဲ့တော့´


သူကြီးဟောင်း ကိုတက်ရိုးက သူ့သားကိုမှင် ပြောနေတာကို ဒေါသဖြစ်နေလို့လား ။စိတ်ပဲ မကောင်းလို့လား
မသိဘူး ။။ မျက်လုံးတွေကလည်း ပြူးလို့။။

`မမိုက်နဲ့ဆိုတာက အဖေ ကက်လဲဖြတ်တော့ ။အရက်လဲဖြတ်တော့။အသက်ကလဲ နထင်ဆောင့်နေပြီ´
ကိုတက်ရိုးက သူ့သားကိုမှင်ရဲ့ မင်္ဂလာစကားထဲမှာ ကက်တွေရော အရက်တွေရော။ မမိုက်နဲ့တော့ရော ပါလာတဲ့
အထိက ဘာမှမပြောသေးဘူး အသက်နထင်ဆောင့်နေပြီ ဆိုရော.............


`ဟေ့ကောင် ငမှင် ခွေးသား တော်တော့ကွာ ´ တဲ့။။

အော်လိုက်တာ မင်္ဂလာပွဲလာကြတဲ့လူတွေဆိုတာ အုံးခနဲ ထရယ်တာ ပတ်တုတ်ယူရတယ်။။




( ၄ )


အရင်မယားနှစ်ယောက် ယူခဲ့တုန်းက မယားတွေသာ သေခဲ့တဲ့ သူကြီးဟောင်း ကိုတက်ရိုး
မမြသင်နဲ့ညားလို့ ခြောက်လလောက်လည်း ကြာရော သည်တစ်ခါသေတာ သူကိုယ်တိုင်
ဖြစ်သွားတော့တယ်။။ အဲဒီတုန်းက မူလကိုယ်ခံစွမ်းအား လျော့နည်းကျဆင်းသည့်
ရောဂါဆိုတာလည်း မပေါ်သေးပဲနဲ့ သူကြီးဟောင်း ကိုတက်ရိုးကတော့ တပိန်ပိန် တလိန်လိန်နဲ့
လုံးပါးပါးပြီး သေသွားတာ ။။ ဘာရောဂါရယ်လို့ မည်မည်ရရလည်းမရှိဘူး။။


သူကြီးဟောင်းကိုတက်ရိုး ခုနှစ်ဆယ်ကျော်လို့ သေသွားတာက သတင်းမဟုတ်ပေမယ့်
ကျန်ရစ်တဲ့ မမြသင်ကတော့ ကိုယ်ဝန်နှစ်လ ကျန်ရစ်တယ်ဆိုတာကမှ သတင်းဖြစ်နေတော့
ရွာကလူတွေက ဟယ်.........ဟုတ်ပါ့မလားပေါ့ ။။ မဖြစ်နိုင်ပါဘူးပေါ့။။ သူကြီးဟောင်း
သေပြီးလို့ မကြာပါဘူး ။ မမြသင် ဗိုက်ကလေးစူလာတော့မှ လူတွေက ဟုတ်ပါ့တော်။ သူကြီးဟောင်း
ကိုတက်ရိုးတို့များ သေခါနီးတောင် ခုနှစ်ထွေကလေးနဲ့တဲ့ ။။



(ပြီးပါပြီ)

မြားနတ်မောင် မဂ္ဂဇင်း။
အတွဲ ၁ ။အမှတ် ၁။
၁၉၉၀ခုနှစ် ။ဧပြီလ




ထဘီဖာ လိုပါသေးရဲ့ ။တဘက်ဖာလိုပါသေးရဲ့။ဘီးနှင့်မှန် လိုပါသေးရဲ့

ထဘီဖာ လိုပါသေးရဲ့
တဘက်ဖာ လိုပါသေးရဲ့
ဘီးနှင့်မှန် လိုပါသေးရဲ့

နေ၀င်းမြင့်
(ဆယ့်နှစ်ကြိုး ၀တ္ထုတိုများ
၁၉၉၂ အမျိုးသားစာပေဆုရ)
(၁)

