လမုန့်ပွဲတော်


ဒီနေ့ လပွဲတော်နေ့ဖြစ်တယ်..။
ခါတိုင်း အကင်လုပ်စားနေကျ သူငယ်ချင်း မလုပ်ဖြစ်လို့ မကင်တော့ဘူး။
ဆိုတော့ အပြင်မှာ သွားစားဖြစ်တယ်..။
သူငယ်ချင်းတွေနဲ့...။
၁၀၁ အဆောက်အအုံနားက ဆိုင်မှာ ဘူဖေးစားဖြစ်ပါတယ်။
အအေးစာတွေ စားပြီးမှ ဓါတ်ပုံရိုက်ဖို့ သတိရတယ်..။


ပုဇွန်ကြော်ကို စားရင်း တန်းလန်း သတိရမိပါတယ်..။
(ဓါတ်ပုံရိုက်ဖို့ပါ..ဟီးး)
မုန်လာဥဖြူထောင်းနဲ့ကြာညိုရည်တို့စားပါ။



ဒါကရောက်တိုင်း မစားမဖြစ်ပါ..။
ခါတိုင်း ၄..၅ခုလောက်ကုန်တယ်..။ဒီနေ့၂ခုပဲ စားဖြစ်ပါတယ်။


ဒါက ရာဇဝင်နဲ့ ကော့တေးလ်ပါ..။
တခါက သောက်ကောင်းကောင်းနဲ့သောက်လိုက်တာ..
ခြေယိုင်သွားပြီး အိမ်မပြန်နိုင် ဖြစ်ရပါတယ်။ဒိနေ့တော့ ၄ခွက်လောက်ပါပဲ..။

ဆာရှိမိ
ခဏ ခဏ ယူစားမိပါတယ်။
ဘေးစွန်း လှမ်းမြင်နေရတာက အမဲသား။




အကင်...စားချင်လို့မဟုတ်ဘူး။
ပွဲတော်မို့..။


ပန်းသီင်္းဆိုင် ဝင်လည်မိသေး။


ဒီတံဆိပ် ကြိုက်ပါတယ်။
ဘယ်တော့မှ မဝယ်နိုင်ပါ.။
အလွန်ဆုံး စာရွက်ဖြူပေါ်မှာ သူ့တံဆိပ်လေး ခဏ ခဏ ရေးမိရုံတင်။


လမ်းဘေး အနုပညာသည်လေး..။
ကလေးတွေ သူ့ကို ချစ်ကြတယ်။


သနားစရာ အဆိုတော်..။
ဘယ်သူမှ သူ့ကို အားမပေးကြဘူး။






အိမ်ပြန်ချိန်ရောက်ပြီလေ..။
ဒီနေ့ဇာတ်လိုက်ကြီးကို မော့ကြည့်မိတယ်..။
သူကတော့ ပျော်ပျော်ကြီး သာနေတယ်။



မှတ်ချက် ။ ။ လမုန့်တွေ ရှောက်ပန်းသီးတွေ မရိုက်ချင်တော့ဘူး။
ပျင်းသွားပြီ။ မနှစ်ကပို့စ်မှာ ရှုစားနိုင်ပါတယ်။

covent garden မှာလဲ လမ်းဘေးအနုပညာသည်တွေအများကြီးကို
ရိုက်ခဲ့သေးတယ်..။ ဟိုမှာ ကျန်ခဲ့ပြီ.။ ပုံ၁၀၀၀ကျော်။



