27th Dec: 2009

အဲဒီနေ့က...
နေ့လည်စာစားပြီး အပြင်ထွက်ဖြစ်တယ်..။။ ဦးတည်ချက်တစ်နေရာကိုပေါ့..။။
လမ်းမှာ မုန့်ဝင်စားလိုက်သေးတယ် ။။ သွားရင်း လာရင်း ဗိုက်ထပ်ဆာမှာ စိုးလို့ပါ။။
တစ်ခါမှ မသွားဖူးတဲ့ လမ်းကြောင်း ။နေရာ ။ဒေသ ကိုဦးတည်သွားတာပါ။။
အဲဒီနေရာလေးမှာ အသိမိတ်ဆွေတွေရှိလို့ပါ ။။ သွားရင်း သွားရင်း လမ်းမှာ ဒီမြို့ရဲ့
ရုက္ခဗေဒဥယျာဉ် ဆိုတဲ့ဆိုင်းဘုတ်ကိုတွေ့တော့ ခဏ၀င်လည်ကြပါတယ်။။
အတော်စိတ်ချမ်းသာပါတယ် ။။ မိုးမျှော်တိုက်တာတွေကြားထဲက အိုအေစစ်လေးပေါ့။။
ငှက်ပျောပင်တွေ့လဲပျော်တယ် ။ မြင်းခွာရွက်တွေ့လည်း ပျော်တယ် ။။ သဖန်းသီးပင်လည်း
ရှိတယ်။။ မေမြို့က လမ်းဘေးမှာ ပေါက်တဲ့ အရွက်လေးတွေတောင် တွေ့လို့ ပျော်နေတယ်။။
ငယ်ငယ်က ခူးစားတတ်တယ်..ချဉ်ဖြုံးဖြုံးနဲ့ ။။



ဒီအရွက်လေးတွေပေါ့ ။ငယ်က ခူးစားတတ်တာ။။
ချဉ်ချဉ်လေး ..စားကောင်းပါတယ်။။



တစ်ကိုယ်တော်ဗျိုင်း။။



အရွက်နီတွေ....
လွမ်းစရာ့ တွေပါပဲလေ....။။


ဒီအပင်လေးတွေပေါ့..။။
ကျနော့်ဖိနပ်ထဲ ၀င်ရောက်နှောက်ယှက်တာ။။
သူ့ဆူးတွေကြောင့် ခြေထောက်နာရတာ။။