ရွာသူကြီးဟောင်း ကိုတက်ရိုးက ဖလံကျင်းသူ မမြသင်နဲ့ မင်္ဂလာဆောင်တော့မယ်ဆိုတာ
သက်ကယ်တန်း တစ်ရွာလုံးက ရယ်လိုက်ကြတာ အုန်းအုန်းထလို့ ။။ တချို့ကတော့လည်း မရယ်နိုင်
ကြဘူး ။။
ကိုယ့်ရွာသူကြီးဟောင်းကိုသိပေမယ့် ဖလံကျင်းသူ မမြသင်ကို တချို့က မမြင်ဖူးကြပဲကိုး ။။
သက်ကယ်တန်းနဲ့ ဖလံကျင်းသူဆိုတာ တစ်နယ်တော့ တစ်နယ်တည်းပဲ ။။ဒါပေမဲ့ နည်းနည်းတော့
လှမ်းတယ် ။။ နေ့ဝက်ခရီးလောက် သွားရတယ် ။။ မမြသင်က သက်ကယ်တန်းက အရီးပေါက်စတို့နဲ့
ဆွေရိပ်မျိုးရိပ် မကင်းတော့ သက်ကယ်ပျစ်ချိန်ဆိုရင် သက်ကယ်ပျစ်ဖို့ တစ်နှစ်တစ်ခေါက်
ရောက်လာတတ်တယ်။။ အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်းကလေးနဲ့ ။။ရှိလှမှ အသက်က နှစ်ဆယ်ကျော်
ရင် တစ်နှစ်ပဲ ။။ ရွာက သူကြီးဟောင်းကိုတက်ရိုးကတော့ အသက်ခုနှစ်ဆယ်ကျော်လို့ ရှစ်ဆယ်သီသီ
ဝေ့နေပြီ ။။ ကညာပျိုနဲ့ ဇရာအိုရယ်လို့တောင် မဟုတ်တော့ပါဘူး။။ တချို့က မြေးအဘိုးတဲ့ ။။
တချို့က နှမြောလို့တဲ့ ။စုတ်တသပ်သပ်နဲ့ တချို့ကလည်း ဘ၀အကြောင်းကို တော်ရဲ့တဲ့။။
တချို့ယောင်္ကျားတွေကတော့ မိန်းမလေးနှယ် ကြိုက်စရာရှားလို့ကွာ....ချီးး ဆိုတဲ့ အာခံတွင်း
သံကြီးနဲ့ ။။

ဘာပဲဖြစ်ဖြစ်လေ ။ပဲနှမ်းလေးပေါ်တာနဲ့ မင်္ဂလာဆောင်တော့မယ်ဆိုတာကတော့ သေချာနေပြီ ။။
အရီးပေါက်စကပဲ ကမကထလုပ်ပြီး မကွေးဘက်တက် လက်ဖက်လေး ဆေးလေးဝယ်လို့ အိပ်ရာ
ခမ်းနားလေး ၀ယ်လို့ ။ မမြသင်ဖို့ အ၀တ်အစားလေး ဘာလေး ၀ယ်လို့ ။။ တတိတိနဲ့ လုပ်နေကြပတဲ့။။
မမြသငိဘက်က မိဘဆွေမျိုးများကလည်း သက်ကယ်တန်းကို လိုက်လာလိုက်တာ နှစ်ခေါက်တောင်
ရှိပတဲ့။။


(၂ )

သူကြီးဟောင်း ကိုတက်ရိုးလို့သာ ပြောရတာ ဘကြီးတက်ရိုး ။ ဒါမှမဟုတ် ဘိုးတက်ရိုးတောင်
ဖြစ်နေပါပြီ ။။ သျှောင်တစောင်းကလေးနဲ့ ပိတ်ဖြူလေး ကပိုကရိုရစ်ခွေပတ်ထားတတ်
တာလည်း ရှိရဲ့ ။။ ကြာဆံချောင်းတွေလို ဆံပင်ဖြူဖြူ ကျားကျားတွေက ပိတ်စခေါင်းပေါင်းပါဝါ
ကြားက ထွက်နေလိုက်တာ အမျှင်မျှင်ထလို့ ။။ သွားဆိုတာလည်း ဘယ်တုန်းကမှ တိုက်ခဲ့
ပုံမရဘူး ။။ နီညစ်ညစ်နဲ့ ။။ ကွမ်းသွားချေးတွေ တက်နေလိုက်တာလည်း ရွံစရာကြီး။။ သည်
ကြားထဲ သွားတွေက ကျိုးနေလိုက်သေးတယ် ။။စိုက်သွားလေးကူထားလို့ ပါးချိုး ပါးချောင်
တော့ သိပ်မကျလှသေးဘူး ။။ အသားကတော့ တောသူတောင်သားပီပီ ညိုတဲ့ဘက်ကျော်ပြီး မှောင်တဲ့
ဘက်ရောက်နေလို့ သူနဲ့ ရာထူးတူတဲ့ သူကြီးချင်းကတောင် သက်ကယ်တန်းသူကြီးက
နချီးပိုးထိုးတဲ့ ။။