သူငယ်ချင်း

အုတ်ကြားပန်းပေါက် လေး

အရင်ကတော့ ပြုံးအတူ မဲ့အတူ
သွားအတူ လာအတူ..
စိတ်ကောက်အတူ ချော့အတူ..
ဟားတိုက်အတူ ချောက်ချအတူ..
စိတ်ဓါတ်ကျချိန်မှာ..တယောက်ကိုတယောက်အားပေးရင်း..
စိတ်ထွက်ပေါက်မဲ့ချိန်မှာ..ကေတီဗွီမှာပေါက်ကွဲပြီး....
(မူးအောင်တော့ မဟုတ် ..ခြေယိုင်ရုံတင်ပေါ့)
ရင်ခုန်သံချင်း မနီးစပ်ရင်တောင်..
ပြောမနာ ဆိုမနာ..တစ်ယောက်အပြစ် တစ်ယောက်ရှာပြီး
စကားနိုင်လုနေကျသူငယ်ချင်းတွေပေါ့..။
အခုတော့..
........................
ငါတို့တွေရဲ့ စိတ်တွေ ဝေးနေတာ ဘယ်လောက်ကြာပြီလဲ..။
ငါ အေးဆေးနေချင်တယ်.။
ငါ ရိုးရိုးသားသား တွေးချင်တယ်..။
ငါ အေးအေးချမ်းချမ်း ပြောချင်တယ်..။
ဦးနှောက်တွေအသုံးပြုရတာ ပင်ပန်းပါတယ်..။


မှတ်ချက် ။ ။ သူငယ်ချင်းအမှတ်တရတွေ အများကြီးထဲက တစ်ခုပါ။
မိဘနဲ့ အတိုက်အခံလုပ်ပြီး သူငယ်ချင်းတွေ ခင်ခဲ့ဖူးတယ်.။
နောက်တော့ မိဘကြောင့်ပဲ သူငယ်ချင်းတချို့ကို အဆက်အသွယ်ဖြတ်ခဲ့ဖူးတယ်.။
ဒီနေ့ မေးလ်တစ်စောင်ကြောင့် ကိုယ့်မှာဖြစ်နေတဲ့ ဝေဒနာ ပိုနာလာသလိုပဲ..။
မေးလ်ပို့သူအစ်မကိုတော့ တရာချလိုက်တယ်..(၁၀၀)နော်..ဟီးးဟီ။
၂၀၀ တော့ နောက်များမှပဲ..။
မျော့..။

Home

Home -Micheal Buble





Home


Another summer day
Has come and gone away
In Paris and Rome
But I wanna go home
Mmmmmmmm

May be surrounded by
A million people I
Still feel all alone
I just wanna go home
Oh, I miss you, you know

And I’ve been keeping all the letters that I wrote to you
Each one a line or two
“I’m fine baby, how are you?”
Well I would send them but I know that it’s just not enough
My words were cold and flat
And you deserve more than that

Another aeroplane
Another sunny place
I’m lucky, I know
But I wanna go home
Mmmm, I’ve got to go home

Let me go home
I’m just too far from where you are
I wanna come home

And I feel just like I’m living someone else’s life
It’s like I just stepped outside
When everything was going right
And I know just why you could not
Come along with me
'Cause this was not your dream
But you always believed in me

Another winter day has come
And gone away
In even Paris and Rome
And I wanna go home
Let me go home

And I’m surrounded by
A million people I
Still feel all alone
Oh, let me go home
Oh, I miss you, you know