ဥယျာဉ်ကနေ ထွက်လာတော့ နဂိုဦးတည်ချက်ကို ဆက်လက်ချီတက်ရပါတယ်။။
လမ်းမသိတော့ ဒီလိုပဲ ကိုယ်ထင်ရာ ရမ်းမောင်းရတော့တာပေါ့။။ မြေပုံလည်း မပါ။။
တွေ့တဲ့လမ်းချိုးတွေကွေ့ဝင်..။။တဖြည်းဖြည်းနဲ့ ကြောက်စိတ်က ၀င်လာ ။။
နောက်ဆုံး မတတ်နိုင်တော့တဲ့အဆုံးမှာမီးပွိုင့်တူတူစောင့်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကိုယ်သွားလိုတဲ့လမ်း မေးလိုက်ပါတယ်။။
လမ်းလွှဲနေပါတယ်..တဲ့။။ စိတ်ပျက်သွားတယ် ။။ အားလျော့သွားတယ်။။
လာရာလမ်းက ပြန်လှည့်ရုံပေါ့။။ ခက်တာက လာရာလမ်းချိုးတွေများနေတာပဲ။။
ဘယ်လမ်းကနေ ဘယ်လိုချိုးခဲ့မှန်းမသိဘူး ။။ မှန်းပြီး စီးခဲ့တယ် ။။ ကိုယ့်မြို့နယ်ဖက်ကို
ချိုးတဲ့ တံတားဆီရောက်တော့ မချိုးပဲ ဘယ်ဖက်ချိုးပြီး မြို့ထဲဝင်ခဲ့တယ်။။ လမ်းတစ်လျှောက်မှာ
လည်း ချန်းကို ဒါက သမ္မတ ရုံး..။။ ဒါက ဘာအထိမ်းအမှတ်ပန်းခြံ ဘာ ညာ နဲ့ အပီ လိုက်ပြနေသေးတယ်။။
ရှော့ပင်းစင်တာကြီးရောက်တော့ ဆိုင်ကယ်ရပ်စရာနေရာ ရှာမတွေ့ပါဘူး ။။ (ခါတိုင်းမြေအောက်ရထားနဲ့ပဲ
သွားနေကျမို့) တခြားဆိုင်ကယ်သမားတွေ သွားတဲ့လမ်းကြောအတိုင်းလိုက်သွားမိတယ်။။
ဒီလိုနဲ့ ရှော့ပင်စင်တာကြီးနဲ့ ဝေးသထက် ဝေးရာ ရောက်သွားပါတော့တယ်။။
မျက်စိရှေ့က လမ်းမကြီးအတိုင်း လိုက်မသွားပဲ ကိုယ်သိတဲ့လမ်းမဖက် ချိုးပြီး တောက်လျှောက် စီးပါတယ်။။
သွားနေကျ ခေါက်ဆွဲဆိုင်လေးဆီ ဦးတည်လို့ပေါ့။။
ရောက်ပါပြီ ။။ စားတော့မယ် ၀ါးတော့မယ်။။
ဆောရီးပါပဲ။။ ၄နာရီကျော်ပဲရှိသေးလို့ ဆိုင်မဖွင့်သေးပါ။။ ၅နာရီမှ ဖွင့်ပါတယ်။။
ချန်းက ...ဟော ..ဟိုမှာ..၁၀၁ အဆောက်အဦး..သွားကြရအောင်တဲ့။။
လှမ်းကြည့်တော့သာနီးနီးလေးး ။။သွားရတော့ အကြာကြီး။။
ဆိုင်ကယ်ရပ်စရာ.....
အိုကေပါ။။
ဆိုင်ကယ်နဲ့ လာနေကျမို့ ...ရပ်စရာနေရာ သိပြီးး။။
မိုးတဖွဲဖွဲ စကျနေလေပြီ ။။
ကလေးတွေတိုးဝှေ့နေတဲ့ ဂိမ်းဆိုင်လေးမှာ ချန်းက မခွဲနိုင် မခွာရက် ။။
တန်းစီရမှာ မစောင့်နိုင်လို့ နောက်တခါမှ ကစားဖို့ချော့လိုက်ပါတယ်။။
ဆောင်းတွင်းသုံး tonerနဲ့ moisture လိုအပ်လို့ ဝင်ကြည့်ပါတယ် ။။ ဈေးမချလို့
ပြန်လှည့်ထွက်ခဲ့ပါတယ် ။။
အတော် ညံ့တဲ့ညစာ စားဖြစ်ပါတယ်။။ အမဲသား အာလူး ချိစ် ။။ ငန်ကငန်နဲ့ စားမကောင်းပါဘူး။။
ပြန်ထွက်လာတော့ အပြင်မှာ အဆိုတော်တစ်ယောက် အခွေသစ်ထွက်လို့ သီချင်းဆို
လက်မှတ်ထိုးပွဲလုပ်နေတာနဲ့ မိုးရေထဲမှာ ရပ်ကြည့်နေမိတယ် ။။
မိုးသည်းလာပြီ ။။
မိုးမှောင်နေပြီ ။။
အိမ်ပြန်သင့်ပြီ ။။
တစ်ထည်တည်းသော မိုးကာကို ချန်းကိုပေးဝတ်ပါတယ်။။ ၀တ်ထားတဲ့ ဂျာကင်ကလည်း
မိုးကာသားမို့ စိတ်မပူမိပါဘူး ။။
အရေးထဲ အိမ်ပြန်လမ်း မှားသွားသေးတယ် ။။ကွေ့သင့်တဲ့နေရာ မကွေ့မိလို့ပါ။။
မြေအောက်ဥမင်လှိုက်ခေါင်းကိုဖြတ်တော့ အထဲမှာ ကိုယ့်ဆိုင်ကယ် တစ်စီးတည်း။။
အထဲကအသံက ကြောက်စရာကောင်းနေတယ်။။ သြော်..ဒီနေ့မှ ဒီအသံကိုံတောင်
ကြောက်ရွံ့နေသေးတယ်။။
အိမ်ရောက်တော့ ရွှဲရွှဲစိုနေပြီ ။
အဲဒီနေ့ တစ်နေ့လုံး အဆင်မပြေပါဘူး။။
ဒါပေမယ့် ကျေနပ်ပါတယ်။။



