သူ သူကြီးဘ၀တုန်းက ဘာအကြောင်းလဲ ။သူကြီးအာဏာ လက်တစ်ဆုပ်လောက်နဲ့ပေမယ့်
ရွာမှာတော့ ဖိန့်ဖိန့်တုန်ထဲကပဲ ။။ ရွာဘုရားပွဲတွေမှာ သူများ သူကြီးတွေလို နှစ်လုံးပြူးတွေ
ဘာတွေ ကိုင်မနေပါဘူး ။။ ၀ါးရင်းတုတ်ကြီးကြီး လက်တစ်ကိုင်လောက်ကို သူ့အရပ်နဲ့ တိုင်းဖြတ်
ပြီး ကိုင်ထားရုံပဲ ။။ သူ့နောက်က ရာအိမ်မှူး ငမှုံကို ခေါ်ခဲ့ပြီး ပွဲခင်းတစ်ခင်းလုံး လှည့်နေတော့တာ ။။


သက်ကယ်တန်းသူကြီး ကိုတက်ရိုးဆိုလို့ကတော့ မူးတဲ့လူတောင် အမူးပြေလောက်အောင်
ကြောက်တယ် ။။ မိုက်လို့ ဆိုးလို့များတော့ ရိုက်စရာရှိရင် ကျွဲရိုက်နွားရိုက်ပဲ။။ လူတိုင်းတော့
အကြောင်းမဲ့ ရိုက်နှက်နေတာမဟုတ်ပါဘူး။။ တော်တော်ဆိုးမှပါ ။။ သူပိုင်တဲ့လယ်တွေ ချောင်း
တွေ ဆိုလည်း မပြောနဲ့တော့ ။။ အနောက်ကွင်း နတ်ကွန်းစင်ဘက်ကနေ လက်ညှိုးသာထိုးလိုက်
မြစ်နားတန်း ညို့ညို့အထိက သူ့လယ်ချည်းပဲ ။။ မြေပဲခင်း ။နှမ်းခင်းဆိုတာတော့ မမြင်ချင့်
အဆုံး ။။

အရက်ကလေးကလည်း ကြိုက်တယ် ။ဒါကလည်း တမင်ကျင့်ထားရတာ ။။ဝန်ထောက်တို့ မြို့ပိုင်တို့
လာရင် ဒါမှ အဆင်ပြေတာကိုး။။ ကက်တော့ တော်တော်ဝါသနာကြီးတယ် ။။သူကြီးရင့်မကြီးလုပ်ပြီး
နေ့လယ်နေ့ခင်း ဈေးလယ်ကောင် ကက်သွားဆွဲချင်ဆွဲနေတတ်တာ ။ ၀ါးရင်းတုတ်ကြီး
ဆိုင်ဘေးထောင်ပြီး တစ်နေကုန် ထုံးခွေကြေး ကက်ဆွဲကြတော့ သူ့မျက်နှာ ထုံးတွေ အစင်းလိုက်ပဲ။။

သူများမျက်နှာတွေလည်း ထုံးတွေ အချောင်းလိုက်ပဲ။ ညနေ မိုးချုပ်ခါနီး ကက်ဝိုင်းပြီးလို့
ပြန်လာရင် မျက်နှာသစ်လာတာ မဟုတ်ဘူး။။ ထုံးကြောင်း အရစ်အရစ်တွေနဲ့ သည်အတိုင်း
အိမ်ကိုပြန်လာတာ ။။ အိမ်ရောက်တော့မှ မျက်နှာသစ်တယ် ။။(သူကြီးဆိုတော့လည်း မျက်နှာ
က ထုံးတွေနဲ့ ရယ်စရာကြီးဖြစ်နေပေမယ့် လမ်းတွေ့တဲ့လူကလည်း မရယ်ရဲဘူး။။)