Let me go home
I’ve had my run
Baby, I’m done
I gotta go home
Let me go home





It will all be all right
I’ll be home tonight
I’m coming back home

ကြက်တောင်



ဒီနေ့ သောကြာ..။
အလုပ်များတဲ့နေ့..။
ညကျ ခခ သူငယ်ချင်းညီအမ၂ယောက်က ကြက်တောင်သွားရိုက်မှာ ဆိုပြီး
ခခကို လာကြွား အဲလေ လာသတင်းပေးနေတယ်..။
အိမ်နားက ပန်းခြံတစ်ခုမှာပေါ့..။
ခခကို ထည့်မလွတ်နိုင်ဘူး..။
ကိုယ်တိုင်ကလည်း အချိန် ဘယ်လိုမှ မပေးနိုင်ဘူး..။
အဓိက က ခခမှာ ရိုက်တံ မရှိဘူး..။
ခခမျက်နှာငယ်လေးနဲ့ ကျန်ရစ်တယ်..။
ဒါနဲ့.....ကိုယ်အလုပ်ပြီးရင် အားကစားပစ္စည်းအရောင်းဆိုင်မှာ လိုက်ဝယ်ပေးမယ်လို့
ချော့ပြောထားလိုက်ရတယ်..။ တကယ်တော့အလုပ်ပြီးတဲ့အချိန် အပြင်သွားချင်စိတ်
မရှိတော့ပါဘူး..။ ဒါပေမယ့် ကတိလေ ..ကတိ...ပေးမိမှတော့ တည်ရတော့မှာပေါ့..။
ဆိုင်ရောက်တော့ ရိုက်တံ သူပဲရွေးပါတယ်..။ ရွေးလိုက်တဲ့ အမျိုးအစားတွေကလည်း
ပျံနေတာပဲ..။ ရိုက်တံ တစ်ချောင်းတည်းကို အန်တီ ၉၉၉တန် တဲ့..။ ဝန်ထမ်းကောင်မလေးက
ရယ်နေတယ်...သိပ်မရွေးတတ်ရှာဘူးတဲ့ ဆိုပြီး..။ နောက်တော့ ကျနော်ပဲ ရွေးချယ်လိုက်ရတယ်။
တစ်ချောင်း ၂၀၀တန် နှစ်ဖက်ဆိုတော့ ၄၀၀ပေါ့..။ အရောင်ရွေးကြရပြန်တယ်..။ အဝါ တစ်ချောင်းပဲ
.ကျန်တယ်..။ ဘာရမလဲ...အဝါရောင် ငါယူမှာနော် လို့ အရင်ဦးထားလိုက်တယ်..ဟီးးဟီးး။
သူက အဖြူရောင်ပေါ့..။

အပြန်မှာ ဆိုင်တန်းတွေဖက်က ပတ်ပြီးပြန်တော့ လက်ကောက်ဆိုင်တွေ့တာနဲ့ မနေနိုင် မထိုင်နိုင်
၃စုံဝယ်လိုက်တယ်..(ရပ်ပြီးး) ။
ဒါကတော့ ကြုံကြွားသလိုများ ဖြစ်သွားသလား..။

Everything

မနက်က အိပ်ယာ မထချင်ဘူး။
ခပ်ပျင်းပျင်းဖြစ်နေတယ်..။
အလုပ်ရောက်တော့ အလုပ်မလုပ်ချင်ဘူး..။
ထိုင် ငိုင်နေချင်တယ်..။
ဆန်ခေါက်ဆွဲရှိပေမယ့် အစားမစားချင်ဘူး..။
ကော်ဖီတစ်ခွက်နဲ့ နေနေတယ်..။
ရေဒီယိုဖွင့်တော့ သီချင်းတစ်ပုဒ်လွှင့်တာနဲ့ ကြုံတယ်..။
စိတ်တွေ ပြန်လည် လန်းဆန်းလာသလိုပဲ...။
စိတ်တွေ မိုးအုံ့နေတာ ကြာပါပြီလေ..။
ဒီလိုနဲ့.....
radioပိတ်ပြီး ဒီသီချင်းပဲ အခါခါ နားထောင်မိတယ်..။
စိတ်ပေါ့ပါးလို့လား မသိ ...။
စီမှာ အာလူးများနေမိတယ်..။