ဘာအရေးကြီးလဲ

အခုတလော ခေါ်င်းထဲမှာ ပေါ်လာတဲ့ မေးခွန်းတစ်ခုပါ။။
လောကမှာ ဘာအရေးအကြီးဆုံးလဲ.....ဆိုတဲ့ မေးခွန်းပါ။။
ပထမဦးဆုံး သိပ်ချစ်ခင်ရတဲ့ သူငယ်ချင်းကို မေးကြည့်တော့....
သူက.......
္ဓ္ဒ္ဒ`` စိတ်ချမ်းသာမှုပေါ့ `` တဲ့ သူ့အဖြေက။။
ဒီအဖြကို သိပ်ကျေနပ်လှတယ်တော့
မဟုတ်ပါဘူး။။ ဒါပေမယ့်လည်း လူတိုင်းမှာ ကိုယ့်ခံယူချက် ကိုယ်စီနဲ့ မို့လား။။
ဒါ သူ့ရဲ့ ခံယူချက်ပဲလို့ပဲ လက်ခံလိုက်ပါတယ်။။ တစ်နေ့လုံးလည်း ကိုယ့်ကိုယ်ကို
ပြန်မေးနေပါတယ်..။။ လောကမှာ ဘာအရေးကြီးဆုံးလဲ ဆိုတာကို။။


နောက်နှစ်ရက်လောက်နေတော့ အဲဒီသူငယ်ချင်းကိုပဲ ထပ်ပြန်မေးပါတယ်။။
စိတ်ချမ်းသာမှုဆိုတဲ့ အဖြေကလွှဲရင် ဘာအရေးကြီးသေးလဲ လို့ဆိုတော့...
`` ကျန်းမာရေး `` ပါတဲ့ ။။ ဒါလည်း ဟုတ်တာပဲနော် ။။


ဒီနေ့တော့ အလုပ်မှာ သိတဲ့ အန်တီတစ်ယောက်ကို မေးပြော ပြောတယ်။။
မေးပြော ပြောတယ်ဆိုတာ..သူ့ကိုမေးခွန်းထုတ်လိုက်ပေမယ့် သူမဖြေခင် ကိုယ်ကပဲ
အရင်ဦးအောင် ပြောတဲ့နည်းပါ။။
`` လောကမှာ ဘာအရေးကြီးဆုံးလဲ ``
ကျနော်ကပဲ ဆက်ပြီး...
`` လောကမှာ ဘာမှ အရေးမကြီးဘူးနော် ..ဟုတ်တယ်မို့လား`` ဆိုပြီး
သူ မထောက်ခံပဲ မနေရအောင် ကြိုးတုပ်ပြီး ကျနော်ကပဲ ပြန်ဖြေပြောပါတယ်။။
အဲဒီအန်တီကလည်း ``ဟုတ်တာပေါ့ ...လောကမှာ ဘာမှ အရေးမကြီးပါဘူး``
လို့ ပြန်ဖြေတယ် ။။ (ဟဲဟဲ တစ်မဲရထားတယ်နော် ကျနော့အဖြအတွက်)