`ကနေ့ အဖေချည်းရှုံးတာပဲ သမီးရေ´ ဆိုပြီး အိမ်ပေါ်တက်လာတော့ သမီးကြီး(တတိယသမီး)
တင်ဥက `အဖေကလဲတော် သူကြီးလုပ်နေပြီး မျက်နှာထုံးတွေနဲ့ မရှက်ဘူးလား´ လို့အမြဲပြော
တတ်တယ်။။
`ဟ....သူကြီး ဘာဖြစ်တုံး..သူကြီးလဲ လူပဲဟ´ ဆိုပြီး မျက်နှာသစ်တယ် ။။နောက်တစ်နေ့
နေ့လယ်ကက်ဝိုင်းသွားမြဲပါပဲ။။ တစ်ခါတလေ ကစားဖက်ကနိုင်လို့ သူကြီးမျက်နှာ ထုံးမခွေရဲဘူး
ဆိုရင်....
`ဟကောင် ခွေလကွာ..သူကြီးမို့ ထုံးမခွေဘူးဆိုရင် ဘယ်တရားပါ့မလဲကွ...ကက်ဆွဲရတာ
ဘယ်အရသာ ရှိတော့မှာလဲ...လုပ်ပါ ငါ့ကောင်ရ..ခွေပါ..´ လို့ပြောပြီး မျက်နှာထိုးပေး
တတ်တယ် ။။ တကယ်က ကိုတက်ရိုးက သူကြီးရိုးမဟုတ်ဘူး ။ပညာကတော့ အပြင်အောင်ခြင်း။
အတွင်းအောင်ခြင်းလောက်ပါပဲ ။။ သူ့အရင် သက်ကယ်တန်းသူကြီးက ကိုကံရင်တဲ့ ။။
အဲ့ဒီတုန်းက ကိုတက်ရိုးက သူကြီးရဲ့ ညာလက်ရုံး ။။သူကြီးကိုကံရင်မှာ သားမရှိဘူး။။
သမီးတွေချည်း မွေးထားတာ ။သူကြီးကိုကံရင် အသက်ကြီးတော့ သူ့သမီးတွေထဲက မကျင်လှ
ကို ကိုတက်ရီုးနဲ့ ပေးစားတယ် ။။ ဒါဘာပွဲတို့ မင်းပွဲတို့မှာ ကိုတက်ရိုးကို ပွဲထုတ်တယ် ။။
ကိုကံရင်သေတော့ သမက်ကိုတက်ရိုး သူကြီးဖြစ်လာတာပါပဲ ။။သူကြီးဖြစ်တဲ့နှစ်က ကိုတက်ရိုး
ပိုက်ဆံတော်တော်ကုန်တယ် ။။ မြို့ပိုင်တို့ နယ်ပိုင်တို့ ရွာကိုကြွတော်မူတယ်ဆိုရင် ကိုတက်ရိုးက
အရိုးခံမဟုတ်လား ။။ ဘာမှ မလုပ်တတ်ဘူး ။သူ့မိန်းမ မကျင်လှက သူကြီးသမီးဆိုတော့ ဘာလုပ်ရမလဲဆိုတာ
သိတယ်။။ ဒီလို ဒီလို လုပ်ပေါ့ ။ ဒီဟာ ဒီဟာ ကျွေးပေါ့ ။ ဒါလေး ဒါလေး ပေးပေါ့ဆိုတော့
သူကြီးပါးဝသွားတော့တယ်။။

မကျင်လှနဲ့က နှစ်အစိတ်လောက် ပေါင်းလိုက်ရတယ် ။။ မကျင်လှ မီးယပ်သွေးဆုံးနဲ့
သေတော့ ကိုတက်ရိုးက ငါးဆယ်ကျော်ရုံရှိသေးတယ်။။ အရွယ်ကောင်းတုန်း ။သားနှစ်ယောက်
သမီးသုံးယောက်ကျန်ရစ်တယ် ။။ ငတင် တဲ့ ။ ငမှင် တဲ့ ။ မတင်ဥ တဲ့။ မကျင်နု တဲ့။ မခင်ပု တဲ့။။