Everything - Michael Buble

ရောဂါ

ရာသီပြောင်းချိန်ရောက်ရင် လူက ချောင်းလေးဆိုးရလိုက်ရမှ..။
နှာလေးစေး လိုက်ရမှ..။ ဖြစ်လိုက်ရင်လည်း မပြီးတော့ဘူး ရက်တော်တော်ကြာကြာ..။
တစ်ညကလည်း ကြမ်းတိုက်ရာက နောက်တစ်နေ့မနက် နှာစေးတော့တယ်..။
ရေချိုးခန်းထဲမှာ ခြေဗလာနဲ့မို့ ဖြစ်မယ်..။
ငယ်တုန်းက အိမ်မှာ ကျန်းမာရေး မကောင်းဆုံးက ကျနော်ပဲဖြစ်မယ် ထင်ပါတယ်..။
ကလေးအရွယ် ၄..၅နှစ်အရွယ်မှာ ဒူးဆစ်စကိုက်ပါတယ်..။ လမ်းကြာကြာလျှောက်လို့ မရပါဘူး။
အိမ်နီးနားချင်းတွေနဲ့ အမေ့အသိမိတ်ဆွေတွေက မြေကိုင်တာလို့ မှတ်ချက်ချပါတယ်..။
မြေကိုင်ခံရရင် မြေစာကျွေးရမယ်ဆိုလို့ အိမ်နောက်ဖေးမှာ ထမင်း ခုနှစ်ဆုပ် ။အမဲသား
ခုနှစ်တုံး..။ နောက် ဘာတွေပါသေးလဲ မသိတော့ဘူး ။ တကယ်မေ့ပြီ ။ မြေစာတွေ
ခဏ ခဏကျွေးခဲ့ပေမယ်လည်း ခြေထောက်ကိုက်တာ မသက်သာပါဘူး..။
နောက်တော့ မြို့နားက မြန်မာဆေးဆရာဆီမှာ သွားကုရပါတယ်..။ မစားရ ဆိုတဲ့
အစားတွေ ခပ်များများပါပဲ..။ မှတ်မိသလောက်ဆိုရင် ကြက်သား မျှစ် ပဲ ပဲပင်ပေါက်
မုန်လာထုတ် စတာတွေ အဓိက ထင်ပါတယ်..။ ဒူးခေါင်းမှာ စုတ်ထိုးတာ ခံရသေးတယ်..။
နာသလား မနာဘူးလားဆိုတာတောင် မမှတ်မိတော့ပါဘူး..။ အစားတွေ ရှောင်ခိုင်းတာပဲ
မှတ်မိပါတော့တယ်..။ဟီးး..နောက်တော့ တဖြည်းဖြည်းနဲ့ အသက်ကြီးလာတာနဲ့ အမျှ
ဒီရောဂါ သိပ်မဖြစ်တော့ပါဘူး ...ဆိုပေမယ့် တခါက ဘန်ကောက်သွားတုန်းက အပူချိန်
၃၅ကျော်ရှိတာ..အဲ့ဒီရောဂါထတော့ အဲကွန်းရော ပန်ကာရော ဖွင့်တာ မခံနိုင်ဘူး။
(အခုထက်ထိ အဲ့ဒိရောဂါက တခါတရံ ဒုက္ခပေးနေတုန်းပါပဲ..။ ဘောင်းဘီတို
စကတ်တိုဝတ်ထားတဲ့နေ့ မိုးရွာခါနီးရင် ဒူးဆစ်ကိုက်တတ်ပါတယ်..။တခါတလေ
တံတောင်ဆစ်ပါ အဆစ်ကိုက်လိုက်သေးတယ်..ဟင်းရွက်ဝယ်တာ အဆစ်တောင်းတတ်ပေမယ့်
ဒီအဆစ်မျိုးတော့ မလိုချင်ပါဘူး)
ဟော အခုတောင် ခခက သိပ်ပူတယ် အပူချိန်လျှော့ပေးပါလို့ အိပ်ချင်မူးတူးနဲ့ တောင်းဆိုနေပါတယ်။