ဒီည အဲဒီသူငယ်ချင်းကို ဘာမှ အရေးမကြီးဘူး လို့ ပြန်ဖြေတော့ ..
သူငယ်ချင်းက လက်မခံဘူး ။။
``အရေးကြီးတာ ရှိကို ရှိရမယ်...
အားလုံးဟာ သူ့နေရာနဲ့ သူတော့ အရေးကြီးကြတာပါပဲ..``တဲ့။။

ကဲ....
လောကကြီးမှာ ဘာအရေးကြီးဆုံးလဲ....


(ရူးကြောင်ကြောင်နိုင်တဲ့ ကျနော့်မေးခွန်းအတွက် ဥပေက္ခာပြု
လစ်လျူရှူထားနိုင်ပါတယ် ။။)






စိတ်....ပါမသွားတဲ့နေ့...


နေ့လည်က ကမ်းခြေဖက်အလည်သွားပြီး အပြန် မြို့ထဲ shopping centerတွေဖက်
ခြေဦးလှည့်မိပါတယ်။။
ဝယ်စရာတော့ မရှိပါဘူး ။။ ခရစ်စမတ်အတွက် ပြင်ဆင်ထားတာတွေကို ချန်းကို
လိုက်လည်ပြတာ သက်သက်ပါ။။


အပြင်မှာတော့ အတော်လင်းပြီး လှပါတယ်..။။
ကိုယ့်ကင်မရာလေးကြောင့် သူ့အလှတွေ မှေးမှိန်ကုန်တယ်။။




ဒီလို လမ်းဘေးအနုပညာရှင်တွေလဲ တွေ့ခဲ့ရတယ်။။




လှတယ်နော်..ဒီတစ်ယောက်...။။
ချန်းကတော့ သဘောကျလို့ မဆုံးဘူး။။



ဒီတစ်ယောက်ကျ အ၀တ်စတွေနဲ့ ဖုံးအုပ်ထားလိုက်တာ..
ဘာမှ မမြင်ရတော့ဘူး ။။



ဒီနိုင်ငံခြာားသား ဆိုတာ တော်တော် နားထောင်ကောင်းတယ်။။



.................................................

ဒီကစလို့ ဟန်းဖုန်းနဲ့ ရိုက်ရပါတယ်...
စားသောက်ဆိုင်မှာ ကင်မရာကြီးတကားကားနဲ့ ရှက်လို့ပါ။။


အရွက်ကြော်



ပုဇွန် ရေလုံပြုပ်


ဆာရှိမိ....






ကော့တေး(စတော်ဘယ်ရီ)


စားမိတာတွေ များတယ်။။
မရိုက်ရဲဘူး ။။ရှက်လို့ ။။
စိတ်တော့ မပါဘူး။။
စားတော့ စားခဲ့တယ်။။

ဆောင်းနှောင်းရဲ့ ကန်တော်ကြီးး









ဒီအပေါ်ကတင်တဲ့ပုံတွေက ၂၀၀၉ ဖေဖော်ဝါရီက ပုံတစ်ချို့ပါ...။။

...............................................................................................................

ဒီကစလို့ ၂၀၀၈ ဖေဖော်ဝါရီက ပုံတစ်ချို့ပါ..။။









မက်မန်းပန်း (ရေငယ်ရွာသွားတုန်းက လမ်းဘေး အမှတ်တယ)





လမ်းဘေးက ခရစ်စမတ်ပန်းပင်......။။
ပန်းပွဲတော်က ဒီဇင်ဘာမှာဆိုပေမယ့် ဆောင်းနှောင်း(ဖေဖော်ဝါရီ)အထိ ပန်းတွေက လှနေတုန်းပါပဲ...။။