သားကြီးကိုတင်က ခေတ်ပညာတတ်တယ် ။မကွေးမှာ ကျောင်းထားတယ်။ သူကြီးလည်း
လုပ်ချင်ပုံမရတော့ သားလတ်ကိုမှင်ကို နားသွင်းရတယ် ။။သူကြီးလက်စွဲလေးဘာလေး
ဖတ်ခိုင်း ။ရပ်အမှု ရွာအမှုတွေ စစ်တော့ နားထောင်ခိုင်း ။သူကြီးအစည်းအဝေးလေး
ဘာလေး စာရင်းလုပ်ခိုင်း ။ကောက်ခိုင်းနဲ့ သူကြီး ထရိန်နင်ပေးလိုက်တာ ရွာက တော်ရုံကိစ္စ
ကိုမှင်နဲ့တင် ပြီးတယ် ။။


(ဆက်ရန်......
မျှော်.....)

(ဒီဝတ္ထုလေး ရယ်ရလွန်းလို့ တင်တာပါ..တင်ချင်နေတာကြာပြီ...စာရိုက်ပျင်းနေလို့
စကင်နာ(scanner) မမေးပါနဲ့ ။မရှိပါဘူး)



ကမ်းစပ်နဲ့ ရေလှိုင်း


မနက်က သူငယ်ချင်းမင်္ဂလာဆောင်သွားပြီးတော့..ကမ်းစပ်ကိုတန်းသွားဖြစ်ပါတယ်..
ရေလှိုင်းလေးနဲ့ တွေ့ဖို့လေ...


ငါးလေးသနားပါတယ်..



အတူသွားတဲ့ သူငယ်ချင်းတွေနဲ့ ကဲနေတဲ့ချန်း..

ရေညှိပင်တွေ..
သူငယ်ချင်းကတောင် ခူးလာသေးတယ်..
ဟင်းရည်ချက်စားရအောင်တဲ့..
ဒါက နောက်တိုးပုံ( ရေညှိပင်လှတယ်ဆိုလို့..ဇွတ်)





နောက် ကမ်းစပ်တစ်ခု..
ဒီမှာတော့ သဲသောင်ရှိတယ်..


sunsetကို ကြိုက်လို့ အများကြီးရိုက်လာခဲ့တယ်...



ဒါနောက်ဆုံးပဲ...
ဒါနောက်ဆုံးပါပဲ...(ဒီနေ့ အတွက် နောက်ဆုံးရိုက်ခဲ့တဲ့ပုံလို့ပြောတာပါ)
သွားရတော့မယ် ရေလှိုင်းရေ..
နုတ်ဆက်ခဲ့ပါတယ်..။။

No Regrets

執迷不悔


這一次我執著面對  任性地沉醉 

我並不在乎 這是錯還是對 

就算是深陷  我不顧一切

就算是執迷  我也執迷不悔



別人說我應該放棄  應該睜開眼 

我用我的心 去看去感覺 

你並不是我  又怎能瞭解

就算是執迷  讓我執迷不悔


我不是你們想的如此完美

我承認有時也會辨不清真偽

並非我不願意走出迷堆 只是這一次

這次是自己而不是誰


要我用誰的心去體會 真真切切地感受周圍

就算痛苦 就算是淚 也是屬於我的傷悲


我還能用誰的心去體會 真真切切地感受周圍

就算疲倦 就算是累 也只能執迷而不悔


(အခုလောလောဆယ်နားထောင်မိတဲ့သီချင်းပါ
ဘာသာပြန်ဖို့တော့ စိတ်မအားသေးလို့ပါ
ဖြစ်သလိုပြန်လိုက်ရင် သီချင်းပေါ့သွားမှာစိုးလို့ပါ
ဘေးက youtubeမှာ နားထောင်လို့ရပါတယ်..
သီချင်းလေးက...
အဟောင်းလေးပေမယ့် အကောင်းလေးပါ)