၃...၄တန်းလောက်မှာ တိုက်ဖွိုက်ဖြစ်ဖူးတယ်..။ အတော်နေမကောင်းလို့ ထင်တယ်..
ဆေးခန်းတောင် အမေက ကုန်းပိုး ပို့ရတယ်..။ အိမ်နားလေးက ပါ..။
တစ်လလောက် အဖတ်မစားရဘူး ။ ဆန်ပြုပ်ပဲ သောက်ရတယ်..။ သိပ်ငတ်တာပဲ..။
အဲဒီအချိန်မှာ အမေ့သား အငယ်ကောင်က သူစားတဲ့ ထမင်းတွေ ခေါက်ဆွဲတွေကို ခိုးကျွေးတယ်..။
သူခိုးကျွေးတဲ့ ပုံစံကို အခုထိ မှတ်မိနေသေးတယ်..။
နောက် ၅တန်းလား..၆တန်းရောက်တော့ ..အသားဝါဆိုတဲ့ ရောဂါ ဖြစ်ပြန်ရော..။
အဲဒီအချိန်လဲ အစားတွေ ရှောင်ရပြန်တယ်..။ ဆီတွေပါတဲ့ အစာ မစားရဘူး...။
ဆရာဝန်နဲ့ ကုတယ်..။ မပျောက်နိုင်သေး...။ အမေ့မိတ်ဆွေတစ်ယောက်က အကြံပေးတယ်..။
အိမ်နောက်ဖက်ရပ်ကွက်ထဲက ကားဝပ်ရှော့ဆိုင်က ဂေါ်ရခါးအဖိုးကြီး မန်းတတ်တယ် ဆိုပြီး။
မနက် ၈နာရီခွဲသူ့ဆီအရောက် မုန်ညှင်းဆီပုလင်းလေးယူ သွားရပါတယ်..။ နောက်ဘာပါသေးလဲ။
မေ့ပြီ ။ သူ့ဆီရောက်ရင် ကျနော်ယူသွားတဲ့ မုန်ညှင်းဆီကို သူ့ရဲ့ ကြေးဗန်းထဲမှာထည့်ပြီး လက်နှစ်ဖက်နဲ့
ကိုင်ထား..ပြီး..ဂါထာတွေရွတ်ပြီးကျနော်မျက်နှာကို မှုတ်ထုတ်ပေးပါတယ်..။
အဲဒီလိုနေ့စဉ်ရက်ဆက် ၁ပတ် ၁၀ရက်လောက်ကြာအောင် သွားရပါတယ်..။
နောက်ဆုံးတော့ ပျောက်သွားတယ်..။ ကိုယ်ကပဲ အစားရှောင်လို့လား ။
သူမန်းတာပဲ ထိရောက်လို့လား ဆိုတာ အခုထိ သေသေချာချာ မသိသေးပါ ။
လွန်ခဲ့တဲ့ ၃...၄ နှစ်လောက်က အစာအိမ်နာဖူးပါတယ်..။ ဆေးရုံသွား မှန်ပြောင်းနဲ့ ကြည့်ရတော့
အစာအိမ်အပေါက်ဖြစ်ချင်နေပြီ တဲ့.။ (ရောဂါအမည်ရှိတယ်..ပျင်းလို့ မရှာချင်တော့)
ဆေး၃လသောက်ရတယ်..။ အစပ် အချဉ် အချို ကော်ဖီ ရှောင်ရတယ်..။
၃လတောင်..။ အစပ် အချဉ် အချို ရှောင်နိုင်တယ် ။ ကော်ဖီကို နှစ်ပတ်ကျော်တော့ သောက်တယ်။
နွားနို့နဲ့..။အမှန်က နှစ်တိုင်းစစ်သင့်တယ် တဲ့..။ ပျင်းလို့ မသွားတော့ပါ..။ ပိုက်မြိုရတာ မကြိုက်လို့လဲပါပါတယ်။
ဒါပါပဲလေ..။
ဘာရယ်မဟုတ်ဘူး.. ဟိုတပတ်က နှာစေးတာ ခုထိမပျောက်နိုင်သေးတော့ စိတ်ပေါက်ပေါက်နဲ့
ရေးလိုက်တာပါ..။
ပြီးခဲ့တဲ့ ဆန်းဒေးက သူငယ်ချင်းအိမ်သွားတော့ ငှက်ပျောအုန်းနို့ပေါင်းတွေ ကျောက်ကျောတွေ
တဝကြီးစားပြီးတော့ ရင်တွေကြပ် နှာစေးပြီး စကားတောင် မပြောနိုင်တော့ ။

မှတ်ချက် ။ ။ ရောဂါသာ စုံတာ ။လူကတော့ ဝလို့ ဖြီးလို့..။ဟားဟား

ရေငုံနုတ်ပိတ်

နှစ်တစ်နှစ်ကုန်သွားတာ သိပ်မကြာလိုက်သလို..။
ဟော...အခုနှစ်ကျပြန်တော့ ဘာမှ မလုပ်နိုင် ။
စိတ်ရှုပ်စရာ ပုံလို့..။
စိတ်ပူစရာ များလို့..။
သွားသင့်တဲ့နေရာတွေကို သွားရတာတောင်ဆန့်တငင်ငင်နဲ့..။
မနက်စောစောထ ရေချိုး .။
...............။
ခရီးလမ်းတစ်လျှောက်မှာ အတွေးတွေနဲ့..။
အတွေးဟောင်းတွေနဲ့...။
အတွေးဟောင်းမှာ ရုပ်ရှင်ပြကွက်တွေလို တကွက်ပြီး တကွက်...။
မီးခိုးနရောင်နုကုတ်အကျီ င်္တွေ......ဘောင်းဘီတွေ...
လေမှုတ်စက်တွေ ရေမွှေးတွေနဲ့ ...။
တက်ကြွတဲ့ စိတ်တွေနဲ့ အတူ...။
အတွေးဆိုတာ အတွေးထဲမှာပဲ နေခဲ့သင့်ပါတယ်..။
အတွေးတွေ နေခဲ့ပါ...။


အတွေးနဲ့ ပတ်သက်တဲ့သူတွေဆီကို လှမ်းလာရင်း...
ကောင်းသောနေ့ပါ...လို့နုတ်ဆက် .။
တန်ပြန်လိုက်တဲ့စကားသံဟာ အသက်မပါသလို..ပါပဲလား..။
ခိုညည်းသလို ဘေးကနေ ညည်းညူနေသူကို ကိုယ်က နှစ်သိမ့်ရမှာလား....
တော်လိုက်တာ လို့ အပေါ်ယံသကြားဖြူးရမှာလား..။
မည်သူမပြု မိမိမှု လို့ အေးစက်စက်ဖြေရမှာလား..မသိတော့ပါဘူး...။
သေချာတာတစ်ခုက ကိုယ်ရေငုံနုတ်ပိတ်နေခဲ့မိတယ်..။


လှေကားထစ်တွေ တစ်ခုပြီးတစ်ခုတက်နေရင်း ရှိသင့်တဲ့ တက်ကြွမှုတွေ လျော့ရဲလာတာသတိထားမိတယ်။
တစ်ခုသော လှေကားထစ်မှာ ငယ်ဘဝက သူငယ်ချင်းဟောင်းကိုတွေ့ခဲ့တယ်..။
၁မိနစ်ထင်တယ်..။ မဟုတ်ဘူး...။ ၃၀စက္ကန့်လောက်ပါ...။
သူငယ်ချင်းဟောင်းဆိုတဲ့အတိုင်း တကယ့် သူငယ်ချင်းဟောင်းကြီးအတိုင်းပဲ..။
သီချင်းတူတူဆိုခဲ့ဖူးတာတွေ...သီချင်းတူတူဖလှယ်ခဲ့ဖူးတာတွေ....
သီချင်းတွေ ဘာသာပြန်ခဲ့ခိုင်းဖူးတာတွေ..............
ကော်ဖီဆိုင်ထိုင် အရေမရ အဖတ်မရပြောခဲ့ဖူးတာတွေ....
အရေမရ အဖတ်မရ ထိုင်ဟားခဲ့ဖူးတာတွေကို ဦးနှောက်ထဲ တဖျတ်ဖျတ်ပေါ်လာတယ်။


ခပ်ကျဉ်းကျဉ်းလှေကားထစ်တစ်ခုအပေါ်မှာတော့...အဖွားအိုတစ်ယောက်..။
သပ်ရပ်မှုမရှိတဲ့ ဆံပင်ဖြူတွေနဲ့........။ အကျီ င်္နွမ်းနွမ်းနဲ့...။ တုန်ရီတဲ့ ဖိတ်ခေါ်သံတွေနဲ့..။
မျက်လုံးတွေကတော့ တလက်လက်တောက်ပနေတယ်..။
တခါတုန်းက ဖုန်းဆက်ပြီး သူ့ဆီလာတွေ့ဖို့ တောင်းဆိုခဲ့တဲ့ အဖွား..။
ကိုယ့်ကိုတွေ့တော့ အမှတ်ကြီးစွာနဲ့ လာတွေ့မယ်ပြောပြီး ဘာလို့ မလာတာလဲ လို့
ခပ်တိုးတိုးမေးပြော ပြောနေတယ်..။ စိတ်မကောင်းဘူး...။ ပေးခဲ့တဲ့ ကတိ မတည်ခဲ့ဘူး။
ကိုယ်ကတိ မတည်တာတွေလည်း များနေပါပြီ...။ အသားမရှိတဲ့သူ့လက် ပျော့တွဲတွဲကို
ဆုပ်ကိုင်ရင်း မျက်ရည်လည်မိတယ်..။ ဆိုဖာပေါ်ထိုင်ပြီးတဲ့နောက် အသင့်စီစဉ်ထားတဲ့
စားစရာတွေ တခုပြီး တခု ဝေမျှရင်း သူ့မြေးအကြောင်း ပြောပြနေပါတယ်..။
အူမကြီးကင်ဆာနဲ့ ဆုံးတဲ့အကြောင်းပေါ့...။ သူတော့ မသိဘူး..ကိုယ့်မျက်ရည် မထိန်းနိုင်လို့
မီးဖိုခန်းဆီ ပြေးလိုက်ရတယ်..။ ကတိတစ်ခု ထပ်ပေးခဲ့တယ်..။ အဖွားဆီ ဆက်ဆက်လာတွေ့
ပါဦးမယ် လို့.................။


ဒီလိုနဲ့ လှေကားထစ်တွေ ဓါတ်လှေကားတွေရဲ့ ခရီးဆုံးခါနီး သူငယ်ချင်းမတစ်ယောက်ကို
မမျှော်လင့်ပဲ တွေ့လိုက်ရတယ်..။ အရင်တုန်းက...အရင်တုန်းကဆိုပေမယ့်...အလွန်ဆုံး
တစ်နှစ်အလွန်လောက်ကထိ သူ့ကိုတွေ့လိုက်ရင် မျှော်လင့်ချက်မဲ့တဲ့ ..ရည်ရွယ်ချက်ကင်းတဲ့..
မှုန်ရီနေတဲ့ မျက်ဝန်းတွေနဲ့...။ ဟောအခုတော့...သူပြောင်းလဲ သွားပြီ..။ အသံက လွင်လို့..။
အပြုံးမျက်နှာလေးနဲ့...။မျက်လုံးတောက်တောက်လေးနဲ့..။ မပြောင်းလဲတာ တစ်ခုပဲ ရှိတယ်..။
အရင်ကရော အခုရော ဒေါက်မြင့်တဲ့ ရှူးဖိနပ်ကိုစီးထားဆဲ.......။


အကယ်လို့သာ ဒီနေ့ကို ပြန်စခွင့် ရမယ်ဆိုရင်......
ရေငုံနုတ်ပိတ် နေဖို့သာ ရွေးချယ်ပါမယ်..။